Synergy Youth Development

Synergy Youth Development

Share

25/01/2023

မေး ။ ။ Technical Vocational Education and Training (TVET) ဆိုတာ ဘာကိုပြောတာလဲ။

ဖြေ။ ။ အသက်မွေးဝမ်းကျောင်း ပညာရေး - နည်းပညာ လို ဘာသာပြန်ရမယ်လို ထင်ပါတယ် ..ရှေးလူကြီးတွေပြောတဲ့ ထမင်းစားလက်မှတ် တစ်ခုခု ယူထားသင့်တဲ့ဆိုတာ အဲဒီလိုသင်တန်းတွေကို တက်ရောက်လေ့လာခိုင်းတာ ဖြစ်ပါတယ်။

မေး။ ။ တက္ကသိုလ် ပညာရေး နှင့် TVET ဘာကွဲပါသလဲ။

ဖြေ။ ။ တက္ကသိုလ် ပညာရေးက (Academic) လိုခေါ်တဲ့ ပညာရေးဖြစ်ပြီး သုတသန နှင့် ဖွံ့ဖြိုးရေး လုပ်ငန်းတွေ စဉ်ဆက်မပြတ် လုပ်ကိုင်နေပြီး တွေ့ရှိမူကို ပညာရေး အသိုင်းအဝန်း - လူမူအသိုင်းအဝန်းထဲ ပြန်လည်ဝေမျှရတဲ့ လုပ်ငန်းတွေလုပ်ကိုင် ရပါတယ်။ (အကြမ်းဖျင်းအားဖြင့်)

TVET လိုခေါ်တဲ့ အသက်မွေးဝမ်းကျောင်း ပညာရေး - နည်းပညာဆိုတာကတော့ ရိုးရိုးလေးပဲ စတွေးရရင် လူမူအဖွဲ့အစည်းမှာ အိမ်အသေးလေး တစ်လုံးဆောက်ဖို့ဆိုရင် သစ်အကြောင်း နားလည်တဲ့ လက်သမားလိုအပ်မယ်၊ အုတ်စီဖို့ ပန်းရံသမားလိုအပ်မယ် ၊မီးဆင်ဖို့ မီးသမားလိုအပ်ပါမယ်၊ သံပါရင် သံဝရိန် ပြုလုပ်ဖို့ ဝရိန်သမား လိုအပ်ပါမယ်၊ ရေပိုက်သွယ်ဖို့ - ရေတွင်းတူးဖို့ ပိုက်သမား နှင့် ရေတွင်းတူးတဲ့ အဖွဲ့တွေ လိုအပ်ပါမယ်။ အဲဒီလို ပညာတွေကို မြန်မာနိုင်ငံလို အခြေခံ နှင့် အဆင့်မြင့် ပညာရေးတွေမှာ သင်ကြားမူ မရှိပါဘူး - ရှိခဲ့လျှင်လည်း ကျွမ်းကျင်မူရှိအောင် မသင်ပေးနိုင်ပါဘူး (ငွေကြေး အတော် ကုန်ကျလိုပါ။) TVET လို့ပြောရင် အဲဒီ ခေါင်းစဉ်အောက်မှာ ဘာသာရပ်များစွာ ရှိပါတယ်။

အထက်ဖော်ပြပါ အလုပ်တွေက နေ့စဉ်မိမိတို့ အနီးအနားမှာ ပြုလုပ်နေတာ တွေ့ရပါလိမ့်မယ်….နေ့စဉ် အဲဒီလို အလုပ်တွေရှိတဲ့ အတွက် အဲဒီလုပ်ငန်းတွေထဲက လူတွေက ပုံမှန်ဝင်ငွေရှိပါတယ်။ အဲဒီလို ဘာသာရပ်တွေထဲက တစ်ခုခုတတ်ထားရင် အဲဒါက ရှေးလူကြီးတွေ ပြောတဲ့ ထမင်းစားလက်မှတ် တစ်ခုပါပဲ။ ဒါကြောင့်မို့ ပြည်ပမှာ လူငယ်တိုင်းဘွဲ့ယူဖို့ တက္ကသိုလ်မသွားတက်ကြပါဘူး Vocational School ပြီးတာနဲ့ လုပ်ငန်းခွင်ထဲ မြန်မြန်ဝင်ရောက်ပြီး ဝင်ငွေရှာပြီး ကိုယ်ဝါသနာပါတာကို လုပ်ကိုင်ကြတာဖြစ်ပါတယ်။

မေး။ ။ ဒါဆိုရင် အဲဒီလို သင်တန်းငွေက တတ်ရောက်လို ရရဲ့လား - လက်ငန်းခွင်ထဲမှာပဲ လေ့လာလိုရလား။

