Vita Store
09/10/2022
သီတင်းကျွတ်ဆုတောင်း 🙏
" ဘေးဘယာ ဝေးကွာ
သက်ရှည်ကျန်းမာ
စီးပွားဥစ္စာ တိုးတက်နိုင်ပါစေ"
လို့ ဇီဝဗီတမှ တောင်းဆုခြွေအပ်ပါသည်။
----------------------------------
ကျန်းမာသောလူနေမှုဘဝအတွက် မဖြစ်မနေလိုအပ်မည့် အသိပညာဗဟုသုတများကို မျှဝေပေးနိုင်ရန် ရည်ရွယ်၍ Ziwa Vita (ဇီဝဗီတ) ကိုဆရာဝန်လူငယ်များနှင့်ပညာရှင်အချို့ ပူးပေါင်းတည်ထောင်ခဲ့ပါသည်။ Ziwa Vita (ဇီဝဗီတ) မှတင်ဆက်ပြီးသော ကျန်းမာရေးဆောင်းပါးများနှင့် အသစ်အသစ်သော ဆောင်းပါးများကို https://ziwa-vita.com တွင်ဝင်ရောက်လေ့လာဖတ်ရှူနိုင်ပါသည်။
▶️Like and follow us on Facebook & Instagram.
Facebook link- https://www.facebook.com/ziwavita/
Instagram link- https://www.instagram.com/ziwavita/
Telegram Channel link- t.me/ziwavita
29/09/2022
အရေးပေါ်တားဆေးတွေကို အလွန်အကျွံသုံးစွဲမိတဲ့အခါ...
အမျိုးသမီးတွေအတွက် မိမိအဆင်သင့်မဖြစ်သေးတဲ့အချိန်မှာ ကိုယ်ဝန်ရရှိသွားခြင်းကို ရှောင်ရှားနိုင်ဖို့ အရေးပေါ်သန္ဓေတားဆေး ဆိုတာ တည်ရှိနေတာပါ ။ အရေးပေါ်ဆိုသည့်အတိုင်း စောစောသောက်လျှင် ဆေးစွမ်းပိုထက်ပါတယ် ။ အရေးပေါ်တားဆေးတွေသည် သန္ဓေကို (၁၀၀) ရာခိုင်နှုန်းတားဆီးနိုင်ခြင်းမရှိသော်လည်း (၇၂) နာရီ မှ (၁၂၀) နာရီအတွင်း သောက်သုံးနိုင်ပါက (၉၀) ရာခိုင်နှုန်းကျော်သည်အထိ စိတ်ချရနိုင်ပါတယ် ။
သို့သော်လည်း မမျှော်လင့်ဘဲ ကိုယ်ဝန်ရရှိသွားတဲ့ အခြေအနေမျိုးလည်း ရှိနေနိုင်ပါတယ် ။ အဆိုပါ အရေးပေါ်သန္ဓေတားဆေးများ ကို တစ်လအတွင်း အကြိမ်ကြိမ် သောက်သုံးခြင်း ၊ ကိုယ်ဝန်လွယ်ထားစဥ်ကာလတွင် သောက်သုံးမိခြင်း ၊ ရာသီလာစဥ်သောက်သုံးမိခြင်း ၊ ဆေးစွမ်းသတ္တိကိုလျော့ကျစေသော အခြားဆေးများနှင့် တွဲသောက်မိခြင်း ၊ ဆေးသောက်ပြီး (၄)နာရီအတွင်း အန်ခြင်း ၊ ဝမ်းလျှောခြင်း များ ဖြစ်ပါက ဆေး၏အကျိုးသက်ရောက်မှုကို လျော့ကျစေပါတယ် ။
ဒါ့အပြင် " တန်ဆေး ၊ လွန်ဘေး " ဆိုသလို သန္ဓေကို တားဆီးပေးသော်လည်း ကြိမ်ဖန်များစွာ ထပ်တလဲလဲ သုံးစွဲပါက အောက်ပါ ဆိုးကျိုးများကိုလည်း ရရှိစေပါတယ် ။
(၁)ပျို့အန်ခြင်း
(၂)မိန်းမကိုယ်သွေးဆင်းခြင်း
(၃)ဗိုက်အောင့်ခြင်း
(၄)ရင်သားများနာကျင်ခြင်း
(၅)ဝမ်းလျှောခြင်း
(၆)ရာသီမမှန်ခြင်း
(၇)ခေါင်းမူး ၊ ခေါင်းကိုက်ခြင်း
(၈)မောပန်းနွမ်းနယ်ခြင်း
----------------------------------
ကျန်းမာသောလူနေမှုဘဝအတွက် မဖြစ်မနေလိုအပ်မည့် အသိပညာဗဟုသုတများကို မျှဝေပေးနိုင်ရန် ရည်ရွယ်၍ Ziwa Vita (ဇီဝဗီတ) ကိုဆရာဝန်လူငယ်များနှင့်ပညာရှင်အချို့ ပူးပေါင်းတည်ထောင်ခဲ့ပါသည်။ Ziwa Vita (ဇီဝဗီတ) မှတင်ဆက်ပြီးသော ကျန်းမာရေးဆောင်းပါးများနှင့် အသစ်အသစ်သော ဆောင်းပါးများကို https://ziwa-vita.com တွင်ဝင်ရောက်လေ့လာဖတ်ရှူနိုင်ပါသည်။
▶️Like and follow us on Facebook & Instagram.
