GYM Trainer

GYM Trainer

Share

03/09/2022

တခါစားရင် ပရိုတိန်းပမာဏ ဘယ်လောက်စားသင့်သလဲ?
**************************************
Fitness ကိုစိတ်ဝင်စားသူမှန်သမျှ ပရိုတိန်းဆိုတာနဲ့ကင်းလို့မရနိုင်တာ ၁၀၀% ပါ။ ပရိုတိန်းရဲ့ အကျိုးရှိမူဟာ ကြွက်သားဖွံဖြိုးမူ့အတွက်သာအဓိကအထောက်အပံ့မဟုတ်ဘဲ အခြားခန္ဓာကိုယ်ရဲ့ ဇီဝကမ္မဖြစ်စဉ်တွေအတွက် ကယ်လိုရီစွမ်းအင်ကိုထုတ်လုပ်ပေးပါတယ်။ (ပရိုတိန်း ၁ ဂရမ် = ၄ ကယ်လိုရီ). ထိုမျှမကသေးဘဲ ကိုယ်ခံစွမ်းအားအတွက်သွေးဖြူ/နီထုတ်လုပ်မူ့တို့ကိုလည်းကူညီလုပ်ဆောင်ပေးပါတယ်။ ပရိုတိန်းဓါတ်ဟာ အသက်ကြီး/ငယ်၊အားကစားပြုလုပ်သူ၊ မပြုလုပ်သူအတွက်နေ့စဉ်ကျန်းမာစွာအသက်ရှင်သန်နိုင်ဖို့လိုအပ်ပါတယ်။

Beginner တယောက်အတွက်တော့ များပြားလွန်းလှတဲ့စျေးကွက်ထဲကပရိုတိန်းမျိုးစုံဟာ ရွေးချယ်ဖို့အခက်အခဲဖြစ်စေမှာပါ။
✅ ၁။ ဘယ်အမှတ်တံဆိပ်ဟာ အကောင်းဆုံးလဲ?
✅ ၂။ ဘယ်ပရိုတိန်းအမျိုးအစားက သင်နဲ့သင့်တော်သလဲ? (Concentrate, isolate, Hydrolyzed, Casin, egg white protein, etc.)
✅ ၃။ အထက်ပါအချက် ၂ ချက်ကိုသင်အောင်မြင်စွာဖြတ်ကျော်ပီးရင် နောက်တဆင့်ကသင်ဘယ်လောက်ပမာဏသောက်သုံးရမှာလဲ?

Gym Roomမှာ စီနီယာတွေမှ တဆင့်စကားတဆင့်ပါးလမ်းညွန်တာကတော့ ကြွက်သားဖွံဖြိုးဖို့အတွက်ပရိုတိန်းများများစားနိုင်လေကောင်းလေ။ ဒါဆို ပရိုတိန်းမသောက်၊ ပရိုးတိန်းပါဝင်တဲ့အစားအစာအလျံပယ်မစားနိုင်ဘဲ ဆိပ်ကမ်းကကုန်ထမ်းတဲ့အလုပ်သမားမှာလည်း လှပတဲ့အပေါ်အောက်ကြွက်သားတွေဟာ Gym ကစားသူတယောက်လိုဘာကြောင့်ရှိနေရတာလဲ? အိမ်မှာ ကိရိယာလွတ်ကစားနေသူတွေမှာလည်း ပရိုတိန်းမသောက်ဘဲ လှပတဲ့ကြွက်သားများပိုင်ဆိုင်နေကြတာပါဘဲ။ ဒီတော့ Beginner တွေသိချင်တဲ့မေးခွန်းကများများစားရမှာလား? မစားရဘူးလား?ဘယ်ဟာအမှန်လဲဆိုတဲ့ အငြင်းပွားစရာစကားတခုဟာ ယနေ့ထိရှင်သန်နေတုန်းပါ။

အထက်ပါ နံပါတ် ၁-အချက်ကတော့ သင့်ရဲ့ငွေကြေးတတ်နိုင်မူ့အပေါ်မူတည်ပါတယ်။
နံပါတ် ၂-အချက်ကတော့ သင်ရဲ့ရည်ရွယ်ချက်ပေါ်မူတည်ပါတယ်။ (ဝိတ်လျော့? အဆီချ? ကြွက်သားထုတင်လား?)

