Knowledge Bank

Knowledge Bank

Share

28/12/2020

🤣

28/12/2020

စာဖတ်မပျင်းပါနဲ့ တစ်ကယ်အနှစ်သာရရှိတယ်

**ဂျူး နဲ့ မြန်မာ **
************

ဂျူးတွေ စာအရမ်းတတ်တယ် ..၊
မြန်မာတွေ ဘွဲ့ အရမ်းမက်တယ်...၊

ဂျူးမိသားစုတွေမှာ မိဘတွေကသားသမီးတွေကို
စာဖတ်ကျင့်ရအောင် ငယ်စဉ်အရွယ်ကလေးဘဝကတည်းက ကိုယ်ပိုင်စာကြည့်ခန်းလေး ဖန်တီးပေးတယ်...။

မြန်မာမိသားစုတွေမှာ မိဘတွေကိုယ်တိုင်က စာမဖတ်ဘူး....။

ဂျူးတွေက သူတို့ငွေကို ရင်းနှီးမြှုပ်နှံခြင်းဖြင့်တိုးပွားစေတယ်၊
မြန်မာတွေက ငွေကိုစုခြင်းအားဖြင့် ကိုယ့်အတွက်
ကျန်တယ်လို့ ယုံကြည်ကျတယ်..။

ဂျူး ဖေဖေတွေက တစ်ပါတ်တစ်ခါ မိသားစုအစည်းအဝေး
လုပ်တယ်.. သားသမီးတွေ မိဘအပေါ် အမြင်မရှင်းတာတွေ
ဆွေးနွေးချင်တာတွေ၊ တောင်းဆိုချင်တာတွေအတွက်
ရည်ရွယ်တယ်..။

မြန်မာ ဖေဖေတွေက အိမ်ဦးနတ်ဖြစ်တယ်. ၊
မိသားစုအာဏာဆိုတာ သူ့ဆီက မြစ်ဖျား ခံတယ်..၊
သားသမီးတွေရဲ့ ရှင်းပြချက်ကို နားမထောင်တက်ဘူး..
'နင်ကအဖေလားငါကအဖေလား' ဆိုသူတွေများတယ်။
ပြန်မပြောနဲ့ငရဲကြီးတက်တယ်လို့ ပြောပြီး ကလေးတွေရဲ့
ကျိူးကြောင်းဆင်ခြင်ဉာဏ်ကိုပိတ်ပစ်တယ်...၊
သားသမီးတွေကိုအရာမသွင်းဘူး..။
ဘယ်အရွယ်ရောက်ရောက် ကလေးတစ်ယောက်လို
ဆက်ဆံတယ်...မိသားစုကိစ္စကို ပေးမသိ၊
အကြံမယူတာများတယ်။
ကြီးခါမှ သားသမီးကို တာဝန်တွေ အလုံးလိုက်ပုံချတက်တယ်။ ကလေးဘက်က တွေးပေးတာရှားတယ်...။

ဂျူး မေမေတွေ က သားသမီးကို အလိုမလိုက်ဘူး..၊
ကိုယ့်တာဝန်ကိုယ်ယူတတ်အောင်မွေးကတည်းက
ပုံသွင်းတယ်..ထမင်းစားရင် ကိုယ့်ပန်းကန်ကိုယ်ဆေး...၊
ကိုယ့်အဝတ်ကိုယ်လျှော်...၊
ကိုယ့်ကိုယ်ကို ရပ်တည်နိုင်အောင် ပျိူးထောင်ပေးတယ်..၊ချစ်တာနဲ့နှစ်တာကို သူတို့ ကွဲကွဲပြားပြားသိတယ်...။

မြန်မာ မေမေတွေက သားသမီးဝေယျာဝစ္စ
၊အကုန်လုပ်ပေးတယ်.၊.ဒါဟာ ချစ်လို့ပါတဲ့...!

