Step to Maths

Step to Maths

Share

03/06/2026

ကျွန်မတို့ အမြဲပြောလေ့ရှိတဲ့ စကားက သင်္ချာဆိုတာ reasoning လုပ်နိုင်စွမ်းကို ထက်မြက်လာအောင် သွေးယူတာဆိုတဲ့ သဘောပါပဲ။ ဒီနေ့မှာတော့ Step to Maths ရဲ့ In-person Individual Training တွေမှာ လေ့ကျင့်တဲ့ ပုံစံကို မျှဝေပေးသွားချင်ပါတယ်ရှင်။
သင်္ချာဟာ ကလေးတွေကို အချက်အလက်တစ်ခုကနေ နောက်ထပ် အမှန်တရားတစ်ခုဆီ ယုတ္တိရှိရှိ (Deductive Reasoning) တစ်ဆင့်ချင်း ဆင်းသွားတတ်အောင် လေ့ကျင့်ပေးတဲ့ ဓားသွေးကျောက် ဖြစ်ပါတယ်။ Step to Maths ရဲ့ ချဉ်းကပ်မှု ပုံစံမှာ ကလေးတွေကို Ready-made formula တွေ ချပေးလိုက်တာမျိုးကို တင်းတင်းကြပ်ကြပ် ရှောင်ပါတယ်။ ပုံသေနည်းတွေ မဖြစ်မနေ အသုံးချရတော့မယ့် နေရာမျိုးမှာတောင် ဒီပုံသေနည်းတွေရဲ့ မူလအစကို ရှင်းပြပြီးမှ သင်္ချာရဲ့ Axioms (အခြေခံ အမှန်တရားများ) ကနေ စတင်ပြီး သက်သေပြချက်တွေ အဆင့်ဆင့် တည်ဆောက်သွားတဲ့ ပုံစံအတိုင်း စဉ်းစားတတ်အောင် လေ့ကျင့်ပေးပါတယ်။
Geometric ပုစ္ဆာတွေမှာ ပုစ္ဆာရဲ့ သဘောတရားကို ဦးနှောက်ထဲမှာ ခိုင်ခိုင်မာမာ ပုံဖော်နိုင်ဖို့ ကိုင်တွယ်ရတဲ့ ပစ္စည်းတွေကနေတဆင့် ပုံဆွဲတဲ့အဆင့်အထိ သွားပါတယ်။ ဥပမာအားဖြင့် ဧရိယာရှာဖွေခြင်း ပုစ္ဆာတွေမှာ စတုရန်းပုံစံ အကွက်ချ စက္ကူပြားတွေ၊ ပစ္စည်းတွေကို (Concrete) ကိုင်တွယ်ခင်းကျင်းကြည့်စေပြီး ၊ ထိုမှတဆင့် စက္ကူပေါ်မှာ ပုံကြမ်းပြောင်းဆွဲခိုင်းတဲ့ (Representational) လေ့ကျင့်ရေးပုံစံကို အသုံးပြုပါတယ် ။ ဒီကနေမှ ကလေးဟာ "ဪ... ဒီလိုကြောင့် ဒီလိုဖြစ်တာကိုး" ဆိုပြီး ပုံသေနည်းရဲ့ နောက်ကွယ်က ယုတ္တိကို သူ့မျက်စိနဲ့တပ်အပ်မြင်ပြီး သဘောပေါက်သွားစေရန် ဖြစ်ပါတယ်။
နောက်တစ်ချက်က Step to Maths ရဲ့ လေ့ကျင့်ရေး ချဉ်းကပ်ပုံက "မှားခွင့်" ပေးထားတဲ့ စာသင်ခန်း ပုံစံ ဖြစ်ပါတယ်။ သာမန်အားဖြင့် သင်္ချာအတန်း တစ်ခုမှာ ကလေးတွေ အကြောက်ဆုံးက "အဖြေမှားမှာ" ပါပဲ။ ဒါပေမဲ့ အမှားဟာ အကောင်းဆုံး သင်ခန်းစာ ဖြစ်ပါတယ်။ အဖြေမှားတဲ့ကလေးကို ညံ့တယ်လို့ မသတ်မှတ်ဘဲ၊ "သူ ဘယ်နားမှာ စဉ်းစားချက် လွဲသွားတာလဲ" ဆိုတာကို reasoning ပြန်လုပ်ဖို့ တွန်းအားပေးသလို၊ Step to Maths ရဲ့ ဆရာ/ဆရာမတွေကိုလည်း လိုအပ်လာရင် အခြေခံအကျဆုံး အချက်အလက်တွေအထိ ပြန်ဆင်းပြီး အချိန်ယူ ဆွေးနွေးပေးဖို့ ဝန်မလေးတဲ့ ဆရာ/ဆရာမတွေ ဖြစ်လာအောင် ကြိုတင် လေ့ကျင့် တည်ဆောက်ပေးပါတယ်။
Step to Maths ရဲ့ In-person Individual class Branch နှစ်ခုလုံးမှာ ဆရာ/ဆရာမတွေ တင်းတင်းကြပ်ကြပ် လိုက်နာရတဲ့ ကိစ္စတစ်ခုလည်း ရှိပါ‌သေးတယ်။ Daily Lesson Preparation ပါပဲ။ Branch တစ်ခုချင်းဆီက Academic Coordinator တွေက ဆရာ/ဆရာမတွေရဲ့ Daily Lesson Preparation ကို စဉ်ဆက်မပြတ် စစ်ဆေးပါတယ်။ ဒီလိုနည်းအားဖြင့် တွက်ချက်မှု တစ်ကြိမ်ချင်းဆီတိုင်းမှာ ကျောင်းသားကို ပေးစရာ အသိသစ်တွေ ရရှိလာစေပါတယ်။ ကလေးတွေရဲ့ ချဉ်းကပ်ပုံအပေါ် မူတည်ပြီး မေးလာနိုင်တဲ့ မေးခွန်းအားလုံးနီးပါးအတွက် Cover ဖြစ်အောင် ကြိုတင်ပြင်ဆင်ရပါတယ်။
နောက်တစ်ချက်က Step to Maths မှာ Primary တန်းတွေအတွက် Singapore Maths စာအုပ်တွေကို အသုံးပြု သင်ကြားပေးနေပြီး၊ Primary 6 နဲ့ Secondary တန်းတွေအတွက်တော့ Cambridge Maths စာအုပ်တွေကို အသုံးပြု သင်ကြားပေးနေပါတယ်။ ဒါ့အပြင် AIES, SAEIS, PSLE, Cambridge Checkpointနဲ့ Olympiad Intensive Training တွေအတွက် ပြင်ဆင်နေကြတဲ့ ကလေးတွေအတွက်လည်း သီးခြား လေ့ကျင့်ပြင်ဆင်ပေးတဲ့ အတန်းတွေ ရှိပါတယ်။

