G - 7 Academy
02/05/2023
( 1 )အလှပြင်ဆိုင်တွေမှာကြုံတွေ့ရတဲ့ Customer Complaint တွေကို ဘယ်လိုကိုင်တွယ်ဖြေရှင်းမလည်း???
အလှပြင်လုပ်ငန်းတိုင်းမှာ မလွဲမသွေ တွေ့ကြုံရမှာတစ်ခုကတော့ Customer Complaints တွေဘဲ ဖြစ်ပါတယ်။ ဒါဟာ သဘာဝ ကျပါတယ်။ ရှောင်ဖယ်လို့လဲ မရပါဘူး။ စိတ်ကျေနပ်မှု မရှိတဲ့ ဖောက်သည်တွေဟာ ကိုယ့်လုပ်ငန်းကို ပိုကောင်းလာအောင် ပြုလုပ်ဖို့အတွက် တွန်းအားပေးတဲ့လူတွေ ဖြစ်ပါတယ်။
နောက်စိတ်ဝင်စားစရာကောင်းတာတစ်ခုကတော့ Complaint တက်တဲ့ ဧည့်သည်တွေဟာ ကိုယ့်ဆိုင်ကို နောက်တစ်ခေါက် ထပ်လာချင်တဲ့ စိတ် ရှိတဲ့အတွက် ဖြစ်ပါတယ်...
ဒါလဲမှန်တယ်လို့ထင်ပါတယ်။ ဟိုတလောက ခရီးထွက်ရင် ဆံပင်အရမ်းရှည်နေတာနဲ့ ဆိုင်တစ်ဆိုင်မှာ ဝင်ညှပ်ဖြစ်ခဲ့တယ်
ဘေးနှစ်ဖက်ကမညီးဘူး ရှိတ်ကလည်း ညီမနေပဲ အကြမ်းထည်လောက်ပဲ ဘာမှ မပြောဖြစ်ခဲ့ဘူး။
အဲ့မှာ နောက်တစ်ခါ သွား ဖြစ်ဖို့မသေခြာလို့ပါ။
Complaint လဲ မတက်ဖြစ်ခဲ့ဘူး။
ဒါပေမယ့် ကိုယ်အမြဲညှပ်နေကျ ဆိုင်ကညီတော်မောင်တွေညှပ်ရင်တော့ ကိုယ်လိုချင်တဲ့အတိုင်း မရမချင်းညှပ်ခိုင်းပါတယ် ဘာကြောင့်လဲဆိုတော့ မပြောလို့မရဘူး။ သူတို့နဲ့က နောက်လဲအမြဲညှပ်နေရမှာမဟုတ်လား။ ဒါကြောင့် တခါတလေမှာ ကိုယ့်လုပ်ငန်းကို မကောင်းကြောင်း မပြောဘဲ ဒီတိုင်းထားသွားတဲ့လူတွေထက်ကို ကိုယ့်ကိုပြင်စေချင်တာ၊ သူတို့ မကျေနပ်တာတွေကို ပြောတဲ့ လူတွေကို တန်ဖိုးထားသင့်ပါတယ်။ အမုန်းခံပြီး ပြောတဲ့ လူဆိုတာ ရှားတယ် မဟုတ်လား။
ဒါဆို ဘယ်အချိန်မှာ Complaint တက်ကြသလဲ။ Complaint တွေ မရှင်းခင်မှာ Complaint တက်ရခြင်းအကြောင်းလေးတွေ အရင်တွေးကြည့်ရအောင်။ ဧည့်သည်တွေဘယ်အချိန်မှာ Complaint တွေတက်ကြသလဲ။
တကယ်ကြုံတွေ့လိုက်ရတဲ့ အတွေ့အကြုံ၊ ခံစားချက်ဟာ မျှော်လင့်ထားတာ နဲ့ မကိုက်ညီတဲ့အခါမှာ Complaint တက်ပါတယ်။
ဥပမာ ဆိုပါတော့ ဧည့်သည်တစ်ယောက်က ဆံပင်ညှပ်ညှပ်မယ် ကာလာဆိုမယ်ဆိုပီးလာတယ် ...ဧည့်သည်နဲ့သေခြာရနိုင်မဆွေးနွေးပဲလုပ်ပေလိုက်တယ် ဧည့်သည်ကစလုပ်တဲ့အချိန်မှာပဲ မျှော်လင့်ချက်တွေ စပါတယ်...
