Straight Forward Language Academy
20/01/2026
အလုပ်အင်တာဗျူးမှာ ကိုယ်မသိတဲ့ မေးခွန်းတစ်ခု မေးခံရတဲ့အခါ "I don't know" (ကျွန်တော် မသိဘူး) လို့ တုံးတိကြီး ပြောလိုက်ရင် ကိုယ့်ရဲ့ အရည်အချင်းကို အားနည်းစေသလို ဖြစ်သွားနိုင်ပါတယ်။ အဲ့ဒီအစား အခုလို ယဉ်ယဉ်ကျေးကျေးနဲ့ ပညာသားပါပါ တုံ့ပြန်လို့ ရပါတယ်ဗျာ ✔️
အခြေအနေအလိုက် သုံးလို့ရမယ့် နည်းလမ်းလေးတွေကို ခွဲပြီး ရေးပေးလိုက်ပါတယ်နော်
၁။ အဖြေကို ရှာပေးနိုင်ကြောင်း ပြောချင်ရင် ✨
I don’t have that information right now, but I can find out and get back to you.
(အခုလောလောဆယ် အဖြေမရှိသေးပေမဲ့၊ ကျွန်တော် ရှာဖွေပြီး ပြန်ပြောပေးပါ့မယ်။)
၂။ လေ့လာသင်ယူဖို့ အသင့်ပဲလို့ ပြောချင်ရင် ✨
I haven't worked with that yet, but I'm very eager to learn it.
(အဲ့ဒါနဲ့ ပတ်သက်ပြီး အတွေ့အကြုံ မရှိသေးပေမဲ့၊ သင်ယူဖို့ အရမ်းစိတ်အားထက်သန်ပါတယ်ခင်ဗျ။)
အတိုကောက် မှတ်ထားဖို့ 💡
That’s a great question, let me think for a moment.
(မေးခွန်းကောင်းလေးပါ၊ ခဏလောက် စဉ်းစားပါရစေ။)
I’m not familiar with that, but I’m a quick learner.
(ဒါကို အကျွမ်းတဝင် မရှိပေမဲ့၊ ကျွန်တော်က သင်ယူတာ မြန်ပါတယ်။)
ဒါဆို တိုတိုနဲ့လိုရင်းရောက်မယ့် စကားလုံးအသစ်လေးတွေကို သိသွားပြီဆိုတော့ လက်တွေ့ကျင့်သုံး ကြည့်လိုက်ရအောင်နော် 👐
💡သင်တန်းစုံစမ်းရန် -
📍 Location – SFL, Tamwe, Yangon
📞 Contact – 09 794 035 213 / 09 771 230 569
#မြန်မာလူငယ်တိုင်းအင်္ဂလိပ်စကားပြောတတ်ရမည်
06/01/2026
ယနေ့ခေတ်မှာ အင်္ဂလိပ်စာဆိုတာ ဘာသာစကားတစ်ခုထက်ပိုပြီး Global Key လို့ တင်စားလို့ရပါတယ်။ အင်္ဂလိပ်စာ ကျွမ်းကျင်ခြင်းက သင့်ရှေ့က ပိတ်နေတဲ့ တံခါးတွေကို ဘယ်လိုတွန်းဖွင့်ပေးမလဲဆိုတာ အချက် (၄) ချက်နဲ့ ဝေမျှပေးချင်ပါတယ်နော် 💁
၁။ အကန့်အသတ်မဲ့ ဗဟုသုတများဆီသို့ (The Gateway to Information) 💡
အင်တာနက်ပေါ်မှာရှိတဲ့ အချက်အလက် ၅၀% ကျော်ဟာ အင်္ဂလိပ်လို ဖြစ်ပါတယ်။
• ကမ္ဘာကျော် တက္ကသိုလ်တွေရဲ့ Free သင်တန်းတွေ တက်မလား?
• နောက်ဆုံးပေါ် နည်းပညာ သတင်းတွေကို ဖတ်မလား?
• မိမိနှစ်သက်တဲ့ ဘာသာရပ်ကို သုတေသန လုပ်မလား?