ဒီပို့စ်ရဲ့အဓိကပေးချင်တဲ့ မက်ဆေ့ဖြစ်တဲ့နံပါတ်၃ အချက် "တခါစားရင် ပရိုတိန်းဘယ်လောက်ပမာဏစားသင့်သလဲ" ဆိုတာလက်တွေ့ကျကျလေ့လာသုံးသပ်ကြည့်ရအောင်။

များများစားရမှာလား? နည်းနည်းစားရမှာလား? ဆိုတာဆွေးနွေးဖို့ အစာအိမ်ရဲ့လုပ်ဆောင်ချက်ကို ဦးစွာပထမလေ့လာမယ်။ ဦးစွာပထမProteinကိုစားသုံးလိုက်သည်နှင့်အစာအိမ်ထဲမှာ အင်ဇိုင်းကခြေဖျက်ပြီး amino acid အဖြစ်ပုံစံပြောင်းပြီး အူမှတစ်ဆင့်သွေးထဲသိုရောက်ရှိစေပါတယ်။ ထို့နောက်ခန္ဓာကိုယ်ရဲ့လိုအပ်သည့်နေရာများသို့ amino acidများကိုပို့ဆောင်ပေးပြီး တဖန်သက်ဆိုင်ရာproteinများပြန်တည်ဆောက်ရပါတယ်။ ထိုသို့ပို့ဆောင်ရာမှာ မြန်နှုန်းဟာ(အစာခြေမူ့) စားသောက်ယူလိုက်သောအစာအပေါ်မူတည်ပီးကန့်သတ်တခုဖြစ်ရှိနေစေပြန်ပါတယ်။ ပရိုတိန်းခြင်းအတူတူမှာတောင် Whey နဲ့ Caseinရဲ့ချေဖျက်ပုံမြန်နှုန်းမတူညီပါဘူး။ Whey ရဲ့စုပ်ယူနိုင်မူ့မြန်နှုန်းကတော့ တနာရီမှာ ၈-၁၀ ဂရမ်ဖြစ်ပီး ပျမ်းမျှခြင်းအားဖြင့် ၁၅ ဂရမ်ကိုစုပ်ယူနိုင်ဖို့ ၁နာရီခွဲကြာမြင့်ပါတယ်။ Casein ရဲ့စုပ်ယူနိုင်မူ့မြန်နှုန်းကတော့ တနာရီမှာ ၅ ဂရမ်ထက်မကျော်လွန်ပါဘူး။ ထို့ကြောင့် Casein ကိုညစာအချိန်နှင့်အိပ်ယာဝင်ချိန်ကြားမှာ သုံးစွဲခြင်းကမှန်ကန်တဲ့ရွေးခြယ်မူ့တခုပါ။

ခန္ဓကိုယ်ရဲ့စုပ်ယူနိုင်တဲ့မြန်နှုန်းစွမ်းအင်ကို သင်သိပီဆိုရင် ဒုတိယအနေနဲ့ ခန္ဓာကိုယ်အတွက်လိုအပ်တဲ့ ပရိုတိန်းပမာဏကိုသိအောင် research လုပ်ကြည့်တဲ့အခါမှာ ကမ္ဘာ့ကျန်းမာရေးအဖွဲ့အစည်းက ဘော်ဒီဝိတ် ၁ ကီလို (၂.၂ပေါင်) အတွက်အနည်းဆုံး ၀.၄၅ ဂရမ်လိုအပ်ပါတယ်လို့အကြုံပြုထားပါတယ်။ အမေရိကန်နဲ့အင်္ဂလန်ရဲ့ ကျန်းမာရေးအဖွဲ့အစည်းတွေကတော့ ဘော်ဒီဝိတ် ၁ ကီလို (၂.၂ပေါင်) အတွက်အနည်းဆုံး ၀.၈ ဂရမ်လိုအပ်ပါတယ်လို့အကြုံပြုထားပါတယ်။ စကာင်္ပူနိုင်ငံမှာတော့ပျမ်းမျှခြင်းအနေနဲ့ ဘော်ဒီဝိတ် ၁ ကီလိုရှိသူအတွက် ပရိုတိန်း၀.၇ -၀.၈ ဂရမ် လိုအပ်တယ်လို့အကြံပြုထားပါတယ်။