Facebook link- https://www.facebook.com/ziwavita/
Instagram link- https://www.instagram.com/ziwavita/
Telegram Channel link- t.me/ziwavita
13/09/2022
နံနက်ခင်းတိုင်း နေရောင်ခြည် ခံယူကြပါစို့ ။ ☀️
နေထိရင် အသားမဲမှာ ၊ အသားလောင်မှာ ကြောက်တဲ့သူတွေ ရှိကြလား ? နေရောင်ခြည် က အရေပြားဆဲလ်လေးတွေရဲ့ DNA ကို ပျက်စီးစေနိုင်ပြီး အရေပြားကင်ဆာ ဖြစ်စေနိုင်တယ်ဆိုတာ လူတိုင်းသိထားပြီးသားဖြစ်မှာပါ ။ ဒါဆို ......
နေရောင်ခြည် ကို အမြဲ ရှောင်ရမှာလား ?
နေရောင်ခြည်ဆိုတာ မကောင်းဘူး လား ?
ဒီမေးခွန်းတွေရဲ့အဖြေကတော့ " No “ ပါ ။
နေရောင်ခြည် ဆိုတာ ခန္ဓာကိုယ်အတွက် လိုအပ်ပါတယ် ။ လိုအပ်တယ်ဆိုတိုင်း တနေကုန် တနေခမ်း နေပူထဲရပ်နေရမယ်လို့ ဆိုလိုတာ မဟုတ်ပါဘူး ။
နံနက်မိုးလင်း အိပ်ယာနိုးတာနဲ့ နံနက်ခင်းနေရောင်ခြည် ကို (၁၅)-(၃၀)မိနစ်ခန့် ခံယူပေးခြင်းဖြင့် အောက်ပါ အကျိုးကျေးဇူးများ ရရှိစေပါတယ် ။
☀️ခန္ဓာကိုယ်ထဲရှိ ဇီဝနာရီ ကိုစည်းချက်ညီညီ လည်ပတ်စေပြီး ဇီဝလုပ်ငန်းဆောင်တာများကို မှန်ကန်စေပါတယ် ။
☀️နံနက်တွင် Cortisol ၊ ညတွင် Melatonin အချိန်မှန် ထွက်ရှိစေပြီး အိပ်ယာနိုးချိန် ၊ အိပ်ယာဝင်ချိန် နာရီ စက်ဝန်းကို တည့်မတ်ပေးပါတယ် ။
☀️Cortisol ပမာဏများများထွက်စေခြင်းဖြင့် တနေ့တာအတွက် လုံလောက်သောစွမ်းအင် ၊ ကိုယ်ခံစွမ်အား တို့ကို ရရှိစေပါတယ် ။
☀️Serotonin ၊ Endorphin ဟော်မုန်း များထွက်စေပြီး စိတ်ဖိစီးမှုနည်းစေခြင်း ၊ အနာသက်သာစေခြင်း ၊ ပျော်ရွှင်မှုကို ပေးစွမ်းခြင်း တို့ ဖြစ်စေပါတယ် ။
☀️UV ရောင်ခြည်သည် Nitric oxide ကို ထုတ်လုပ်ပေးပြီး သွေးပေါင်ချိန်ကို ထိန်းပေးကာ နှလုံးအတွက် အကျိုးဖြစ်စေပြီး ဦးနှောက်စွမ်းဆောင်ရည်ကိုလည်း မြင့်မားစေပါတယ် ။
☀️အူမကြီးကင်ဆာ ၊ ရင်သားကင်ဆာ ၊ Prostate ကင်ဆာ ၊ ပြန်ရည်ကျိတ်ကင်ဆာ ဖြစ်နိုင်ခြေကိုလည်း လျှော့ချပေးပါတယ် ။
ဒါကြောင့် နံနက်ခင်းတိုင်း နေရောင်ခြည် မှပေးစွမ်းသော ခွန်အားတို့ကို ရယူရင်း ကျန်းမာပျော်ရွှင်သော နေ့ရက်တိုင်းကို ဖြတ်သန်းနိုင်ပါစေလို့ ဆုတောင်းပေးလိုက်ပါတယ် ။
