Intuition

Intuition

Share

11/08/2020

တက္ကသိုလ်ဝင်တန်းအမှတ်စာရင်းတွေကို
ကိုယ်တိုင်ထုတ်ယူစရာမလိုဘဲ
ခုံနံပါတ်အလိုက်အွန်လိုင်းကနေကြည့်ရှု
နိုင်အောင်စီစဉ်ဆောင်ရွက်

တက္ကသိုလ်ဝင်တန်းအမှတ်စာရင်းတွေကို ကိုယ်တိုင်ထုတ်ယူစရာမလိုဘဲ ခုံနံပါတ်အလိုက်အွန်လိုင်းကနေကြည့်ရှုနိုင်အောင်စီစဉ်ဆောင်ရွက်သွားဖို့ရှိတယ် လို့အခြေခံပညာဦးစီးဌာန၊ ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါက်တာတင်မောင်ဝင်းကပြောပါတယ်။

ဒီနှစ်မှာကျတော့ ဆရာတို့စနစ်ကအသစ်လုပ်ထားတယ်ပေါ့။ နောက်မှအသေးစိတ် မြန်မာနိုင်ငံစာစစ် ဦးစီးဌာနကနေပြန်ပြီးတော့စာထုတ်ပါမယ်။ ဆရာတို့သိထားတာကေတာ့ အဲဒီအမှတ်စာရင်းတွေဟာ ကျောင်းသူ၊ ကျောင်းသားတွေကထုတ်စရာမလိုဘူး။ မလိုဘဲနဲ့ တက္ကသိုလ်ဝင်ခွင့်ကိုလက်ခံတဲ့ အဆင့်မြင့်ပညာဦးစီးဌာနကို အဲဒီ့အမှတ်စာရင်းတွေ တောက်လျောက်ပို့ထားမှာ။ နောက်တစ်ခုက အွန်လိုင်းကနေ အမှတ်စာရင်းတွေ ကြည့်နိုင်အောင်ဆောင်ရွက်မယ်လို့လည်း ဆရာတို့သိရတယ်လို့ ဒေါက်တာတင်မောင်ဝင်းကပြောပါတယ်။

အရင်နှစ်တွေက တက္ကသိုလ်ဝင်ခွင့်လျှောက်လွှာတင်တဲ့အခါမှာ အမှတ်စာရင်းနဲ့တွဲတင်ရပြီး ဒီနှစ်မှာတော့ အမှတ်စာရင်းတွေအားလုံးကို ကျောင်းသူကျောင်းသားတွေက လာရောက်ထုတ်ယူစရာမလိုဘဲ ခုံနံပါတ်အလိုက် အမှတ်စာရင်းတွေကို တက္ကသိုလ်ဝင်ခွင့်လက်ခံမယ့် အဆင့်မြင့် ပညာဦးစီးဌာနကို တိုက်ရိုက်ပေးပို့ထားမှာဖြစ်ပါတယ်။ အွန်လိုင်းအသုံးမပြုနိုင်တဲ့နေရာဒေသတွေမှာ COVID-19စည်းကမ်းချက်တွေနဲ့အညီ အမှတ်စာရင်းတွေ ထုတ်ပေးနိုင်ဖို့လည်း ဆက်လက်ဆောင်ရွက်သွားမှာဖြစ်တယ်လို့သိရပါတယ်။

Credit news
သတင်း- သူသူထက်လွင်
photo - credit

02/06/2020

တက္ကသိုလ်ဝင်တန်း
သင်ရိုးများကို လျှော့ချမည်။

-Irrawaddy-

COVID-19 ဂယက်ကြောင့် လာမည့် ၂၀၂၀-၂၀၂၁ ပညာသင်နှစ်အတွက် ကျောင်းတက်ချိန် လျော့နည်းမည် ဖြစ်ရာ တက္ကသိုလ်ဝင်တန်း သင်ရိုးညွှန်းတန်းများကို ပြန်လည်ညှိနှိုင်းပြီး လျှော့ချမည်ဟု အခြေခံပညာ ဦးစီးဌာနမှ ညွှန်ကြား ရေးမှူးချုပ် ဦးကိုလေးဝင်းက ပြောသည်။

“ဒင်ပြည့်ကြပ်ပြည့် သင်ခွင့်ရတဲ့ အချိန်မှာ Quality ကို ကြည့်တာက တပိုင်း။ အခုက ၅၁ ရက် နောက်ကျတာကိုး။ ၅၁ ရက်တောင် နောက်ကျတဲ့ အတွက် လျှော့ရမှာတွေ ရှိတယ်။ အဲဒီ ၅၁ ရက်ကို Cover ဖြစ်အောင် ဘယ်လိုလုပ်မလဲ ဆိုတာ စဉ်စားရမှာပေါ့” ဟု ၎င်းက ရှင်းပြသည်။

