General Knowledge
24/07/2022
သိထားသင့်တဲ့ လိင်နှင့် ကျန်းမာရေး(+18)
****************************************
1. S*x Relieves Stress စိတ်ဖိအား ကျစေတယ်
လိင် ဆက်ဆံမှု ပြုရင် Stress စိတ်ဖိအား နည်းပါးစေတယ်။ Blood pressure သွေးတိုးကိုလည်း ကျစေတယ်။ စကော့တလန် သုတေသန လုပ်သူတွေ က ယောက်ျား ၂၂ ယောက်နဲ့ မိန်းမ ၂၄ ယောက်ကို လေ့လာခဲ့တဲ့ ရလဒ်တွေအရ ပြော တာ ဖြစ်ပါတယ်။ သွေးဖိအားမှာ ပိုအရေးပါတဲ့ Diastolic blood pressure အောက်ဂဏန်း ကျတာဖြစ်တယ်။ ပွေ့ဖက်မှုကနေတောင်မှ အမျိုးသမီးတွေမှာ သွေးတိုးကျတယ်လို့ဆိုတဲ့ လေ့လာမှုလည်း ရှိပါသေးတယ်။
2. S*x Boosts Immunity ခုခံအား တက်စေတယ်
Good s*xual health ကောင်းမွန်တဲ့ လိင်ကျန်းမာရေးကနေ ကိုယ်ကာယ ကျန်းမာရေးကိုပါ တိုးတက်စေတယ်။ တစ်ပတ် ၁-၂ ကြိမ် ဆက်ဆံမှုကနေ Antibody (အင်တီဘော်ဒီ) ခေါ်တဲ့ ခုခံအားမှာ အသုံးကျတာတွေ များလာတာကို တွေ့ရတယ်။Immunoglobulin A (IgA) လို့ ခေါ်ပြီး ရောဂါပိုးဝင်ရင် ထွက်လာတယ်။ Wilkes University (ဝေါ်လကီစ်) တက္ကသိုလ်က ပညာရှင်တွေကနေ ကျောင်းသူ-ကျောင်းသား ၁၁၂ ယောက်ကို သူတို့ တံတွေး-နမူနာတွေ ယူပြီး စစ်ဆေးတယ်။ လိင်မှုပြုတာ တစ်ပတ်မှာ ၁-၂ ကြိမ်ပြုသူတွေမှာ လုံးဝမလုပ်သူ၊ နည်းနည်းသာ ပြုသူတွေနဲ့ သိပ်များများပြုသူတွေထက် IgA ပိုရှိနေတာ တွေ့ရတယ်။
3. S*x Burns Calories (ကယ်လိုရီ) ကျစေတယ်
မိနစ် ၃ဝ ကြာ လိင်ဆက်ဆံမှု ကနေ ၈၅ ကယ်လိုရီ ကုန်စေတယ်။ များတယ် မထင်ရပေမဲ့ အကြိမ်ပေါင်း ၄ဝ ကျော်ရင် ကယ်လိုရီပေါင်း ၃ဝဝဝ ကျော်တယ်။ တစ်နည်းပြောရရင် ကိုယ်အလေးချိန် (၁) ပေါင်ကျစေတယ်။ American Association of S*xuality Educators and Therapists အမေရိကန် လိင်ကျန်းမာရေး ပညာရှင် Patti Britton (ပက်တီ-ဘရင်တန်) က ပြောပါတယ် S*x is a great mode of exercise "လိင်ဆက်ဆံမှု ဟာ လေ့ကျင့်ခန်းကောင်း တစ်ခုဖြစ်တယ်။ ရုပ်ပိုင်းရော စိတ်ပိုင်းကိုပါ တိုးတက်စေတယ်။"
4. S*x Improves Heart Health နှလုံးကျန်းမာရေး အားပေးတယ်
အစဉ်အလာ ထင်တာတစ်ခုက နှလုံးရောဂါသည်ဟာ လိင်ဆက်မှု ပြုတဲ့ခါ Stroke (လေဖြတ်ခြင်း) ရစေနိုင်မလား စိုးရိမ်တယ်။ ဒါပေမဲ့ Journal of Epidemiology and Community Health က သိပ္ပံပညာရှင်တွေ အဆိုအရ ယောက်ျားပေါင်း ၉၁၄ ယောက်ကို အနှစ် ၂ဝ ကြာ လေ့လာမှုအရ အဲလို မဖြစ်စေတာကို သိရတယ်။ တစ်ပတ်မှာ ၁ ကြိမ် နဲ့ ၂ ကြိမ် ဆက်ဆံမှုပြုသူ ယောက်ျားတွေထဲက တစ်ဝက်မှာ Fatal heart attack သေစေနိုင် တဲ့ နှလုံးလေသင်တုန်းရိုက်ခြင်းရတာ နည်းကြတာကိုပါ သိလာရတယ်။
