Zappy 3D Jewel Design Training

Zappy 3D Jewel Design Training

Share

Photos from Zappy 3D Jewel Design Training's post 30/04/2026

Zappy 3D OnlineClass မှ
သင်တန်းသူ/သင်တန်းသားတွေ
လေ့ကျင့်မှူများ

လိုအပ်ချက်လေးတေရှိပေမယ့်လဲ
ခုလိုကြိုးစားရေးဆွဲကြတာမြင်တော့
၀မ်းသာပီတိဖြစ်ရပါတယ်

04/06/2025

Zappy 3D Jewellery Design Online အထူးပြုသင်တန်း (Batch-20)
Online အထူးပြုသင်တန်းကို ဘယ်လိုသင်ကြားမလဲ?
Zoom ကနေသင်ပေးမှာလား Fb Group ကနေ video တွေ တင်ပြီး သင်ပေးမှာလား ? Live လွင့်ပြီးသင်ကြားပေးမှာလား ? Online ကနေ သင်ရင်ကော တစ်ကယ်တတ်ပါ့မ လား ? အပြင်မှာ သင်တန်းတက်တာတောင် မလွယ်တာ အဆင်ပြေပါ့မလား ?
ဒီလိုစိတ်ကူးလေးတွေ ရှိနေပြီဆိုရင်တော့ Zappy 3D Online အထူးပြုသင်တန်း မှာ ဘယ်လို online စနစ်နဲ့ သင်ကြားနေလဲ ဘယ်လိုသင်ရိုးတွေ သင်ကြားပေးနေလဲ မိတ်ဆက်ပေးပါရစေ
Online အထူးပြုသင်တန်းဆိုတဲ့အတိုင်း ဆရာသင်ကြားပေးတာကို online ကနေ ထိုင်ကြည့် ဆရာနဲ့ အပြန်အလှန် မေးမြန်းဆွေးနွေးတဲ့ ပုံစံမျိုးတင်မဟုတ်ပါဘူး သင်ကြားနေစဉ်ကာလအတွင်း သင်တန်းသူ သင်တန်းသားများရဲ့ Computer ကို Online ကနေ control ချိတ်ဆက်ပြီး ဆရာကိုယ်တိုင် လက်တွေ့ဝင်ပြင် သင်ပြ ရှင်းလင်း ပြောပြပေးသွားမှာ ဖြစ်လို့ အိုမကွာ အိမ်မကွာ အိမ်တိုင်ရာရောက် သင်တန်းတက်နေရသလို ဖြစ်နေမှာပါပဲ။
သင်တန်းသားတွေအတွက် လိုအပ်ချက်ကတော့ အမှန်တစ်ကယ် စိတ်ပါဝင်စားမူ သင်ပေးသမျှ သင်ခန်းစာများကို သေသေချာချာ လိုက်လုပ်မယ်ဆိုရင် သင်တန်းသူ သင်တန်းသားများရဲ့ တတ်မြောက်ကျွမ်းကျင်မူကို ရဲရဲကြီး အာမခံကြောင်း Zappy 3D က အထူးအာမခံ ပြောကြားပါရစေ။

Zappy 3D မှာ ဘယ်လိုသင်ရိုးတွေ သင်ပေးမလဲ ? လက်ဝတ်ရတနာ ဒီဇိုင်းအမျိုးအစားအလိုက် အခြေခံကစပြီး ရတနာပစ္စည်းမျိုးစုံ ရေးဆွဲပုံ အဆင့်ဆင့် ကို သင်ကြားပေးမည်ဖြစ်သည်။

ဘယ်လိုစသင်မလဲ
(၁) မိမိကိုယ်တိုင်ဖန်တီးထားသော Jewellery sketch design များ ၊ online မှ jewellery design များ ဓာတ်ပုံရိုက်ယူထားသော လက်ဝတ်ရတနာ အထည်များကို Drawing tools များ အသုံးပြု၍ curve ယူပုံယူနည်းများ အနိမ့်အမြင့် ဖန်တီးခြင်းနှင့် Rhino Gold software ၏အခြေခံသိသင့်များကို သင်ကြားပေးမည်ဖြစ်သည်။
(၂) မိမိဖန်တီးထားသော Curve များကို surface များ solid model အဖြစ်ပြောင်းလဲခြင်း edit ပြုလုပ်ခြင်းများကို ရိုးရှင်း လွယ်ကူစွာ အသုံးပြုတတ်စေရန် သင်ပြပေးမည်ဖြစ်သည်။

(၃) Transformation tool များကိုအသုံးပြု၍ model များကို mirror ၊ rotate ၊ array များအပါအဝင် မြန်ဆန်တိကျသည့် နည်းစနစ်များကို သင်ပြပေးမည်ဖြစ်သည်။
(၄) Jewellery tool များကို အသုံးပြု၍ အထည်းအမျိုးအစား အသုံးပြုမည့် setting အမျိုးအစား များအလိုက် ထားရှိရမည့် စိန်အကွာအဝေးများ အသုံးပြုရမည့် ရွှဲဥများ ရွှဲခွဲပုံခွဲနည်းများ စိန်အိုး ကျောက်အိုး ဖန်တီးနည်းများကို စည်းစနစ်ကျနစွာ သေချာရှင်းလင်း ပြသပေးမည်ဖြစ်သည်
(၅) 3D Jewellery Design Software အသုံးပြုတတ်သည်နှင့် 3D Model များကို support ထောက်နည်း၊ 3D Print ထုတ်နည်း စက်ကိုင်တွယ်အသုံးပြုနည်းများကို သင်ကြားပြသပေးသွား မည်ဖြစ်ပါသည်။

Online Class Batch 20

သင်တန်းစတင်မည့်ရက် 11.6.2025
Wed,Thu ညနေ 6.30 to 8.00pmထိ
တပါတ် 2 ရက်
သင်တန်းကာလ 5လ
သင်တန်းကြေး 7သိန်း

ဆက်သွယ်ရန် ဖုန်းနံပါတ်
09-421824194
09-782602798

Want your business to be the top-listed Jewelery/watch Store in Yangon?
Click here to claim your Sponsored Listing.

Category

Telephone

Website

Address


No(85), Ground Floor, , Mahlwagone Road Tamwe Tsp
Yangon
11201