Insurance by Ma Kay
31/12/2025
ရှာရဖွေရ ခက်ခဲနေလို့ ဆိုပြီး
ပိုက်ဆံ 3သိန်းကျော်ကိုသာ နှမြောနေခဲ့မယ်ဆိုရင် 17သိန်း လောက် ကုန်သွားတော့မှာပါ
တော်သေးတယ်
ကျန်းမာရေးအာမခံ ထားခဲ့မိလို့သာပဲ
ဒါတောင် နယ်မြို့လေးမှာ ခွဲလို့ ကုန်ကျစရိတ်သက်သာတာပါနော်
အမေတစ်ယောက်အနေနဲ့ သမီးအတွက် ငွေကြေးအခက်အခဲ မရှိ
အကောင်းဆုံး လုပ်ပေးနိုင်ခဲ့ပါတယ်
အူအတက်က ဘယ်သူမဆို အချိန်မရွေး ယောင်
နိုင် ပေါက်နိုင်တာမို့ ခွဲစိတ်ရဖို့က ဖြစ်လာနိုင်ပါတယ်နော်
ဘာကြောင့်ပဲ ကျန်းမာရေးကိစ္စ ဖြစ်လာဖြစ်လာ
အာမခံရှိထားတော့ ပိုက်ဆံအတွက် သိပ်စိတ်မပူရတော့ဘူးလေ
ကျေးဇူးတင်ပါတယ် AIA Myanmar 🙏
ကျေးဇူးတင်ပါတယ် ဒေါ်ကေသွယ်မိုး🥰
"အာမခံ" ဆိုရင် လူတွေက "ပိုက်ဆံ အပိုကုန်" တယ် မြင်ကြတယ်။
အမေရိကန်ပြည်ထောင်စု မှာ ဘယ်နေရာသွားသွား၊ ဘာဖြစ်ဖြစ် "အာမခံ" ရှိလားပဲ မေးကြတယ်။ မြန်မာနိုင်ငံမှာလို "ပိုက်ဆံ" တတ်နိုင်လား မေးမယ့်သူ မရှိဘူး။
ပြည်ပခရီးထွက်တာ များတဲ့ စီးပွားရေး လုပ်ငန်းရှင်တိုင်း
နိုင်ငံတကာ အကျိုးသက်ရောက်တဲ့ ကျန်းမာရေးနဲ့
အသက်အာမခံတွေကို စျေးကြီးပေးပြီး ပိုဝယ်ထားကြတယ်...။
"အာမခံ" ဆိုတာ အယုတ်အလတ် အမြတ်မရွေးနဲ့
သက်ဆိုင်ပါတယ်။ ချမ်းသာကြွယ်ဝသူနဲ့ပဲ
သက်ဆိုင်တယ်လို့ မတွေး မထင်ပါနဲ့။
ငွေကြေးမပြည့်စုံသူ ဖြစ်လေ "အာမခံ" ပိုလိုအပ်လေပါ။
အထူးသဖြင့် "ကျန်းမာရေး" အာမခံက မရှိမဖြစ်ပါ။
"Financial Freedom" ဖြစ်ဖို့ အဓိက အရေးပါတဲ့
အခြေခံ လိုအပ်ချက်တွေကို အမြော်အမြင်ရှိစွာနဲ့
ကြိုတင်ပြင်ဆင်ထားမှ မိမိချွေးနည်းစာနဲ့
ပင်ပန်းဆင်းရဲစွာ ရှာဖွေစုဆောင်းထားတဲ့
ဥစ္စာစည်းစိမ်တို့ကို ရေရှည်ထိန်းသိမ်းနိုင်မှာ ဖြစ်သလို
သားသမီး မိသားစုအားလုံးရဲ့ နောင်ရေး အတွက်
"အာမခံ" ချက်ပြည့်ဝတဲ့ဘဝကို ပေးအပ်နိုင်မှာ ဖြစ်ကြောင်း
မျှဝေလိုက်ရပါတယ်။
Credit: Philip P.Wong
ခရီးတွေ သွားနေရင်းနဲ့ တွေးမိတယ်
ကိုယ်စီးလာတဲ့ မှန်လုံကားပေါ်မှာ
