Ensure Myanmar

Ensure Myanmar

Share

15/05/2024

သင့်ရဲ့ လက်ရှိအသက်အရွယ်နဲ့ ကြွက်သားအသက် ကိုက်ညီမှုရှိဖို့ ဘာကြောင့် အရေးကြီးတာလဲ။

လူတစ်ဦးရဲ့ နေ့စဉ်ဘဝမှာ စိတ်သွားတိုင်းကိုယ်ပါပြီး ကျန်းမာသွက်လက်စွာ လုပ်ရှားသွားလာနိုင်ဖို့ဆို ကြွက်သားတွေ ကျန်းမာသန်စွမ်းနေဖို့လိုအပ်ပါတယ်။ တကယ်လို့ လူတစ်ဦးအသက်အရွယ်အရ ရှိသင့်တဲ့ ကြွက်သားအသက်ဟာ လက်ရှိအသက်အရွယ်ထက်ပိုပြီး အသက်ကြီးနေခဲ့မယ်ဆိုရင် နေ့စဉ်လုပ်ငန်းဆောင်တာတွေဖြစ်တဲ့ ….

(၁) လမ်းလျှောက်ခြင်း
(၂) လှေကားအတက်အဆင်းပြုလုပ်ခြင်း
(၃) ထိုင်ရာမှ ထခြင်း
(၄) ပစ္စည်းများမခြင်း
အစရှိတဲ့ ပုံမှန်သွားလာလှုပ်ရှားမှုလေးတွေကို လုပ်ဆောင်နိုင်ဖို့ပါ ခက်ခဲလာနိုင်ပါတယ်။ ဒီလို ကိုယ်ရဲ့ ကြွက်သားအသက်ဟာ ဘယ်လောက်ရှိနေလဲဆိုတာကို သိချင်တယ်ဆိုရင်တော့ Ensure Gold ရဲ့ ကြွက်သားသန်စွမ်းမှု တွက်ချက်ခြင်းဇယား မှာ အလွယ်တကူ ဝင်ရောက်တွက်ချက်နိုင်ပါတယ်။ အသုံးပြုနည်း အသေးစိတ်ကို ဗီဒီယိုထဲမှာ ပြပေးထားလို့ ဝင်ကြည့်သွားလိုက်ပါနော်။

ကြွက်သားအသက်စစ်ဆေးရာမှာ လုံခြုံစိတ်ချရစေဖို့အတွက် ….
-တကယ်လို့ ဒူးနာကျင်လာပါက စစ်ဆေးခြင်းကို ချက်ချင်းရပ်တန့်ပါ။
-နောက်ကိုအားဖြင့်မမှီပါနဲ့။ အနောက်ကိုလန်ကျနိုင်ပါတယ်။
-ကူညီပေးမယ့် အဖော် ဒါမှမဟုတ် မိသားစုဝင်တစ်ဦးဦးရှိမှသာ စစ်ဆေးမှုကို ပြုလုပ်ပါ။
-မကြာသေးမီက လဲကျထားတာ ဒါမှမဟုတ် ဒဏ်ရာရထားတာမျိုးရှိခဲ့ရင်တော့ စစ်ဆေးမှုကို မပြုလုပ်ပါနဲ့။

တကယ်လို့ ကိုယ့်ရဲ့ ကြွက်သားအသက်က ရှိသင့်တဲ့ အသက်အရွယ်ထက် ပိုကြီးနေခဲ့မယ်ဆိုရင်တော့ ကြွက်သားတစ်သျှူးတွေ တည်ဆောက်ခြင်းနဲ့ ကြွက်သားကျန်းမာသန်စွမ်းမှု^ကို ကူညီပံ့ပိုးပေးနိုင်တဲ့ HMB နဲ့ ပရိုတင်း (၃) မျိုး အရော ပေါင်းစပ်ပါဝင်တဲ့ Ensure Gold ကို ပုံမှန်သောက်ပြီး (၈) ပတ်အတွင်း ကြွက်သားသန်စွမ်းမှု^ကို ပြန်လည်ရယူလိုက်ပါ။

ကြွက်သားအသက် စစ်ဆေးရန် - https://ensure-muscleagecalculator.com/mm


^Berton et al. PLoS One. 2015.

Want your business to be the top-listed Business in Yangon?
Click here to claim your Sponsored Listing.

Category

Telephone

Address


No. 39A, Bayint Naung Street, 27 Ward, Shwe PInlon Housing
Yangon
11421