Logic Juniors

Logic Juniors

Share

26/01/2021

ကလေးတွေကို
နွေးထွေးတဲ့ချစ်ခြင်းမေတ္တာဖြင့်
ပြုစုပျိုးထောင်ပေးပါ။

Photos from Logic Juniors's post 16/01/2021

ကိုဗစ်-၁၉ ရောဂါဖြစ်ပွားချိန် ကြာရှည်နေတော့ အခက်ခဲဆုံးနေ့ရက်‌တွေ မပြီးတော့ဘူးလားဆိုတဲ့ စိုးရိမ်ပူပန်မှုတွေနဲ့အတူ နဂိုမူလ အကောင်းမြင်စိတ်လေး ပျောက်ဆုံးတော့မလို ဖြစ်လာနေပြီလား?
ဒါဆိုရင်တော့..
“မေတ္တာအိမ်”ဆိုတဲ့ အိမ်ကလေးထဲက ဖိုးလုံး၊ ဘွားချော နဲ့ မိတ်ဆက်ပေးပါရစေ။
ဖိုးလုံးကတော့ အသက် (၈)နှစ်ကျော် ရှိပြီဖြစ်တဲ့ ကလေးတစ်ယောက်ပါ။ ကိုဗစ်-၁၉ သာ မဖြစ်ခဲ့ဘူးဆိုရင် သူဟာGrade (4) တက်နေရမယ့် ကလေးတစ်ယောက်ပေါ့။ ဒီလိုအခြေအနေမျိုး တစ်ခါမှ မကြုံဖူးတဲ့ ဖိုးလုံးလေးဟာ အပြင်မထွက်ရ၊ သူငယ်ချင်းတွေနဲ့ မတွေ့ရတာဟာ ဝမ်းနည်းစရာအကောင်းဆုံးလို့ ခံစားနေရရှာတယ်။

ဘွားချောကတော့ အသက်(၆၀) ကျော်အရွယ်ရှိပြီး မြေးဖြစ်သူ ဖိုးလုံးနဲ့ အတူနေတဲ့ အုပ်ထိန်းသူတစ်ယောက်ပေါ့။ ခက်ခဲတဲ့အခြေအနေကို ကိုယ်တိုင်လည်း ရင်ဆိုင်နေရသလို စိတ်ပိုင်း၊ ရုပ်ပိုင်းဆိုင်ရာ ထိခိုက်မှုမရှိစေဖို့ ကလေးတစ်ယောက်အပေါ် စောင့်ရှောက်မှု ပေးနေရတဲ့ အုပ်ထိန်းသူမို့ ဘွားချောမှာလည်း စိုးရိမ်ပူပန်မှုက တခြားသော ဖေဖေ၊ မေမေနဲ့ အုပ်ထိန်းသူတွေလိုပဲ ရှိနေပါတယ်။

လူတိုင်းနီးပါး စိုးရိမ်ပူပန်နေရတဲ့ အခုလိုအချိန်မျိုးကို 🏠“မေတ္တာအိမ်”က ဖိုးလုံးနဲ့ ဘွားချောတို့ ဘယ်လိုဖြတ်သန်းနေသလဲဆိုတာ ဖေဖေ၊ မေမေနဲ့ အုပ်ထိန်းသူတွေ လေ့လာနိုင်ဖို့ Save the Children in Myanmar မှ “ဒီကာလကို ကျော်ဖြတ်ဖို့ အကောင်းမြင်စိတ်နဲ့ နေကြစို့” ပိုစတာလေးကို မျှဝေလိုက်ပါတယ်။

Want your business to be the top-listed Shop in Thingangyun?
Click here to claim your Sponsored Listing.

Telephone

Website

Address


Thingangyun