Cozy May

Cozy May

Share

21/11/2021

Lipbalmလေးတွေက အရောင်းရအလွယ်ဆုံးနဲ့ အရင်းအနှီးအနဲဆုံး..

ဘူး (၂၀)နဲ့ ကိုယ်စားလှယ်တစ်​ယောက်ရ..🤗

Photos from Cozy May's post 18/11/2021

💋နှုတ်ခမ်းမဲနေလား ပေါင်းတင်ပလိုက်
💋Filter ထိုးချင်လား ထိုးချပလိုက်
💋မြူဆွယ်ချင်လား ဆွယ်ချပလိုက်

6️⃣5️⃣0️⃣0️⃣တန် cherry Lipbalm နဲ့ မိန်းမသားဆန်ချပလိုက်

ဘာမှမလုပ်ပဲမနေနဲ့ ဒီတိုင်းထား မျက်နှာလေးလှပြီး
💋နှုတ်ခမ်းကြီးမဲရင် ပိုဂွမ်းတယ်လေ..

Photos from Cozy May's post 17/11/2021

အထုတ်ဆွဲတန်းလိုက်နေရတဲ့ ခေးမေမေတို့ရေ..

အပြင်သွားရင် ကလေးကိစ္စလုပ်နေရလို့ အလှပြင်မရဘူးဆိုရင်..

Angel ကထုတ်ထားတဲ့ DD Foundation လေးတစ်ထုတ် ဆောင်ထားကြည့်ပါ..

အချိန်ပေးစရာလည်းမလိုဘူး ပြင်ရလိမ်းရအရမ်းလွယ်ကူပါတယ်..

6️⃣5️⃣0️⃣0️⃣တန်လေးပါပဲ အထင်မသေးပါနဲ့ မျက်နှာတစ်ခုလုံး ပြောင်းလဲအောင် ဖန်တီးပေးနိုင်ပါတယ်..

13/11/2021

❤️ Scrub လုပ်နည်း မှားယွင်းမှုများ ❤️

Scrub လုပ်တယ် လုပ်ရမယ် ဆိုတဲ့ စကားလုံးကို
တော်တော်များများနဲ့ မစိမ်းတော့ဘူးလို့ ထင်ပါတယ် .....

➖➖➖➖➖➖➖➖➖➖➖➖➖➖➖➖
Scrub လုပ်ရခြင်းအကြောင်းက ဘာကြောင့်လဲ
➖➖➖➖➖➖➖➖➖➖➖➖➖➖➖➖
မျက်နှာ‌ နဲ့ ခန္ဓာကိုယ်ပေါ်က အမာရွတ်တွေ
နေလောင်ပြီး ညိုတာမဲတာတွေ ဝက်ခြံကြောင့် ကျန်ခဲ့တဲ့ အမာရွတ်တွေ စတဲ့ Dead Cells
ကင်းရှင်းပြီး ကြည်လင်လှပဖို့အတွက်

ဆဲလ်အသေတွေကို
ရှတတနဲ့ အစေ့သေးသေးလေးတွေနဲ့ ပြုလုပ်ထားတဲ့ Skincare အုပ်စုဝင် ပစ္စည်းတစ်ခုခုနဲ့ တိုက်ထုတ်ပလိုက်တဲ့ လုပ်ခြင်းကို Scrub လုပ်တယ်လို့ ခေါ်ပါတယ် ...

ဒီအထိ မှန်ကြပါတယ် .....

မှားနေတာဘာလဲဆိုရင် ခဏခဏလုပ်နေခြင်းပါ

Scrub လုပ်လိုက်ပြီဆိုရင် Dead Cellsတွေက
ဖယ်သွားပေးမယ့် Renew ပြန်ပြီးဖြစ်လာဖို့က ....
( ၃ )ရက် ( ၄ )ရက် ( ၅ ) ရက်ထိ ကြာပါတယ်
အသက်ကြီးလာလေ ပိုပြီးကြာလေပါ ...

ဆဲလ်အသစ်လေးတွေ ထွက်လာတုန်းရှိသေးတယ် ( ၃ )ရက်ပဲ ခြားသေးတယ် Scrub လုပ်လိုက်ပြန်ပြီဆိုရင် ဆဲလ် အကောင်းကို တိုက်စားသလိုဖြစ်တဲ့ အတွက် .....

၂ ရက်ခြား ၃ ရက်ခြား Scrub လုပ်နေသူတွေ
အဖို့တော့ ကောင်းသော ရလဒ် မဟုတ်ပါပဲ ..
ဆိုးသော ရလဒ်ဖြစ်တဲ့ အရေပြား ပါးလာခြင်း
အသားရေ ခြောက်သွေ့လာခြင်း
အသားရေ ကြမ်းတမ်းလာခြင်း စတာတွေ
ဖြစ်လာပါတော့မယ် .....

( နည်းစနစ်မှန်ကို မသိခင်က ကိုယ်တိုင်လည်း
နည်းစနစ် အမှားကြီးကို လက်ခံထားမိသူပါ )

လူတစ်ယောက်အတွက် မျက်နှာ နဲ့ ခန္ဓာကိုယ်ကို
Scrub လုပ်တဲ့ Process ကို ၂ ပတ် တစ်ကြိမ်သာလျှင် ပြုလုပ်သင့်ကြောင်း သိရှိခဲ့ရပါတယ် ....