အရွယ်မျိုးစုံ လူပေါင်းစုံ ပါလာတယ်
သူတို့တွေ အိမ်ကနေ ထွက်လာပြီး လိုရာခရီးကို သွားနေကြတယ်
နောက်ကြောင်းအေးအေးနဲ့ သွားနိုင်ရဲ့လားပေါ့
ကိုယ်က သူတို့ထက်စာရင် တပန်းသာတယ်လို့ တွေးမိတယ်
ဘဝအတွက် မိသားစုအတွက်
အာမခံချက်ရှိရှိနဲ့ သွားလာလှုပ်ရှားနိုင်တယ်လေ
ဘာလို့ဆို ကိုယ်က အာမခံတွေ စုံအောင် ထားထားတယ်
တချို့တွေဆို အာမခံက
ဘာမှန်းတောင် မသိကြဘူး
တချို့ကျတော့လည်း အာမခံအကြောင်း
သိသလိုလိုနဲ့ သေချာ မသိကြဘူး
တချို့ကျတော့လည်း သိတယ်
ထားဖို့ စိတ်မဝင်စားကြဘူး
တချို့ကျတော့ ထားရကောင်းမှန်းသိတယ်
ထားဖို့အရေးကို တွေဝေနေတယ်
ဘယ်အလုပ်ပဲ ဖြစ်ဖြစ် ဆုံးဖြတ်ချက် မှန်ကန်ဖို့ အရေးကြီးပါတယ်💥
ဆုံးဖြတ်ချက်မှန်မှန်နဲ့ လုပ်သင့်လုပ်ထိုက်တာတွေ လုပ်သွားတဲ့သူတွေကတော့
သူတို့ဘဝမှာ ဘယ်တော့မှ နောင်တဆိုတာ မရှိကြဘူး
ဘာမှ မသေချာ မရေရာနေလို့
ဘာမှ မလုပ်ရဲနေဘူး ဆိုရင်တောင်
နိုင်ငံတကာက လူတွေ မဖြစ်မနေ ထားနေကြတဲ့
ကျန်းမာရေးအာမခံ အသက်အာမခံလောက်ကတော့ ထားကို ထားထားသင့်ပါတယ်
အရှုံး မရှိလို့ပါ နော်💢💢💢
KAY THWE MOE
Financial Advisor
Infinity Wealth Agency
☎️09795644162
09/10/2025
ရှာသာ ရှာနေတယ် မိသားစုအတွက်ကော ဖြစ်ရဲ့လား❓
ဆေးရုံတွေ ဆရာဝန်တွေ အတွက် ရှာပြီး စုပေး မနေ နဲ့နော်🚑
အာမခံ ထားလိုက်လို့ လက်ဖက်ရည်ဖိုး
လျော့သွားတာလောက်ပဲ ဖြစ်မှာ
အာမခံ မရှိလို့ကတော့ စုထားတဲ့ စည်းစိမ်လေး
ရောဂါဖြစ်တာနဲ့ ပြုတ်သွားနိုင်ပါတယ်နော်
ဘယ်ဟာက ငွေသက်သာ စိတ်သက်သာ ဖြစ်မလဲ ဆိုတာ ချိန်ထိုးကြည့်ကြပါ
အမျိုးတို့ရေ
စိတ်ပူမိလို့ ထပ်ခါ ထပ်ခါ သတိပေးနေရတာပါနော်
ချစ်တဲ့မကေ❤️
#ကျန်းမာရေးအာမခံ
#ကင်ဆာရောဂါ
#ပြင်းထန်ရောဂါ
#သထုံမြို့အေးဂျင့်
06/10/2025
သားအိမ်ထုတ်လိုက် ရတယ်တဲ့
သူငယ်ချင်း တစ်ယောက်ပါ(စိတ်မကောင်း ဖြစ်ရပါတယ်😌)
သားအိမ်မှာ အလုံးတည်နေလို့ ဆေး(၃)လလောက် သောက်ပြီး သွားပြန်ပြတော့
အလုံးက တော်တော်ကြီးနေပြီတဲ့