hair colorလေးကဘယ်လို
cutting designကဘယ်လိုဆိုပီး
မျော်လင့်ထားလိုက်တယ်ဆိုပါတော့။
တကယ်လဲလာရော cutting designကလည်း မလှဘူး ကာလာကလည်းလိုချင်တဲ့ကာလာမရဘူးဆိုရင် စိတ်ထဲ မကျေနပ်တော့ပါဘူး။ လုပ်ပီးသားမို့ဘာမှမပြေားပဲ လက်ခံလိုက်ရပေမဲ့နောက်တစ်ခါ အဲ့ကထပ်လာအားပေးမှာ မဟုတ်သလို ဓာတ်ပုံရိုက်ပြီးတော့လဲ ဆိုရှယ်မီဒီယာမှာ အများကိုပြ Complaint တက်နိူင်ပါတယ်။ ကိုယ့်မျှော်လင့်ထားတာနဲ့ တကယ်ရလိုက်တဲ့ရလာဒ်နဲ့ မကိုက်ရင် Complaint တက်ပါတယ်။
အရင်ဆုံး Complaint တွေ ကိုင်တွယ်ဖြေရှင်းတဲ့ နည်းတွေ မပြောခင်မှာ Complaint နည်းအောင် လုပ်လို့ရတဲ့ နည်းလေးတွေ ပြောကြည့်ရအောင်လား။
အပေါ်မှာပြောခဲ့သလို မျှော်လင့်ချက်တွေရှိတယ်။ အဲဒါတွေနဲ့ မကိုက်တဲ့အခါမှာ complaint တက်တယ်ဆိုတော့
* ကိုယ့်လုပ်ပေးနိူင်တာထက် လျှော့ပြောပါ။
ကိုယ်ပြောထားတာထက် ပိုလုပ်ပေးပါ။
* ကိုယ်ပြုလုပ်ပေးနိုင်တဲ့ဝန်ဆောင်မှုကို
ဧည့်သည် နာလည်အောင် သေချာရှင်းပြပါ။
ဥပမာ။ ။ ဧည့်သည်ရဲ့ ဆံပင်အနေထားရပြုလုပ်မရနိုင်တာ/ ရနိုင်တာတွေကို ဧည့်သည် သေချာ သိအောင်ပြေားပြရှင်းပြပါ
* ဧည့်သည် နဲ့ ကိုယ့်နဲ့ ပြုလုပ်မဲ့ ပုံစံကို သေခြာညှိနှိုင်းပီး
ရနိုင်တဲ့ကာလာ / design ကိုသေခြာနာလည်အောင်လုပ်ပါ
ဒါဆို Complaint တွေမရှိပဲ အဆင်ပြေမှာပါ
အိုကေ၊ဒါဆို အကောင်းဆုံး Complaint ဖြေရှင်းဖို့အတွက် လိုအပ်တဲ့ အချက်တွေကတော့
# တောင်းပန်ပါ။
ဧည့်သည်က မှားနေတာတွေ၊မှန်နေတာတွေ နောက်မှ စဉ်းစားပါ။ Complaint တက်လာတာနဲ့ အရင်ဆုံး အခက်အခဲတွေ ဖြစ်သွားတာ၊ စိတ်အနှောင့်အယှက် ဖြစ်ရတာတွေအတွက် တောင်းပန်ပါတယ်ဆိုတာပြောပါ။
# ဧည့်သည် ပြောချင်တာပြောပါစေ။ ဂရုတစိုက်နားထောင်ပါ။
ဧည့်သည်ကို ပေးပြောဖို့လိုပါတယ်။ သူတို့စိတ်ထဲမှာ မကျေနပ်တာ၊ မကြိုက်တာတွေ၊ ပြောချင်နေတာတွေကို ပေးပြောလိုက်ပါ။ ဖြတ်လဲမပြောပါနဲ့။ သူဘာတွေ ပြောလာတော့မယ်ဆိုတာ သိရင်တောင် ဆုံးတဲ့ထိ သေချာ ဂရုတစိုက် နားထောင်ပေးလိုက်ပါ။ တခါတရံမှာ ဝယ်သူတွေကို သေချာ နားထောင်ပေးလိုက်ရင်ဘဲ စိတ်ကျေနပ်သွားတာ၊အလျော်ပေးစရာမလိုဘဲတောင်၊ နောက်တစ်ခါ ဒီလို မဖြစ်စေချင်ဘူး ဆိုတာလောက်နဲ့ ပြီးသွားတာမျိုးတွေ ရှိပါတယ်။ ဒါကြောင့် ဧည့်သည်ပြောချင်တာကို မှားမှားမှန်မှန် အရင်ဆုံး သေချာ ဆုံးအောင် နားထောင်ပေးပါ။