နည်းလမ်းအမှားကိုသာ လက်ခံထားမိပေမယ့်
ကိုယ်တိုင်က ၂ ပတ် တစ်ခါ ၃ ပတ်တစ်ခါမှ
Scrub လုပ်ဖြစ်သူမို့ ( တကယ်‌ တော့ ပျင်းလို့ မလုပ်တာပါ 😬😬 ပျင်းပြီး မလုပ်မိတာက ကံကောင်းစွာ နဲ့ပဲ ကိုယ့်အသားရေ မထိခိုက်ဘူး ဖြစ်သွားတယ် )

ကိုယ်ရဲ့ နည်းစနစ်အမှားကို Sharing လုပ်ပေးမိသူတွေကိုလည်း ဒီ Blog လေးနဲ့အတူ တောင်းပန်ပါတယ်နော် .... ဒီနေ့ကပြီး စနစ်မှန်ကို ပြောင်းပေး ကြပါနော် 🙏🙏🙏

ချွင်းချက်တစ်ခုတော့ ရှိပါတယ် ....
Daliy Scrub ဆိုပြီး Gentle ဖြစ်တဲ့ Products တွေလည်း ရှိပါတယ် ဒါမျိုးကို ရွေးသုံးရင်တော့
( ၂ ) ရက်ခြားလုပ်ပေးလည် ရပါတယ်

မပြီသေးဘူး ဆက်အုံးမယ် .....

အပေါ်မှာပြောခဲ့သလို Scrub လုပ်ပြီး ဆဲလ်အသစ်ဖို့ ကြာတာကို အမြန်ဆုံးပြန်ဖြစ်လာအောင်
အကူညီပေးနိုင်တာက
AHA ( Alpha Hydroxy Acids ) ပဲဖြစ်ပါတယ်

AHA ရဲ့ Chemical Combined မှာ ဘာတွေပါလဲဆိုရင် Latics Acid , Glycol Acid , Sugar , Malic Acid တို့ပဲ ဖြစ်ပါတယ်

Latics Acid - Moisturise / Anti-aging /
မှဲ့ခြောက်တင်းတိပ်ကို လျော့ပါးစေတယ်

Glycol Acid - Dead Cells တွေကို အမြန်ဖယ်ထုတယ် / Skin Brighting ဖြစ်တယ် / Aging Sign ဖြစ်တဲ့ Line တွေ Winkle တွေ လျော့ပါစေးတယ်

Sugar - Skin Radiant ဖြစ်စေတယ်
Healthy ဖြစ်စေတယ် အစိုဓာတ်ကို ထိန်းပေးထားနိုင်တယ်

Malic Acid - အသားရေချောမွေ့စေတယ်
ချွေးပေါက်တွေ ကျဉ်းသွားစေတယ် Old Cells တွေကို ဖယ်ပေးပြီး အသစ်ဖြစ်စေတယ်

ဒါတွေ အားလုံးပေါင်းထားတဲ့
AHA ရဲ့ အာနိသင်က Slowly Exfoliate လုပ်ပေးပြီး Skin Renew ဖြစ်ဖို့ကို အမြန်ဆုံးကူညီတယ် Skin ရဲ့ Hydration Level ကို မြင့်ပေးလို့ အသားရေစိုပြေစေတယ် Skin Texture လည်းနူးညံပြီး Smooth ဖြစ်စေတယ် ချွေးပေါက်ကျဉ်းပြီး
အသားရေတင်းရင်းလာမယ် ...

ဒါကြောင့် Scrub လုပ်တဲ့နေ့မျိုးမှာ ...
AHA ပါဝင်တဲ့ Moisture
AHA ပါဝင်တဲ့ Serum
AHA ပါဝင်တဲ့ Sheet Mask စတဲ့
Skincare ကိုသုံးပေးနိုင်ရင် အကောင်းဆုံးပါ

ကျန်တဲ့ ရက်တွေမှာတော့ ပုံမှန် Care လုပ်နေကြ
Routine အတိုင်းသာ ဆက်လုပ်လို့ရပါတယ်

စာဖတ်ရတာ မောနေပြီလား ... နည်းနည်းလေး ကျန်ပါသေးတယ်

➖➖➖➖➖➖➖➖➖➖➖➖➖➖➖
ဘယ်ချိန်တွေ လုပ်ရမလဲ / မလုပ်ရဘူးလဲ
➖➖➖➖➖➖➖➖➖➖➖➖➖➖➖
- ၂ ပတ်မှ တစ်ကြိမ်သာလုပ်ပါ
မလိုအပ်ရင် ၃ ပတ် တစ်ကြိမ်လုပ်ပါ

- မနက်ပိုင်းမလုပ်သင့်ပါ ( မတော်တဆ လုပ်မိရင်
အပြင်မထွက်သင့်တော့ပါ )

