Peti Network
Management ပိုင်းကို စပြီး run တော့မယ်ဆိုရင်
No.1 - Operation
No.2 - System
No.3 - Service
No.4 - Risk
ဒီအချက်တွေက တော့ အဓိက မရှိမဖြစ်သိထားဖို့လိုအပ်ပါတယ်။
အများကြီးတော့ကျန်ပါသေးတယ်
ကျန်နေတဲ့အချက်လေးများရှိခဲ့ရင်လဲဖြေပေးသွားခဲ့ပါဦးရှင်
😊
24/12/2021
Merry Christmas 🎄🎄🎄 & Happy New Year
24/12/2021
Body Mass Index သို့မဟုတ် ပိန်ခြင်း ဝခြင်းကိုအကောင်းဆုံးဖော်ပြနိုင်မဲ့အတိုင်းအတာ
၀ တယ် ပိန် တယ် ဆိုတာ ရုပ်သဘောတရားသာ ဖြစ်ပြီး ၀၀ ပိန်ပိန် သူ့အလှ နဲ့ သူ ရှိတယ်ဆိုတာ မှန်ပါတယ် ။ ဒါပေမယ့် ဆေးပညာ ရှူထောင့်က ကြည့်မယ်ဆိုရင်တော့ အ၀လွန်ခြင်းဟာ မကောင်းတဲ့ ရောဂါတွေ ဖြစ်ဖို့ အလားအလာပိုများနေတာ အထင်ရှားပဲဖြစ်ပါတယ်။
လူတစ်ယောက် ၀ခြင်း ပိန်ခြင်း ကို အမြင် နဲ့ ဆုံးဖြတ်ခြင်းထက် သိပ္ပံ နည်းကျ ဆုံးဖြတ်လို့ရတဲ့အတိုင်းအတာ တစ်ခုရှိပါတယ်။ ဒါကို BMI ( Body Mass Index ) လို့ခေါ်ပါတယ်။ တွက်ချက်ပုံကတော့ ခန္ဓာကိုယ်အလေးချိန် ကို kilograms ယူနစ် နဲ့ အရင် တိုင်းတာရပါမယ် ။ ပြီးလျှင် အရပ်အမြင့်ကို Meter ယူနစ် နဲ့ တိုင်းတာရပါမယ် ၊ ထို့နောက် နှစ်ထပ်ကိန်းတင်၍ တွက်ထားရပါမယ် ။ ထို့နောက်မှာ အလေးချိန် ကီလိုဂရမ်ကို တည်ပြီး အရပ်အမြင့် Meter ၏ နှစ်ထပ်ကိန်းဖြင့် စားရပါမယ် ။ အဖြေမှာတော့ kilograms per meter squared နဲ့ ရပါမယ်။
သာမန်လူတစ်ယောက်ဟာ BMI - 18.5 မှ 24.9 အတွင်းရှိပါမယ် ။
• 18.5 အောက် ဆိုလျှင် Underweight (သို့) အရပ်အခေါ် ဆို ပိန်တယ်လို့ သုံးနှုန်းလို့ရပါတယ်။
• 25 - 29.9 အထိ ဆိုလျှင်တော့ Overweight ဖြစ်ရုံလို့ပြောလို့ရပါတယ်။
• 30-34.9 အတွင်းဆိုလျှင်တော့ အ၀လွန် ( Obese ) တယ်လို့ ပြောလို့ရပါတယ်။
• 35 နှင့် အထက်ဆိုလျှင်တော့ အသက်အန္တရာယ် အချိန်မရွေး ဖြစ်နိုင်တဲ့ အ၀လွန်ခြင်းမျိုးလို့ပြောလို့ရပါတယ်။
၀ခြင်း ပိန်ခြင်း ဟာ လူတစ်ယောက်ရဲ့ အပေါ်ယံ ပုံပန်းသွင်ပြင်မျှသာဆိုပေမယ့် ဆေးပညာရှူထောင့်က ကြည့်ရင်တော့ ကျန်းမာစွာ ၀ခြင်း ၊ ကျန်းမာစွာ ပိန်ခြင်းမျိုး ဖြစ်သင့်ပါတယ်။ သွေးတိုး ၊ နှလုံးရောဂါ ၊ ဆီးချိုရောဂါ ၊ လေဖြတ်ရောဂါ တို့ဟာ အ၀လွန်တဲ့သူတွေမှာ ပိုဖြစ်တတ်ပါတယ်။ ထို့အတူပင် Anorexia Nervosa လို့ခေါ်တဲ့ အလွန်ပိန်ချုံးချိနဲ့ တဲ့ ရောဂါ အခြေအနေမျိုးလည်းရှိပြီး ကိုယ်ခံအားနည်းခြင်း ၊ သွေးအားနည်းခြင်း စတဲ့ ရောဂါများက သာမန်သူတွေထက် ပိန်တဲ့သူတွေမှာ အဖြစ်များပါတယ်။
ဒါ့ကြောင့် အာဟာရအုပ်စု (၃)စု လုံးကို မျှမျှတတ စားသုံးပြီး သင့်တင့်တဲ့ ကိုယ်အလေးချိန်ကို အစားအသောက် အနေအထိုင် အားကစား အဖက်ဖက် မျှတစွာဖြင့် ထိန်းသိမ်းဖို့ရာ အလွန်အရေးကြီးလှပါတယ်။ ကျန်းမာတဲ့ BMI ရှိခြင်းဟာ အသက်ရှည်ရာ အနာမဲ့ကြောင်း ရဲ့ အခြေခံ အုတ်မြစ်တစ်ခုပင် ဖြစ်ပါတော့တယ်။
Dr.Wunna Min Htet
09/12/2021
စိတ်ကြောင့်ဖြစ်သော အရေပြားယားနာ (သို့) Anxiety Rash
စိတ်ကြောင့်ဖြစ်သော အရေပြားယားနာ (သို့) Anxiety Rash | Peti Network တစ်ခါတစ်ရံ သင့် အရည်ပြားပေါ်မှာ နီရဲ ပြီး ယားယံတဲ့ အင်ပြင်တွေ ၊ အဖု တွေ ပေါ်ပေါ်လာတတ်တာ သတိထားမိမှာပါ။ဒီအ....
Click here to claim your Sponsored Listing.
Category
Contact the business
Website
Address
Yangon