Web Hub
03/09/2023
Hello guys !
WHM ရဲ့ YouTube channel မှာ အရင်က paid lesson များနဲ့ free lesson များကို public ချပေးထားပါတယ် ။ အချိန်ရရင်ရသလိုလဲ sharing လုပ်ပေးသွားပါမယ်ဗျ ။
လက်ရှိတော့ HTML, Css , JavaScript, ReactJS နှင့် Laravel 9 ကို လေ့လာနိုင်ပါတယ် ။ Lesson တွေအတွင်းမှာ Projects တွေပါဝင်တော့ အထောက်ကူပြုမယ်လို့မျှော်လင့်ပါတယ် ။
https://youtube.com/?si=vM2a32eWRNDpZihC
Thanks
WebHub Myanmar - YouTube Share your videos with friends, family, and the world
16/05/2023
“ Web Fundamentals Free Class “
WHM ကနေ web development ကို စတင်ခြေလှမ်းမယ့်ကျောင်းသားတွေအတွက် အခမဲ့ သင်ယူလေ့လာနိုင်မယ့် အတန်း တစ်ခုကို စတင် ဖ္ငင့်လှစ်လိုက်ပါပြီ။
အခမဲ့ လေ့လာရမှာ ဖြစ်ပေမယ့် Web Development Fundamental ပိုင်းနှင့် ပတ်သတ်ပြီး သေချာ Deep သွားမှာ ဖြစ်ပြီး IT background မရှိတဲ့ level ကနေလဲ စတင်လေ့လာနိုင်ပါတယ် ။
ဘာတွေ သင်ကြားမှာလဲ ?
✅ HTML5
📌 Software Development Introduction
📌 Web Development Introduction
📌 Basic HTML elements
📌 Colors
📌 HTML5 tags ( Video , Audio & Embed)
📌 Symatic HTML
✅ CSS 3
📌 Basic CSS Syntax
📌 Selectors
📌 Text & Fonts
📌 Box Model
📌 Background & Gradients
📌 Position
📌 Flexbox
📌 Grid System
📌 2D/3D transform
📌 Animation
📌 Responsive
📌 Advanced Usage
📌 Advanced Learning Resources
📌 mini Template Project
✅ JavaScript
📌 Introduction
📌 Programming Knowledge
📌 Variables
📌 Data Types
📌 Operators
📌 Conditional Statements (If, Else, Switch, Ternary)
📌 Function (Part 1 - 3)
📌 String & Number
📌 Loops (For,While,do while)
📌 Math Object
📌 Date Object
📌 Array (Part 1 - 2) & Iteration
📌 Coding Challenges (Part 1 to 😎
📌 Object (Part 1 -2)
📌 Hoisting and Strict
📌 Error Handling
📌 Asynchronous Programming
📌 Fetching Api
📌 DOM (Part 1 - 4)
📌 BOM (Part 1 - 2)
📌 Navigator
📌 Object Oriented Programming ( Part 1 - 3)
📌 Wowjs Animation Library
📌 Modules
📌 Login Project
📌 Age Calculator
📌 Digital Clock
📌 Calculator
📌 Show Hide Password Toggle
📌 To Do List
📌 Slider
📌 Darkmode
📌 Password Generator
📌 Movie Project (Part 1 - 7)
📌 Weather Project
📌 Music App (Part 1 - 2)
📌 Video Recording Project
📌 Functional Programming
✅ Bootstrap5
📌 Introduction
📌 Basic Classes
📌 Typography, Buttons & basic components
📌 Theme Customization
📌 Learn with build project
Projects တွေအမြောက်များနဲ့လေ့လာရမှာ ဖြစ်တဲ့ အတွက် နားလည်ရပိုမိုလွယ်ကူစေမှာပါ ။
ဘယ်လိုသင်ကြားမှာလဲ?
YouTube video link ကို Facebook group တွင် Guide ခွဲ ပြီး Lesson များကို upload လုပ်ပေးသွားမှာပါ ။ လက်တလော ၆၀% လောက် upload လုပ်ပေးထားပါတယ်။
Pre record lesson ဖြစ်တဲ့အတွက် အချိန်မရွေးလေ့ လာနိုင်ပါတယ် ။
သင်တန်း ဘယ်လို အပ်ရမလဲ ?