သားအိမ်ခေါင်းအထိ အလုံးက ကြီးနေလို့
သားအိမ်ခေါင်းပါ မချန်
သားအိမ်တစ်ခုလုံး ထုတ်ပစ်လိုက်ရတယ်တဲ့
စဖြစ်ခါစက သွေးဆင်းများလို့ သွားပြရာက
အလုံးရှိမှန်း သိသွားတာပါ
သေးတော့ ဆေးစားရင် ပျောက်နိုင်တယ်ဆိုလို့ ဆေးစားနေတာ စားနေရင်းနဲ့ အလုံးက မယုံနိုင်လောက်အောင် ကြီးလာတာပါရှင်
ရောဂါ လက္ခဏာက ဘာမှ မခံစားရပါဘူးတဲ့
ဗိုက်မှာ ထောက်သလိုဖြစ်ပြီး အလုံးစမ်းမိနေလို့
ဆေးရုံမှာ သွားပြန်စစ်ကြည့်တော့
အခြေအနေက ချက်ချင်းခွဲစိတ်ဖို့ ဖြစ်လာခဲ့တယ်
အချိန်မှီ မခွဲစိတ်ရင် အမြစ်တွယ်ပြီး ကင်ဆာဖက်ကို ကူးရင် ကူးသွားနိုင်ပါတယ်တဲ့
ကြောက်စရာကြီးနော်🥹
ကံကောင်းသွားတာက ဆေးပညာဗဟုသုတ ရှိတာရယ် ငွေကြေးဖူလုံနေတာရယ်ကြောင့် အချိန်မှီ ကုနိုင်ခဲ့တာပါ
အမျိုးသမီးတွေ ရာသီသွေးနဲ့ ပါတ်သတ်ပြီး မပေါ့ဆကြပါနဲ့ ဂရုစိုက်ကြပါနော်
အမျိုးသမီး တော်တော်များများ ဖြစ်နေကြတာမို့လို့
ကိုယ်မဖြစ်နိုင်ဘူးလို့ မပြောနိုင်ပါဘူး
ဗဟုသုတ ရအောင်ရယ်
ဖြစ်လာခဲ့ရင် ဘယ်လိုရင်ဆိုင်ဖြေရှင်းမလဲဆိုတာ စဉ်းစားစေချင်လို့ပါ
ဆေးကုသစရိတ်တွေ ကြီးမြင့်နေလို့
ကျန်းမာရေးအာမခံကို ကြိုဆောင်ထားကြစေချင်ပါတယ်
ဖြစ်လာမှ ထားမယ်ဆိုရင် ဖြစ်ပြီးတဲ့ရောဂါအတွက်က လျော်ကြေးရမှာ မဟုတ်ပါဘူး
မဖြစ်ခင် ကြိုတင်ထားထားမှ အကာအကွယ်လျော်ကြေးက ရမှာမို့ စေတနာအရင်းခံနဲ့ စေ့ဆော် ပေးလိုက်ရပါတယ်ရှင်💁
ကျန်းမာပျော်ရွှင်သော အမျိုးသမီးလေးတွေ ဖြစ်ကြပါစေ🙏
KAY THWE MOE
Financial Advisor
Infinity Wealth Agency
IA(N)LI-12196
09795644162
21/09/2025
ကင်ဆာတဲ့
ဆရာမတစ်ယောက် ကင်ဆာနဲ့ဆုံးသွားလို့
ဒီနေ့ပဲ အသုဘပို့ ရှိခဲ့တယ်
ဆရာမ နောက်တစ်ယောက်ကလည်း
သွေးကင်ဆာ ဖြစ်နေလို့ သွေးသွင်းနေရတယ်တဲ့
သွေးတခါသွင်းရင်လည်း သိန်းဆယ်ချီကုန်တယ်တဲ့
မလွယ်ဘူးနော်
ရောဂါထဲမှာ ကင်ဆာဆိုတာက
ငွေအကုန်အကျများတဲ့ အပြင်
မိသားစုတွေလည်း ကောင်းကောင်းမနေရပါဘူး
ကင်ဆာဖြစ်ရင် ရှိတာတွေ ကုန်တဲ့အပြင်
