Peace Poems

Peace Poems

Share

08/04/2025

#နိုင်ငံတော်

တာရာမင်းဝေ 02/08/2024

❝ #သေနေတဲ့ကဗျာ ❞ #တာရာမင်းဝေ
----------

■ လွမ်းတယ်
သက်တံ့ရဲ့ အဲဒီဘက်အခြမ်းကလေးကို လွမ်းတယ်
မပြယ့်တပြယ်နဲ့ လူနံ့သင်းရတာကိုလည်း မုန်းတယ် ။

■ စိတ်ထဲမှာ မီးစုန်းတွေ အခါခါပွက်ခဲ့
ကျဉ်းကျဉ်းကလေးဆိုပေမယ့် ကိုယ့်တွင်းကို ကိုယ် တူးခဲ့တယ် ။

■ ဘယ်တုန်းကမှ မဖူးပွင့်ခဲ့သလိုပဲ
နှစ်တွေဟာလည်း ပွတ်ကာ သီကာ ကြာခဲ့ပြီ ။

■ ခွဲခွာရမှာကို စံပယ်တပွင့်စာလောက် ကြိုသိခဲ့ပါရဲ့
ဒါပေမယ့် ....ပူအိုက်စွတ်စိုတဲ့ အဲဒီ လမ်းကလေးမှာ ကျွန်တော်တို့ အတူတူ မိုးခိုခဲ့ကြပါတယ် ။

■ အရှုံးကို ဘယ်လို သဲကန္တာရတွေနဲ့
ခြယ်မှုန်းရမှာလဲ ပြောပါ ။

■ ၀န်ခံပါတယ်
ဆောင်းမြအမှုန်တွေကို တွေ့တိုင်း တလဲ့ လဲ့ ပြေးကောက် တခွက်တည်းပါ လို့ ပြောဆိုခွင့်တောင်းပြီး
ကျွန်တော်ဟာ ပင်လယ်အဟောင်းကို
ခပ်သောက်ချင်တုန်းပဲ ။

#တာရာမင်းဝေ

#ဘဝကိုရိုးသားစွာအသက်ဆက်ရှင်သန်နိုင်ပါစေ

​ ✌️ #မနက်ဖြန်တိုင်းမှာအပြုံးနဲ့ဆုံကြမယ်​ 🫰🏼 😊

တာရာမင်းဝေ ❝ သေနေတဲ့ကဗျာ ❞ #တာရာမင်းဝေ----------လွမ်းတယ်သက်တံ့ရဲ့ အဲဒီဘက်အခြမ်းကလေးကို လွမ်းတယ်မပြယ့်တပြယ်နဲ့ လူနံ့သင်းရတာ....

Want your business to be the top-listed Media Company in Yangon?
Click here to claim your Sponsored Listing.

Category

Address


Yangon
15012

Opening Hours

Monday 09:00 - 17:00
Tuesday 09:00 - 17:00
Wednesday 09:00 - 17:00
Thursday 09:00 - 17:00
Friday 09:00 - 17:00
Saturday 09:00 - 17:00
Sunday 09:00 - 17:00