Flymya
22/05/2026
"ရန်ကုန်မှာ Long Stay နေဖို့ ဟိုတယ်ရှာရတာ ပင်ပန်းလိုက်တာ သူငယ်ချင်းရယ်... လိုက်စုံစမ်းကြည့်တာ တစ်ခုမှလည်း အဆင်မပြေဘူး"
"ဟယ်... ဟုတ်လို့လား။ ကိုယ်နေမဲ့နေရာဆိုတော့ သေချာလေး ရွေးချယ်ရမှာပေါ့။ ဒါနဲ့ နင်ဘယ်လိုနေရာမျိုး ရှာနေတာလဲ?"
"အဓိကကတော့ အနည်းဆုံး (၁) လလောက် နေမှာဆိုတော့ အခန်းထဲမှာ အသုံးအဆောင်စုံရမယ်၊ ပြီးတော့ ကိုယ့်အိမ်လိုမျိုး ပေါ့ပေါ့ပါးပါးနဲ့ အေးအေးချမ်းချမ်း ရှိချင်တာ။"
"အာ့ဆိုရင်တော့ အခုပြောပြမဲ့နေရာလေးတွေကို Flymya မှာ တစ်ချက်ကြည့်ကြည့်လိုက်ပါလား။ တစ်လစာ Long Stay တွေအတွက် ဝန်ဆောင်မှုရော နေရာရော တကယ်မိုက်တာတွေ ရှိတယ်"
အင်းလျားကန်ဘေးမှာ အေးအေးဆေးဆေးနဲ့ Premium ဆန်ဆန် နေချင်ရင်တော့ Inya Lake Hotel နဲ့ Lotte Service Apartment ဒါတွေက အကောင်းဆုံးပဲ။
River View ကို ခံစားရင်း စတိုင်ကျကျ နေချင်တယ်ဆိုရင် Zealax Hotel & Residence ကို စဉ်းစား။
မြို့ထဲရော မြို့ပြင်ရော သွားရလာရတာ တကယ်လွယ်တဲ့ အချက်အချာကျတဲ့နေရာကိုမှ ကြိုက်ရင် Mercure Yangon Kaba Aye နဲ့ Hotel Parami မှာလည်း နေလို့ရတယ်။
ဆိတ်ငြိမ်ပြီး ကိုယ့်အိမ်လိုမျိုး သက်သောင့်သက်သာ ရှိချင်ရင် Yangon Thanlwin Hotel နဲ့ Spring Line Hotel မှာ နေပေါ့...။
ရန်ကုန်မြို့လယ်ခေါင်နဲ့ ကန်တော်ကြီးနားမှာ နေချင်ရင်တော့ Best Western (Chinatown & Green Hill) ဒါတွေက တကယ့်ကို အဆင်ပြေတယ်။
ရိုးရိုးရှင်းရှင်းနဲ့ အေးအေးချမ်းချမ်းလေး နေချင်ရင်တော့ T Hotel ကလည်း ရေရှည်နေဖို့အတွက် ကောင်းတဲ့နေရာတစ်ခုပဲ သူငယ်ချင်း...။
"ဟုတ်လား...? အာ့တာဆို ငါက Flymya ကို ဘယ်လိုဆက်သွယ်ရမှာလဲ...?"
"ဒါများ လွယ်လွယ်လေး သူငယ်ချင်းရယ်... Facebook မှာ Flymya ဆိုပြီး ရိုက်ရှာလိုက်တာနဲ့ ထိပ်ဆုံးမှာ ပေါ်လာတဲ့ Flymya page မှာ ဆက်သွယ်ပြီးလည်း ဘွတ်ကင်တင်လို့ရတယ်...။
မရှာချင်လည်း နင် Flymya ရဲ့ (၂၄) နာရီ ဝန်ဆောင်မှုပေးနေတဲ့ Hotline No: +95 9 880 441 011 ကိုသာ ဆက်လိုက်... အကုန်အဆင်ပြေသွားလိမ့်မယ် သူငယ်ချင်း..."
"ဒါများ စောစောက မပြောဘူး သူငယ်ချင်းရယ်..."
"အခုနင်သိသွားပြီမလား... Flymya ကို အခုပဲ ဆက်သွယ်ပြီး နင့်ခက်ခဲနေတဲ့ Hotel Long Stay ကိစ္စကို ဖြေရှင်းလိုက်တော့..."
ရန်ကုန်မှာ Long Stay နေဖို့ Hotel ရှာနေတယ်ဆို Flymya ကိုသာ စိတ်ချလက်ချနဲ့ ဆက်သွယ်လိုက်နော်...။
✨ Flymya နဲ့ဆို ခရီးစဉ်တိုင်းက အေးဆေးပဲပေါ့
☎️ Hotline: +95 9 880 441 011
🌏 Website: [www.flymya.com]
📱 Download our app: [Android] & [iOS]
📨 Email: [[email protected]]
21/05/2026
တရုတ်သွားမလား? မလေးရှားသွားမလား?