သင့်ခန္ဓာကိုယ်လိုအပ်သောပရိုတိန်းပမာဏကိုသင်ကိုယ်တိုင်တွက်ယူနိုင်ပါတယ်။ ဘော်ဒီဝိတ်အတွက် USA Metric unit ကတော့ ကီလိုဂရမ်(kilogram)ဖြစ်ပီး English Unit ကတော့ ပေါင် (Pound)ဖြစ်ပါတယ်။

(သင့်ခန္ဓာအလေးချိန်-ကီလို) x ၀.၈ = (ဂရမ်-လိုအပ်သော ပရိုတိန်းပမာဏ)
(သို့မဟုတ်)
(သင့်ခန္ဓာအလေးချိန်-ပေါင်) x ၀.၃၆ = (ဂရမ်-လိုအပ်သော ပရိုတိန်းပမာဏ)

၁၅၀ပေါင်အလေးချိန်ရှိသူအတွက်ဆိုရင် ၁၅၀ x ၀.၃၆=၅၄ ဂရမ် ပရိုတိန်းပမာဏလိုအပ်ပါတယ်။

သင့်ခန္ဓာကိုယ်ရဲ့ပျမ်းမျှလိုအပ်သော ပရိုတိန်းပမာဏကို သင်ကိုယ်တိုင်တွက်ယူတတ်ပြီးလျှင် တတိယအဆင့်အနေနဲ့ တကြိမ်စားလျှင်ဘယ်လောက်ပမာဏ စားသုံးသင့်သလဲဆိုတာ သုံးသပ်ရပါတော့မယ်။ Fitness ပါတ်ဝန်းကျင်မှာတော့ တနေ့မှာ အစားစားချိန် ၄ ကြိမ်မှ ၆ ကြိမ်အထိ အကြိမ်ကြိမ်ခွဲစားဖို့အမြဲတိုက်တွန်းပါတယ်။ အလေ့အကျင့်ပြုလုပ်မယ်ဆိုရင် ၆ ကြိမ်ဟာ လူတိုင်းအတွက် အခက်အခဲမဟုတ်ပါဘူး။

အထင်အမြင်အယူအဆမလွဲအောင် အခြေခံသင်္ချာတွက်နည်းနဲ့တွက်ယူကြည့်ရအောင် (ဥပမာ။ ။ တနေ့မှာသင့်ဟာ မနက်စာကော်ဖီသောက်ပီး ၆၀ ဂရမ်ပရိုတိန်းနဲ့ညီမျှတဲ့ဘိန်းမုန့် ၂ ချပ်ကိုနေ့လည်စာ ပရိုတိန်း ၃၀-ဂရမ်ဘိန်းမုန့် ၁ ချပ်၊ ညစာ ပရိုတိန်း၃၀-ဂရမ်ဘိန်းမုန့် ၁ ချပ် နေ့စဉ်စားသုံးတယ်ဆိုကြပါစို့။ တကြိမ်စားသုံးမူ့ဟာ ပရိုတိန်း ၃၀-ဂရမ် ဖြစ်ပီး စုစုပေါင်းသင်စားသုံးတဲ့ ပမာဏဟာ တနေ့တာအတွက် ၆၀-ဂရမ်ပါ။ အနည်းဆုံး ၄ ကြိမ်စားသုံးစေခြင်းဟာ သင် ဘိန်းမုန့် ၄ ချပ်စားခိုင်းခြင်းမဟုတ်ဘဲ တခါစားဘိန်းမုန့် တခြမ်း(၁၅-ဂရမ်) x ၄ ကြိမ် = ဘိန်းမုန့် ၂ ချပ် (၆၀-ဂရမ်) ဖြစ်ပါတယ်။)