Page ကို Like & Follow လုပ်ထားပြီး သူငယ်ချင်း နှစ်ယောက် ကို Metion ခေါ်ပြီး Post ကို public ဖြင့် share လုပ်ထားတဲ့ screenshot နဲ့ အတူ Free လာရောက်လေ့လာနိုင်ပါပြီ။
လူဦးရေ အကန့်သတ်ရှိတဲ့အတွက်ကြောင့် Official Account နဲ့ အမှန်တကယ် လေ့လာလိုစိတ်နဲ့ စတင်လေ့လာမယ့်သူများသာဦးစားပေးလက်ခံပါမယ်။
အသေးစိတ် ဆက်သွယ်မေးမြန်းလိုပါက အောက်ပါ အချက်လက်များကို ဆက်သွယ်နိုင်ပါတယ် ။
➡ Phone - 09793148428 (Htet Myat Soe)
➡ Email - [email protected]
➡ Website - webhubmm.com
05/04/2023
" 2023 အတွင်း အပိုင်ချုပ်သင့်တဲ့ နည်းပညာများ "
ကျွန်တော်တို့ တစ်နှစ်ပြီး တစ်နှစ် နည်းပညာနယ်ပယ်ထဲ ဖြတ်သန်းလာကြ ပေမယ့် ဆုံးခန်းတိုင်သွားတယ် ဆိုတာ မရှိပါဘူး ။ ဘာကြောင့်လဲ ဆိုတာ အားလုံးသိကြတဲ့ အတိုင်း အချိန်နှင့်အမျှ နည်းပညာတွေက ဖွံဖြိုးတိုးတက် နေတာကြောင့်ပဲ ဖြစ်ပါတယ် ။ ကျွန်တော်တို့ နိုင်ငံအနေအထားအရ တခြားနိုင်ငံတွေ ထက် ဖွံဖြိုးမှုက အတော်လေး နှောင့်နှေး နေတယ်ဆိုပေမယ့် နည်းပညာသမား တစ်ယောက်အဖြစ်ရေရှည်ရပ်တည်မယ် ဆိုရင်
တော့ စဥ်ဆက်မပြတ် ရေစီးကြောင်းအတိုင်း လိုက်နိုင်နေဖို့လိုအပ်ပါတယ် ။ ကဲ ဒီနေ့မှာ တော့ ကျွန်တော်ကိုယ်တိုင်လဲ တစ်ချို့ နည်းပညာတွေကို လေ့လာနေပြီး လက်ရှိ ၂၀၂၃ အတွင်း လေ့လာထားသင့်တဲ့ နည်းပညာတွေ ကိုမျှဝေပေးချင်ပါတယ် ။
1. Artificial Intelligence & Machine Learning
AI နည်းပညာကတော့ ကျွန်တော်တို့သိထား တဲ့အတိုင်း လက်ရှိ ၂၀၂၃ မှာ ကမ္ဘာနှင့် အဝန်း နေရာတိုင်း လိုလိုမှာ Trend ဖြစ်နေတဲ့ နည်းပညာ တစ်ခု ဖြစ်ပါတယ် ။ AI နည်းပညာက လွန်ခဲ့တဲ့ နှစ်ပေါင်း ၇၀ ကျော်ထဲ ပေါ်ပေါက်နေတာဖြစ်ပြီး တကယ် လက်ရှိအခြေနေ မှာ တော့ တော်တော်လေး အသုံးဝင်နေပြီဖြစ်တဲ့ နည်းပညာ တစ်ခုလို့ဆိုလို့ ရပါတယ် ။ ဒီနည်းပညာက နေ့စဥ်နှင့်အမျှ ဖွံဖြိုး တိုးတက်နေမယ့် နည်းပညာ တစ်ခု ဖြစ်တာကြောင့် လေ့လာထားရင် ကိုယ့်အနာဂတ်အတွက် အကျိုးမယုတ်နိုင်ပါဘူး ။
2. Data Science
ဒီ တစ်ခုကတော့ ကျွန်တော့်ရဲ့ Dream Job တွေထဲက တစ်ခုပါ ။ Company အကြီးကြီးတွေအတွက် စီးပွားရေး ပြိုင်ဆိုင်မှုတွေ Market ထိုးဖောက်မှုတွေ Strategy ချမှတ်မှုတွေရဲ့ Technical တစ်ဖက်တစ်လမ်းမှာ Data Scientists တွေရဲ့ အထောက်အကူကလဲ အများကြီး ပါဝင် ပါတယ် ။ USA,UK,Canada အစရှိတဲ့ နိုင်ငံတွေမှာဆိုရင်တော့ Data Science နည်းပညာ ကအတော်လေး အထောက် အကူပြုတဲ့ နည်းပညာတစ်ခုဖြစ်ပြီး ကျွန်တော်တို့ အနေနဲ့ အခုလို နိုင်ငံတွေမှာ နောက်ပိုင်းသွားရောက်လုပ်ကိုင်ဖို့တွေးထားရင်တော့ ဒီနည်းပညာကိုလေ့လာထားတာကလဲ အတော်လေးအထောက်အကူဖြစ်စေမှာပါ။
3. Blockchain