မိသားစု၊ သူငယ်ချင်းတွေနဲ့ အလည်သွားဖို့ပဲဖြစ်ဖြစ် ပညာရေး၊ ကျန်းမာရေး ဒါမှမဟုတ် အလုပ်ကိစ္စတွေအတွက် တရုတ်နိုင်ငံ၊ ကွမ်ကျိုးမြို့နဲ့ မလေးရှားနိုင်ငံ ပီနန်းမြို့ကို သွားလာဖို့ စီစဉ်နေသူတွေအတွက် Myanmar Airways International (MAI) ကနေ လေယာဉ်လက်မှတ်မရတာမျိုးကို စိတ်ပူစရာမလိုအောင် ထပ်တိုးပျံသန်းပေးသွားတော့မှာပါ။
ကွမ်ကျိုးခရီးစဉ်တွေအတွက် အပတ်စဉ် အင်္ဂါ၊ ကြာသပတေး၊ သောကြာ၊ တနင်္ဂနွေနေ့များမှာ ထပ်တိုးပျံသန်းပြေးဆွဲသွားမှာဖြစ်လို့ ယခင်ထက် ပိုမိုအဆင်ပြေချောမွေ့စွာ သွားလာနိုင်တော့မှာ ဖြစ်ပါတယ်။
ပီနန်းခရီးစဉ်တွေအတွက် အပတ်စဉ် တနင်္လာ၊ ကြာသပတေးနဲ့ စနေနေ့များမှာ ထပ်တိုးပျံသန်းပြေးဆွဲသွားမှာဖြစ်လို့ တရုတ်ကိုပဲသွားသွား… မလေးရှားကိုပဲသွားသွား ပိုမိုလွယ်ကူစွာ သွားလာနိုင်တော့မှာပါ။
စိတ်အေးချမ်းသာစွာ ခရီးသွားလာနိုင်ဖို့အတွက် လိုအပ်တဲ့ လေယာဉ်လက်မှတ်တွေကို Flymya App, Website, Facebook Messenger, Hotline No. [+ 95 9 880 441 011] တို့ကို ဆက်သွယ်စုံစမ်းပြီး အလွယ်တကူ ဝယ်ယူလိုက်တော့နော်။
Flymya နဲ့ဆိုခရီးစဉ်တိုင်းက အေးဆေးပဲပေါ့ ✨
📞 Hotline: + 95 9 880 441 011
🌐 Website: [www.flymya.com]
📲 Download our app: [Android] & [IOS]
📧 Email: [[email protected]]
20/05/2026
တစ်ရွေ့ရွေ့သွားနေတဲ့ တိမ်တိုက်တွေကို ငေးကြည့်ရင်း... ကိုယ့်ရဲ့ ပတ်စပို့စာအုပ်လေးကို နောက်ဆုံးဘယ်တုန်းက ဖွင့်ကြည့်ခဲ့လဲဆိုတာ ပြန်တွေးမိဖူးပါသလား…?
နေ့စဉ်ဖြတ်သန်းနေရတဲ့ အလုပ်ကိစ္စတွေ၊ ထပ်တလဲလဲ ဖြစ်နေတဲ့ ဘဝရဲ့ စည်းချက်တွေကြားထဲမှာ ကျွန်တော်တို့အားလုံးဟာ ရင်ခုန်သံအသစ်တွေကို တိတ်တဆိတ် တောင့်တမိတတ်ကြပါတယ်။
"တစ်နေ့နေ့တော့ ငါ အဲဒီနေရာကို အရောက်သွားမယ်" လို့ စိတ်ကူးယဉ်ခဲ့တဲ့ မြေပုံပေါ်က အမှတ်အသားလေးတွေဟာ အချိန်တွေ ဘယ်လောက်ပဲ ကြာပါစေ... ရင်ထဲမှာတော့ အမြဲတမ်း လတ်ဆတ်နေတုန်းပါပဲ။
ဖုန်းခေါ်သံတွေ၊ အီးမေးလ်တွေနဲ့ ကွန်ပျူတာ Screen တွေကို ခဏလောက် ပိတ်ထားလိုက်ပါ။ ပတ်စပို့လေးကို အိတ်ထဲထည့်၊ ချစ်ရတဲ့သူတွေရဲ့ လက်ကိုတွဲပြီး လေယာဉ်ပေါ် တက်လိုက်ရတဲ့ အခိုက်အတန့်မှာ စတင်ရရှိမဲ့ လွတ်လပ်မှုဟာ ဘာနဲ့မှ နှိုင်းလို့မရတဲ့ စိတ်လှုပ်ရှားမှုပါပဲ။