- ညနေပိုင်းတွေသာ လုပ်ပါ
Scrub လုပ်ပြီးတိုင်း လိုအပ်တဲ့ Skincare ‌သေချာလိမ်းပေးပါ အနားယူပါ

- Scrub လုပ်ပြီးတိုင်း ( Makeup / ဖုန် / လေ/ နေ
၈ နာရီကြာအာင် မထိရပါ ) ထိမိရင် အရင်ကထက် ပိုဆိုးသွားပါမယ် ...
အသားရေ လှလာတော့မှာ မဟုတ်ပါ

- Scrub လုပ်ပြီးတိုင်း မျက်နှာဆိုလည်း
သက်ဆိုင်ရာ Skincare လိမ်းပါ
Body ဆိုလည်း Moisture အဓိကဖြစ်တဲ့
Lotion မျိုးလိမ်းပါ ( ညဘက်လိမ်းတဲ့ Lotion မှာ SPF မပါရပါဘူး )

- ဝက်ခြံရှိနေလျှင် မလုပ်ရပါ
- ပွန်းပဲ့ ဒဏ်ရာ ရှိနေလျှင် မလုပ်ရပါ

- ခရီးသွားခါနီး မလုပ်သင့်ပါ
- ခရီးပြန်လာပြီးပြီးချင်းလည်း မလုပ်ရပါ
- Surnburn ဖြစ်လာပါက Aloe Gel လေးလိမ်းထားပြီး ၂ ရက်လောက် အနားယူပြီးမှသာ
Scrub လုပ်ရပါမယ်
( ခရီးသွားရင်း Sunburn ဖြစ်လာသော Skin ပေါ်
ချက်ခြင်း Scrub လုပ်ခြင်းဟာ အသားရေကို ပိုမို ပျက်စီး စေတတ်ပါတယ် )

- မကြာမီသင်္ကြန်ရောက်တော့မှာ ဖြစ်လို့
တနေကုန် လည်မယ်ဆိုပါက SPF 50 ပါပြီး
Water Proof / Water Resistant ဖြစ်တဲ့
Sunblock တခုကို မဖြစ်မနေသုံးပါ

- ပြန်လာတိုင်း Shower Puff နဲ့တိုက်ပြီးပဲ
ရေချိုးပါ Scrub မလုပ်ရသေးပါ

- စိတ်ကြိုက်လည်ပြီး အသားတွေ မဲလာပြီ
နေလောင်တာလေးတွေ ဖြစ်လာပြီ
စပ်နေပြီဆိုရင်တော့ Aloe Gel သာ လိမ်းထားပါ
နှစ်ဆန်း ၃ ရက်နေ့လောက်မှသာ Scrub လုပ်ပါ

- အသားအရေအလိုက် Scrub အမျိုးစားများစွာ ရှိလို့ ကိုယ့်အသားအရေနဲ့ ကိုက်ညီမှာကိုရွေးချယ်ပါ

- Face & Body Scrub ဆိုပြီးထုတ်တာတွေရှိသလို
Face သပ်သပ် Body သပ်သပ်သာ ဝယ်သုံးပါ

-Face အတွက်ဆို အစေ့သေးသေးနဲ့ နူးညံတဲ့ Texture မျိုးသာဖြစ်ရပါမယ်

- Scrub အနှစ်လေးတွေက အဆီပါဝင်မှုရှိတယ်ဆိုရင် Scrub အရင်သုံးပြီးမှ ဆပ်ပြာ ပြန်သုံးရပါမယ် အဆီမပါဘူးဆိုရင်တော့ ဆပ်ပြအရင်သုံးပြီးမှ Scrub လုပ်ပါ ..

- Scrub မလုပ်ခင် မျက်နှာမှာလိမ်းထားတဲ့
မိတ်ကပ် သနပ်ခါး စတာတွေကို အရင်ဆုံး ဖျက်ထားပေးရပါမယ်

- Scrub လုပ်တဲ့ အခါ မျက်နှာဆိုရင်
နှာခေါင်းကြား မေ့စေ့ နှဖူး ပြီးမှ
ပါး နှစ်ဖက်ကို အညင်သာဆုံး နှိပ်ပြီး ပွတ်ပါ

- မျက်နှာ တစ်ခုလုံးရဲ့ Scrub လုပ်ချိန်
၁ မိနစ် မကျော်စေရပါ

- Body ဆိုရင် တစ်တောင်ဆစ် / ဒူး /
Bikini Line / တို့ကို ဦးစားပေးပါ
ပြီးမှ ကျန်နေရာကို ဆက်လုပ်ပါ

စာဖတ်သူတို့ နားလည်လွယ်အောင် ...
ကြိုးစားရေးပေးထားလို့ ....
ကျေနပ်ကြလိမ့်မယ်လို့ မျှော်လင့်ပါတယ်

➖➖➖➖➖➖➖➖➖➖➖➖➖➖➖➖

အားလုံးပဲ လှသထက်လှနိုင်ကြပါစေရှင် ❤️❤️❤️

crd

Want your business to be the top-listed Shop in Yangon?
Click here to claim your Sponsored Listing.

Culinary Team

Attire

Telephone

Website

Address


Yangon