အကြွေးတွေပါ ဝိုင်းသွားတယ် ဆိုတာမျိုး
ကြားဖူးကြပါလိမ့်မယ်
ဘယ်သူမှ မဖြစ်ချင်တဲ့ ကင်ဆာဟာ
(၅)ယောက်မှာ(၁)ယောက်နှုန်း ဖြစ်နေကြတာဆိုတော့
မိသားစုထဲ ဘယ်အချိန်မှာ ဘယ်သူဖြစ်မလဲဆိုတာ မတွေးရဲ စရာကြီးနော်
အစားအသောက် အနေအထိုင်ကို ဂရုစိုက်နေပြီး ကင်ဆာအတွက် သီးသန့် အာမခံအကာအကွယ်ကိုလည်း ယူထားကြပါလို့နော်
ဖြစ်မဖြစ် မသေချာပေမယ့်
ဖြစ်ဖို့ %အရမ်းများလို့ အကာအကွယ် ယူထားတာ လုံးဝ မမှားနိုင်ပါဘူးရှင်
ကင်ဆာအာမခံမှာ ပေးထားတဲ့လျော်ကြေးက
ပေးသွင်းငွေထက် အဆ အများကြီး ရတာမို့
အရမ်းတန်တဲ့ အာမခံအကာအကွယ် တစ်ခုပါ
ချစ်တဲ့မကေ❤️
KAY THWE MOE
Financial Advisor
☎️09795644162
#ကင်ဆာအာမခံ
20/09/2025
အသက်ကြီး လာတဲ့အခါ
ဘယ်လို ရှင်သန်မယ်လို့ တွေးထား ပါသလဲရှင်🔥🔥🔥
"အသက်ရှည်ရ ခြင်းထက်
နေရတဲ့ သက်တမ်းမှာ
ကျန်းကျန်းမာမာနဲ့
တပါးသူ ဝန်ကင်းတဲ့ ရှင်သန်ခြင်းနဲ့ နေချင်တယ်"
အဲ့လို နေဖို့အတွက်
ခုကတည်းက အာမခံနဲ့ ပြင်ဆင်ထားပါတယ်
ကိုယ့်ဝန်ကိုယ်ထမ်း ကိုယ့်စားရိတ် ဖူလုံအောင်
စုဆောင်းငွေပါတဲ့
💢အသက်အာမခံ ယူထားပါတယ်👍
အသက်ကြီးလာတဲ့အခါ စုဆောင်းငွေ ပြန်ထုတ်သုံးဖို့အတွက်ပါ
ကျန်းမာရေးကိစ္စ ပေါ်လာရင်
စုဆောင်းငွေထဲက မထုတ်သုံးရအောင်
💢ကျန်းမာရေးအာမခံ ယူထားပါတယ်👍
ဒါတင်ပဲလား ဆိုတော့
💢ပြင်းထန်ရောဂါ ဖြစ်လာခဲ့မယ် ဆိုရင်လည်း
ပူစရာ မလိုပါဘူး
အာမခံ ရှိထားပြီးသားပါ👍
အသက်ကြီး မသန်စွမ်း မလုပ်နိုင် မကိုင်နိုင်တော့မှ
ငွေကြေးအတွက် မပူပန်ချင်တော့ပါဘူး
ဘဝကို တရားဓမ္မနဲ့ အေးအေးလူလူပဲ
ဖြတ်သန်း ချင်ပါတော့တယ်
လုပ်နိုင်ကိုင်နိုင်တုန်း အရွယ်မှာ
ဘဝအတွက် Plan တွေ ချပြီး စီစဉ်စရာ ရှိတာ စီစဉ်ထားလိုက်ပါတယ်
နောင်ရေး အေးဖို့အတွက်ပါနော်🔥🔥🔥
သားသမီးကို မျှော်လင့်ပြီး
ဘာမှ မပြင်ဆင်ထားတာထက် စာရင်
ကိုယ့်အတွက်ကိုယ် အိုရေး နာရေး သေရေးအတွက် ကြိုပြင်ဆင် ထားတာ အကောင်းဆုံးပါပဲ💥💥💥
ငယ်ရွယ်ချိန် ပင်ပန်းတာက