အင်္ဂလိပ်စာ တတ်ထားရင် ဘယ်သူ့ဘာသာပြန်ကိုမှ စောင့်နေစရာမလိုဘဲ iInformation Source ကို တိုက်ရိုက် လက်လှမ်းမီသွားမှာ ဖြစ်ပါတယ်နော် 👍
၂။ အဆင့်မြင့် အလုပ်အကိုင်နှင့် ဝင်ငွေ (High-Paying Career Path) 💼
မြန်မာနိုင်ငံမှာတင်မဟုတ်ဘဲ နိုင်ငံတကာ လုပ်ငန်းခွင်တွေမှာ အင်္ဂလိပ်စာက standard တစ်ခု ဖြစ်လာပါပြီ။
✔️ နိုင်ငံတကာ ကုမ္ပဏီကြီးတွေ (MNCs) မှာ အလုပ်ရဖို့။
✔️ Remote Job လုပ်ပြီး ဒေါ်လာနဲ့ ဝင်ငွေရှာဖို့။
✔️ လုပ်ငန်းခွင်မှာ ဆက်သွယ်ပြောဆိုမှု (Communication) ကောင်းမွန်လို့ ရာထူးတိုး မြန်ဆန်ဖို့။
ဒီအချက်တွေအားလုံးအတွက် အင်္ဂလိပ်စာက အဓိက လိုအပ်ချက်ပဲဖြစ်ပါတယ်နော် 🥳
၃။ နိုင်ငံတကာ ပညာသင်ဆုများ (Scholarship Opportunities) 🏆
ကိုယ့်ရဲ့ ပညာရေးကို အဆင့်မြှင့်တင်ဖို့ Fully Funded Scholarships တွေ လျှောက်တော့မယ်ဆိုရင် IELTS သို့မဟုတ် TOEFL ကဲ့သို့ အင်္ဂလိပ်စာ အရည်အချင်းစစ်လက်မှတ်က ပထမဆုံး လိုအပ်တဲ့ လက်မှတ်ပါ။ အင်္ဂလိပ်စာ တတ်ထားရင် ကမ္ဘာ့အဆင့်မီ ပညာရေးကို အခမဲ့ သင်ယူခွင့်ရဖို့ လမ်းစ ပွင့်သွားပါပြီ။
၄။ ယုံကြည်မှုနှင့် Networking (Confidence & Connection) 💪
ဘာသာစကားတစ်ခုကို ကျွမ်းကျင်တာက သင့်ရဲ့ Self-confidence ကို အများကြီး တိုးတက်စေပါတယ်။
🔸နိုင်ငံခြားသားတွေနဲ့ အားမနာတမ်း စကားပြောနိုင်ခြင်း။
🔸နိုင်ငံတကာက ကျွမ်းကျင်ပညာရှင်တွေနဲ့ မိတ်ဆွေဖွဲ့နိုင်ခြင်း (Networking)
ဒီလို လူမှုနယ်ပယ် ကျယ်ပြန့်လာတာနဲ့အမျှ သင့်ဆီကို အခွင့်အလမ်းသစ်တွေ အလိုလို ရောက်လာပါလိမ့်မယ်နော်
အင်္ဂလိပ်စာဟာ လေ့လာရတာ အချိန်ပေးရပေမယ့် တစ်သက်စာအတွက် ပြန်ရမယ့် ရင်းနှီးမြှုပ်နှံမှု ကတော့ တန်ဖိုးဖြတ်လို့ မရပါဘူးနော် 👍
💡သင်တန်းစုံစမ်းရန် -
📍 Location – SFL, Tamwe, Yangon
📞 Contact – 09 794 035 213 / 09 771 230 569
#မြန်မာလူငယ်တိုင်းအင်္ဂလိပ်စကားပြောတတ်ရမည်
25/12/2025
နှစ်သစ်မှာ စိတ်သစ်လူသစ်နဲ့ ကြိုးစားချင်တဲ့ လူငယ်တွေအတွက် လာမဲ့ 𝗝𝗮𝗻𝘂𝗮𝗿𝘆 လမှာ ကြိုက်နှစ်သက်ရာ Classတွေကိုတက်ရောက်နိုင်ဖို့ SFL ကနေပြီး ဖွင့်လှစ်ပေးလိုက်ပါပြီနော် 🙆
သင်ကြားနိုင်တဲ့ တန်းခွဲတွေကတော့
• Foundation class
• Elementary class
•Pre-intermediate class
• Intermediate class
• Business English Class
• One On One Special Class
• အုပ်စုဖွဲ့သင်ကြားမှု Group Class စတဲ့ လစဉ်တန်းခွဲများကို တက်ရောက်နိုင်ပါပြီ 📝
📍ဒါ့အပြင် အခြေခံအနည်းအငယ်ရှိပြီး Level up လုပ်ချင်သူများအတွက် Daily Use Conversation တွေအပြင် Reading, Writing, Listening, Speaking တွေကိုပါ လေ့လာခွင့်ရပြီး effective ဖြစ်စေမည့် အတန်းလေးတွေလဲပါဝင်ပါတယ်နော်👏🏻
❗ဘယ်လိုလူတွေတက်ရောက်သင့်လဲ?
◾လုပ်ငန်းခွင်အတွက် English စာလိုအပ်နေသူများ
◾နိုင်ငံခြားတွင် ပညာဆက်လက်သင်ယူမည့်သူများ
◾Global Language ဖြစ်တဲ့ English Language ကို Level Upgrade လုပ်ချင်သူများ
◾အချိန်ညှိလို့ရတဲ့အတွက်ကြောင့် အလုပ်တစ်ဖက်နဲ့ အချိန်မပေးနိုင်သူများ
◾အခြေခံကနေစတင်လေ့လာလိုသူများ
◾English လိုပြောဖို့ရှက်နေသူများအတွက် Best Choice ဖြစ်စေမှာပါ။
⏳Time – Flexible
📍Location – Tamwe, Yangon.
☎️Contact – 09 794 035 213 / 09 771 230 569
📩စိတ်ဝင်စားတဲ့သူလေးတွေက စာရင်းပေးသွင်းဖို့ Page Messenger ကိုအခုပဲ လှမ်းလာလိုက်တော့နော်😍
#မြန်မာလူငယ်တိုင်းအင်္ဂလိပ်စကားပြောတတ်ရမည်
Click here to claim your Sponsored Listing.
Category
Website
Address
No. 28. . 166 Street. Tamwe Township. Yangon
Thanlyin
Q66X+Q6THANLYIN