Primo Learning Center

Primo Learning Center

Share

09/03/2023

𝐏𝐫𝐢𝐦𝐨 𝕆𝕟𝕝𝕚𝕟𝕖 𝐓𝐮𝐢𝐭𝐢𝐨𝐧 ပရီမို အွန်လိုင်း ကျူရှင်

📣 Free Trial Class

📌 သင်တန်းရဲ့ ရည်ရွယ်ချက်

ကျောင်းသားတစ်ဦးအနေနဲ့ မြန်မာကျောင်း၊ private ကျောင်း၊ IS ကျောင်း ဘယ်ကျောင်းပဲတက်တက် သင်တဲ့အကြောင်းအရာတိုင်းကို ကျေကျေလည်လည် နားလည်နေရမှာပါ။ သို့မှသာ နိုင်ငံတကာနဲ့ရင်ဘောင်တန်းနိုင်မယ့်အထက်တန်းပညာရေးကို အဆင်ပြေစွာသင်ယူနိုင်မှာမဟုတ်လား။
အကြောင်းကြောင်းကြောင့် ကျောင်းမှာသင်တာတွေနားမလည်တဲ့ကလေးတွေ၊ သင်တာထက်ပိုသိချင်တဲ့ရည်မှန်းချက်ကြီးတဲ့ကလေးတွေအတွက် ယခုအွန်လိုင်းကျူရှင်မှ ကူညီပေးသွားမှာဖြစ်ပါတယ်။

⛳ အသက် ၇နှစ်မှ ၁၅နှစ်ကျောင်းသားများတက်ရောက်နိုင်ပါတယ်။

⛳ အတန်းတစ်ခုကို ကျောင်းသားအနည်းငယ်သာသင်ကြားမှာဖြစ်လို့ တစ်ဦးချင်းစီရဲ့တိုးတက်မှုအခြေနေကို ကောင်းစွာသိပြီး လိုအပ်သလိုသင်ကြားပေးနိုင်မှာဖြစ်ပါတယ်။

⛳ သင်ရိုးစာအုပ်အပြင် နိုင်ငံတကာအသိအမှတ်ပြု သင်ထောက်ကူ websites တွေကိုသုံးပြီး သင်ကြားမှာဖြစ်ပါတယ်။ လေ့လာရမယ့် နယ်ပယ်ကျယ်ပြန့်မယ်၊ ကျောင်းစာသီးသန့်သင်ရတာထက်ပိုပြီးလည်း စိတ်၀င်စားစရာလည်းကောင်းပါမယ်။

⛳ တပြိုင်နက်တည်းမှာ အင်တာနက်ကိုလည်း အကျိုးရှိစွာသုံးတတ်လာမယ်။

⛳ ကျောင်းသားတိုင်းအတွက် ပညာရေး website မှာကိုယ်ပိုင်အကောင့်တစ်ခုစီရရှိမှာဖြစ်တယ်။ စာသင်ချိန်အပြီး ဘာသာစုံကိုစိတ်ကြိုက်လေ့လာနိုင်ဖို့နဲ့ သူတို့ရဲ့တိုးတက်မှုကိုစဥ်ဆက်မပြတ်သိရှိနိုင်မှာဖြစ်ပါတယ်။

အွန်လိုင်းသီးသန့်အတန်းဖြစ်တာကြောင့် အင်ဗာတာ (သို့) ပါ၀ါဘန့်ရှိထားပါလျှင် ပို၍အဆင်ပြေပါမယ်ရှင်။

အတန်းအလိုက်အသေးစိတ်ကို message ပို့၍ဆက်သွယ်စုံစမ်းနိုင်ပါတယ်။

#𝐏𝐫𝐢𝐦𝐨

26/02/2023

တီချယ်တို့လည်း သင်တန်းတွေဆက်တက်ရင်းနဲ့ ပြည်ပမှာနည်းနည်းလည်းအထိုင်ကျလာပြီဆိုတော့ အွန်လိုင်းအတန်းလေးတွေပြန်စပါတော့မယ်။