ဂျူး လူငယ်တွေ အသက်၁၈နှစ်ဆို ကိုယ့်ပိုက်ဆံကိုယ်ရှာနိုင်ပြီး၊ ကမ္ဘာ တစ်ပါတ် အလည်ထွက်နိုင်လောက်တဲ့အထိ
ရင့်ကျက်နေပြီ...၊

မြန်မာ လူငယ်တွေက ကြီးကောင်ကြီးမား
ကလေးလိုချွဲရတာကို ချစ်စရာကောင်းတယ်လို့ထင်တုန်း....!

ဂျူးတွေက စာမေးပွဲအတွက် စာမသင်ဘူး.. ၊
တကယ်တက်ဖို့ စာသင်တယ်...။

မြန်မာတွေက စာမေးပွဲမှာ အမှတ်ကောင်းဖို့နဲ့
အဆင့်ကောင်းကောင်းရဖို့သာ ပဓာနထားပြီး
ပညာရပ်ကို တကယ်တက်မတက် ဆိုတာကိုတော့
သာမညထားတယ်...။

ဂျူးတွေက အမြဲတမ်းသင်ယူလေ့လာနေပြီး
'ငါမသိသေးဘူး' လို့ အမြဲခံယူတယ်..၊

မြန်မာ တွေက အမြဲတမ်းဘွဲ့လွန်တွေ
နာမည်ကြီးကျောင်းတွေတက်ဖို့ ရုန်းကန်နေပြီး
အဲ့ပညာတက်သွားခဲ့ရင် EQတွေ Zero ဖြစ်သွားတယ်...။

ဂျူးက ဂျူးလူမျိုး ဖြစ်ပြီး၊
မြန်မာက မြန်မာလူမျိုးဖြစ်တယ်၊
ဂျူးက မြန်မာမဟုတ်သလို မြန်မာ က ဂျူးမဟုတ်ဘူး...။

ယေရှုခရစ်တော်(Jesus Christ) က ဂျူးလူမျိုးဖြစ်တယ်၊
မြန်မာလူမျိုးတွေက ဗုဒ္ဓရဲ့ဆွေမျိုးတော် သာကီဝင်
အနွယ်ဖွားတွေဖြစ်တယ်..။

တမန်တော် မောရှေ(Moses)ဟာ ဂျူးလူမျိူး ဖြစ်တယ်.၊
ရှင်အရဟံဟာ မြန်မာမျိုးနွယ်ဝင် တိုင်းရင်းသားမွန်ဗမာလူ
ူမျိုး ဖြစ်တယ်၊

ဂျာမန်ပြည်ဖွား Karl Marx(1818-1883) ဆိုသူဟာ
ဂျူးလူမျိူး ဖြစ်ပြီး ကွန်မြူနစ်ဝါဒရဲ့ ဖခင်ကြီး မက်စ်ဝါဒကို
ထူထောင်ခဲ့သူဖြစ်ပါတယ်...။

ကနောင်မင်းသားကြီးဟာ မင်းတုံးမင်းရဲ့ ညီတော်ဖြစ်ပြီး
အရှေ့တောင်အာရှမှာ ပထမဦးဆုံး ရေမြုပ်ဗုံးနဲ့ သိပ္ပံပညာရပ်ကို တီထွင်လေ့လာလိုက်စားတဲ့ တိဘက်တိုဘားမား
(သာကီဝင်) မြန်မာနွယ်ဝင် ဗမာလူမျိုး တိုင်းရင်းသား
ဖြစ်ပါတယ်...။

အိုင်း စ တိုင်း (Albert Einstein ဟာ ဂျူးလူမျိူး
ရူပေဗေဒ ပညာရှင်ကြီးဖြစ်ပြီး Relativity theory
ပြောတာနဲ့ လူတွေ သူ့ကိုတန်းသိပါတယ်..။