ပထမဦးဆုံးဖတ်ရူ့ခဲ့တဲ့ ခန္ဓာကိုယ်ရဲ့စုပ်ယူနိုင်မူ့မြန်နှုန်းကိုပြန်ကောက်ကြည့်မယ်ဆိုလျှင် ပျမ်းမျှခြင်းအားဖြင့် ၁၅ ဂရမ်ကိုစုပ်ယူနိုင်ဖို့ ၁နာရီခွဲကြာမြင့်ပါတယ်။ ဒီအချက်ဟာ သင်စားသုံးယူသောပရိုတိန်းအမျိုးအစားအပေါ်မူတည်နေပါသေးတယ်။ ပျမ်းမျှပေါင်ချိန် ၂၅၀ ရှိသော Gym ကစားသမားတယောက်ရဲ့စားသောက်ရမည့်အချိန်ကို ခွဲခြမ်းကြည့်ရအောင်

၁- ၀၈:၀၀ မနက်စာ(ပရိုတိန်း ၁၅ ဂရမ်)
၂- ၁၀:၀၀ ကော်ဖီဘရိတ်တိုင်း (ပရိုတိန်း ၁၅ ဂရမ်)
၃- ၁၂:၀၀ နေလည်စာ (ပရိုတိန်း ၁၅ ဂရမ်)
၄- ၀၃:၀၀ ကော်ဖီဘရိတ်တိုင်း (ပရိုတိန်း ၁၅ ဂရမ်)
၅- ၀၆:၀၀ ညစာ (ပရိုတိန်း ၁၅ ဂရမ်)
၆- ၀၉:၀၀ ညလည်စာ (ပရိုတိန်း ၁၅ ဂရမ်)

တနေ့တာကုန်ဆုံးချိန်မှာ စားသုံးတဲ့ပရိုတိန်းပမာဏဟာ ခန္ဓာကိုယ်မှလိုအပ်သော ၉၀ ဂရမ်ပရိုတိန်းပမာဏအတိအကျရရှိမှာဖြစ်ပါတယ်။

ဇီဝကမ္မဖြစ်စဉ်များကို အဆက်မပျက်ဖြစ်ပေါ်နေစေနိုင်ရန်အတွက်သင့်စားနေသုံးနေကျ မှန်ကန်သောအစားအစာပမာဏမှာ နည်းနည်းနှင့်မကြာခဏစားပေးရပါမယ်။ ထိုသို့စားသုံးခြင်းဖြင့်သွေးထဲမှ သကြားဓါတ်(insulin)ကို တိုးတက်ခြင်း မဖြစ်စေပဲအင်ဆူလင်ထွက်ခြင်းကို တည်ငြိမ်စေပါတယ်။ အနည်းဆုံး ၃ နာရီ (သို့)၄ နာရီခြား စားပေးခြင်းဖြင့်အင်နာဂျီစွမ်းအင် အတွက် ကယ်လိုရီလုံလောက်မျှတမူ့ကိုဖြစ်ပေါ်စေပါတယ်။

နိဂုံးချူပ်ကတော့ တကြိမ်မှာ ပရိုတိန်း အများဆုံး၃၀ ဂရမ်သာစားသုံးသင့်ပီး၊ စုပ်ယူနိုင်ဖို့ အချိန် ၃ နာရီကြာမြင့်ပါတယ်။ တနေ့မှာ အစာစားချိန် အနည်းဆုံး ၄ မှ ၆ကြိမ်ဖြစ်အောင် လေ့ကျင့်ယူရပါမယ်။ တကြိမ်စားသုံးတိုင်းမှာ ၃၀ ဂရမ်ထက်ပိုမိုသော ပရိုတိန်းများမှာကစီဓာတ် (carbohydrate) နှင့်အတူစွမ်းအင်အဖြစ်ပြောင်းလဲပီးလောင်ကျွမ်းအသုံးပြုလိုက်ပါတယ်။ ရလဒ်ကတော့ တကြိမ်မှာ ၃၀ ဂရမ်ထက်ပိုစားလျှင် ပိုက်ဆံကုန်ပီး သင့်ရည်မှန်းချက်ပန်းတိုင်ဟာ လိုက်လေ ဝေးလေ ဖြစ်နေတော့မှာ တမုံ။