ဖြေ။ ။ ပွဲမဝင်ခင် ပြင်ပ လေ့ကျင့် ဆိုသလို ဘာသာရပ်တိုင်းကို လေ့လာတက်ရောက်လိုရပါတယ်။ ဉပမာဆိုရင် - လက်သမားသမားသုံး ပစ္စည်းတွေ အခေါ်အဝေါ်တွေ (Hand Tools) ကြိုတင်သိရှိနိုင်ပြီး - ကုန်ပစ္စည်းတွေရဲ့ (Materials Knowledge) အကြောင်းတွေ ကြိုတင့် သိရှိသွားနိုင်ပါတယ်။ ဒါ့အပြင် လုပ်ငန်းလုပ်ကိုင်ရာမှာ အရေးကြီးတဲ့ personal safety , working techniques (theory) တွေကို သိရှိသွားမှာပါ။ နောက်တစ်ခုက သင်တန်းတွေမှာ နည်းစနစ်ကျကျ လက်တွေ့ လက်ဆောင်ခဲ့ရသူတွေက လုပ်ငန်းခွင်ထဲ ရောက်သွားရင် စာတွေ့ - လက်တွေ့ လေ့လာထားတဲ့သူများဖြစ်လို အလုပ်လုပ်ကိုင်တဲ့ နေရာမှာ တစ်ခြားလူထက် ရှေ့ရောက်ပြီး လုပ်ငန်းများကို ဦးဆောင်ဆောက်ရွက်နိုင်မှာ ဖြစ်ပါတယ်။

မေး ။ ။ ဒါဆိုရင် အခု အသက်မွေးဝမ်းကြောင်း သင်တန်း ဘယ်လို ဘာသာရပ် တွေဖွင့်လှစ်ဖို့ ရှိပါသလဲ။

ဖြေ။ ။ အခုဆိုရင် Synergy Youth Development Group (SYDG) မှာ Metal Arc – Basic Welding Training - လျှပ်စစ် အသုံးပြုပြီး ဝရိန်ပြုလုပ်ရသော သင်တန်း ဒုတိယ အပတ်စဉ်ကို ဖွင့်လှစ်ဖို့ ရှိပါတယ်။ သင်တန်းကို (၂၀) ရက်နေ့ ဖေဖော်ဝါရီ (၂၀၂၂) မှာ ဖွင့်လှစ်မည် ဖြစ်ပြီး သင်တန်းသား အယောက် (၂၀) သာ တက်ရောက်လိုရမည် ဖြစ်ပါတယ်။

အသေးစိတ်ကို အောက်ဖော်ပြပါ ဖုန်းနံပါတ်များ နှင့် လိပ်စာမှာ ဆက်သွယ်မေးမြန်း စုံစမ်းလို ရပါတယ်။
သင်တန်း နေရာ - အမှတ် (၁)၊ သုခလမ်း ၊ အမူထမ်း ရပ်ကွက်၊ အောင်ချမ်းသာ၊ သန်လျင်မြို့
ဖုန်း - ၀၉ ၄၂၃၇ ၄၁၇ ၂၂, ၀၉ ၇၉၅ ၁၁၅ ၂၉၆,
Email – [email protected], [email protected]

10/11/2022

Synergy Youth Development သည် လူငယ်များ အလုပ်အကိုင် ရရှိရေး နှင့် ဖွံ့ဖြိုးတိုးတက်ရေး အတွက် အသက်မွေးကြောင်း နည်းပညာ သင်တန်းများကို စီစဥ်ပြုလုပ်ပေးနေသော အဖွဲ့အစည်းဖြစ်ပါသည်။

Vocational Training သင်တန်းများကို စိတ်ဝင်စားပါက လာရောက်လေ့လာနိုင်ပါသည်။

Photos from Synergy Youth Development 's post 08/11/2022

Metal Arc Training ၏ First Week Training Activities တွေပါ...စိတ်ဝင်စားသူများ...လာရောက်လေ့လာလိုရပါတယ်....

18/10/2022

ယောင်္ကျားလေး‌တွေ အမေရိကရောက်လို့
ဘာလုပ်စားရမလဲ စဉ်းစားနေလား ?

ဘာမှ မစဉ်းစားနဲ့ လက်သမားအလုပ်ကို
ကျွမ်းကျင်အောင်သာ သင်လာခဲ့

ပိုက်ပြင် ပိုက်ဆက် သင်လာခဲ့

သံချည် သံကွေး သင်လာခဲ့

လျှပ်စစ် သွယ်တန်း ပြုပြင် သင်လာခဲ့

Air conditioning system ပြင်တက်အောင်
သင်လာခဲ့ certificate ယူခဲ့

အိမ်ဆောက် အိမ်ပြင် အိမ်ဆေးသုတ်
handyman အလုပ် သိပ်အသုံး၀င်သည်

Construction အပိုင်းသိပ်အသုံး၀င်သည်

ကားပြင်တဲ့အလုပ် အရမ်းကိုအဆင်ပြေတယ်
နေရာတကာအလုပ်ရစေမယ် လို့ အာမခံတယ်

လုပ်ငန်း Certificate တွေများများယူခဲ့ပါ

ကျွှမ်းကျင်အဆင့်တွေကို ပြောတာနော်
ဟိုရောင်ရောင် ဒီရောင်ဒီရောင်တော့
အဆင်မပြေ‌နိုင်ဘူးနော် တတ်အောင်သင်လာ

၀င်‌ငွေကတော့ သိပ်ကောင်းတယ်

ဘာလိုသေးလဲ ဖြည့်သွား
ကဲဘာသိချင်သေးလဲ ပြောသွား ?

ကိုလင်း USA ရေးသားသည်

02/10/2022

မကြာခင် သန်လျင်မြို့နယ် မှ လူငယ်များ အတွက် သက်မွေး နည်းပညာ သင်တန်းများကို အခမဲ့ သင်ကြားပေးပါတော့မည်။

ဤ စာမျက်နှာလေးကို Like and Following လုပ်ထားပေးကြပါအုံး....

Want your organization to be the top-listed Non Profit Organization in Thanlyin?
Click here to claim your Sponsored Listing.

Telephone

Website

Address


Thanlyin