မင်းကွန်းတိပိဋကဓရ ဆရာတော်ဘုရားကြီး
အဘိဓဇမဟာရဌဂုရု ဘဒ်ဒ န်တ ဝိစိတ်တသာရာဘိဝံသဟာ
ကမ္ဘာ့ မှတ်ဉာဏ်အကောင်းဆုံး လူသားလို့ စံချိန်တင်ခံခဲ့ရပြီး
သူဟာ မြန်မာလူမျိုးပါ...။

Facebook တည်တောင်ထူ မက်ဇူကာဘက်ဟာ
ဂျူးလူငယ်တစ်ယောက်ပါ...။
လူမသိသေးတဲ့ NASA သိပ္ပံပညာရှင်ထဲက
လူငယ်အချို့ဟာ မြန်မာလူမျိုး ပါ..။

ဂျူးလူမျိူးကော မြန်မာလူမျိုးကော ကမ္ဘာမှာ
ပြိုင်စံရှားတူညီတာ
တစ်ချက်က အလှူအတန်းရက်ရောတာပဲ .။

ဂျူးလူမျိုး တို့ကလည်း သမိုင်းအစဉ်အလာကြီးပြီး
မြင့်မြတ်ကြတယ်။

မြန်မာ လူမျိုးတွေကလည်း တစ်ခေတ်တစ်ခာ
အင်ပါယာကြီးနဲ့ ပညာရှင်တွေနဲ့ သမိုင်းအစဉ်အလာကြီး
မြတ်ကြတယ်....။

ဒါ ပေ မဲ့.....
ဂျူးလူမျိုးတွေက တောက်ပြောင်ခဲ့တဲ့အတိတ်က
အောင်မြင်မှုကို ပစ္စုပ္ပန် ထိသယ်ဆောင်လာနိုင်ပြီး
အောင်မြင်နေတဲ့ လူမျိုးစုတွေဖြစ်တယ်..။

မြန်မာ လူမျိုးတွေက သမိုင်းကို စမြုံပြန်နေပြီး
လက်ရှိမှာ မှေးမှိန်နေလာကြတယ်...။

ဂျူးက သူ့လူမျိုး အရမ်းကြည့်တယ်။

မြန်မာက ကိုယ့်လူမျိုးအတင်း၊
အချင်းချင်းကော တစ်ပါးသားနဲ့ကောဖောက်သည်ချတယ်...။
နှစ်ယောက်ရှိရင် သုံးဖွဲ့ကွဲတယ်...။

ဂျူး တွေ ဟာ Morality ကို ရှေးကလူတွေလိုပဲ
ကောင်းအောင် ထိန်းကြောင်းနိုင်တယ်..။

မြန်မာတွေက ပညာတက်လာတာနဲ့အမျှ Moralityမရှိ EQတွေ ကျလာတယ်..။

ဂျူးလူမျိူး အများစု စုစည်းနေထိုင်တဲ့ အစ္စရေးနိုင်ငံဟာ
အင်အားကြီး နိုင်ငံတွေရဲ့ ဝန်းရံထားခြင်းခံထားရပေမဲ့
လွှမ်းမိုးမှုလုံးဝမခံ ၊ သီးခြားရပ်တည် နိုင်တဲ့
အစွမ်းထက်တဲ့နိုင်ငံတစ်နိုင်ငံဖြစ်ပါတယ်။

မြန်မာဟာလည်း ထိုနည်းတူရင်ဆိုင်နေရပေမဲ့
ပတ်ဝန်းကျင်လွှမ်းမိုးမူ အင်မတန်ခံနေရပြီး
သီးခြားမရပ်တည်နိုင်သေးပါဘူး။

ဒါဆို မြန်မာ နဲ့ ဂျူး ဘာကွာလဲ....?

