Vinz Engineering Solution
09/01/2026
📢📢Python Programming📢📢
🔔🔔(Basic + Intermediate Class)(15th Batch)🔔🔔
📚နည်းပညာ(Technical) နဲ့ပါတ်သတ်တဲ့ အသက်မွေး၀မ်းကြောင်း Career အတွက် Programming တစ်ခုခုကို စတင်လေ့လာမယ်ဆိုရင် Python programming ကနေ စတင်လေ့လာသင့်ပါတယ်။ Programming ကို စတင်လေ့လာချင်သူတစ်ယောက်အတွက် Programmingပေါင်းစုံကို တစ်ပြိုင်နက်တည်း လျှောက်လေ့လာမယ် ဆိုရင် အချိန်ကုန်၊ အကျိုးမရှိသလို လမ်းပျောက်သွားနိုင်ပါတယ်။ ထို့ကြောင့် မိမိ career အတွက်လည်း အသုံးချနိုင်သလို အခြေခံ Programming Foundation တစ်ခုအနေနဲ့ စတင်လေ့လာလို့ရပြီးတော့ တခြား career field ဘက်တွေပါ ဆက်လျောက်သွားလို့ရတဲ့ programming ကို အရင်ဆုံး စတင်လေ့လာရမှာပါ။ မိမိ Career အတွက် အသုံးချနိုင်သလို Programming Foundation တစ်ခုအနေနဲ့ စတင်သင့်တဲ့ Programming Language ကတော့ Python ဖြစ်ပါတယ်။
📚ဘာကြောင့် Python ကို ရွေးချယ်သင့်တာလဲ
🚩 Python Programming က သင်ရတာ လွယ်ကူပါတယ်။
Python က Beginner-Friendly ဖြစ်တာကြောင့် Python ရဲ့ Syntax က ရိုးရှင်းပြီး စတင်လေ့လာမယ့်သူတွေအတွက် အလွယ်တကူ နားလည်နိုင်ပါတယ်။ Interpreted High Level Programming Language တစ်ခုဖြစ်တာကြောင့် လေ့လာသင်ယူဖို့ လွယ်ကူတဲ့ programming language တစ်ခုဖြစ်ပါတယ်။Java , C , C++ တို့နဲ့ နှိုင်းယှဉ်ကြည့်မယ်ဆိုရင် Python က ပိုမိုလွယ်ကူစွာ ရေးသားနိုင်ပြီး စတင်လေ့လာသူတိုင်း နားလည်ရှင်းလင်းသဘောပေါက်လွယ်ကူပါတယ်။ထို့ကြောင့် Programming စတင်လေ့လာမည့်သူများအတွက် အကောင်းဆုံး Language တစ်ခုဖြစ်ပါတယ်။
🚩ပညာရေးနယ်ပယ်မှာ Programming Foundation language အဖြစ်အသုံးပြုလာြခင်း
Python ကို ကမ္ဘာတစ်ဝှမ်းရှိ ကျောင်း၊ တက္ကသိုလ်တွေမှာ အခြေခံ Programming Foundation language အဖြစ် သင်ကြားနေကြပြီး ကျောင်းသားတွေအနေနဲ့ Python ကို လေ့လာတတ်မြောက်ထားမယ်ဆိုရင် အနာဂတ်ပညာရေးနှင့် အလုပ်အကိုင်အတွက် အထောက်အကူဖြစ်စေမှာပါ။
🚩နည်းပညာနယ်ပယ်အသီးသီးတွင် အသုံးပြုနိုင်တယ်။
Python ကို နည်းပညာနယ်ပယ်အသီးသီးတွင် အသုံးပြုနိုင်သည်။ဒါကြောင့် Python Programming ကို လေ့လာတတ်မြောက်ထားခြင်းဖြင့် ကိုယ်စိတ်ဝင်စားရာ နည်းပညာနယ်ပယ်တွင် အသုံးချနိုင်မှာပါ။
Python Programming ကို လေ့လာတတ်မြောက်ထားမယ်ဆိုရင်
✔Web Development
✔Game Development
✔Software Development
✔Machine Learning and AI
✔Data Science and Data Visualization
✔Data Analysis