# ဧည့်သည်ပြောခဲ့တာတွေကို ကိုယ်ကပြန်ပြောပြပါ။
သေချာနားထောင်ပြီးရင်ဆိုရင်တော့ သူပြောခဲ့တာ ဘာတွေဆိုတာကို ကိုယ်ကပြန်ပြောပြပါ။ ဥပမာ။ ။ အမ မကျေနပ်တာက ကျွန်တော်တို့ ပြုလုပ်ပေးတဲ့ ပုံစံကိုမကြိုက်ဘူး ပြောချင်တာနော် အမ။ ဒါမျိုး ဖြစ်ပါတယ်။ အဲလို ပြန်ပြောပြချင်အားဖြင့် နားလည်မှုလွဲတာမျိုးတွေ မဖြစ်နိူင်သလို၊ Customer ဘက်ကလဲ သူငါပြောတာ သေချာ နားထောင်ပါလားဆိုတဲ့စိတ်ဖြစ်စေပါတယ်။ ဒါဟာ Complaint ကို ပိုသေးသွားစေနိူင်တဲ့အတွက် ကောင်းတဲ့ အချက်လဲ ဖြစ်ပါတယ်။
# စိတ်အေးအေးထားပါ။ ဖြေးဖြေးသက်သာ ပြန်ပြောပါ။
Complaint လာပြီဆိုရင် စိတ်လှုပ်ရှားတာ၊ စိတ်မငြိမ်တာ၊(တချို့က ဒေါသတောင်ထွက်တဲ့) အခြေအနေမျိုးတွေ အတတ်နိူင်ဆုံး ထိန်းပါ။
ဧည့်သည်က စိတ်အရမ်းတွေဆိုးနေရင်တောင် ကိုယ်ဘက်ကနေ အတတ်နိူင်ဆုံး စိတ်အေးအေးထားဖို့လိုပါတယ်။ ဒီမှာ သတိထားစရာ တစ်ခုကတော့ ကိုယ့်ဘက်အရမ်းတွေ အေးဆေးပြနေရင်လဲ ဧည့်သည်ဘက်က အလေးမထားရကောင်းလားဆိုတဲ့ ခံစားချက်၊အမြင်မျိုးဖြစ်သွားတတ်ပါတယ်။
စိတ်အေးအေးထားပါ။ ဒါပေမယ့် ဧည့်သည်ကို တကယ်အလေးထားပါတယ်ဆိုတဲ့ ပုံမျိုး ဖြစ်ဖို့လိုပါတယ်။ နောက်တစ်ခုကတော့ စကားပြောတဲ့အခါမှာ အသံအနေအထား၊ စကားရွေးချယ်မှု၊ အမူအရာတွေကိုလဲ သေချာ ဂရုပြုဖို့လိုပါတယ်။ စကားပြောတဲ့ လေသံ အနိမ့်အမြင့်ဟာ အရေးကြီးပါတယ်။ သေချာ ဂရုပြု ပြောဆိုပါ။
# ဧည့်သည်နေရာကနေ မြင်အောင်ကြည့်ပေးပါ။
ဝန်ဆောင်မှုကောင်းလား၊ မကောင်းဘူးလား။ စသည်ဖြင့်တိုင်းတာအရာတွေထဲ မှာ ကိုယ်ချင်းစာစိတ်ဆိုတာ ပါပါတယ်။ ဒါကြောင့် ဧည့်သည်ပြောဆိုနေသမျှကို ဧည့်သည်နေရာကနေ မြင်အောင်ကြည့်ပါ။ ခံစားကြည့်ပါ။ သူကို နားလည်မှဘဲ သူပြသနာကို ဘယ်လို ဖြေရှင်းပေးနိူင်မယ်ဆိုတာ မျိူးကို သိမှာ ဖြစ်ပါတယ်။ နောက်တစ်ခုကောင်းတာကတော့ အဲလို ဧည်သည်နေရာက ဝင်ကြည့်ပေးခြင်းအားဖြင့်၊ ကိုယ့်ဝန်ဆောင်မှု၊ ကိုယ့်ဆိုင်လုပ်ငန်း မှာ တိုးတက်လာအောင် ပြုလုပ်ဖို့ အကြံကောင်းတွေလဲရနိူင်ပါသေးတယ်။