ဂျူးတွေလည်းအရမ်းတော်သလို၊
မြန်မာတွေလည်း မခေပါဘူး...။

ဒါပေမဲ့...ဂျူးတွေဟာ သူတို့ပညာတက်လာတာနဲ့အမျှ
သူတို့အသိုင်းအဝိုင်းကို ပညာပိုတက်အောင်လုပ်ပေးတယ်...။

ပတ်ဝန်းကျင်တိုးတက်ရင် သူတို့တိုးတက်မယ်ဆိုတာ
ယုံကြည်တယ်..။

ဂျူးတွေရဲ့ပညာရေးက တကယ်တက်ဖို့အဓိကထားတယ်..။
ဂျူးတွေက လူမျိုးလိုက်ကိုစာဖတ်တယ်..။
ဂျူးတွေက အင်မတန်သည်းခံတယ်...။
ဂျူးတွေက အရမ်းညီညွတ်တယ်...။

ကဲ ခင်များတို့.ကျုပ်တို့မြန်မာတွေကကော?

စာရေးသူအမှာစာ...

မြန်မာလူငယ်တွေ ပညာရေးဆိုတာကြီးကို
ပါဝါ ပြဖို့မဟုတ်ပဲ အသုံးချ အကျိူးပြူ ဖို့သာ
သင်ကြဖို့ တိုက်တွန်းပါကြောင်း...



#လူငယ်များအတွက့်စာပေအသိပညာpage

09/12/2020

ပြဿနာတွေဖြစ်တိုင်း ကိုယ့်ဘက်ကပဲအလျှော့ပေးခဲ့တာ၊ကိုယ့်မှာမာနမရှိလို့မဟုတ်ဘူး....
ကိုယ့်မာနထက် မင်းကိုပိုအလေးထားလို့။

စကားများပြီးစိတ်ဆိုးတိုင်း ကိုယ်ကပဲစချော့ခဲ့တာ၊ ကိုယ့်မှာအမှတ်သညာမရှိလို့မဟုတ်ဘူး
ကိုယ့်စိတ်က‌ဝေဒနာထက် မင်းမျက်ရည်ကျရမှာကိုပိုကြောက်လို့။

အငြင်းပွားကြတိုင်း ကိုယ့်ဘက်ကပဲငြိမ်နေပေးလိုက်တာ၊ ကိုယ့်မှာအနိုင်ယူ
လိုစိတ်မရှိလို့မဟုတ်ဘူး...
ကိုယ်အနိုင်ရဖို့ထက် မင်းကျေနပ်ပျော်ရွှင်ဖို့ကပိုအရေးကြီးလို့။

ထွက်သွားတော့မယ်ပြောတိုင်း ကိုယ့်ဘက်ကပဲခက်ခက်ခဲခဲဆွဲထားခဲ့တာ၊
ကိုယ့်မှာတခြားခိုလုံရာမရှိလို့မဟုတ်ဘူး...
ကိုယ်ပိုင်ဆိုင်တဲ့အရာရာထက် မင်းကို
ပိုမြတ်နိုးလို့။

လမ်းခွဲမယ်ပြောတိုင်း ကိုယ့်ဘက်ကပဲ
ခခယယတောင်းပန်ခဲ့တာ၊ကိုယ့်မှာတခြားရွေးချယ်စရာမရှိလို့မဟုတ်ဘူး...
ကိုယ့်ဦးနှောက်ကအတ္တထက်၊ကိုယ့်နှလုံးသားက မင်းကိုပိုတန်ဖိုးထားလို့။ ။