ဒီတစ်ခေါက်တော့ စိတ်ကူးထဲမှာပဲ သိမ်းမထားတော့ဘဲ ကိုယ့်ရဲ့ ဇာတ်လမ်းအသစ်ကို Flymya ရဲ့ အထူးစီစဉ်ထားတဲ့ ပြည်ပ Tour Packages တွေနဲ့အတူ တကယ်ဖြစ်အောင် ဖန်တီးလိုက်ရအောင်…။
🛍️ ဘန်ကောက် - ပတ္တရား (၃ ညအိပ် ၄ ရက် ခရီးစဉ်)
မီးရောင်စုံအောက်က အဝယ်တော်တွေရဲ့ ကမ္ဘာဖြစ်တဲ့ ဘန်ကောက်မြို့ရဲ့ Shopping အလှအပတွေနဲ့ ညဘက်ဆို လေပြည်အေးအေးအောက်မှာ သက်ဝင်လှုပ်ရှားလာတဲ့ ပတ္တရားရဲ့ ကမ်းခြေရသကို ခံစားရင်း… သူငယ်ချင်းတစ်စု ဆုံတုန်း ပေါ့ပေါ့ပါးပါးနဲ့ အပန်းဖြေဖို့ အကောင်းဆုံး ရွေးချယ်မှုတစ်ခုကတော့ ဘန်ကောက် - ပတ္တရား ခရီးစဉ်ပါပဲ။ (၄) ယောက်ရှိတာနဲ့ ခရီးစထွက်လို့ ရပြီဆိုတော့ အကောင်းဆုံး အပန်းဖြေခရီးစဉ်အတွက် နှစ်ခါမစဉ်းစားနဲ့တော့နော်…။
🏝️ ဖူးခက်ကျွန်း (၄ ညအိပ် ၅ ရက် ခရီးစဉ်)
နေရောင်ခြည်နွေးနွေးအောက်က စိမ်းပြာရောင် ပင်လယ်လှိုင်းသံတွေကို နားထောင်ရင်း၊ ကမ်းခြေသဲသောင်ပြင်ပေါ်မှာ ခြေရာတွေ ထားရစ်ခဲ့ရမဲ့ နေ့ရက်များအတွက်… အလုပ်ပန်းသမျှကို ပင်လယ်ကြီးထဲ မျှောချပြီး ဓာတ်ပုံလှလှလေးတွေနဲ့ ကိုယ့်ရဲ့ Memory ကို အရောင်ခြယ်ချင်သူတွေအတွက်ပါ။ (၄) ယောက်ရှိတာနဲ့ စတင်ထွက်ခွာနိုင်တာမို့ အလှဆုံး ဓာတ်ပုံလေးတွေနဲ့ အလှဆုံး Memory တွေကို ပုံဖော်ဖို့ဆို ဖူးခက်ကို ရွေးချယ်သင့်ပါတယ်။
🏰 ဘန်ကောက် - ခေါင်ယိုင် - ဟွာဟင်း (၄ ညအိပ် ၅ ရက် ခရီးစဉ်)
ဥရောပစတိုင် ဗိသုကာလက်ရာတွေ ဝန်းရံထားတဲ့ တောင်ပေါ်မြို့လေး 'ခေါင်ယိုင်' မှာ ကော်ဖီခွက်လေးကိုင်ရင်း အေးချမ်းမှုကို ခံစားမလား…? ဒါမှမဟုတ် ဘုရင့်နွေရာသီစံအိမ်တော် တည်ရှိရာ ဆိတ်ငြိမ်ပြီး သမိုင်းဝင်တဲ့ ကမ်းခြေမြို့လေး 'ဟွာဟင်း' မှာပဲ ဒေသန္တရဗဟုသုတတွေ ရှာဖွေမလား? ခရီးစဉ်အတွက် (၄) ယောက်ရှိတာနဲ့ တောင်တန်းနဲ့ ပင်လယ်အလှကို တစ်ပြိုင်နက် သိမ်းပိုက်နိုင်မဲ့ အခွင့်အရေးကောင်းတစ်ခုပါ။
🚠 ဒါနန်း - ဘာနာဟေးလ် - ဟွိုင်အန် (၃ ညအိပ် ၄ ရက် Join Tour ခရီးစဉ်)
ဗီယက်နမ်နိုင်ငံရဲ့ နာမည်ကြီး ရွှေလက်ဝါးတံတားကြီးပေါ်မှာ တိမ်ပင်လယ်တွေကို ငေးမောရင်း ကောင်းကင်ယံကို ဖြတ်သန်းရမဲ့ ကေဘယ်ကားခရီးစဉ်နဲ့အတူ ညဘက်ရောက်ရင်တော့ ရှေးဟောင်းအငွေ့အသက်တွေနဲ့ မီးပုံးလေးတွေ လင်းထိန်နေတဲ့ ဟွိုင်အန်မြို့ဟောင်းလေးထဲ လမ်းလျှောက်ရင်း စိတ်ကူးယဉ်ဆန်ဆန် အပန်းဖြေနိုင်မှာ ဖြစ်ပါတယ်။ မိသားစုလိုက်ပဲသွားသွား၊ သူငယ်ချင်းတွေနဲ့ပဲ စုပြီးသွားသွား (၄) ယောက်ရှိတာနဲ့ ခရီးစဉ်ကို အကောင်အထည်ဖော်နိုင်မှာပါ။