✔Automation & Scripting
✔Scientific computing
✔Financial analysis
✔Business Application
✔Natural Language Processing
✔Audio and Video Application
✔Image Processing and Computer Vision
✔Embedded System Application
တွေကို Python Programming သုံးပြီး အလွယ်တကူ ဖန်တီးသွားနိုင်မှာဖြစ်ပါတယ်။
🚩Job Market မှာ Demand အလွန်များပါတယ်။
Python Developer တွေကို အလုပ်ဌာန ၊ လုပ်ငန်းခွင်တွေက တောင်းဆိုမှု အလွန်များကာ လစာကောင်းမွန်တဲ့ အလုပ်အကိုင် အခွင့်အလမ်းတွေ ရရှိနိုင်ပါတယ်။ Freelance Projects, Remote Jobs အတွက်လည်း အခွင့်အလမ်းများစွာရှိပါတယ်။ Python ကို ကျွမ်းကျင်တတ်မြောက်ထားမယ်ဆိုရင် Freelance Projects လုပ်နိုင်သလို Remote Jobs တွေမှာလည်း Python Developer တွေကို တောင်းဆိုမှုများလာပါတယ်။
🚩 Data Analysis , Machine Learning ,Data Science and AI တွင် ဦးဆောင်နေသော Language ဖြစ်ပါတယ်။
Machine Learning, Artificial Intelligence (AI) , Data Science နှင့် Data Analysis တို့တွင် အတွက် Python က နံပါတ် ၁ ဖြစ်ပြီး သူ့ကို အများဆုံးအသုံးပြုကြပါတယ်။
👉ဇန်နဝါရီလ (30 . 1 .2026) မှာ Python ကို အခြေခံ (Basic Level)ကနေစပြီး (Intermediate Level) အထိ လေ့လာသင်ယူသွားနိုင်မယ့် Python Programming (Basic + Intermediate class) (15th Batch) အတန်းစပါမယ်။👈
👉Python Programming ကို အခြေခံမှ စတင်သင်ကြားပေးမှာဖြစ်တဲ့အတွက် programming အခြေခံ မရှိသူများလည်း ဒီသင်တန်းကို တက်ရောက်နိုင်ပါတယ်။👈
💻 Tools : Visual Studio Code , Jupyter Notebook
💻 Platform : Microsoft Teams
💻 သင်ကြားမည့်ပုံစံ - Microsoft Teams ဖြင့် ဆရာနှင့် face to face (Live Class)သင်ကြားရမှာ ဖြစ်ပြီး သင်ပြီးသွားတဲ့ သင်ခန်းစာတွေရဲ့ recorded video တွေကိုလည်း telegram မှာ upload လုပ်ပေးမှာ ဖြစ်ပါတယ်။
📚 What You’ll Learn:
📚 ဒီသင်တန်းမှာ သင်ကြားသွားမယ့် သင်ခန်းစာတွေကတော့
✔Introduction to Programming and Python
✔Python Basic
✔Variables and Simple Data Types
✔Lists
✔Tuple
✔Loops
✔if-else and Flow Control
✔Dictionaries
✔User Input
✔Manipulating Strings and Text
✔Functions
✔Reading/Writing Files and Exceptions
✔Debugging
✔Anomolous Function (Lambda)
✔CSV, JSON, and XML Files
✔Iterator , Generator
✔List Comprehension, Generator Comprehension, Dictionary Comprehension