5. S*x Boosts Self-Esteem ကိုယ့်ကိုယ်ကို အထင်ကြီးစိတ် ပိုစေတယ်
University of Texas (တက္ကဆပ်စ်) တက္ကသိုလ်က ပြုစုထားတဲ့ လူတွေ ဘာလို့ လိင်ဆက်ဆံမှု ပြုကြသလဲဆိုတဲ့ အကြောင်းတရား ၂၃၇ ပါးထဲမှာ ကိုယ့်ကိုယ်ကို အထင်ကြီးစိတ်ဆိုတာလဲ ပါတယ်။ ဒီအချက်ကို Cambridge (ကိန်းဘရစ်ချ်) က ပညာရှင် Gina Ogden (ဂျီနာ-အော်ဒင်) ကလဲ ထောက်ခံချက်ပေးပါတယ်။ သူမပြောတာက ကိုယ့်ကိုယ်ကို အထင်ကြီးမှု ရှိသူတွေမှာ လိင်ဆက်ဆံတာဟာ ပိုကောင်းတယ်ဆိုတဲ့ အသိစိတ် ရချင်ကြလို့ ဖြစ်တယ်။
6. S*x Improves Intimacy တစ်ယောက်နဲ့ တစ်ယောက် ပိုပြီး ရင်းနှီးစေတယ်
Having s*x လိင်ဆက်ဆံကြမယ်၊ Or***ms (စိတ်ကျေနပ်မှု) လည်းရမယ် ဆိုရင် Oxytocin (အောက်စီတိုဇင်) ဟော်မုန်း ပိုထွက်လာမယ်။ နှစ်ယောက်သား ပိုပြီး ခိုင်မြဲတဲ့ စည်းနှောင်မှုကို ရစေမယ်၊ ယုံကြည်မှု တည်ဆောက်ရာလည်း ကျတယ်။ University of Pittsburgh and the University of North Carolina တက္ကသိုလ် ၂ ခုက ပညာရှင်တွေ သွေးမဆုံးသေးတဲ့ အမျိုးသမီး ၅၉ ဦးကို လေ့လာရာက အဖြေထုတ်လိုက်ပါတယ်။ အဲဒီအခါ ကိုယ့်အဖေါ်အတွက် ရက်ရောမှုပါ ပိုလာကြသေးတယ်။
7. S*x Reduces Pain နာတာကို သက်သာစေတယ်
Oxytocin (အောက်စီတိုဇင်) ဟော်မုန်း များလာနဲ့အတူ Endorphins (အင်ဒိုဖင်) ဟော်မုန်းလည်း တက်လာတယ်။ ဒါကနေ နာတာကို သက်သာစေမယ်။ “ခေါင်းကိုက်တာ၊ အဆစ်နာတာ၊ ရာသီမလာခင်နာတာ ဘာလို့နာနာ လိင်ဆက်ဆံပါ” လို့ အကြံပြုတယ်။ Bulletin of Experimental Biology and Medicine မှာ ရေးထားတာတခု ရှိတယ်။ လူ ၄၈ ယောက်ကို Oxytocin v***r အငွေ့ရှူခိုင်းပြီး လက်ထိပ်လေးတွေကို ဆိတ်တဲ့နည်းနဲ့ အနာခံနိုင်မှုကိုတိုင်းပြီး စမ်းသပ်ခဲ့တာ ဖြစ်တယ်။
8. S*x Reduces Prostate Cancer Risk ဆီးကျိတ်ကင်ဆာ အဖြစ်နည်းစေတယ်
ငယ်ရွယ်သူတွေ Ejaculations သုက်လွှတ်တာ အကြိမ်များသူတွေမှာ သူတို့ ကြီးလာရင် ဆီးကျိတ်ကင်ဆာ ဖြစ်မှာကို နည်းစေနိုင်တယ်လို့ British Journal of Urology International မှာ သြစတြေးလျ နိုင်ငံမှ ပညာရှင်တွေကနေ ရေးထားပါ တယ်။ ရောဂါရှိပြီးသား လူတွေမှာတော့ ထူးခြားစေမှု မရှိတာ တွေ့ရတယ်။ Journal of the American Medical Association မှာလည်း တစ်လမှာ ၂၁ ကြိမ်နဲ့ အထက် သုက်လွှတ်ကြသူတွေဟာ အသက်ကြီးလာရင် ဆီးကျိတ်ကင်ဆာ ဖြစ်တာ နည်းကြတယ်လို့ ရေးထားတယ်။