# သေချာ အဖြေပေးဖို့လိုပါတယ်။ ဘာကြောင့်ဖြစ်သွားတယ်။ ဘယ်လို လုပ်ပေးမယ်။ ဘယ်တော့လုပ်ပေးမယ်။
ဧည့်သည်ပြောတာလဲ နားထောင်ပြီးသွားပြီ။ ဘာကြောင့်ဖြစ်တယ်ဆိုတာလဲ သေချာသွားပြီဆိုရင်တော့။ ဧည့်သည်ကို သေချာရှင်းပြဖို့လိုပါတယ်။ကိုယ်ဘက်ကမှားနေရင်လဲ ကိုယ်ကဘာတွေမှားသွားတယ်၊ ဘယ်လိုတော့ ဖြစ်သွားတယ်။ (တခါတလေ ကိုယ်ကမမှားဘဲ ဧည့်သည်ဘက်က နာလည်မှုလွှဲတာ၊ သိရဲ့သား နဲ့ တမင်ရစ်တာ စတာတွေလဲ ကြုံရတတ်ပါတယ်။)
ကိုယ့်ဘက်က ဘယ်လိုပြန်ပြင်ပေးမယ်၊ ဘာတွေ ပြန်လုပ်ပေးမယ်၊စသည်ဖြင့် ကိုယ့်လုပ်ပေးမဲ့အရာတွေကို သေချာ ပြောပြပြီး ပြန်လုပ်ပေးပါ။
# ကျေးဇူးတင်စကားပြောပါ။
အခုလို သူစိတ်အနှောင့်အယှက် ဖြစ်ခဲ့ရတာတွေ၊ အဆင်မပြေတာတွေကို လာပြောတဲ့အတွက်၊ ကိုယ့်ဆိုင် အားပေးခဲ့တဲ့အတွက် ကျေးဇူးတင်စကား သေချာပြောပါ။ နောက်ထပ်ပြီး ပြောစရာ၊ အကြံပြုစရာများရှိရင် ပြောဖို့ သေချာပြောပါ။
Fllow up လုပ်ပါ
ဧည့်သည်ကို လုပ်ပေးစရာ ရှိတာ လုပ်ပေးပြီးသွားရင် ဒီတိုင်းမနေပါနဲ့။ ထပ်ဆက်သွယ်ပြီးတော့ အဆင်ပြေသွားပြီ။ သာကြောင်းမာကြောင်း တစ်ခေါက် ထပ်ဆက်သွယ်ပါ။
ဒီနည်းတွေအတိုင်းလုပ်သွားမယ်ဆိုရင်တော့ Customer Complaint တွေကို ကောင်းကောင်းကိုင်တွယ်နိူင်တဲ့အပြင် ကိုယ့်အတွက်
ရေရှည်အကျိုးရှိမယ့် ဧည့်သည်
Loyal customersတွေပါ ရနိူင်မှာ ဖြစ်ပါတယ်။
ကိုယ့်လည် customer ဖြစ်ဖူးမှာပါ။ တကယ်တော့ ဝန်ဆောင်မှုကောင်းတဲ့ လုပ်ငန်းဆိုတာ ကိုယ့်ကို ဆက်ဆံစေချင်သလိုမျိုး ကိုယ့်ဖောက်သည်တွေကို သေချာ ဆက်ဆံရင် ရပါပြီ။
( အလှပြင်ဆိုင်နှင့် Stylists အားလုံး လုပ်ငန်းများအဆင်ပြေချေားမွေ့ပါစေ )
G - 7Academy
Hair & Beauty
01/05/2023
ဆံပင်ဆေးဆိုးခြင်းဆိုင်ရာ သိကောင်စရာများအပိုင်း ( 2 )
* ဆေးဆိုးနည်း အမျိုးမျိုး *
1. Temporary Color - ဆိုးဆေး အရောင်သည် ဆံပင်ပေါ်တွင်
ရေဆေးမချခင်အထိသာ အရောင်ထင်သည်
Color spray / Hair Mascara တို့ကိုဆိုလိုသည်
*** ချွတ်ဆေး ချွတ်ထားသောဆံပင်ပေါ်တွင် ရက်အနည်းငယ်အထိ
ကြာရှည်ခံနိုင်ပါတယ်...