----------------------------------
ကျန်းမာသောလူနေမှုဘဝအတွက် မဖြစ်မနေလိုအပ်မည့် အသိပညာဗဟုသုတများကို မျှဝေပေးနိုင်ရန် ရည်ရွယ်၍ Ziwa Vita (ဇီဝဗီတ) ကိုဆရာဝန်လူငယ်များနှင့်ပညာရှင်အချို့ ပူးပေါင်းတည်ထောင်ခဲ့ပါသည်။ Ziwa Vita (ဇီဝဗီတ) မှတင်ဆက်ပြီးသော ကျန်းမာရေးဆောင်းပါးများနှင့် အသစ်အသစ်သော ဆောင်းပါးများကို https://ziwa-vita.com တွင်ဝင်ရောက်လေ့လာဖတ်ရှူနိုင်ပါသည်။
▶️Like and follow us on Facebook & Instagram.
Facebook link- https://www.facebook.com/ziwavita/
Instagram link- https://www.instagram.com/ziwavita/
05/09/2022
ခန္ဓာကိုယ်အတွက် အမျှင်ဓာတ်က အမှန်တစ်ကယ် လိုအပ်ပါသလား ?
👩🏻⚕️ဝမ်းမှန်အောင် အမျှင်ဓာတ်များတဲ့ ဟင်းသီးဟင်းရွက် များများစားဆိုပြီး လူကြီးသူမတွေ ပြောတာကြားဖူးကြတယ်ဟုတ် ? အထက်ပါ အဆိုဟာ တကယ်ဘဲ မှန်ကန်ပါသလား ?
👩🏻⚕️လူတစ်ဦးရဲ့ ခန္ဓာကိုယ်အတွက် နေ့စဥ် လိုအပ်သော အာဟာရဓာတ်များထဲတွင် အမျှင်ဓာတ်သည် တစ်ခုအပါအဝင်ဖြစ်ပါတယ် ။ အစေ့အဆံ ၊ ဂျုံ ၊ ပဲ ၊ အာလူး ၊ ဥနီ ၊ ဂေါ်ဖီစိမ်း ၊ ပဲ ၊ ဘာလီ၊ ပဲစိမ်း ၊ ပန်းသီး တို့သည် အမျှင်ဓာတ်များသော အစားအစာများဖြစ်ပါတယ် ။ အမျှင်ဓာတ်နှင့်အတူ ရေများများသောက်သုံးပေးရန်လည်း လိုအပ်ပါတယ် ။
👩🏻⚕️အမျိုးသားများအတွက် တနေ့တာ အမျှင်လိုအပ်မှုသည် (၃၈-၃၀) ဂရမ်၊ အမျိုးသမီးများအတွက် (၂၅-၂၁) ဂရမ် ဖြစ်ပါတယ် ။
👩🏻⚕️ဖော်ပြပါ အတိုင်းအတာ အတိုင်း လိုက်နာစားသုံးပေးမယ်ဆိုပါက ဘယ်လိုအကျိုးထူးတွေ ရရှိမလဲ လေ့လာကြည့်ကြရအောင် ။
----------------------------------
ကျန်းမာသောလူနေမှုဘဝအတွက် မဖြစ်မနေလိုအပ်မည့် အသိပညာဗဟုသုတများကို မျှဝေပေးနိုင်ရန် ရည်ရွယ်၍ Ziwa Vita (ဇီဝဗီတ) ကိုဆရာဝန်လူငယ်များနှင့်ပညာရှင်အချို့ ပူးပေါင်းတည်ထောင်ခဲ့ပါသည်။ Ziwa Vita (ဇီဝဗီတ) မှတင်ဆက်ပြီးသော ကျန်းမာရေးဆောင်းပါးများနှင့် အသစ်အသစ်သော ဆောင်းပါးများကို https://ziwa-vita.com တွင်ဝင်ရောက်လေ့လာဖတ်ရှူနိုင်ပါသည်။
▶️Like and follow us on Facebook & Instagram.
