Royal Grape Farming
#စိုက်ပျိုးရေး
ခွဲလိုက်တာနဲ့ နှင်းရေစက်လေးတွေလို အရည်ရွှမ်းပြီး ကျွတ်စိမ့်ချိုမြိန်နေတဲ့ "နှင်းသီး" စစ်စစ်ကြီးကို အိမ်မှာတင် အလွယ်တကူ စိုက်လို့ရမယ့် ပျိုးပင်လေးတွေမှာယူလို့ရပါပီ
💡 ဘာလို့ ဒီနှင်းသီးပင်လေးကို အိမ်မှာ အရောက်စိုက်သင့်တာလဲ?
အရည်ရွှမ်းပြီး တကယ်ချိုတယ်: အပင်ပေါ်က ခူးခူးချင်း ဆားလေးနဲ့ တို့စားမလား၊ ရေခဲသေတ္တာထဲ ထည့်ပြီး အေးအေးလေး ကိုက်ဝါးမလား... ရင်ထဲအထိ အေးမြသွားစေမယ့် အရသာမျိုးပါ။
အိုးနဲ့စိုက်လည်း သီးတယ်: မြေနေရာအကျယ်ကြီး မရှိလို့ စိတ်မပူပါနဲ့။ အိုးအလတ်စားလေးနဲ့ ဝရံတာမှာ စိုက်ထားရင်တောင် အပင်မကြီးဘဲ တစ်ပင်လုံး နီရဲပြွတ်ခဲနေအောင် သီးပေးတာနော်။
အခုလို မိုးဦးကျ အချိန်မှာ စိုက်လိုက်ရင် အမြစ်စွဲတာ မြန်ပြီး အပင်က ရုန်းအားကောင်းတာမို့ အပင်စိုက်ရမှာ ကြောက်တဲ့သူတွေတောင် စိုက်ရတာ အဆင်ပြေပါတယ်။
အမြစ်စွဲသန်မာပြီးသား၊ ပင်စည်တုတ်တုတ်၊ အရွက်စိမ်းစို စိုပြေနေတဲ့ အဆင့်သင့်စိုက် ပျိုးပင်လေးတွေပါ။
သယ်ယူပို့ဆောင်ရေးမှာ အပင်ထိခိုက်မှာကို လုံးဝ (လုံးဝ) စိတ်ပူစရာမလိုအောင် စနစ်တကျ ထုပ်ပြီး အိမ်အရောက် ပို့ပေးမှာ ဖြစ်ပါတယ်ရှင့်။
📍 ခြံလိပ်စာများ
ခြံ ( ၂ ) - ဒဟတ္တောရွာ၊ ပုသိမ်ကြီးမြို့နယ်၊ မန္တလေး။
ခြံ ( ၁ ) - ရွားတန်းကျေးရွာ၊ ရမည်းသင်းမြို့။
📞 ဆက်သွယ်ရန်ဖုန်းနံပါတ်များ
📥 ☎️09665468972
☎️09785266317
#မြန်မာပြည်အနှံ့ပို့ဆောင်ပေးသည် #နှင်းသီးပျိုးပင် #သစ်သီးပင်စိုက်ပျိုးခြင်း #အိုးစိုက်ပျိုးပင်
29/05/2026
#စပျစ်ပင်စိုက်ပျိုးနည်းအဆင့်ဆင့်
အပိုင်း၂—- 🍇စပျစ်ပင်က စိုက်ရုံတင်မကဘဲ ကိုင်းဖြတ်တာနဲ့ အားဆေးကျွေးတာတွေကို စနစ်တကျလုပ်ပေးမှ အသီးအပြွတ်လိုက် ထွက်တာမလို့ ဒီအချက်လေးတွေကို ဆက်ပြီး လိုက်လုပ်ကြည့်ပေးရအောင်နော်။ 🥰
၄။ စပျစ်ကိုင်းထောင်ခြင်းနှင့် စင်ဆောက်ပေးခြင်း
စပျစ်ပင်က နွယ်ပင်အမျိုးအစားဖြစ်လို့ စိုက်ပြီးတာနဲ့ အပင်ကို အပေါ်ကို တည့်တည့်တက်သွားအောင် ဝါးလုံး (သို့) တိုင်တစ်ချောင်းနဲ့ အမတ်တောက် တွဲချည်ပေးရပါမယ်။
ပင်မပင်စည် ပျိုးထောင်ခြင်း: အပင်အောက်ခြေကနေ ထွက်လာတဲ့ ဘေးကိုင်းတွေကို ဖယ်ပစ်ပြီး၊ အသန်ဆုံး ကိုင်းမကြီးတစ်ကိုင်းထဲကိုပဲ အပေါ်စင်ပေါ် ရောက်တဲ့အထိ တိုင်မှာ ကပ်ချည်ပြီး အမြင့်တက်ခိုင်းပါ။
စင်တင်ခြင်း: အပင်အမြင့် (၅) ပေ ခွဲ၊ (၆) ပေလောက် (လူတစ်ရပ်စာ) ရောက်ပြီဆိုရင်တော့ ဝါးစင် (သို့) သံဇကာစင်ပေါ်ကို လွှတ်ပေးရပါမယ်။
၅။ အသီးသီးဖို့အတွက် အသက်တမျှအရေးကြီးတဲ့ "ကိုင်းဖြတ်ခြင်း" (Pruning)
စပျစ်ပင်က ဒီအတိုင်းလွှတ်ထားရင် အပင်ပဲ အရမ်းအုပ်ပြီး အသီးမသီးတတ်ပါဘူး။ ဒါကြောင့် အသီးပွင့်အသစ် ထွက်လာအောင် ကိုင်းဖြတ်ပေးရပါမယ်။
ထိပ်ညွန့်ဖြတ်ခြင်း: ပင်မပင်စည်ကြီး စင်ပေါ်ရောက်သွားပြီဆိုရင် ထိပ်ညွန့်ကို ဖြတ်ပေးလိုက်ပါ။ ဒါမှ ဘေးကိုင်း (Primary Canes) တွေ ဖြာထွက်လာမှာပါ။
အသီးတင်မယ့်ကိုင်း ဖြတ်ခြင်း: ဘေးကိုင်းလေးတွေက သစ်သားရောင် (ညိုပြာရောင်) ပြောင်းပြီး ခဲတံလုံးခန့် ရှိလာပြီဆိုရင် (ပုံမှန်အားဖြင့် စိုက်ပြီး ၆ လမှ ၈ လအတွင်း)၊ ကိုင်းဖျားတွေကို ဖြတ်ပစ်ရပါမယ်။ မျက်စိ (Buds) ၂ လုံး သို့မဟုတ် ၃ လုံးချန်ပြီး ဖြတ်ပေးပါ။
မှတ်ချက်: ဒီလို ကိုင်းဖြတ်လိုက်တဲ့ မျက်စိနေရာတွေကနေ ရွက်သစ်တွေနဲ့အတူ စပျစ်ပွင့်ခိုင်လေးတွေ တွဲလျက် ထွက်လာမှာ ဖြစ်ပါတယ်ရှင်။
အပိုင်း၃ဆက်ရန်….
Click here to claim your Sponsored Listing.
Category
Contact the business
Telephone
Website
Address
Yamethin