မနောဖြူ

Credit

08/12/2020

"မင်း ဖတ် ရ တာ တန် ပါ တယ်"
📚-------------📚-------------📚

လူတစ်ချို့
မင်းကို စွန့်ပစ်သွားတယ်ဆိုတိုင်း
မင်းက တန်ဖိုးမရှိလို့ မဟုတ်ဘူး။

လူတစ်ချို့
မင်းနားမှာ မပျော်တော့ဘူးဆိုတိုင်း
မင်းက အသုံးမဝင်တော့လို့ မဟုတ်ဘူး။

လူတစ်ချို့
မင်းကို အရေးမလုပ်တော့ဘူးဆိုတိုင်း
မင်းက လူရာမဝင်တော့လို့ မဟုတ်ဘူး။

တကယ်တော့
မင်းမေတ္တာ မင်းစေတနာ မင်းရဲ့ပေးဆပ်မှု
မင်းရဲ့အလေးထားမှုနဲ့ မတန်တဲ့သူတွေရှိသလို
အရမ်းချစ်တဲ့ဒဏ်ကို
မခံနိုင်တဲ့သူတွေလည်း ရှိတယ်။

လွယ်လွယ်နဲ့ရရင်
လူတွေက တန်ဖိုးမထားချင်ကြဘူး
ဒါကို မင်းသိရင်
နောက်တစ်ခါ ဘယ်အရာကိုမှ အလကားမပေးနဲ့။

စွန့်ပစ်ခံရတယ်ဆိုတိုင်း
အမှိုက်မဟုတ်ဘူးဆိုတာ နားလည်
တစ်ဖက်က တန်ဖိုးမသိတာလဲ ဖြစ်နိုင်တယ်။

တစ်ခါတလေမှာ
ကိုယ်နဲ့ မထိုက်တန်တဲ့သူတွေ
ကိုယ့်ကို အမြဲနာကျင်စေတဲ့သူတွေကို
လောကကြီးက သူ့နည်း သူ့ဟန်နဲ့
ရှင်းထုတ်ပေးသွားတာလဲ ရှိတယ်။

ပြေးလိုက်ရတာ ပင်ပန်းသလို
ဆွဲထားရတာလဲ ပင်ပန်းတာပါပဲ
အဲတော့ မနေချင်တဲ့သူတွေကို သွားခွင့်ပြုလိုက်
နေချင်သူတွေကိုတော့ သူ့သဘောအတိုင်း ရှိပါစေ။

သူတို့ ဆုံးရွုံးသြားတာက
ဂရုစိုက် ပေးဆပ်ပြီး ချစ်တတ်တဲ့သူကို
မင်း ဆုံးရှုံးရတာက
အမြဲ စိတ်ဆင်းရဲအောင်လုပ်တဲ့သူတွေကို။

ကဲ...ဘယ်သူနာလဲ?
မင်း မနာပါဘူး
အမှိုက်တွေရှင်းသွားတော့ မရှုပ်တော့ဘူးပေါ့။

တစ်ယောက်ထဲနေလည်း ဖြစ်တယ်
နှစ်ယောက်ရှိမှ ဘဝမဟုတ်ပါဘူး
လူတွေများလေ အပူတွေများလေပဲ။

ကိုယ့်မိသားစုနဲ့
ကိုယ့်အပေါ် တကယ်ကောင်းတဲ့သူတွေကိုပဲ
တန်ဖိုးထား မြတ်နိုးပြီး ချစ်လိုက်ပါ။

ကျန်တဲ့ အပေါ်ယံတွေအတွက်
အလေးအနက်ထားပြီး ခံစားမနေနဲ့။

နောက်ထပ် မမိုက်ချင်ပါနဲ့
မင်းက သင်ခန်းစာတွေရဖို့
စာလေးတစ်ပုဒ်ပဲ ဖတ်ရတာ
ငါ့မှာက ဘဝနဲ့ရော မျက်ရည်တွေနဲ့ပါ
ရင်းခဲ့ရတာ...
မင်းဖတ်ရတာ တန်ပါတယ်။

📕📒📗လေးစားစွာဖြင့် 🖍🖍🖍📗📒📕
အရှင်ဇဝန သူ့စိတ်ကြိုက် စာပေများ 📖
Crd

Want your business to be the top-listed Media Company in Yangon?
Click here to claim your Sponsored Listing.

Category

Website

Address


Yangon