________________________________
ဆက်သွယ်စုံစမ်း အပ်နှံရန်
• Phone: 09751977505, 09940405515
• Viber: +959968750501
• Messenger: Step to Maths Page

Photos from Step to Maths's post 02/05/2026

Step to Maths ( Kangaroo Exam Preparation Special Class ) မှာ တက်ရောက်ရင်း T&H math center က ကြီးမှူးကျင်းပတဲ့ Math Kangaroo Myanmar 2026 ရဲ့ Division အသီးသီးမှာ ဆုရရှိခဲ့ကြတဲ့ သားငယ်၊ သမီးငယ်လေးများကို ဂုဏ်ပြုမှတ်တမ်းတင်အပ်ပါတယ်ရှင်၊ အထူး ကြိုးစားခဲ့ကြတဲ့ သားသား မီးမီးတို့အတွက် Congratulations ပါနော်… ဒီလို ထူးချွန်ထက်မြတ်တဲ့ သားသားမီးမီးတွေကို လေ့ကျင့် သင်ကြားပေးခွင့် ရခဲ့တဲ့အတွက်လည်း Step to Maths က အင်မတန် ဝမ်းသာ ဂုဏ်ယူရပါကြောင်း ထပ်မံ ဖော်ပြအပ်ပါတယ်ရှင်
Step to Maths ( Kangaroo Exam Preparation Special Class )က လေ့ကျင့်သင်ကြားပေးပြီး Math Kangaroo Myanmar 2026 မှာ ဆုအသီးသီး ရရှိခဲ့တဲ့ သားငယ်၊ သမီးငယ်လေးတွေကတော့
Paing Bhone – Gold Award (Highest Score) in Grade 3 Division
Myat Thar Toe – Silver Award in Grade 2 Division
Yin Thu Han @ Ya Ting – Silver Award in Grade 1 Division
Thar Lin Htet – Bronze Award in Grade 4 Division
Lwin Paing Chan – Bronze Award in Grade 4 Division
Myat Kyar Phyu Htun – Merit Award in Grade 5 Division
Kyaw Khant Ko – Merit Award in Grade 4 Divison တို့ပဲ ဖြစ်ပါတယ်ရှင်

Want your school to be the top-listed School/college in Thingangyun?
Click here to claim your Sponsored Listing.

Telephone

Website

Address


Thingangyun