ခံနိုင်ရည် ရှိပါတယ်
ဘဝနေဝင်ချိန် ရောက်မှ နောင်တတွေနဲ့
မရှင်သန်ချင်ပါဘူး
ဘာက အရေးကြီးတယ်
ဘာက အရေးမကြီးဘူး လဲ
ငွေကို ဘယ်လိုအချိန်
ဘယ်လို နေရာမျိုးမှာ
အကျိုးရှိရှိ အသုံးချမလဲ ဆိုတာ
ကိုယ့်ရဲ့စဉ်းစား ဆင်ခြင်ဉာဏ်နဲ့ပဲ ဆိုင်ပါတယ်ရှင်
ကျမ ဘယ်လိုတွေးပြီး ဘာတွေ လုပ်ထားဖြစ်သလဲ ဆိုတာလေးကို
မျှဝေ ပေးတာပါရှင့်
သဘောထားခြင်း တိုက်ဆိုင်ချင်မှ တိုက်ဆိုင်ပါလိမ့်မယ်
ကျမကတော့ နောင်ရေးအတွက် ပြင်ဆင်ရင်း
ခုကတည်းက စိတ်အေးချမ်းနေရပါပြီ ရှင်
ချစ်တဲ့မကေ❤️
19/09/2025
Bus Car တွေမှာ သင့်မာနနှင့် စည်းစိမ်ကို အိမ်မှာ ထားခဲ့ပါတဲ့
ကျမတို့ အလုပ်မှာလည်း မာနနှင့် စည်းစိမ်ကို
အိမ်မှာ ထားခဲ့ရပါတယ်
အာမခံ ရောင်းတဲ့အခါ လူတွေနဲ့ ပြောဆို ဆက်ဆံရပါတယ်
လူတွေ ဆိုမှတော့ မျိုးစုံ ကြုံရတာပေါ့ရှင်
ကျမတို့လည်း ဝါသနာ စေတနာ မေတ္တာတွေနဲ့ လုပ်ရပါတယ်နော်
(ဒါကြောင့် တချို့တွေက ရေရှည်ဆက်မလုပ်နိုင်ကြပါဘူး)
ကျမတို့က ဈေးသည်တော့ ဈေးသည်ပါပဲ
ဒါပေမဲ့ လုံးဝ မတူပါဘူး
ဈေးသည်က ရောင်းပြီး လှည့်ကြည့်စရာ မလိုပေမယ့်
ကျမတို့က ရောင်းပြီး ပိုဂရုစိုက်ရပါတယ်
ပိုကူညီ ပေးရပါတယ်
တချို့ Policy တွေဆို Approved ရဖို့အတွက် တော်တော်ကြိုးစားရပါတယ်
Claim တဲ့ အခါ ပိုပင်ပန်းတာပေါ့ရှင်
လူပင်ပန်း စိတ်ပင်ပန်းပေါ့
အာမခံထားဖို့ လုပ်နေရင်း ဟိုအကြောင်း ဒီအကြောင်းကြောင့် ပျက်သွားရင် အရမ်းနှမြောမိတယ်
ကိုယ်တာဝန် မကျေသလိုပဲ ခံစားရပါတယ်
အထူးသဖြင့် ကျန်းမာရေးအာမခံတွေမှာပေါ့
Customer က အာမခံမထားရလို့ ဘာမှမဖြစ်ဘူး ပျော်ပျော်ပဲ
(သူတို့နစ်နာသွားတာ သူတို့မှ မသိတာကိုး)
ကိုယ်တွေပဲ သူတို့အတွက် တာဝန်မကျေသလို လိုက်ခံစားမိနေတယ်
သူတို့က ကိုယ့်ကို ကော်မရှင်မရလို့ ခံစားရတယ် ထင်နေမှာပေါ့
လုံးဝကို မဟုတ်ရပါဘူး ရှင်
တခါတလေကျရင် ရတဲ့ကော်မရှင်ထက် ကိုယ့်ဖက်က ပိုကုန်ကျသွားတဲ့အခါလည်း ရှိပါတယ်
(ရှိလည်း အေးဆေးပါပဲ မမှုပါဘူးနော်)