Facebook link- https://www.facebook.com/ziwavita/
Instagram link- https://www.instagram.com/ziwavita/
04/09/2022
နှုတ်ခမ်းတွေ မည်းပြာနေလို့စိတ်ညစ်နေပြီလား ?
👄သင့်ရဲ့ နှုတ်ခမ်းက ဖူးဖူးစိုစိုအိအိလေးမဟုတ်ဘဲ မည်းပြာနေပါသလား ?
👄သင့်ရဲ့ နှုတ်ခမ်းအရောင်ရင့်လာခြင်းဟာ....
💋Melanin များခြင်း
💋နေရောင်ခြည်နှင့်အထိအတွေ့များခြင်း
💋ဓာတ်မတည့်သည့်အရာတစ်ခုခုနှင့်ထိတွေ့မိခြင်း
💋ဆေးလိပ်သောက်ခြင်း
💋ကွမ်းစားခြင်း
💋ကော်ဖီအသောက်များခြင်း
💋ကဖိန်းပါဝင်သောအရာများစားသုံးမိခြင်း
💋ဟော်မုန်းမမျှတခြင်း
💋အရည်အသွေးမကောင်းသောအလှပြင်ပစ္စည်းများသုံးမိခြင်း တို့ကြောင့်ဖြစ်နိုင်ပါတယ် ။
အထူးသဖြင့် မိန်းကလေးများဟူ မိမိနှုတ်ခမ်းကို နှင်းဆီဖူးလေးလို လှလှလေးဖြစ်ချင်ကြပါတယ်။ ဒါဆို မိမိနှုတ်ခမ်းလေးကို မည်းပြာမနေအောင် ပန်းရောင်လေးသန်းနေအောင် ဘယ်လိုပြုပြင် ထိန်းသိမ်းကြမလဲ ဆက်ကြည့်ကြရအောင် ။
(၁) သံပုရာ နှင့် ပျားရည် ရောစပ်ကာ ညအိပ်ရာမဝင်ခင်တိုင်း နှုတ်ခမ်းပေါ် လူးပေးပါ ။
(၂)အရည်ရွှမ်းသောအသီးအနှံများများစားပါ ။
(၃)လတ်ဆက်သောအသီးအရွက်များများစားပါ ။
(၄)သကြားမုန်လာ ခေါ် beetroot (သို့) သလဲသီး အရည် (သို့) သံလွင်ဆီ ကို နှုတ်ခမ်းပေါ် လိမ်းပေးပါ။
(၅)ဆရာဝန်၏ ညွှန်ကြားချက်ဖြင့် Carbo animalis ကဲ့သို့ homeopathic ဆေးဝါးများလည်းသုံးစွဲပေးနိုင်ပါတယ်။
----------------------------------
ကျန်းမာသောလူနေမှုဘဝအတွက် မဖြစ်မနေလိုအပ်မည့် အသိပညာဗဟုသုတများကို မျှဝေပေးနိုင်ရန် ရည်ရွယ်၍ Ziwa Vita (ဇီဝဗီတ) ကိုဆရာဝန်လူငယ်များနှင့်ပညာရှင်အချို့ ပူးပေါင်းတည်ထောင်ခဲ့ပါသည်။ Ziwa Vita (ဇီဝဗီတ) မှတင်ဆက်ပြီးသော ကျန်းမာရေးဆောင်းပါးများနှင့် အသစ်အသစ်သော ဆောင်းပါးများကို https://ziwa-vita.com တွင်ဝင်ရောက်လေ့လာဖတ်ရှူနိုင်ပါသည်။
▶️Like and follow us on Facebook & Instagram.