✔Object and Classes
စသည့်ခေါင်းစဥ်များကို examples များ ၊ mini-projects များဖြင့် သေချာလေ့လာသင်ယူသွားရမှာ ဖြစ်ပါတယ်။👈
⏰Duration: [12 weeks]
⏰သင်တန်းကာလ ( ၃ လ ) ကြာမှာ ဖြစ်ပါတယ်။
⏰Time : 7:30 PM to 9:00 PM
(Friday/Saturday )
( Two days per week)
👉တစ်ဦးချင်း သီးသန့် သင်ကြားလိုသူများလည်း အချိန် ညှိနှိုင်း ပြီး တက်ရောက်သင်ကြားနိုင်ပါသည်။
👉လက်ရှိ Sanovia သင်တန်းမှာ တက်ပြီးသွားကြသော သင်တန်းသားများနှင့် တက်နေဆဲသင်တန်းသားများကတော့
🎓ပြည်ပ (အထူးသဖြင့် Japan , UK , Korea နှင့် Taiwan နိုင်ငံများက University များမှာ သုတေသနပြုလုပ်နေကြသော ကျောင်းသား/သူများ ၊ postdoctoral researcher များ)
🎓ပြည်တွင်း ( University များမှ Data Science/ML Field ဖြင့် research လုပ်နေကြသောကျောင်းသား/သူများ )
🎓လုပ်ငန်းခွင် လိုအပ်ချက်ကြောင့် carrer upgrade လုပ်ချင်သောကြောင့် ပြန်တက်ကြသောသူများ ဖြစ်ကြပါတယ်။
✨သင်တန်းသားများရဲ့ reviews / recommends များ
🎓ဂျပန်နိုင်ငံက University များမှာ သုတေသနပြုလုပ်နေကြသော postdoctoral researcher များရဲ့ reviews / recommends များ
https://www.facebook.com/share/p/1FDoL36zK4/
https://www.facebook.com/share/p/1CwcvA6sDm/
🎓ဂျပန်နိုင်ငံက carrer upgrade လုပ်နေသော engineer တစ်ဦးရဲ့ review / recommend
https://www.facebook.com/share/p/17Dro93rB9/
🎓University မှ Data Science/ML Field ဖြင့် research လုပ်နေသော engineer ကျောင်းသားတစ်ဦးရဲ့ review / recommend
https://www.facebook.com/share/p/1BZAedm3TA/
🎓Technological University များမှ engineers သင်တန်းသားများရဲ့ reviews / recommends များ
https://www.facebook.com/share/p/1M9JrknACZ/
https://www.facebook.com/share/p/1MFKp4WsEw/
https://www.facebook.com/share/p/1EgyrLw6ii/
👉သင်တန်း တက်ရောက်လိုသူများအနေဖြင့်
(၁) သင်တန်း Page Messenger
( ၂) Telegram (09795102460 )
(၃) Viber (09795102460) များမှလည်း ဆက်သွယ်စုံစမ်းနိုင်ပြီး register လုပ်နိုင်ပါတယ်။
☎သင်တန်းအသေးစိတ် စုံစမ်းရန်
Ph No - 09442567585
Ph No - 09795102460
25/12/2024
Growatt Hybrid Solar Inverter
Lithium: Felicity Solar Battery
Solar 580Wp x 12 Nos
1) အသိအမှတ်ပြု ကျွမ်းကျင် အင်ဂျင်နီယာများနှင့် ယုံကြည်စိတ်ချရသော တပ်ဆင်မှု။
2) design မှ အစ project ပြီးဆုံးသည် အထိ full turnkey ဝန်ဆောင်မှု။