အလယ်တန်းနဲ့ အထက်တန်းကလေးတွေ SAT, iGCSE, GED တို့အတွက် အခြေခံတဲ့အတန်းလေးတွေဖြစ်ပါတယ်။

အွန်လိုင်းအတန်းတွေဖြစ်တာကြောင့် အသက် ၇ နှစ်အထက်ကလေးတွေပဲ အဆင်ပြေပါလိမ့်မယ်ရှင့်။ အတန်းလယ်ဗယ်လေးတွေ ခွဲထားပါတယ်။

အဓိကကျောင်းစာလိုက်နိုင်ဖို့အပြင် ပြင်ပဗဟုသုတအတွက်ပါ ရည်ရွယ်ပါတယ်။ မြန်မာကျောင်းကလေးတွေရော International school က ကလေးတွေပါတက်လို့ရနိုင်မယ်။

ပို့စ်တစ်ခုသီးသန့်ပြန်တင်ပေးမယ်နော်။

ခေတ်နဲ့အမှီ အတူတူကြိုးစားကြပါစို့။

Photos from Primo Learning Center's post 28/02/2022

ကျန်းမာသန်စွမ်းတဲ့ ဦးနှောက်ပိုင်ရှင်လေးတွေဖြစ်ဖို့
ကလေးများအတွက် thinking club

🌱

ဘာတွေသင်ယူရမလဲ? 🤔

ဆရာမကနေ ခေါင်းစဉ်တွေသတ်မှတ်ပြီး သမားရိုးကျသင်ပေးခြင်းထက် Child-centered Approaching (ကလေးဗဟိုပြုချဥ်းကပ်) နည်းကိုအဓိကသွားပါတယ်။ English, Maths, General Knowledge ဆိုပြီးရှိပါမယ်။

English အတွက် phonics မှစ၍ စာကြောင်းရှည်ဖတ်နိုင်သည်အထိ၊ နားရည်၀ကာ ပြန်လည်ပြောနိုင်သည်အထိ သင်ယူရပါမယ်။

Maths အတွက် နေ့တဓူ၀အသုံးချနိုင်သော သင်္ချာကိုအခြေခံထားသင်ယူရပါမယ် (အချိန်၊ အကွာအဝေး၊ ပမာဏ၊ အစိတ်အပိုင်း စသဖြင့်)။

General Knowledge မှာ Science, History, Logical thinking အပြင် နိုင်ငံတကာသင်ရိုးများထဲမှထပ်ဆောင်းပြင်ပဗဟုသုတတွေပါ ပါ၀င်ပါတယ်။
ကလေးတွေစိတ်၀င်စားတဲ့သိလိုတဲ့အရာကို ဆွေးနွေးပြီး ခေါင်းစဉ်လေးတွေရွေးကြမယ်၊ အဲ့ဒီ‌အ‌ကြောင်းအရာအတွက် ဆရာမက resources တွေပြင်ဆင်ပေးမယ်၊ သိသင့်တာတွေပြောပြမယ်၊ brain storming လုပ်ကြမယ်၊
ပြီးရင်တော့ mini project လေးတွေလုပ်ကြမယ်။

🌱

ကလေးရဲ့တတ်မြောက်မှုကို ဘယ်လိုသိနိုင်မလဲ? 👩🏽‍🎓👨🏼‍🎓

Test လေးတွေရှိမယ်။ ဒါပေမယ့် အကြောင်းအရာတစ်ခုကို ဘယ်လောက်သိသွားသလဲဆိုတာထက် ထိုအကြောင်းအရာပေါ်မူတည်ပြီးဘယ်လောက်‌တွေးတတ်၊ စဉ်းစားတတ်သွားသလဲ၊ ဆိုတာကို အဓိကလေ့ကျင့်ပေးသွားမှာဖြစ်ပါတယ်။ ကလေးတို့ရဲ့ပိုမိုသိလိုစိတ်ကို နှိုးဆွပေးဖို့ကို ရည်ရွယ်ပါတယ်။