Facebook link- https://www.facebook.com/ziwavita/
Instagram link- https://www.instagram.com/ziwavita/
29/08/2022
ငါးအစိမ်းစားခြင်းနှင့်ကျန်းမာရေး👩🏻⚕️
🍣ဒီနေ့မှာတော့ ဆူရှီချစ်သူတွေအတွက် ဇီဝဗီတက ငါးအစိမ်းစားခြင်းရဲ့ ကောင်းကျိုးနဲ့ဆိုးကျိုး တွေကို နှိုင်းယှဥ်ဖော်ပြပေးသွားမှာဘဲဖြစ်ပါတယ် ။
👍🏻ရှေးဦးစွာ ငါးအစိမ်းစားခြင်းဖြင့် ဘယ်လိုအကျိုးကျေးဇူး တွေ ရရှိမလဲ ဆိုတာ ဖတ်ကြည့်ကြရအောင် ။
💥ငါးကို အပူချိန်ပြင်းပြင်းနှင့် ချက်ပြုတ်သည့်အခါ ငါးတွင်ပါဝင်သော Omega-3 fatty acid ပါဝင်မှုလျော့ကျသွားစေပါတယ် ။ ဒါ့အပြင် အပူနှင့်ဓာတ်ပြုမှုကြောင့် ဓာတုဒြပ်များပေါ်ထွက်လာပြီး ကင်ဆာဖြစ်နှုန်းကို မြင့်မားစေပါတယ် ။
👉🏻ဒါကြောင့် ငါးကို မချက်ပြုတ်ဘဲ အစိမ်းစားခြင်းသည် ဓာတုပစ္စည်းများကင်းစင်ပြီး အာဟာရဓာတ်ပိုမိုရရှိစေပါတယ် ။
👎🏻ဒါပေမယ့် ကောင်းကျိုးထက် ဆိုးကျိုးက ပိုတယ်ဆိုတာ သတိချပ်ရပါမယ် ။
💥ငါးကို အပူချိန်ပြင်းပြင်းနှင့် ချက်ပြုတ်သည့်အခါ ငါးတွင်ပါဝင်သော ဘတ်တီးရီးယားနှင့်ကပ်ပါးကောင်များသည် သေဆုံးသွားစေပါတယ် ။
👉🏻သို့သော် ငါးကိုမချက်ပြုတ်ဘဲ အစိမ်းစားခြင်းသည် အဆိုပါ ဘတ်တီးရီးယားပိုးများကိုပါ ကျွန်ုပ်တို့၏ ခန္ဓာကိုယ်ထဲသို့ ရောက်ရှိစေပြီး ပျို့အန်ခြင်း ၊ ဗိုက်အောင့်ခြင်း ၊ ဝမ်းလျှောခြင်း မှစ၍ ပြင်းထန်သောလက္ခဏာများကိုပါ ခံစားရစေနိုင်ပါတယ် ။
ဒါ့အပြင် သန်ကောင် ၊ တုတ်ကောင် စသည့် ကပ်ပါးကောင်များသည်လည်း ငါးမှတဆင့် ကျွန်ုပ်တို့၏ ခန္ဓာကိုယ်ထဲသို့ဝင်ရောက်ပြီး ခိုအောင်းကပ်တွယ်နေစေနိုင်ပါတယ် ။
🙋🏻♀️ကဲ ဒီတော့ ဆူရှီချစ်သူတွေက ငါးအစိမ်းကို ကျန်းမာရေးဥပဒ်မဖြစ်အောင် အန္တရယ်ကင်းကင်း ဘယ်လိုစားကြမလဲ ?