Blockcain နည်းပညာကိုတော့ အဝေးကြီး ထိကြည့်စရာမလိုပါဘူး ။ ကျွန်တော်ကိုယ်တိုင် Singapore တို့လို နိုင်ငံတွေမှာ Remote Job ရှာတဲ့အချိန်မှာ JD တွေမှာ Blockchain တက်ကျွမ်းရမယ် ။ Web3 Knowledge strong ဖြစ်ရမယ် အစရှိသဖြင့်အ တော်လေးတွေ့လာ ရပါတယ် ။ ကျွန်တော်တို့ WEB 1 နှင့် WEB 2 ကိုပဲယှဥ်ကြည့်လို့ရပါတယ် ။ WEB 2 ကအတော်လေးအထောက်ကူပြုလာတော့ WEB 1 မရှိတော့သလိုပဲ ။ ကျွန်တော်တို့ လက်ရှိ WEB 2 ကလဲ တစ်ချိန်ချိန်မှာ ပျောက်ကွယ်သွားနိုင်ပါတယ် ။ ဒါကျွန်တော့် အမြင် အရပါ ။ အနည်းဆုံး ကိုယ် က Oversea ထွက်ဖို့စဥ်းစား ထားရင် တော့ လေ့လာထားသင့်တဲ့ နည်းပညာ တွေထဲမှာ ပါဝင်ပါတယ် ။
4. Cyber Security
ယနေ့ခေတ်မှာ အရာအားလုံးနီးပါးကို ကျွန်တော်တို့ Online ပေါ်ပြောင်းလဲ လာကုန်ကြပါပြီ ။ အရင်က ဆို Server တွေ On Premise ဆင်ခဲ့ပေမယ့် အခုဆို အားလုံးကို Cloud ပေါ်လုပ်ကိုင်လာကြတာ အတော်ကြာ ပါပြီ ။ ဆိုတော့ အားလုံးက Online ပေါ်ရောက်
လာကြတဲ့အလျှောက် ကျွန်တော်တို့ information တွေကလဲ လုံခြုံဖို့အရေး ကြီးလာပါပြီ ။ Data သိမ်းဆည်းမှုတွေ Online ကနေ အကူးအပြောင်းတွေမှာ လုံခြုံဖို့အတွက် Cyber Security ပိုင်းက နည်းပညာနယ်ပယ် အသီးသီး အတွက် လိုအပ်လာတဲ့ နည်းပညာ တစ်ခု လို့ပြောလို့ရပါတယ် ။ ဆိုတော့ Cyber ပိုင်း စိတ်ဝင်စားတဲ့လူတစ်ယောက်ဆို လေ့လာထားဖို့ အကြံပေးချင်ပါတယ် ။
5. IoT (Internet of Thing)
နည်းပညာ ဖွံဖြိုးမှုမှာ Software တွေပဲ ကြည့်လို့တော့ မရသေးပါဘူး ။ Hardware ပိုင်းမှာလဲ Trend ဖြစ်နေတဲ့ နည်းပညာ တစ်ခုရှိပါတယ် ။ ဒါကတော့ IoT ပါ ။ ကျွန်တော်တို့ ကားတွေမှာ ပါတဲ့ Sensor လေးတွေက စလို့ လေကြောင်းလိုင်းတွေ Remote Control တွေ Robotic တွေအဆုံး IoT နည်းပညာ ပါဝင်နေပါတယ် ။ IoT ဆိုတာ Physical Device တွေကို ချိတ်ဆက်ပေးတဲ့ Network နည်းပညာတစ်ခုဖြစ်ပြီး Hardware သမားတစ်ယောက်အတွက်လေ့လာထားသင့်တဲ့ နည်းပညာတစ်ခုဖြစ်ပါတယ် ။
6. Cloud Computing
အထက်က IoT နဲ့ အခုပြောမယ့် Cloud နည်းပညာက မြန်မာနိုင်ငံမှာ တင် Trend ဖြစ်နေတာ အတော်လေးကြာပါပြီ ။ Senior Software Developer တစ်ယောက်အတွက် အလုပ်ခေါ်စာတွေမှာလဲ Cloud Knowledge က မပါမဖြစ်ပါနေတဲ့ နည်းပညာ တစ်ရပ်ဖြစ်ပါတယ် ။ Software Developer တစ်ယောက် အတွက် ကိုယ့် Software ကို Cloud Server တွေပေါ်မှာ Handle လုပ်နိုင်ဖို့ကလဲ အရေးကြီးတဲ့ အချက်တစ်ခုဖြစ်ပါတယ် ။ Cloud နည်းပညာမှာ Software Services တွေအပြင် တခြား Services ပေါင်းမြောက်များစွာနဲ့ လေ့လာစရာတွေလဲ ထုနဲ့ထေးပါပဲ ။ ကိုယ်က Software Developer တစ်ယောက်ဆိုရင်တော့
Software နဲ့ပတ်သတ်ပြီး Cloud Knowledge ရှိထားသင့်ပြီး Professional တစ် ယောက် ဖြစ်ရပ် တည်မယ်ဆိုလဲ လေ့လာထား သင့်တဲ့ နည်းပညာတစ်ရပ်ဖြစ်ပါတယ် ။
အထက်ပါဖော်ပြသွားတဲ့ နည်းပညာ တွေအားလုံး ကျွန်တော်လဲ မကျွမ်းကျင်သေး ပါဘူး ။ လေ့လာဆဲ အခြေနေတွေမှာပဲ ရှိပါသေးတယ် ။ နည်းပညာတွေအားလုံးက ကျွန်တော့်အတွေး ကျွန်တော့်အမြင်နဲ့ဖော်ပြ သွား တာဖြစ်လို့ မိတ်ဆွေတို့ အမြင်အတွေး တွေနဲ့ Comment မှာ ဖော်ပြသွားနိုင်ပါတယ် ။
Click here to claim your Sponsored Listing.
Category
Contact the business
Telephone
Website
Address
Pagoda Road
Yangon