လွတ်လပ်စွာ Share နိုင်ပါသည်။

06/03/2022

လူတစ်ယောက်ရဲ့ စစ်မှန်တဲ့
တန်ဖိုးဆိုတာ ထက်မြက်တဲ့
"ခေါင်း"က အဓိက မဟုတ်ပါ

နားလည်ပေးတတ်သော
" နား"တစ်စုံ

သနားကြင်နာတတ်သော
"နှလုံးသား"တစ်စုံ

အမှန်တရားကို လက်ခံသိမြင်ပြီး
အကောင်းမြင်တတ်သော "မျက်စိ"တစ်စုံ

ကူညီပေးကမ်းတတ်သော
"လက်"တစ်စုံ တို့ဖြစ်ပါတယ်။

ထက်မြက်သော အရည်အချင်း
ပိုင်ဆိုင်သူသည် အတ္တ နည်းပြီး
စာနာတတ်ရင် တန်ဖိုးကြီးသော လူပါပဲ။

❤️❤️❤️❤️❤️❤️❤️❤️❤️❤️❤️❤️❤️❤️❤️❤️

06/03/2022

ကိုယ့်အသည်းလေးကျန်းမာစေဖို့အတွက် ♥️

❤️ အသည်းထိခိုက်တာတွေရဲ့ နောက်ဆက်တွဲမှာ အသည်းအဆီဖုံးတာကနေစပြီး အသည်းရောင်တာတွေ၊ အသည်းခြောက်တာတွေ၊အသည်းကင်ဆာတွေထိ များစွာရှိနိုင်ပါတယ်။ ဒါကြောင့် ဒီလို အသည်းထိခိုက်တာတွေမဖြစ်ရလေအောင် လိုက်နာသင့်တဲ့ နည်းလမ်းလေးတွေကိုမျှဝေပေးချင်ပါတယ်။

✅ အ၀လွန်လာတဲ့အခါ အသည်းအဆီဖုံးတာကို ဖြစ်ဖို့ ရာခိုင်နှုန်းအရမ်းများစေပါတယ်။ ဒါကြောင့် ကိုယ်အလေးချိန်ကို ရှိသင့်သလောက်ပဲ သေချာထိန်းဖို့လိုပါတယ်။ ဝိတ်ချဖို့အတွက်ဆို နေ့စဉ်လေ့ကျင့်ခန်းပုံမှန်လုပ်ပေးသင့်ပါတယ်။ လေ့ကျင့်ခန်းလုပ်တာဟာ အသည်းအဆီဖုံးတာကိုဖြစ်စေတဲ့မကောင်းတဲ့အဆီတွေကို လျော့ကျစေပါတယ်။

✅ အစားအစာရွေးချယ်တဲ့အခါမှာလည်း ပြည့်၀ဆီများတဲ့အစားအစာတွေ၊ ကယ်လိုရီများတဲ့အစားအစာတွေ၊ အရမ်းချိုတာတွေ၊ မကျက်တကျက်အစားအစာတွေ၊ အသားစိမ်းတွေကို ရှောင်ဖို့လိုပါတယ်။ ဟင်းသီးဟင်းရွက်ဆီ၊ နေကြာဆီလိုမျိုး မပြည့်၀ဆီတွေ၊ အမျှင်ဓာတ်ပါတဲ့ အသီးအနှံ၊ ဟင်းသီးဟင်းရွက်တွေကိုတော့များများစားပေးသင့်ပါတယ်။

✅ အသည်းကျန်းမာဖို့အတွက်က အသည်းကို အဆိပ်အတောက်ဖြစ်စေတဲ့ ပိုးသတ်ဆေးတွေ၊ chemical တွေ၊ တရားမ၀င်ဆေးတွေကို ရှောင်ဖို့လိုပါတယ်။ ပြီးတော့ အရက်၊ ဘီယာတွေဆိုတာကလည်း အလွန်အကျွံ နေစဉ်နေ့တိုင်းသောက်သုံးတဲ့အခါ အသည်းဆဲလ်တွေကိုပျက်စီးစေပြီး အသည်းခြောက်တာကိုဖြစ်စေပါတယ်။ အသည်းခြောက်တာကနေတစ်ဆင့် အသည်းကင်ဆာထိဆက်ဖြစ်လာတတ်ပါတယ်။