🌊ငါးအစိမ်းကို ဝယ်သည့်အခါ FDA အသိအမှတ်ပြု သန့်ရှင်းသော ငါးအရောင်းဆိုင် ၊ စျေး များမှ ဝယ်ယူပါ ။
🌊ငါးဝယ်ယူသည့်အခါ လတ်ဆတ်သော အရောင်အဆင်းနှင့် အနံ့ရှိသည့်ငါးကိုသာ ရွေးချယ်ပါ ။
🌊 ဝယ်ယူလာသော ငါးများကို အိမ်တွင် သန့်စင်အောင် ထပ်မံ ကိုင်တွယ်ဆေးကြောပါ ။
🌊ငါးအစိမ်းများကို အအေးချိန် -31°F တွင် 15 နာရီကြာ (သို့) -4°F တွင် တစ်ပတ်ကြာ သိမ်းဆည်းပါ ။
🌊ငါးအစိမ်းကို အခန်းအပူချိန်တွင် နှစ်နာရီထက် ပိုမထားရပါ ။
🌊ငါးအစိမ်းကို စားရန်ပြင်ဆင် ပေးမည့်သူသည် လက်ကို စင်ကြယ်စွာဆေးကြောထားရန်လိုအပ်ပါတယ် ။
🌊ငါးကို လှီးမည့် ဓား ၊ စဥ့်နီတုံး ၊ ထည့်မည့် ပန်းကန်တို့ကို လည်း စင်ကြယ်စွာ ဆေးကြောထားရပါမယ်။
🌊အိမ်တွင် မိမိကိုယ်တိုင် မပြင်ဆင်ဘဲ ဆိုင်တွင် ဝယ်စားမည်ဆိုပါကလည်း သန့်ရှင်းမှုအပြည့်အဝရှိသော ၊ FDA ခွင့်ပြုချက်ရထားသော စားသောက်ဆိုင်များတွင်သော ဝယ်ယူစားသုံးသင့်ပါတယ် ။
👩🏻⚕️ဒါမှသာ မိမိကျန်းမာရေးကို ဥပဒ်မဖြစ်စေဘဲ ငါးအစိမ်းကို အရသာရှိရှိ စိတ်သန့်သန့်ဖြင့် စားသုံးနိုင်မှာဖြစ်ပါတယ် ။
----------------------------------
ကျန်းမာသောလူနေမှုဘဝအတွက် မဖြစ်မနေလိုအပ်မည့် အသိပညာဗဟုသုတများကို မျှဝေပေးနိုင်ရန် ရည်ရွယ်၍ Ziwa Vita (ဇီဝဗီတ) ကိုဆရာဝန်လူငယ်များနှင့်ပညာရှင်အချို့ ပူးပေါင်းတည်ထောင်ခဲ့ပါသည်။ Ziwa Vita (ဇီဝဗီတ) မှတင်ဆက်ပြီးသော ကျန်းမာရေးဆောင်းပါးများနှင့် အသစ်အသစ်သော ဆောင်းပါးများကို https://ziwa-vita.com တွင်ဝင်ရောက်လေ့လာဖတ်ရှူနိုင်ပါသည်။
▶️Like and follow us on Facebook & Instagram.
Facebook link- https://www.facebook.com/ziwavita/
Instagram link- https://www.instagram.com/ziwavita/
23/08/2022
အမျိုးသမီးများ ညအိပ်တဲ့အခါ Panty ဝတ်သင့်သလား နှင့် အမေးအဖြေ ✨
🌸ပျိုမေတို့ရေ....ညအိပ်တဲ့အခါ pyjama လေးနဲ့အိပ်လား ၊ ဂါဝန်လေးနဲ့အိပ်လား ၊ ဘောင်းဘီတိုလေးနဲ့ အိပ်လား ? ဘယ်လိုဘဲဝတ်စေကာမူ ညအိပ်တဲ့အခါ အောက်ခံဘောင်းဘီ ရောခံဝတ်လား ?
ခံရောဝတ်သင့်ရဲ့လား ? ပျိုမေတို့ ရင်ထဲက မေးခွန်းများစွာအတွက် အဖြေက ဇီဝဗီတ မှာ ရှိမယ်နော် ။
🌸မြန်မာမိန်းကလေးတစ်ယောက်အနေနဲ့ ညအိပ်တဲ့အခါ Panty မပါဘဲ အိပ်ဖို့ကတော့ နည်းနည်းစိမ်းနေမှာပေါ့နော် ။ Panty ချွတ်ပြီးရင် မိမိကိုယ်ကို လုံခြုံအောင် ဂါဝန်ပွပွလေးတွေ ၊ ဘောင်းဘီရှည် ပွပွလေးတွေဝတ်လို့ရပါတယ် ။ Panty မပါဘဲ အိပ်ခြင်းက မိမိရဲ့ မိန်းမကိုယ် ကျန်းမာရေးအတွက် အထူးသင့်လျော်ပါတယ် ။
🌸Panty မပါဘဲအိပ်ခြင်းသည်.....