🌋 ဘာလီကျွန်း (၄ ညအိပ် ၅ ရက် ခရီးစဉ်)
ယဉ်ကျေးမှုအနုပညာ အငွေ့အသက်တွေ၊ စိမ်းစိုနေတဲ့ လယ်ကွင်းပြင်တွေနဲ့ ကမ္ဘာကျော် ကြိုးတံတား (Bali Swing) ပေါ်က သဘာဝတရားရဲ့ ဆွဲဆောင်မှုအပြည့်ရှိတဲ့ အချစ်နတ်ဘုရားရှိရာမြေကို လည်ပတ်ချင်သူတွေအတွက် ဘာလီကျွန်းကို လည်ပတ်သင့်ပါတယ်။ (၂) ယောက်တည်းရှိရင်တောင် စတင်ထွက်ခွာလို့ရတာမို့ ဒီခရီးစဉ်ကတော့ ချစ်ရသူနဲ့အတူ နှစ်ယောက်တည်း အေးအေးလူလူ အရသာခံပြီး မမေ့နိုင်မဲ့ အချစ်ပုံပြင်တစ်ပုဒ်ကို ရေးထွင်းချင်သူတွေအတွက် ရွေးချယ်သင့်ပါတယ်။
🚢 ဟနွိုင်း - ဟာလောင်ဘေး (၃ ညအိပ် ၄ ရက် ခရီးစဉ်)
သမိုင်းဝင် မြို့တော်ဟနွိုင်းရဲ့ လမ်းမကြီးတွေထက် လည်ပတ်ပြီး၊ ကမ္ဘာ့အံ့ဖွယ် သဘာဝကျောက်ဆောင်ကြီးတွေ ဝန်းရံထားတဲ့ ဟာလောင်ဘေးပင်လယ်အော်ထဲမှာ သင်္ဘောစီးရင်း အနားယူရမဲ့ ခရီးစဉ်ကောင်းဆို ဒီခရီးစဉ်ကိုသာ ရွေးချယ်လိုက်ပါ။ (၄) ယောက်ရှိတာနဲ့ စတင်ထွက်ခွာနိုင်လို့ မြူခိုးတွေကြားက ကျောက်ဆောင်အလှတရားတွေက သင့်ကို ကဗျာဆန်ဆန် ငြိတွယ်သွားစေမှာ အသေအချာပါပဲ။
ခရီးသွားတယ်ဆိုတာ နေရာသစ်တွေကို သွားကြည့်ရုံတင် မဟုတ်ပါဘူး။ ကိုယ့်ဘဝရဲ့ နေ့ရက်တွေထဲမှာ နောက်ထပ် တစ်ခါပြန်ပြောပြလို့ မရိုးနိုင်မဲ့ ပျော်ရွှင်စရာ ပုံပြင်တွေကို အတူတူ ရေးသားကြတာပါ။
ခရီးစဉ်ရဲ့ အသေးစိတ်ကို Flymya page နဲ့ Hotline No: +95 9 880 441 011 ကို ဆက်သွယ်စုံစမ်းနိုင်တာဖြစ်လို့… ကိုယ့်ရဲ့ Navigation ကို Flymya ဆီ ဦးတည်လိုက်ပြီး ပျော်ရွှင်စရာ အမှတ်တရ ခရီးစဉ်လေးကို အခုပဲ Flymya နဲ့ အတူတူ စတင်ပုံဖော်လိုက်တော့နော်…။
✨ Flymya နဲ့ဆို ခရီးစဉ်တိုင်းက အေးဆေးပဲပေါ့
☎️ Hotline: +95 9 880 441 011
🌏 Website: www.flymya.com
📱 Download our app: [Android] & [iOS]
📨 Email: [email protected]
Click here to claim your Sponsored Listing.
Contact the business
Telephone
Website
Address
No. 1260, Inwa (3) Street, 6 Quarter, South Okkalapa, Yangon
Thingangyun
11091