Proximity Designs

Proximity Designs

Share

02/03/2026

တောင်သူလယ်သမားနေ့ဟာ သာမန်နေ့တစ်နေ့ဆိုတာထက် ပိုမိုအဓိပ္ပာယ်ရှိပါတယ်။ ကျွန်ုပ်တို့ စားနပ်ရိက္ခာဖူလုံမှုအတွက် နောက်ကွယ်ကနေ အသံတိတ်ကြိုးပမ်းနေကြတဲ့ သူရဲကောင်း တောင်သူလယ်သမားများကို ဂုဏ်ပြုရမယ့်နေ့ ဖြစ်ပါတယ်။

မြန်မာနိုင်ငံရှိ လုပ်ကွက်ငယ်တောင်သူတွေဟာ ရာသီဥတုဖောက်ပြန်မှု၊ ကြီးမြင့်လာတဲ့ သွင်းအားစုစရိတ်အခက်အခဲများနှင့် ဈေးကွက်မတည်ငြိမ်မှု စတဲ့ စိန်ခေါ်မှုများကို စိုက်ရာသီတိုင်း ခါးစည်းခံ ရင်ဆိုင်နေရပါတယ်။ ဒီလိုအခက်အခဲများကို အံတုလျက် နည်းလမ်းသစ်များကို စမ်းသပ်လေ့လာရင်း အနာဂတ်လယ်ယာကဏ္ဍအတွက် ဆက်လက်ရင်းနှီးမြှုပ်နှံ ကြိုးပမ်းနေကြသူများလည်းဖြစ်ပါတယ်။

ကျွန်ုပ်တို့ Proximity Designs အနေနဲ့ တောင်သူလယ်သမားများကို စိုက်ပျိုးရေးဆိုင်ရာ အတွေ့အကြုံဗဟုသုတပြည့်ဝသည့် ကျွမ်းကျင်စွန့်ဦးတီထွင်သူများအဖြစ် အသိအမှတ်ပြုပါတယ်။ တောင်သူများ၏ အခက်အခဲများကို အလေးထားနားထောင်ကာ ၎င်းတို့နှင့်အတူ ပူးပေါင်းဆောင်ရွက်ရင်း အကောင်းဆုံးဖြေရှင်းနည်းများကို နှစ်စဥ် ဖန်တီးပံ့ပိုးခွင့်ရနေသည့်အတွက်လည်း ဝမ်းမြောက်ဝမ်းသာဖြစ်မိပါတယ်။

တောင်သူလယ်သမားနေ့ဟာ ကြိုးစားအားထုတ်မှုများကို ဂုဏ်ပြုရုံတင်မဟုတ်ဘဲ မြန်မာနိုင်ငံအပါဝင် ကမ္ဘာတစ်ဝန်းရှိ တောင်သူလယ်သမားများကို ပြဿနာကြုံလာပါက လက်တွေ့ကျကျဖြေရှင်းနိုင်သူများ၊ ကမ္ဘာမြေကြီးနှင့် မြေဆီလွှာကို ထိန်းသိမ်းစောင့်ရှောက်ပေးနေသူများအဖြစ် အသိအမှတ်ပြုသင့်တဲ့နေ့တစ်နေ့ဖြစ်ပါတယ်။ ပျော်ရွှင်ဖွယ်ရာ တောင်သူလယ်သမားနေ့ ဖြစ်ပါစေကြောင်း Proximity မိသားစုဝင်အားလုံးက ဆုမွန်ကောင်းတောင်းလိုက်ရပါတယ်။

Today is Farmers’ Day, a moment to recognize the heroes who quietly carry the weight of our food systems.

In Myanmar, smallholder farmers work under some of the most difficult conditions in the world. Climate shocks, rising input costs, conflict, and market uncertainty shape every growing season. Yet they continue to adapt, experiment, and invest in the future of their farms.

At Proximity Designs, we see farmers as skilled entrepreneurs with deep agricultural insights. Our role is to listen first, design alongside them, and support practical solutions that fit the realities they face.

Farmers’ Day is not only about honoring efforts. It is about recognizing farmers as active problem-solvers and stewards of the planet in Myanmar and across the world.

23/02/2026

မြန်မာ့တောင်သူတွေရဲ့ လူမှုစီးပွားဘဝကို တစ်ထောင့်တစ်နေရာကနေ ကူညီချင်ပါသလား?