✅ ‌ပြီးတော့ အသည်းရောင်အသားဝါရောဂါတွေဖြစ်တဲ့ B ပိုး C ပိုးတွေဆိုတာ အသည်းကင်ဆာထိဆက်ဖြစ်နိုင်တဲ့ရောဂါတွေပါ။ ကူးလည်းကူးစက်တတ်ပါတယ်။ ဒီဒီရောဂါပိုးရှိသူတွေရဲ့ သွေးနဲ့ထိတွေ့မိတဲ့အခါ ဆရာ၀န်နဲ့ အမြန်တိုင်ပင်ဆွေးနွေးသင့်ပါတယ်။ ဒီလိုရောဂါတွေကို ကူးစက်ခံရနိုင်တဲ့ တက်တူးထိုးတာတွေ၊ နားဖောက်တာတွေ၊ ဆေးထိုးအပ်ကို တူတူသုံးတာတွေ၊ အသုံးအဆောင်ပစ္စည်းကို တူတူသုံးတာတွေကို လုံး၀ရှောင်သင့်ပါတယ်။

✅ နောက်ပြီး ဒီလို B ပိုး C ပိုးရောဂါတွေဟာ partner အများကြီးနဲ့ အကာကွယ်မဲ့လိင်ဆက်ဆံရာကနေတစ်ဆင့်လည်းကူးစက်တတ်ပါတယ်။ Partner တစ်ယောက်တည်းနဲ့ဆက်ဆံရင်တောင် ဆက်ဆံတဲ့သူမှာ ပိုးရှိနေရင် ကူးနိုင်ပါတယ်။

✅ အသည်းကျန်းမာဖို့ဆို A ပိုး B ပိုးတွေမကူးစက်အောင် ကာကွယ်ဆေးထိုးနှံထားဖို့လိုပါမယ်။ C ပိုးအတွက်ကတော့ ကာကွယ်ဆေးမရှိသေးပါဘူး။ နောက်ပြီး ဆေးတွေသောက်တဲ့အခါမှာ အရက်၊ ဘီယာနဲ့တွဲမသောက်ဖို့လည်း သတိထားရပါမယ်။
အသည်းအတွက်ကောင်းစေတဲ့ အားဆေးတွေကိုလည်း သေချာမှီဝဲပေးဖို့လိုပါတယ်။

❤️❤️❤️❤️❤️❤️❤️❤️❤️❤️❤️❤️❤️❤️❤️❤️

Photos from GYM Trainer's post 06/03/2022

အဖိုးတန်တဲ့ဘယ်အရာမှ
ခနလေးနဲ့လွယ်လွယ်မရပါဘူး....

အရာရာကို အလွယ်ရမှ ရယူချင်တဲ့
သင့်ရဲ့စိတ်ကို ဦးစွာပထမ ပြောင်းလဲလိုက်ပါ...
.….… ❤️

17/02/2022

Workout လုပ်ဖို့ အကောင်းဆုံးအချိန်က ဘယ်အချိန်လဲ

အားကစားလုပ်ဖို့ အသင့်တော်ဆုံးအချိန်ကို သိခြင်းက ကိုယ့်ရဲ့ Body Building ပေါ် အရေးပါတဲ့ သက်ရောက်ဖြစ်စေပါတယ်။ အခုတစ်ခေါက်မှာ မနက်ပိုင်းအားကစားလုပ်ခြင်းနဲ့ ညနေပိုင်း အားကစားလုပ်ခြင်းရဲ့ အကျိုးအပြစ်လေးတွေ ချိန်ဆပြချင်ပါတယ်။ များသောအားဖြင့် အားကစားလုပ်ကြတာ မနက်ခင်းအစောပိုင်းနဲ့ ညနေဘက်တွေ ဖြစ်တာကြောင့် ဖြစ်ပါတယ်။

မနက်ပိုင်းအားကစားလုပ်ခြင်းဟာ ညနေဘက်ထက် ဦးနှောက်နဲ့ ကြက်သားလှုပ်ရှားမှုအကြား တိကျအောင် ထိန်းချုပ်လုပ်ဆောင်တဲ့ စွမ်းရည်ပိုကောင်းစေပါတယ်။ ညနေပိုင်းထက်စာရင် မနက်ပိုင်းဆိုတာ ရေတိုမှတ်ဉာဏ်ပိုကောင်းပြီး စိတ်စုစည်းမှုလည်း ပိုကောင်းပါတယ်။ ဒါကြောင့် မနက်ဘက် လေ့ကျင့်ခန်း လုပ်ခြင်းဟာ စိတ်ကို ပိုမို နိုးကြားစေပါတယ်။