9. S*x Strengthens Pelvic Floor Muscles တင်ပါးဆုံတွင်းက ကြွက်သားတွေ အားကောင်းစေတယ်
အမျိုးသမီးတွေမှာ Kegel exercise (ကီဂယ်လ်) လေ့ကျင့်ခန်းလို့ခေါ်တဲ့ Pelvic floor muscle exercises (မိန်းမကိုယ် အင်္ဂါအနီးရှိကြွက်သားများ သန်စွမ်းစေသော လေ့ကျင့်ခန်းများ) လုပ်ရင် တင်ပါးဆုံတွင်းက ကြွက်သားတွေ၊ အရွတ်တွေ အားကောင်းစေတယ်။ သားအိမ်ကျတာ၊ ဆီးအိမ်ကျတာ၊ အစာဟောင်းအိမ် ကျတာကို မဖြစ်အောင် တားနိုင်တယ်။ ရှိနေရင်လဲ သက်သာစေမယ်။ ဒီလေ့ကျင့်ခန်းမျိုး လုပ်ထားသူတွေမှာ တကယ်လို့ လိင်ဆက်ဆံနေချိန် အခိုက်အတန့်တွင် စောစောကလို အားကောင်းစေတာတွေအပြင် သာယာမှုကိုပါ ပိုပေးစွမ်းနိုင်တယ်။
10. S*x Helps You Sleep Better ကောင်းကောင်းအိပ်ပျော်စေမယ်
Or**sm (စိတ်ကျေနပ်မှု) ရလို့ ထွက်လာတဲ့ Oxytocin (အောက်စီတိုဇင်) ကြောင့် ပိုပြီး အိပ်ပျော်စေတယ်။ အိပ်စက်ခြင်းဟာ သွေးတိုးကျစေတယ်။ ကျန်းမာရေး ကောင်းစေတယ်။ဒီဆေးစာမှာ အကျိုးဘက်ကနေ ကြည့်တာချည်းသာပါပါတယ်။ အားလုံး ကောင်းပါသည်ခင်ဗျာလို့ မယူဆစေချင်ပါ။ သတိထားစရာတွေ ဆက်တွဲဖြစ်တတ်တာတွေ၊ ရှောင်သင့်တာတွေ မပါတာ သတိပြုပါ။
Healthcare.com.mm သင့်ကျန်းမာရေး စောင့်ရှောက်ပေး
Credit : ဒေါက်တာတင့်ဆွေ - လိင်နှင့်ကျန်းမာရေး
24/07/2022
သွေးတိုးရောဂါ (Hypertension)
********************************
သွေးတိုးတယ်လို့ဆိုလိုက်ရင် လူအများစုက သေနိုင်လောက်တဲ့ ကျန်းမာရေးပြဿနာ မဟုတ်ပါဘူး။ အသက်အန္တရာယ်မစိုးရိမ်ရတဲ့ အပယိကရောဂါလိုမျိုး သဘောထားတတ်ကြပါတယ်။ တကယ်ကတော့ သွေးတိုးက အသက်အန္တရာယ်ကို ထိခိုက်စေသည်အထိ ပြင်းထန်ပါတယ်။
သွေးတိုးခြင်းဟာ နှလုံးကို ထိခိုက်ပျက်စီးစေတဲ့ အခြေအနေဖြစ်ပါတယ်။ ကမ္ဘာတလွှားမှာ လူပေါင်း တစ်ဘီလျံခန့်ကို ဒုက္ခပေးနေတဲ့ ရောဂါလည်း ဖြစ်ပါတယ်။ ထိရောက်စွာ မကုသခဲ့ရင် နှလုံးရောဂါ၊ လေဖြတ်ခြင်း စတဲ့အခြေအနေတွေ တွေ့ကြုံနိုင်ပါတယ်။
သွေးတိုးရောဂါ (သွေးပေါင်တက်ခြင်း)
သွေးတိုးရောဂါ (သွေးပေါင်တက်ခြင်း) ဆိုတာ အပေါ်သွေး သွေးပေါင်ချိန် ၁၄၀ နဲ့ထက်၊ အောက်သွေး ၉၀ နဲ့ အထက် (သွေးပေါင်ချိန် ၁၄၀/ ၉၀ mmHg) အထက်ဖြစ်နေတဲ့အချိန်မှာ တွေ့ရတဲ့ နှလုံးသွေးကြောဆိုင်ရာ အခြေအနေတစ်ရပ်ပါ။ ကျန်းမာတဲ့ သွေးပေါင်ချိန်ဆိုတာက သွေးပေါင်ချိန်တိုင်းတဲ့အခါ ၁၂၀/၈၀ mmHg အောက်ရှိရမှာပါ။