သို့ဖြစ်ရာ ယခုလာမည့် စာသင်နှစ်အတွက် အခြေခံပညာ ဦးစီးဌာန၊ ပညာရေး သုတေသန စီမံကိန်းနဲ့ လေ့ကျင့်ရေး ဦးစီးဌာနနှင့် မြန်မာနိုင်ငံ စာစစ်ဦးစီးဌာနတို့က သင်ရိုးညွှန်းတန်းနှင့် ပတ်သက်ပြီး ပြန်လည်ညှိနှိုင်းမည် ဖြစ်ကြောင်း ပညာရေးဝန်ကြီးဌာနမှ သိရသည်။

သင်ရိုးများနှင့် ပတ်သက်ပြီး မည်သည့်အချိန်တွင် သင်ရိုးမည်မျှ ပြီးရမည် စသည့် လစဉ်၊ အပတ်စဉ် သင်ကြားရမည့် အပိုင်းအခြားများကိုပါ ပြန်လည် ညှိနှိုင်းမည်ဖြစ်ကြောင်း သိရသည်။

ထို့ပြင် သင်ရိုးအားလုံးမှာ ပုံမှန်အခြေအနေတွင် ဖေဖော်ဝါရီလ၌ ပြီးဆုံးမည် ဖြစ်သော်လည်း COVID-19 ကြောင့် ကျောင်းတက်ရက် နောက်ကျမည် ဖြစ်သဖြင့် သင်ရိုးလျှော့ချခြင်း၊ သင်ကြားနည်းပုံစံ ပြောင်းလဲခြင်း၊ အချိန်ကာလ နောက်ဆုတ်ခြင်းများကိုလည်း ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

အခြေခံပညာ ကျောင်းများကို ပုံမှန် ဇွန်လတွင် ဖွင့်လှစ်သော်လည်း COVID-19 ကပ်ရောဂါကြောင့် အထက်တန်း အဆင့်၊ အလယ်တန်းအဆင့်၊ မူလတန်းအဆင့် အဆင့်လိုက် ဖွင့်လှစ်သွားမည် ဖြစ်ပြီး အထက်တန်းအဆင့် အခြေခံပညာ ကျောင်းများကို ဇူလိုင်၂၁ ရက်တွင် စတင် ဖွင့်လှစ်မည် ဖြစ်ကြောင်း ပညာရေး ဝန်ကြီးဌာနက ထုတ်ပြန်ထားသည်။

ထိုကဲ့သို့ ပြန်လည်ဖွင့်လှစ်ချိန် နောက်ကျခြင်းကြောင့် စာသင်ချိန် မလုံလောက်မှု ဖြစ်နိုင်သော်လည်း ကျောင်သား၊ ကျောင်းသူများကို သင်ကြားရန် မဖြစ်မနေ လိုအပ်သည့် သင်ခန်းစာများ ပါဝင်နိုင်ရန် ဆွေးနွေးမှုများ ပြုလုပ်ရမည်သာ ဖြစ်ကြောင်း မြန်မာနိုင်ငံလုံး ဆိုင်ရာ ဆရာ၊ ဆရာမများ အဖွဲ့ချုပ် (MTF) ဥက္ကဋ္ဌ ဒေါက်တာစိုင်းခိုင်မျိုးထွန်း က ပြောသည်။

ဒေါက်တာစိုင်းခိုင်မျိုးထွန်း က “အချိန် ကန့်သတ်ချက် ကြောင့် Adjust လုပ်ရတာကိုး။ ဒီအချိန်ဘောင်အတွင်းမှာ အရေးကြီးတဲ့ သင်ခန်းစာတွေ ကျောင်းသားတွေအတွက် မရှိမဖြစ် ပါသွားသင့်တဲ့ အတွေးအခေါ် အယူအဆတွေ ပါသွားအောင် ဘယ်လိုသင်ခန်းစားမျိုးကို သင်ပြီး၊ ဘယ်လို သင်ခန်းစာမျိုးကို လျှော့ချရမယ် ဆိုတာကို ဆရာ၊ ဆရာမတွေနဲ့ ဝန်ကြီးဌာနက ဆုံးဖြတ်ရမယ့် ဆွေးနွေးရမယ့် အရာပေါ့ ” ဟု ဆိုသည်။

အခြေခံပညာ ဦးစီးဌာန စာရင်းများအရ မြန်မာ တနိုင်ငံလုံးတွင် အခြေခံပညာ ကျောင်းပေါင်း ၄၇,၄၄၅ ကျောင်း၊ ကိုယ်ပိုင် ကျောင်း၂,၅၀၀ ဝန်းကျင် ဘုန်းတော်ကြီး သင်ပညာရေး ကျောင်း ၁,၅၃၀ ကျောင်း ရှိသည်။

အခြေခံပညာ ကျောင်းများတွင် ဆရာ၊ ဆရာမ ၄ သိန်းကျော်၊ ကိုယ်ပိုင်ကျောင်းများတွင် ၁ သောင်းခွဲနီးပါး (၁၄,၅၃၀)နှင့် ဘုန်းတော်ကြီးသင် ပညာရေး ကျောင်းများတွင် ၇,၇၃၇ ဦး ရှိကြောင်း သိရသည်။
Credit #

Want your school to be the top-listed School/college in Thingangyun?
Click here to claim your Sponsored Listing.

Website

Address


Thingangyun