3) ဆိုလာစွမ်းအင်အသုံးချမှု အမြင့်ဆုံးထိရောက်မှု ရရှိရန် ကူညီဖြေရှင်းပေးခြင်း။
4) After sale support နှင့် ထိန်းသိမ်းစောင့်ရှောက်ခြင်း ဝန်ဆောင်မှု ရှိခြင်း။
Engineering Solution
+95 9 795103947
+95 9 422495328
19/06/2024
AI ကြောင့် ကမ္ဘာ့တန်ဖိုးအကြီးဆုံး ကုမ္ပဏီကြီးဖြစ်လာတဲ့ NVIDIA
NVIDIA တို့ ကြမ်းချက်က လက်လန်တယ်ဗျာ။ ပြီးခဲ့တဲ့နှစ် ဇွန်လအစောပိုင်းတုန်းက ဘီလီယံတန်ကြေးသာရှိခဲ့တဲ့ NVIDIA ဟာ အခုတော့ ၃ထရီလီယံကျော်တန်ကြေးရှိတဲ့ Microsoft နဲ့ Apple တို့ကိုပါ ကျော်တက်ပြီး ကမ္ဘာ့တန်ဖိုးအကြီးဆုံး ကုမ္ပဏီကြီးဖြစ်နေပါပြီ။
၂၀၂၂ခုနှစ်တုန်းက NVIDIA ကုမ္ပဏီရဲ့ တန်ဖိုးဟာ လက်ရှိကမ္ဘာ့အဆင့် ၂၄မှာ ရပ်တည်နေတဲ့ Samsung ကုမ္ပဏီရဲ့ တန်ဖိုးလောက်တောင် မရှိခဲ့ပါဘူး။ NVIDIA အနေနဲ့ ၂နှစ်အတွင်းမှာ အခုလိုမျိူး ပိုးဆိုးပက်စက်အောင်မြင်လာတဲ့ အကြောင်းအရင်းကတော့ AI တွေကြောင့်ပဲ ဖြစ်ပါတယ်။
ဟုတ်ပါတယ်...NVIDIA ဟာ လက်ရှိ AI ခေတ်မှာ ဆရာကြီးဖြစ်နေတဲ့ ကုမ္ပဏီတော်တော်များများကို နောက်ကွယ်ကနေ AI Chip တွေ ထောက်ပံ့ပေးနေတဲ့ ဆရာ့ဆရာကြီးပါ။
Fun Fact - AI ကို အသုံးချတတ်တဲ့ သူတွေက အသုံးမချတတ်တဲ့ သူတွေထက် ခေါင်းတစ်လုံးသာတယ်တဲ့။ ဒါကြောင့် AI တွေကို မျက်ကွယ်မပြုဘဲ အကောင်းဆုံးအသုံးချနိုင်အောင်သာ ပြင်ထားကြတော့ဗျာ
Ref: Companies Market Cap
07/06/2024
ဒီနေ့မနက်တွေ့လိုက်တဲ့ သတင်းက လုံးဝကို Surprise ပဲဗျာ
Apple လို မျိူးလိုမျိူး ကမ္ဘာ့ထိပ်တန်းကုမ္ပဏီကြီးကို NVIDIA က ကျော်တက်သွားပါပြီ။
NVIDIA အနေနဲ့ အခုလို ရက်ရက်စက်စက်အောင်မြင်လာတဲ့ အကြောင်းအရင်းကတော့ AI တွေကြောင့်ပဲဖြစ်ပါတယ်။
လက်ရှိကျွန်တော်တို့ သုံးနေကြတဲ့ AI Service တော်တော်များများက Large Language Model (LLM) အတွက် NVIDIA ရဲ့ AI Chip တွေကို သုံးထားတာပါ။ ဒီအထဲမှာ OpenAI ရဲ့ ChatGPT, Microsoft, Meta နဲ့ Amazon တို့လို ကုမ္ပဏီကြီးတွေလည်းပါပါတယ်။
နည်းပညာကုမ္ပဏီတိုင်း လိုလားတောင်းတနေတဲ့ Artificial General Intelligence (AGI) တွေက တွက်ချက်မှုစွမ်းအင် အရမ်းလိုအပ်ပါတယ်။ ဒီနေရာမှာလည်း NVIDIA ရဲ့ AI Chip တွေက ပိုပြီးအရေးပါလာဦးမှာပါ။ ဒါကြောင့် NVIDIA ဟာ ပိုပိုပြီးချမ်းသာလာဦးမဲ့ အနေအထားပါပဲ။
မကြာတော့တဲ့အချိန်အတွင်းမှာလည်း ကမ္ဘာ့တန်ဖိုးအကြီးဆုံး ကုမ္ပဏီကြီး ဖြစ်လာနိုင်ပါတယ်။
Ref: Companies Market Cap
Click here to claim your Sponsored Listing.
Category
Contact the business
Telephone
Website
Address
Thingangyun