သတိပိုကောင်းပြီး မှတ်ဉာဏ်လည်း အားပေးပါတယ်။ မနက်ဘက်မှာ Testosterone ဟာ အမြင့်ဆုံးအနေအထားမှာ ရှိတတ်လို့ မနက်ပိုင်း အားကစားလုပ်ခြင်းဟာ ပိုပြီး ထိရောက်မှု ရှိတတ်ပါတယ်။ သုတေသနတွေအရ အသက် ၅၀ အထက် သက်ကြီးပုဂ္ဂိုလ်တွေ မနက်ဘက် အားကစားလုပ်ခြင်းဟာ ငယ်ရွယ်သူတွေထက် စာရင် ထိခိုက်အန္တရာယ်ဖြစ်မှု ပိုနည်းတယ်လို့ ဖော်ပြထားပါတယ်။

မကောင်းတဲ့ဘက်က ဒီခေတ်မှာ မနက်စောစောထဖို့ ခက်လာကြပါတယ်။ အိပ်ရေးမဝအောင် လုပ်နေမိတဲ့ လူနေမှုအမှားတွေလည်း ပါလို့ ဖြစ်ပါတယ်။ နောက်တစ်ခုက မနက်ပိုင်း အားကစားလုပ်မယ်ဆိုရင် သွေးနွေးအောင် သွေးပူလေ့ကျင့်ခန်း ကောင်းကောင်းဆင်းပေးဖို့ လိုပါတယ်။ ညဘက်အိပ်ရေးပျက်ထားတဲ့သူတစ်ယောက်အဖို့ မနက်စော အားကစားလုပ်တာထက် ညနေဘက်ကို ရှေးခယျြသငျ့ပါတယ်

Evening Workouts သမားတွေကတော့ အကြောအချဉ်တွေ ဖြေလျှော့ပြီးဖြစ်သလို သက်လုံနဲ့ အဆုတ်စွမ်းဆောင်ရည်တွေ အကောင်းဆုံးအနေအထားနဲ့ ကစားနိုင်ပြီ ဖြစ်ပါတယ်။ ဇီဝကမ္မဆိုင်ရာ အပြောင်းအလဲတွေအရလည်း ညနေဘက်မှာ မနက်ပိုင်းလောက် ခန္ဓာကိုယ်က အောက်ဆီဂျင်ရှုသွင်းမှု လုပ်ဖို့ မလိုတော့ပါဘူး။

တစ်ခုရှိတာက တစ်နေကုန် အလုပ်လုပ်ပြီးမှ အားကစားလုပ်တာ ဖြစ်လို့ လူက နုံးပြီး စွမ်းအင် Level ကျနေတတ်ပါတယ်။ ဒါဟာ ကိုယ့်ရဲ့ Workout လုပ်မှုပေါ် သက်ရောက်မှု ရှိပါတယ်။ ညနေဘက်မှာ အားကစားလုပ်ခါနီး ကောင်းကောင်းအနားရထားရင်တော့ ပြဿနာမရှိပါဘူး။ ဒီတော့ ဘယ်အချိန်မှာ အားကစားလုပ်တာ ပိုကောင်းသလဲဆိုရင် ကိုယ့်ခန္ဓာနရီ Body Clock အကောင်းဆုံးနဲ့ အတက်ကြွဆုံးဖြစ်တဲ့အချိန်မှာ အားကစားလုပ်တာ အကောင်းဆုံးလို့ပဲ ပြောချင်ပါတယ်။
crd

Want your business to be the top-listed Gym/sports Facility in Thingangyun?
Click here to claim your Sponsored Listing.

Category

Website

Address


Thingangyun

Opening Hours

Monday 09:00 - 22:00
Tuesday 09:00 - 22:00
Wednesday 09:00 - 22:00
Thursday 09:00 - 22:00
Friday 09:00 - 22:00
Saturday 09:00 - 22:00
Sunday 09:00 - 22:00