Pyi Taw Tha Restaurant
20/09/2021
ဖြစ်ဖူးကြလားဟေ့ 🤪
🔥 Jägermeister + Red Bull = Jägerbomb 🔥
13/09/2021
💁♂️ အရက်သောက်တာ ကောင်းလားဆိုတော့ မကောင်းဘူးဗျ . . .
ဒါပေမဲ့ တစ်ခွက်၊ နှစ်ခွက်လောက်၀င်သွားရင် ကျနော့်ကိုယ်ကျနော် (၇/၈)နှစ်လောက်ပိုငယ်သွားသလိုခံစားရတယ်ဗျ ...
သုံးခွက်၊ လေးခွက်လောက်၀င်သွားရင်တော့ ကျနော်လူသစ်၊ စိတ်သစ်ဖြစ်သွားသလိုပဲ . . .
အယ် . . . ငါးခွက်၊ ခြောက်ခွက်လောက် ၀င်သွားပြီဆိုရင်တော့ ကျနော်ဟာ ကလေးငယ်လေးတစ်ယောက်လိုဖြစ်သွားတယ်လို့ ခံစားရတယ်ဗျာ . . .
ဘာလို့လဲဆိုတော့ အိမ်ပြန်ရောက်တာနဲ့ ကျနော်၀မ်းလျားထိုးပြီးသွားရလို့လေ 😁😁😁
ခင်ဗျားတို့ကော ဘယ်လိုခံစားရလဲ❓😂
29/08/2021
🌵 Tequila (သို့မဟုတ်) မက္ကဆီကိုဘီအီး
Tequila အရက်ဟာ မက္ကဆီကိုမှာအပေါက်များတဲ့ Agave လို့ခေါ်တဲ့ အပင်တစ်မျိုးကနေ ပေါင်းခံချက်လုပ်ထားတဲ့ ယမကာတစ်မျိုးဖြစ်ပါတယ်။
၁၆ရာစုကတည်းက ရိုးရာအတိုင်းချက်လုပ်ကြပြီး အရောင်မှာ ကြည်လင်တောက်ပတဲ့အညိုရောင် (သို့မဟုတ်) ရွှေဝါရောင်ဖျော့ဖျော့ ရှိကြပါတယ်။
အရသာရနံ့မှာ ချိုတဲ့ သစ်သီးရနံ့နဲ့ မြေဆွေးနံ့သင်းသင်းလေး ရှိတတ်ပါတယ်။
🎯 Alcohol ပမာဏ 38% ကနေ 55% အထိ ရှိတတ်တဲ့ အရက်အမျိုးအစားဖြစ်ပေမယ့် စနစ်တကျ သောက်သုံးမှီဝဲပါက ကျန်းမာရေးအတွက် ကောင်းကျိုးများစွာ ရှိစေပါတယ်။
✅ အရိုးသန်မာစေခြင်း - Tequila ချက်တဲ့ Agave အပင်တွေမှာ ပါတဲ့ဓာတ်တစ်မျိုးဟာ Calcium နဲ့ Magnesium တို့ကို ပိုမိုစုပ်ယူအားကောင်းစေပြီး အရိုးကိုပိုသန်မာစေပါတယ်။
✅ ဝိတ်ကျစေခြင်း - Agave အပင်မှာပါတဲ့ သကြားဓာတ်ဟာ လူကိုပြည့်ဝသလိုဖြစ်စေကာ အစာစားချင်စိတ်ကိုလျော့နည်းစေပါတယ်။
✅ နှစ်ခြိုက်စွာအိပ်ပျော်စေခြင်း - Tequila ပမာဏအနည်းငယ်ဟာ အာရုံကြောများကို ငြိမ်သက်စေပြီး ခန္ဒာကိုယ် သက်တောင့်သက်သာဖြစ်စေကာ နှစ်ခြိုက်စွာအိပ်ပျော်စေပါတယ်။
✅ ခန္ဒာကိုယ်ခုခံအားစနစ်ပိုမိုကောင်းမွန်စေခြင်း - Tequila ဟာ ခန္ဒာကိုယ်ခုခံအားကို ပိုအားကောင်းစေတဲ့ Probiotics တွေကို ထောက်ပံ့ပေးပါတယ်။
✅ နာကျင်ကိုက်ခဲမှုများကိုလျော့ပါးစေခြင်း - Tequila သောက်လိုက်တဲ့အခါ ခန္ဒာကိုယ်ရှိသွေးကြောများကျယ်သွားပြီး သွေးစီးဆင်းမှုပိုမိုကောင်းမွန်စေသောကြောင့် နာကျင်ကိုက်ခဲမှုများကိုလျော့ပါးစေပါတယ်။
💡 Tequila သောက်နည်းအညွှန်း...
