My Medi

My Medi

Share

30/09/2021

ကျန်းမာရေး အသိပညာ ရစေဖို့ရန် ရည်ရွယ်ပါသည် "ရေဓာတ်လွန်ကဲခြင်းအကြောင်း သိထားသင့်သမျှ"
^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^

ရေသောက်နည်းလို့ ရေဓာတ်ခန်းခြောက်တာနဲ့ ဆန့်ကျင်ဘက် ရေဓာတ်လွန်ကဲခြင်းဆိုတဲ့ ကျန်းမာရေးပြဿနာလည်း ရှိပါတယ်။ ဘယ်အရာမဆို တန်ဆေး၊ လွန်ဘေးဆိုတာ ရှိပါတယ်။ ရေဟာလည်း ဒီအရာတွေထဲက တစ်ခုအပါအဝင်ပဲပေါ့။ ရေဓာတ်က လိုတာထက်ပိုပြီး များလွန်းတဲ့အခါ ခန္ဓာကိုယ်အတွက် အဆိပ်အတောက်ဖြစ်ပြီး ဆိုးကျိုးဖြစ်စေနိုင်ပါတယ်။ ရေဓာတ်လွန်ကဲတာရဲ့ နောက်ဆက်တွဲပြဿနာကတော့ ရေဆိပ်သင့်တာပါပဲ။

ရေဆိပ်သင့်တယ်ဆိုတာ ခန္ဓာကိုယ်က သတ်မှတ်ထားတဲ့ အတိုင်းအတာတစ်ခုထက် ပိုပြီး ရေတွေကို အလွန်အကျွံသောက်မိတဲ့အခါ ဖြစ်တတ်ပါတယ်။ ရေအများကြီး သောက်လိုက်တဲ့အခါ ခန္ဓာကိုယ်ထဲ ရေပမာဏ များသွားတာကြောင့် သွေးထဲက ဆိုဒီယမ်ဓာတ်တွေ ကျဲသွားပြီး ကိုယ်တွင်းဆဲလ်တွေထဲ ရေဝင်လာကာ ဖောင်းကြွပြီး အသက်အန္တရာယ်ထိခိုက်စေနိုင်ပါတယ်။

ဘယ်လိုအခြေအနေမှာ ရေဆိပ်သင့်နိုင်လဲ။
အချိန်တိုလေးအတွင်းမှာ ရေကို ၃-၄ လီတာလောက် ဆက်တိုက်သောက်လိုက်တဲ့ အခြေအနေမျိုးမှာ ရေဓာတ်လွန်ကဲတဲ့ အဆင့်ကို ရောက်သွားနိုင်ပါတယ်။ သောက်လိုက်တဲ့ ရေတွေ၊ အရည်မှန်သမျှကို ကျောကကပ်က ဖယ်ရှားပေးပြီး ဆီးအဖြစ် အပြင်ကို စွန့်ထုတ်ပါတယ်။ ကျောက်ကပ်ဟာ တစ်နာရီမှာ ရေတစ်လီတာထိပဲ ဖယ်ရှားပေးနိုင်တာကြောင့် အဲဒီပမာဏထက် အများကြီးကျော်လွန်သွားရင်တော့ ခန္ဓာကိုယ်ထဲ ရေဓာတ်တွေ များလာပြီး ရေဆိပ်သင့်နိုင်ပါတယ်။

အထူးသဖြင့် အားကစား၊ လေ့ကျင့်ခန်းအပြင်းအထန် လုပ်သူတွေ၊ နေအရမ်းပူပြီး ချွေးထွက်တဲ့ နေရက်တွေမှာ ရေကို လိုတာထက်ပိုပြီး အလွန်အကျွံသောက်လိုက်တာမျိုး ဖြစ်နိုင်ပါတယ်။ ပုံမှန်အားဖြင့်တော့ ရေဓာတ်လွန်ကဲတာဟာ ရေဓာတ်ခန်းခြောက်တာနဲ့ ယှဉ်လိုက်ရင် တော်တော်လေးအဖြစ်နည်းတဲ့ ကျန်းမာရေးပြဿနာလို့ ဆိုနိုင်ပြီး လူနည်းစုမှာသာ ကြုံရတတ်ပါတယ်။

ရေဆိပ်သင့်ခြင်းရဲ့ ရောဂါလက္ခဏာတွေက ဘာတွေလဲ။
အစောပိုင်းကာလမှာတော့
• ခေါင်းကိုက်ခြင်း
• မူးဝေခြင်း
• အော့အန်ခြင်း စတဲ့ လက္ခဏာတွေ ပြလာတတ်ပြီး
ပြင်းထန်တဲ့ အခြေအနေတွေမှာ
• ချာချာလည်အောင် မူးဝေလာခြင်း
• ကြွက်တက်ခြင်း၊ ကြွက်သားများ ပျော့ခွေခြင်း
• သွေးဖိအားများလာခြင်း
• မျက်စိအမြင် ၂ထပ် ဖြစ်ခြင်း
• ခံစားသိရှိနိုင်တဲ့ အာရုံများ ပျောက်သွားတတ်ခြင်း
• အသက်ရှူကြပ်ခြင်း စတဲ့ လက္ခဏာတွေ ပြလာတတ်ပါတယ်။
ရေဓာတ်လွန်ကဲခြင်းကြောင့် ဦးနှောက်ထဲ အရည်များပြီး ဆဲလ်တွေဖောင်းပွလာပါတယ်။ အချိန်ကြာလာတာနဲ့အမျှ ဦးနှောက်အာရုံကြောစနစ်ကို ထိခိုက်ပြီး ရုတ်တရက်တက်ပြီး သတိလစ်တာ၊ ကိုမာဝင်တာ၊ သေဆုံးတဲ့အထိ ဖြစ်နိုင်ပါတယ်။

အထက်မှာ ပြထားခဲ့တဲ့ လက္ခဏာတွေ တွေ့ရတယ်ဆိုရင် အရေးပေါ်ကုသမှုခံယူဖို့ လိုအပ်ပါတယ်။ ကိုယ့်အနေနဲ့ တစ်နေ့ရေဘယ်လောက်သောက်ဖို့ လိုအပ်လဲဆိုတာကို ဆရာဝန်တစ်ဦးနဲ့ သေချာတိုင်ပင်ပြီး ကိုယ့်ရဲ့ တစ်နေ့တာ အားကစား၊ လေ့ကျင့်ခန်းလုပ်ချိန်၊ အိပ်ချိန်၊ အလုပ်ချိန်၊ အစာစားချိန် စတာတွေကို ပြောပြပေးဖို့ အရေးကြီးပါတယ်။ ပုံမှန်လူတစ်ယောက်အနေနဲ့ တစ်နေ့ကို ရေ ၂-၃ လီတာအထိ သောက်ပေးရင် လုံလောက်တယ်လို့ ယူဆလို့ ရပါတယ်။

Crd to
Healtppy

Want your business to be the top-listed Beauty Salon in Yangon?
Click here to claim your Sponsored Listing.

Category

Telephone

Website

Address


Tamwe
Yangon
11211

Opening Hours

Monday 09:00 - 21:00
Tuesday 09:00 - 21:00
Wednesday 09:00 - 21:00
Thursday 09:00 - 21:00
Friday 09:00 - 21:00
Saturday 09:00 - 21:00
Sunday 09:00 - 21:00