ဘယ်လိုလက္ခဏာတွေ ခံစားရနိုင်လဲ
သွေးတိုး တယ်ဆိုတာက ခန္ဓာကိုယ်တွင်းက သွေးတွေကို ပုံမှန်ထက် ညှစ်ထုတ်ဖို့ခက်ခဲတဲ့အနေအထားမျိုးပါ။ နှလုံးက သွေးတွေကို ညှစ်ထုတ်ပေးနိုင်စွမ်းကျသွားတယ်ဆိုတဲ့ သဘောပါ။ ဒီလိုအခြေအနေမျိုးမှာ
မအီမသာဖြစ်တာ
ခေါင်းတစ်ခြမ်းကိုက်တာ
နှလုံးခုန်နှုန်း ပုံမှန်မဟုတ်တာ
ချွေးစေးတွေပြန်တာမျိုး တွေ ခံစားရနိုင်ပါတယ်။
သွေးတိုး ဘာကြောင့်ဖြစ်ရတာလဲ။
သွေးတိုးရောဂါ ဖြစ်ရတဲ့ အကြောင်းအရင်းကို တိတိကျကျ မသိရသေးပါဘူး။ သွေးတိုးရောဂါဟာ ပတ်ဝန်းကျင်ရဲ့သက်ရောက်မှုကြောင့် ဖြစ်နိုင်သလို မျိုးရီုးဗီဇကြောင့်လည်း(မူလအစသွေးတိုးရောာဂါ)ဖြစ်နိုင်ပါတယ်။ ဒါ့အပြင် ကျောက်ကပ်ရောဂါ ဒါမှမဟုတ် ဟော်မုန်းစနစ်မူမမှန်တာတွေကြောင့် (တဆင့်ခံ သွေးတိုးရောဂါ) ဖြစ်နိုင်ပါတယ်။ မူလအစသွေးတိုးရောဂါကို ဖြစ်စေနိုင်တဲ့ အကြောင်းအရင်းတွေကတော့ ဆေးလိပ်သောက်တာ၊ မျိုးရိုး၊ ရှိသင့်တဲ့ ကိုယ်အလေးချိန်ထက် များနေတာ၊ အငန်ကဲတဲ့ အစားအစားတွေစားတာ၊ အရက်အလွန်အကျွံသောက်တာတွေကြောင့်ပါ။ စိတ်ဖိစီးမှု များတာကြောင့်လည်း သွေးတိုးနိုင်ပါတယ်။
ဒီအချက်တွေအပြင်
ကဖင်း အသောက်များတာ
အချို့သောဆေးဝါးတွေသောက်သုံးနေရတာ
နာတာရှည်ကျောက်ကပ်ရောဂါရှိနေတာ
ကိုကင်းသုံးတာ
အက်ဒရီနယ်လင်ဂလင်းတွေ အရမ်းအလုပ်လုပ်လွန်းနေတာ
ကိုယ်ဝန်ရှိနေတာကြောင့်သွေးပေါင်ချိန်တက်လာတာ
ဆေးလိပ်သောက်တာ
စိတ်ဖိစီးတာ
သိုင်းရွိုက်ပြဿနာရှိနေတာ
အဝလွန်နေတာ
ဆီးချိုရှိနေတာ
သွေးတွင်းမှာ ပိုတက်ဆီယမ်၊ ကယ်လ်ဆီယမ် နဲ့ မဂ္ဂနီဆီယမ် ပမာဏနည်းနေတာ
ကိုယ်လက်လှုပ်ရှားမှုနည်းတာ
အယ်လ်ကိုဟောအသောက်များတာ
အမျိုးသမီးတွေမှာဆိုရင် သန္ဓေတားဆေးတွေကြာင့် ဟော်မုန်းအပြောင်းအလဲဖြစ်ပြီး သွေးတိုးနိုင်ပါတယ်။
သွေးတိုးကြောင့် ဘာတွေ ခံစားလာရနိုင်လဲ
အချိန်ကြာမြင့်စွာ သွေးတိုးရောဂါ ခံစားရတာက သွေးကြောနံရံတွေကို ပျက်စီးစေနိုင်ပြီး သွေးကြောတွေထဲမှာအနယ်တွေစုပုံတာမျိုး ဖြစ်စေနိုင်ပါတယ်။ သွေးတိုးတာက နှလုံးကို သွေးညှစ်ထုတ်ရာမှာ ခက်ခဲစေပြီး ခန္ဓာကိုယ် အစိတ်အပိုင်းတွေဆီကို သွေးစီးဆင်းရောက်ရှိမှု နည်းစေပြီး လေဖြတ်တာ၊ နှလုံးထိခိုက်ပျက်စီးတာတွေကို ဖြစ်စေနိုင်ပါတယ်။
ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Aye Thi Mon
Ref : hellosayarwon
Click here to claim your Sponsored Listing.
Category
Culinary Team
Attire
Website
Address
Sanchaung Township
Yangon
11111