အသုံးပြုပုံ - ဆံပင်မခြောက်တခြောက်အနေအထားတွင် ဖြန်းပေး/
လိမ်းပေးနိုင်ပါတယ် Temporary Color က ဆံပင်ရဲ့ အပေါ်ဆုံး
အလွှာမှာပဲကပ်နေတာဖြစ်တယ်... သူ့ရဲ့ရလဒ်က
- ဆံပင်အရောင်ကို ရင့်စေနိုင်ခြင်း
- အရောင်ဆိုးပီးသာဆံပင်ကို အရောင်ပိုတောက်စေနိုင်ခြင်း
- အရောင်ချွတ်ထားသော ဆံပင်အပေါ်တွင် Fashion colour အဖြစ်ဆိုးနိုင်ခြင်း
- ဆံပင် အဖြူကို မဖုံစေနိုင်ခြင်း
G - 7
ACADEMY
Hair & Beauty
16/04/2023
ဘဝအာမခံချက်ရှိတဲ့အလုပ်တစ်ခုရှာနေလား?မိတ်ဆွေ G -7 Academy (Hair &Beauty)
ကိုချိတ်ဆက်လိုက်ပါ...
မိမိဘဝတသက်တာအသက်မွေးမှုအတွက်
ဆံပင်အလှအပဆိုင်ရာဘာသာစုံကို
အာမခံအတက်သင်ပေးနေတဲ့
မတက်လျှင် သင်တန်းကြေးပြန်
ထုတ်ပေခြင်း....
သင်တန်းပီးလျှင်အလုပ်တန်းခန့်ခြင်း...
စာတွေ့လက်တွေ့ကျွမ်းကျင်စွာ
သင်ကြားပြသခြင်း....
ဆံပင်ပိုင်းဘာသာစုံကို 5 သိန်းကျပ်ဖြင့်
သင်ကြားမည့်တန်းခွဲကို 1.5.2023မှာစမှာမို့
အမြန်ဆက်သွယ်စာရင်းပေးဖို့တော့လိုမယ်နော်
သင်တန်းသားပေါင် ထောင်ကျော်သင်ကြားမှုအတွေ့ အကြုံရှိဆရာကိုယ်တိုင်ဦးစီးပီးကျွမ်းကျင်ဆရာ/ဆရာမများကိုယ်တိုင်သင်
မည်........
G -7 Academy
Hair&Beauty
ဆံပင်မိတ်ကပ်အလှြပုြပင်ရေး
သင်တန်းကျောင်း
အသေးစိတ်ဆက်သွယ်ရန်09886220827
No.4/9 Pimoenie St,Hlaingtharyar
Yangon
22/03/2023
G - 7 Academy ( Hair & Beauty )
သင်ကြားနိုင်သည့် ဘာသာများနှင့်
သင်တန်းကြေးများ
Boy Hair Cutting Theory.....2 သိန်းကျပ်
အမျိုးသားဆံပင်ညှပ်သင်တန်း
Girl Hair Cutting Theory......2 သိန်းကျပ်
အမျိုးသမီးဆံပင်ညှပ်သင်တန်း
Hair Colouring Theory ......2 သိန်းကျပ်
ဆံပင်ဆးဆိုးနည်းင်တန်း
Hair Perming Theory...........2 သိန်းကျပ်
ဆံပင်ကောက်နည်းသင်တန်း
Hair Strangthing Theory......2 သိန်းကျပ်
ဆံပင်ဖြောင့်နည်းသင်တန်း
Facial & Shampoo
Treatment Theory................1 သိန်းကျပ်
မျက်နှာနှင့်ဆံပင်ပိုင်းသင်တန်း
Make Up & Hair Do Theory..4 သိန်းကျပ်
မိတ်ကပ်ဆံထုံးသင်တန်း
Eye brow & Eye Langth
Tattoo Theory.........................5 သိန်းကျပ်
သင်တန်းများအားလုံးကိုအထူးအာမခံဖြင့်
မတက်လျှင်သင်တန်းကြေးပြန်ထုတ်ပေးသည့်အစီစဥ်ဖြင့်သင်ကြားပေးလျှက်ရှိပါသည်...
G - 7 Academy ( Hair & Beauty)
no-9/4 Pimoeni st;Hlaingtharyar
Yangon
09886220827
Click here to claim your Sponsored Listing.
Category
Website
Address
Yangon