Doctor Supplement Store

Doctor Supplement Store

Share

Photos from Doctor Supplement Store's post 15/06/2024

ခန္ဓာကိုယ်အတွက်အရေးကြီးသည့်အိုင်အိုဒင်းအကြောင်းနှင့်အိုင်အိုဒင်းပါဝင်သည့်အစားအစာများကိုမျှဝေပေးချင်ပါတယ်။

21/11/2023

ဗီတာမင်အီးကိုသဘာဝအတိုင်းအချို့အစားအစာများတွင်တွေ့ရှိရသည့်အပြင်အခြားအစားအစာများတွင်ဖြည့်စွက်ထားခြင်းနှင့်သီးသန့်ဖြည့်စွက်စာများမှလည်းဗီတာမင်အီးကိုရရှိနိုင်ပါသည်။ဗီတာမင်အီးသည်မတူညီသောဓါတ်တိုးဆန့်ကျင်ဂုဏ်သတ္တိများနှင့်အဆီတွင်ပျော်ဝင်နိုင်သည့်ကွန်ပေါင်းအုပ်စုတစ်ခုအတွက်စုပေါင်းအမည်ဖြစ်ပါတယ်။ဗီတာမင်အီးကိုသဘာဝတွင်ဓါတုဖွဲ့စည်းပုံရှစ်ခုအနေဖြင့်တွေ့ရပြီးလူသားများ၏လိုအပ်ချက်နှင့်ကိုက်ညီသည့်ပုံစံကတော့Alpha tocopherol ဖြစ်တယ်လို့ဖော်ပြထားကြပါတယ်။
ဗီတာမင်အီး၏ဆန့်ကျင်ဓါတ်တိုးဂုဏ်သတ္တိကfree radicalများ၏ဖျက်စီးမှုမှဆဲလ်များကိုကာကွယ်ပေးနိုင်ပါတယ်။Free radicalများကြောင့်ဆဲလ်များပျက်စီးခြင်းကနှလုံးသွေးလွှတ်ကြောယိုယွင်း၍ဖြစ်သောရောဂါနှင့်ကင်ဆာရောဂါဖြစ်ပွားမှုတို့ကိုအားပေးပါသည်။ခန္တာကိုယ်သည်စီးကရက်အခိုးအငွေ့၊လေထုညစ်ညမ်းမှု၊နေမှထွက်ရှိသည့် UVရောင်ခြည်အစရှိသည့်သဘာဝပတ်ဂန်းကျင်ဆိုင်ရာအခြေအနေမျးမှထွက်ရှိသည့်freeadical များနှင့်လည်းတွေ့ထိနိုင်ပါသည်။
ဗီတာမင်အီးသည်ဆန့်ကျင်ဓါတ်တိုးဂုဏ်သတ္တိအပြင်ခန္တာကိုယ်အတွက်အရေးကြီးသည့်ကိုယ်ခံအားလုပ်ငန်းစဉ်တွင်လည်းပါဝင်ဆောင်ရွက်ပါသည်။ဗီတာမင်အီးပြည့်ဝခြင်းဖြင့်Coronary heart diseases(နှလုံးသွေးလွှတ်ကြောယိုယွင်း၍ဖြစ်သောရောဂါ)၊ကင်ဆာရောဂါ၊Eye disorder(အမြင်အာရုံကစဉ့်ကလျားဖြစ်ခြင်း)၊Cognitive decline(သိမြင်နိုင်မှုစိတ်အခြေအနေလျော့ကျခြင်း)တို့ကိုကာကွယ်နိုင်ပါတယ်။
အသက်အရွယ်အလိုက်ဗီတာမင်အီးရှိသင့်သည့်ပမာဏများကတော့-အသက်(၆လ)အထိ4mg၊အသက် ၇လမှ၁၂လအထိ5mg၊အသက်၁နှစ်မှ၃နှစ်အထိ6mg၊အသက်၄နှစ်မှ၈နှစ်အထိ7mg၊အသက်၉နှစ်မှ၁၃နှစ်အထိ11mg၊အသက်၁၄နှစ်မှအထက်နှင့်ကိုယ်ဝန်ဆောင်ကတော့15mg၊နို့တိုက်နေသည့်အချိန်တွင်19mgတို့ဖြစ်ကြပါတယ်။ခန္တာကိုယ်အတွက်အဖက်ဖက်မှကောင်းကျိုးပေးနိုင်သည့်ဗီတာမင်အီးကိုပြည့်ဝအောင်ဖြည့်တည်းပေးကြပါလို့တိုက်တွန်းလိုပါတယ်။

Want your practice to be the top-listed Clinic in Yangon?
Click here to claim your Sponsored Listing.

Category

Telephone

Address


Yangon
11081