🌱

ဘယ်လိုသင်မှာလဲ? 🤷🏽‍♀️

အွန်လိုင်းအတန်းဖြစ်တာမို့ ကလေးတွေစိတ်၀င်စားမှုရစေဖို့အလွန်အရေးကြီးပါတယ်။ ဒါကြောင့် visual, auditory အကူအညီတွေသုံးပြီးသင်ကြားပါတယ်။
tablet၊ ကွန်ပြူတာ သို့ laptop ရှိဖို့တော့လိုပါမယ်။
ဖုန်းနဲ့လည်းရပေမယ့် screen သေးရင် ကလေးအာရုံစိုက်ရအဆင်မပြေနိုင်တာမို့ပါ။

🌱

ဘယ်အရွယ်တွေတက်လို့ရမလဲ? 👥

အတန်းပညာရေးကဲ့သို့ စာရေးစာဖတ်ခြင်းကို အဓိကသင်ကြားမယ့်အတန်းမျိုးမဟုတ်ပါဘူး။ ဒါကြောင့် စာရေးစာဖတ် မတတ်သေးတဲ့ကလေးရော၊ တတ်မြောက်ပြီးကလေးများအတွက်ပါ အဆင်ပြေပါတယ်။
5-7နှစ် နဲ့ 8-10နှစ် ဆိုပြီး နှစ်တန်းရှိပါမယ်။

🌱

ဘယ်သူသင်မှာလဲ? 👩🏽‍🏫

ကလေးပြုစုစောင့်ရှောက်မှုတွင် ဘွဲ့လွန်ဒီပလိုမာရရှိထားပြီး နိုင်ငံခြားတွင် ကလေးစိတ်ပညာကိုအထူးပြုလေ့လာနေသော ဆရာမ မှသင်ကြားပေးသွားမှာဖြစ်ပါတယ်။

🌱

ဘယ်အချိန်တွေလဲ? 🚦

တစ်ရက် ၁နာရီခွဲဖြင့် တစ်ပတ် ၃ ရက်ဖြစ်ပါတယ်။
(မီးပျက် အင်တာနက်ပျက် အခြေအနေများအတွက် အချိန်လိုတိုးပိုလျှော့ ပြုလုပ်ပေးပါ့မယ်)

🌱

ဘယ်လောက်ယူမလဲ? 💳

တစ်လချင်း ၃သောင်းခွဲကျပ် ကျသင့်ပါမယ်။
သုံးလစာ ၁ သိန်းကျပ်ဖြစ်ပါမယ်ရှင့်။

🌱

📌 မှတ်ချက်။ ပုံမှန်သင်နေကြ ‌ဗုဒ္ဓဟူးနေ့ free class လေးကလည်း အရင်အတိုင်းရှိပါမယ်နော်။ ကြိုက်ရာတစ်တန်းဖြစ်စေ နှစ်ခုလုံးဖြစ်စေ တက်လို့ရပါတယ်ရှင်။

မတ်လ ၃ ရက်နေ့တွင် အတန်းသစ်စပါမယ်။
တစ်တန်းမှာက‌လေးဦးရေအများကြီးလက်မခံနိုင်လို့ တက်ချင်တဲ့ကလေးတွေအတွက် အချိန်ညှိလို့ရအောင် page messenger ကနေဆက်သွယ်ပေးပါနော်။

❤️

23/02/2022

ဒီနေ့ အတန်းလေးရှိမယ်နော်
ညနေ ၅ ခွဲပါ။

တွေ့ကြမယ်နော် ❤️

Want your school to be the top-listed School/college in Yagon?
Click here to claim your Sponsored Listing.

Telephone

Website

Address


Yagon