မြန်မာနိုင်ငံရဲ့ ထိပ်တန်း လူမှုအကျိုးပြုစီးပွားလုပ်ငန်းဖြစ်တဲ့ Proximity Designs မှာ Power BI နဲ့ SQL ကျွမ်းကျင်သူ Business Intelligence Analyst ရာထူးအတွက် အလုပ်ခေါ်နေပါတယ်။ မိမိမှာရှိနေတဲ့ ကျွမ်းကျင်မှုတွေကို အသုံးချပြီး အချက်အလက်တွေကနေတဆင့် အနာဂတ်ကို အတူတကွ ပုံဖော်လိုစိတ်ရှိတယ်ဆိုရင် အခုပဲလျှောက်ထားလိုက်ပါ။

Join the Proximity Designs team as a Business Intelligence Analyst and use your Power BI and SQL skills to drive impact for farmers in Myanmar! Apply now to join our team where your insights will help shape the future of one of Myanmar’s leading social enterprises.

https://proximitydesigns.bamboohr.com/careers/112?source=aWQ9MzQ%3D

23/01/2026

ဖြုတ်ညိုရန်ကို သဘာဝနည်းနဲ့ ကာကွယ်နေကြတဲ့ တောင်သူ (၁,၆၀၀) ကျော်ရှိနေပါပြီ။

ဖြုတ်ညိုကျတာက အစပိုင်းမှာ မသိသာပေမဲ့၊ သိလိုက်ရတဲ့အချိန်မှာ စပါးခင်းတွေ ပျက်စီးကုန်တာမျိုး ဖြစ်တတ်ပါတယ်။ ဒါကြောင့် စပါးစိုက်ပြီး (၆) ပတ်ကနေ (၈) ပတ်အကြာမှာ စပါးခင်းထဲဆင်းပြီး ပုံမှန်စစ်ဆေးဖို့ အရမ်းအရေးကြီးပါတယ်။

ပုံထဲကလိုမျိုး စပါးခင်းထဲမှာ လေဝင်လေထွက်ကောင်းအောင် လမ်းကြောင်းလေးတွေ ဖောက်ပေးခြင်းအားဖြင့်လည်း ပိုးကျရောက်မှုကို သဘာဝအတိုင်း လျှော့ချနိုင်ပါတယ်။

ပြီးခဲ့တဲ့ မိုးစပါးရာသီမှာ တောင်သူဦးရေ (၁,၆၉၃) ဦးက ကျွန်ုပ်တို့ရဲ့ AI chatbot “ဖိုးချက်” ကနေတစ်ဆင့် ဒီလိုရိုးရှင်းပေမဲ့ ထိရောက်တဲ့နည်းလမ်းတွေကို လေ့လာပြီး ပိုးသတ်ဆေးဖိုးကုန်ကျစရိတ်တွေ လျှော့ချနိုင်ရုံသာမက အထွက်နှုန်းထိခိုက်မှုကိုလည်း ကာကွယ်နိုင်ခဲ့ကြပါပြီ။

Last season, we began promoting early prevention and natural control methods for Brown Planthopper, one of the most damaging pests faced by Myanmar rice farmers. Outbreaks are increasing during the monsoon season and they often go unnoticed until rice fields collapse. Through our AI-powered digital extension, we’re encouraging regular field scouting during weeks 6–8 of the season for early detections. The photo shows farmers creating spaces in their rice fields to improve airflow between densely planted areas and reduce pest breeding in densely planted areas.

To date, more than 1,693 farmers (38% of all farmers who completed our chatflows on this practice) have started regular scouting in their fields, which have helped them to reduce pesticide use and protect yields!

23/12/2025

ကျွန်ုပ်တို့အနေနဲ့ တောင်သူတွေကို ချစ်ခင်မိသည့်အကြောင်းတစ်ခုကတော့ သူတို့က ကိုယ်ထင်တာ၊ ကိုယ်ခံစားတာတွေကို မထိန်ချန်ပဲ ပြောပြတတ်ကြတာပါ။

ဒီလို ပွင့်ပွင့်လင်းလင်းပြောဆိုနိုင်တဲ့ ဆက်ဆံရေးမျိုးကို ကျွန်ုပ်တို့ အလွန်တန်ဖိုးထားပါတယ်။

ဒါကြောင့် မကြာသေးခင်က တောင်သူဒေါ်လှဝင်းက အခြားတောင်သူတွေနဲ့ စားသုံးသူတွေထံ သူမရဲ့ရင်ထဲကစကားမျှဝေချင်တာရှိတယ်လို့ ပြောလာတဲ့အခါ ကျွန်ုပ်တို့အနေနဲ့ မဖြစ်မနေ ပြန်လည်မျှဝေချင်မိခဲ့ပါတယ်။

အောက်ပါ ဗီဒီယိုအတိုလေးကို ကြည့်ပြီး သူမက ကျွန်ုပ်တို့အားလုံးကို ဘာပြောချင်လဲ ဆိုတာကို နားထောင်ကြည့်ကြရအောင်....

One thing we love about farm customers is how they're not shy to tell us what they're thinking.

We value this kind of relationship, especially in a country like Myanmar, where feudalistic, deferential attitudes often prevail out of politeness or social custom.

So, when a farmer recently told our staff she had a message to the world, we wanted to be sure to pass it on to you.

Watch this short video message and see what she has to say to all of us.

Want your business to be the top-listed Recruitment Company in Yangon?
Click here to claim your Sponsored Listing.

Telephone

Address


No. 24 Saya San Road, Tharthana Yeikthar Ward, Bahan Township
Yangon
11201

Opening Hours

Monday 09:00 - 17:00
Tuesday 09:00 - 17:00
Wednesday 09:00 - 17:00
Thursday 09:00 - 17:00
Friday 09:00 - 17:00