🎈သက်တောင့်သက်သာဖြစ်စေခြင်း
တစ်နေကုန် အောက်ခံဘောင်းဘီ ဝတ်ထားရတာ စိတ်ထဲတင်းကြပ်မနေဘူးလား ? ခါးမြင့် ဗိုက်ချပ်ဘောင်းဘီမျိုးတွေဆို ပိုပြီးစိတ်ကျဥ်းကြပ်တယ်နော် ။ ဒီတော့ ညဘက်လေးကိုတော့ မိမိကိုယ်ကိုရော ၊ မိမိရဲ့ မိန်းမကိုယ်နေရာလေးကိုရောကို သက်တောင့်သက်သာလေးဖြစ်အောင်ထားရမယ်။
🎈လေဝင်လေထွက်ကောင်းစေခြင်း
မိန်းမကိုယ်ဆိုတာ အလွန်နုနယ်ပြီးထိခိုက်လွယ်တာနော် ။ ဒီလိုနေရာက တစ်နေကုန် အဝတ်စနဲ့ ထိစပ်နေရတော့ ပူလာတာ ၊ ယားယံလာတာ ၊ အနံ့အသက်မကောင်းတာမျိုးတွေဖြစ်စေတာပေါ့ ။ ဒီတော့ ညဘက်မှာ ချွတ်ထားခြင်းက မိန်းမကိုယ်လေး အသက်ရှူချောင်စေတာပေါ့။
🎈စိုထိုင်းမှုကိုလျော့နည်းစေခြင်း
တစ်နေကုန်ချွေးတွေထွက်ထားတော့ မိန်းမကိုယ်နဲ့ပေါင်ခြံနေရာမှာလည်း အစိုဓာတ်ကရှိနေပြန်ရော ။ အဲ့ဒီအချိန် အဖြူဆင်းတယ်ဆိုပါစို့ ။ စိုစိစိုစွတ်နဲ့ နေလို့ဘယ်ကောင်းပါ့မလဲ။ ဒီတော့ညဘက်မှာ ခြောက်ခြောက်သွေ့သွေ့လေးဖြစ်နေအောင် ထားရမယ် ။
🎈ဝက်ခြံနှင့်မိတ်များလျော့နည်းစေခြင်း
ပေါင်ခြံနဲ့မိန်းမကိုယ်မှာ ဝက်ခြံမထွက်ဘူးလို့မထင်လိုက်နဲ့နော် ။ အပူဓာတ်နဲ့အစိုဓာတ်နဲ့ ရောသွားတဲ့အခါ အမွေးအမျှင်အိတ်လေးတွေ ရောင်ရမ်းပြီး အနီဖုလေးတွေ ၊ အဖြူဖုလေးတွေပေါ်လာတတ်ပါတယ် ။ ဒီလိုပေါ်လာတဲ့အခါ ဘီကနီဝတ်ရင်လည်း မလှဘဲနေတော့မှာပေါ့ ။ဒီတော့ ရေနွေးအိတ်လေးတွေကပ်ပေးခြင်းသည် အဖုလေးတွေကို သက်သာစေပေမယ့် Panty မဝတ်ဘဲနေလိုက်တာတော့ အကောင်းဆုံးနည်းလမ်းပေါ့ ။
🎈ရောဂါပိုးများပေါက်ဖွားမှုကိုကာကွယ်ပေးခြင်း
မိန်းမကိုယ်လမ်းကြောင်းပိုးဝင်တာ ၊ ရောင်ရမ်းတာသည် Candida ၊ Trichomonas နှင့် ဘတ်တီးရီးယားပိုးများဝင်ရောက် ပေါက်ပွါးတဲ့အတွက်ဖြစ်ပါတယ် ။ တင်းကြပ်လွန်းတဲ့ အောက်ခံဘောင်းဘီတွေဝတ်ဆင်ခြင်းက ဒီလိုပိုးတွေပေါက်ဖို့ အားပေးတာပေါ့ ။ ပိုးဝင်တဲ့လက္ခဏာတွေက အဖြူပျစ်ပျစ်အချွဲများဆင်းခြင်း ၊ စိမ်းဝါရောင်အချွဲများဆင်းခြင်း ၊ ငါးညှီနံ့လို အနံ့ဆိုးများထွက်ခြင်းတို့ ပါဝင်ပါတယ် ။