ငွေရေးကြေးရေးထက် တန်ဖိုးထားရမယ့်အရာတွေ အရေးကြီးတာတွေ အများကြီးရှိတယ်လေ
သူတို့ တချိန်ကျရင် အာမခံအကာအကွယ်လေးနဲ့ အကူအညီရပြီး အဆင်ပြေပါစေ ဆိုတဲ့ စိတ်စေတနာနဲ့ လုပ်နေတာမို့လို့ ပီတိဖြစ်ရပါတယ်
အဆင်မပြေမှုတွေ ကြုံတဲ့အခါ ဖြစ်ဖြစ်
မာန ထိခိုက်သလို ခံစားရတဲ့အခါပဲ ဖြစ်ဖြစ်
အပြုံးမပျက်ပဲ ရှေ့ဆက်နေပါတယ်
ငွေကြေးကြောင့်ဆိုရင် တခြားနည်းတွေနဲ့ ငွေရှာလို့ ရနေတာပဲ လေ နော့
ဘာလို့ ဒီအလုပ်ကို ဆက်လုပ်နေတာလည်း
မေးလာရင် တော့
ဒီအလုပ်ကို ချစ်တယ်
ဂုဏ်ယူတယ်
လူတွေ အများကြီးကို အာမခံအကာအကွယ်နဲ့ ကူညီ ပေးချင်တယ်
ဒါပါပဲ ရှင်....
ချစ်တဲ့မကေ❤️
AIA ရဲ့ ရုံးခန်းကြီးက ရှယ်ပဲ
28/08/2025
ဟိုပိတ် ဒီပိတ် ပိတ်နေတော့ ဆေးတွေလည်း ဈေးတက်တယ်လို့ ကြားတယ်
တချို့ဆေးတွေဆို ဝယ်ရခက်တယ်တဲ့
စားဝတ်နေရေးက တစ်ပူအပြင်
ကျန်းမာရေးပါ မကောင်းဖြစ်လို့ကတော့
တကယ် မလွယ်ဘူးနော်
အိပ်ရေးဝအောင် အိပ်
အစားအသောက် အနေအထိုင် ဂရုစိုက်
ကျန်းမာအောင်သာ နေကြပါရှင်
တကယ်လို့များ ကျန်းမာရေးညံ့လာခဲ့ရင်
ဆေးကုသစရိတ်အတွက် မပူပင်ရလေအောင်
ကျန်းမာရေးအာမခံလေး ကြိုဆောင်ထားကြပါနော်
တစ်နေ့ (၁၀၀၀)ဖယ်ထားလိုက်ရုံနဲ့
ဆေးကုသစရိတ်အတွက် အပူအပင်လျော့သွားပါတယ်ရှင့်
တစ်နေ့ (၁၀၀၀)ဆိုတာ ကလေးမုန့်ဖိုးပေးသလောက်တောင် မရှိတာမို့
လူတိုင်း ထားနိုင်တဲ့ ငွေပမာဏလေးပါရှင်
ရောဂါတွေက ပေါ
မတော်တဆ ထိခိုက်မှုတွေက များ နဲ့နော်
ဆေးကုသစရိတ်အတွက် ရှိတာ ထုတ်ရောင်း လိုက်ချေးဌား ပေါင်နှံ မနေချင်ရင်
နေကောင်း ကျန်းမာနေချိန်မှာ
သတိလက်လွတ် မနေပဲ
ကျန်းမာရေးအာမခံကို အမြန်သာ
ယူထားလိုက်ပါရှင်
ကူညီဆောင်ရွက်ပေးဖို့ အသင့်ရှိပါတယ်ရှင့်📱
KAY THWE MOE
Financial Advisor
AIA Myanmar Insurance
📱09795644162
#အာမခံ
#အာမခံအကြံပေး
#ကျန်းမာရေးအာမခံလေးဆောင်ထား
Click here to claim your Sponsored Listing.
Website
Address
Yangon Mawlamyine Main Road
Thaton
12041