Tequila ကို အများအားဖြင့် ဘာနဲ့မှမရောပဲ Shooter အနေနဲ့ သောက်ကျပါတယ်။
shooter ခွက်သေးသေးလေးကို ခွက်ကနဲ မော့ချပြီး ရင်ထဲပူဆင်းသွားတဲ့ feel ကို ခံစားရင်း သံပုရာသီးစိပ်ကို ဆားနဲ့တို့ အမြည်းလုပ်ကာ သောက်သုံးကြလေ့ရှိပါတယ်။
Shooter မကြိုက်တဲ့သူတွေအတွက် လိမ္မော်ရည် သံပုရာရည် စတဲ့ အချိုရည်တွေနဲ့ရောစပ်ပြီး Cocktail အနေနဲ့လည်း သောက်သုံးလို့ရပါတယ်။
18/08/2021
📌 Whisky ဆိုတာဘာလဲ❓
ဒီမေးခွန်းက သိသလိုလိုနဲ့ ဖြေရခက်ပါတယ်။
အရက်ပေါ့လို့ လွယ်လွယ်ဖြေလို့လည်း မရပါဘူး။ Vodka လည်းအရက်ပါပဲ။ ဝိုင်လည်း အရက်ပါပဲ။ နောက်ဆုံး ထန်းရည်လည်း အရက်ပါပဲ။
အဲ့တော့ Whisky ဆိုတာဘာလဲကိုတော့ သိထားစေချင်ပါတယ်။
🥃 Whisky ဆိုတာ "Aged Grain Alcohol" ပါ။
အဲ့စကားလုံးတစ်ခုစီကို ရှင်းပြပါမယ်။
📌 Aged ဆိုတဲ့နေရာမှာ ၂ ချက်ရှိပါတယ်။
1️⃣ ဘယ်လောက်သက်တမ်းလဲ?
2️⃣ ဘယ်လိုထားထားရမလဲ? ဆိုလိုတာပါ။
အရက်ချက်ရုံ တစ်ခုနဲ့တစ်ခုတော့ တူမှာမဟုတ်ပါဘူး။ ဒါပေမယ့် Whisky လို့ခေါ်ချင်ရင် Aged မှာ အနည်းဆုံးပြည့်စုံရမည့် အချက်တွေရှိပါတယ်။ နိုင်ငံတစ်ခုနဲ့တစ်ခု law for age လည်းမတူပါဘူး။
ဘယ်လောက်သက်တမ်းဆိုတဲ့နေရာမှာ US ဆို အနည်းဆုံး 4 years ပါ။ ဒီနေ့ aging လုပ်၊ မနက်ဖြန် Whisky လို့တန်းခေါ်လို့မရပါဘူး။ Scotch ဆိုရင် အနည်းဆုံး 3 years ပါ။ တခြားနိုင်ငံအလိုက် မတူကြပေမယ့် အများစုကတော့ 3 years ပါ။
ဘယ်လိုထားထားရမယ်ဆိုတဲ့နေရာမှာလဲ နိုင်ငံအလိုက်မတူပါဘူး။
ဥပမာ - Scotland မှာဆိုရင် aging လုပ်ရင် Used barrel နဲ့ပဲလုပ်လို့ရပါတယ်။ New barrel ကိုမသုံးရပါဘူး။ (Barrel ဆိုတာ စည်ကိုပြောချင်တာပါ။ Aging လုပ်ဖို့ ထည့်ပြီးသိမ်းထားရတဲ့ စည်တွေပါ။)
"Aged Grain Alcohol" မှာ Aged အကြောင်းပြီးပြီဆိုတော့ Grain အကြောင်းပြောပါမယ်။
📌 Grain ဆိုတာကတော့ Whisky ချက်လုပ်ရာမှာ Grain ကိုပဲ သုံးရမယ်လို့ ပြောချင်တာပါ။ ဥပမာ - စပျစ်ဝိုင်ဆို စပျစ်သီးနဲ့ လုပ်ရပါမယ်။ အဲ့လိုပဲ whisky ဆိုရင် Grain နဲ့ပဲလုပ်ရပါမယ်။
(Grain ဆိုတာ မြန်မာလိုဆို အစေ့အဆန်လို့ပဲ ပြောရမယ်ထင်ပါတယ်။)
Grain မှာလည်း 2 ချက်ရှိပါတယ်။
1️⃣ ဘာ Grain အမျိုးအစားလဲ?
2️⃣ ဘယ်ဒေသက Grain လဲ? ဆိုလိုတာပါ။
Traditionally အရဆိုရင် Whisky အားလုံးနီးပါးကို Grain အမျိုးအစား 4 ခုကနေပဲ လုပ်ရပါမယ်။
(1) Corn
(2) Barley
(3) Rye
(4) Wheat ပါ။
သုံးလိုက်တဲ့ Grain အမျိုးအစားပေါ်မူတည်ပြီးလည်း Whisky ရဲ့ name ကကွာသွားမှာဖြစ်သလို နေရာဒေသကြောင့်လည်း ကွာသွားမှာပါ။
ဥပမာ - Scotch Whisky ဆို Scotland ပဲဖြစ်ရပါမယ်။
အဲ့တော့ ပြန်ချုပ်ရရင် Whisky ဆိုတာ "Aged Grain Alcohol" ပါ။
နိုင်ငံအလိုက် law တွေမတူပေမယ့်လည်း အကြမ်းဖျင်းအရဆိုရင်တော့....
🥃 “Whisky ဆိုတာ Grain အမျိုးအစား 4 မျိုး (Corn, Barley, Rye, Wheat) ကနေ လုပ်ထားတဲ့၊ အနည်းဆုံး 3 နှစ် / 4 နှစ် သက်တမ်းရှိတဲ့ ယမကာ” ပါ။
Click here to claim your Sponsored Listing.
Category
Telephone
Website
Address
Thaton
12041