🎈ပေါင်ခြံပွန်းတာကိုသက်သာစေခြင်း
ဘောင်းဘီအဝတ်သားနဲ့အရေပြား မကြာခဏ ပွတ်တိုက်မိတဲ့အခါ ပေါင်ခြံပွန်းတာ ၊ အရေပြားပွန်းပဲ့တာမျိုးတွေဖြစ်နိုင်တာပေါ့ ။ သင်က ထိခိုက်လွယ်တဲ့ အရေပြားရှိတဲ့သူဆိုရင် ညအခါ Panty ချွတ်ထားတာ အကောင်းဆုံးပါ ။
🎈ဓာတုပစ္စည်းနှင့်ထိတွေ့မှုကိုလျော့နည်းစေခြင်း
Panty ကို လျှော်ဖွတ်ပြီး ကပ်ကျန်နေနိုင်တဲ့ ဆပ်ပြာမှုန့် ၊ softeners တွေက မိန်းမကိုယ်နှင့် ထိတွေ့မိတဲ့အခါ ယားယံတာ ၊ အင်ပြင်ထတာ မျိုးတွေဖြစ်စေတဲ့အတွက် ညဘက်ချွတ်အိပ်တော့ ထိစပ်မှုနည်းစေတာပေါ့ ။
🎈သွေးလှည့်ပတ်မှုကောင်းစေခြင်း
�ဘောင်းဘီကြပ်ကြပ်မရှိတော့တဲ့အခါ ခန္ဓာကိုယ်သွေးလှည့်ပတ်မှုဟာ အတိုင်းအတာတစ်ခုထိ ကောင်းလာမှာတော့ ဧကမုချပါနော် ။
🌸ကဲ ပျိုမေတို့ရေ....စာဖတ်ပြီးတဲ့ အဆုံးမှာ ဝတ်ထားတဲ့ Panty ကိုတောင်ချွတ်ပစ်ချင်သွားပြီမဟုတ်လား ? နေ့ခင်းဘက်မှာတော့ မိမိကိုယ်ကိုလုံခြုံတယ်လို့ ခံစားရစေဖို့ Panty ဝတ်ကြတာ မှန်ပါတယ် ။ ဒါပေမယ့် ညဘက်လေးကိုတော့ လွတ်လွတ်လပ်လပ်နေတာ မကောင်းဘူးလား ? ကောင်းကျိုးတွေကို ထောက်ပြပြီးပြီမို့ ရွေးချယ်ဖို့ကတော့ ပျိုမေတို့တာဝန်ဘဲနော် ။
----------------------------------
ကျန်းမာသောလူနေမှုဘဝအတွက် မဖြစ်မနေလိုအပ်မည့် အသိပညာဗဟုသုတများကို မျှဝေပေးနိုင်ရန် ရည်ရွယ်၍ Ziwa Vita (ဇီဝဗီတ) ကိုဆရာဝန်လူငယ်များနှင့်ပညာရှင်အချို့ ပူးပေါင်းတည်ထောင်ခဲ့ပါသည်။ Ziwa Vita (ဇီဝဗီတ) မှတင်ဆက်ပြီးသော ကျန်းမာရေးဆောင်းပါးများနှင့် အသစ်အသစ်သော ဆောင်းပါးများကို https://ziwa-vita.com တွင်ဝင်ရောက်လေ့လာဖတ်ရှူနိုင်ပါသည်။
▶️Like and follow us on Facebook, Instagram & Telegram.
Facebook link- https://www.facebook.com/ziwavita/
Instagram link- https://www.instagram.com/ziwavita/
Telegram Channel link- t.me/ziwavita
Click here to claim your Sponsored Listing.
Category
Website
Address
Yangon