Open Learning Taunggyi

Open Learning Taunggyi

Share

19/06/2026

ဘယ်မှာမှ မရနိုင်တဲ့ အထူးအခွင့်အရေး! 📢

စီးပွားရေးအ‌ခြေခံကောင်းများကို နားလည်ပြီး စနစ်တကျ စီမံခန့်ခွဲမှုအတတ်ပညာကို ရယူလိုပါသလား? 🤔

လုပ်ငန်းတစ်ခုကို စနစ်တကျ စီမံခန့်ခွဲတတ်ဖို့ဆိုတာ ဝါသနာတစ်ခုတည်းနဲ့မရပါဘူး။ ခိုင်မာတဲ့ Fundamental Knowledge (အခြေခံအုတ်မြစ်) ရှိဖို့ လိုအပ်ပါတယ်။ ဒါကြောင့် Open Learning Taunggyi (OLT) ကနေ ၅ နှစ်တာအတွင်း သင်တန်းသားပေါင်း (၃၀၀၀) ကျော်ကို မွေးထုတ်ပေးခဲ့တဲ့ အတွေ့အကြုံတွေနဲ့အတူ...

အခုတစ်ခါမှာတော့ "Business Management" (3 Months Intensive Course)သင်တန်းကို အထူးဖွင့်လှစ်လိုက်ပြီဖြစ်ကြောင်း သတင်းကောင်းပါးပါရစေ။ 🎓✨

📚 ဒီသင်တန်းမှာ ဘာတွေလေ့လာရမလဲ?
(၃) လတာ ကာလအတွင်းမှာ စီးပွားရေးလောကရဲ့ မရှိမဖြစ် ဒေါက်တိုင် (၄) ခုကို အခြေခံကစပြီး အသေးစိတ် လေ့လာခွင့်ရမှာပါ -

✅ Operations Management (လုပ်ငန်းလည်ပတ်မှု စနစ်တကျရှိစေဖို့)

✅ Human Resources (HR) (လူ့စွမ်းအားအရင်းအမြစ်ကို ထိရောက်စွာ စီမံဖို့)

✅ Marketing (ဈေးကွက်ကို ထိုးဖောက်အောင်မြင်ဖို့)

✅ Finance (ငွေကြေးစီးဆင်းမှုကို ကျွမ်းကျင်စွာ ကိုင်တွယ်ဖို့)

🔥 ဘာကြောင့် ဒီသင်တန်းကို မဖြစ်မနေ တက်သင့်တာလဲ?
💰 ပညာဒါန အထူးအခွင့်အရေး: ပုံမှန်သင်တန်းကြေး (၄) သိန်းကျပ်ရှိတဲ့ ဒီသင်တန်းကို OLT ရဲ့ ထုံးစံအတိုင်း ပညာဒါနအဖြစ် သင်တန်းကြေး (၅၀,၀၀၀) ကျပ်တည်း နဲ့ တက်ရောက်ခွင့်ရမှာပါ။

📅 Weekend Class: အလုပ်မအားသူတွေ၊ ကျောင်းတက်နေသူတွေအတွက် အဆင်ပြေဆုံးဖြစ်မယ့် စနေ၊ တနင်္ဂနွေ ညနေခင်းအချိန်တွေမှာပဲ သင်ကြားပေးမှာပါ။

🗓 သင်တန်းအသေးစိတ် အချက်အလက်များ
🗓 သင်တန်းစတင်မည့်ရက်: June ၂၇ ရက်၊ ၂၀၂၆ (စနေနေ့)

⏰ သင်တန်းအချိန်: အပတ်စဉ် (စနေ၊ တနင်္ဂနွေ) | ညနေ ၅:၀၀ - ၆:၃၀ ထိ

⏳ သင်တန်းကာလ: (၃) လတာ Intensive Course

📍 နေရာ: အမှတ် ၂၃၆, ရွှေနီလာလမ်း၊ ရေအေးကွင်း၊ တောင်ကြီးမြို့။ 09 5212845

💡 "ရင်းနှီးမြှုပ်နှံမှုတွေထဲမှာ မိမိကိုယ်ကိုယ် ပြန်လည်ရင်းနှီးမြှုပ်နှံတာက အမြတ်ဆုံးပါပဲ"

မိမိရဲ့ Career ကို နောက်တစ်ဆင့် မြှင့်တင်ဖို့ အခွင့်အရေးကို လက်မလွှတ်ပါနဲ့။ လူဦးရေ အကန့်သတ်ရှိတာမို့ အခုပဲ Page Messenger ကနေတစ်ဆင့် စာရင်းပေးသွင်းလိုက်တော့နော်! 📩

👉 စာရင်းပေးသွင်းရန် ဒီနေရာကို နှိပ်ပါ - m.me/oltmaincampus

(Or) Phone .... 09 521 2845

15/06/2026

စီးပွားရေးပညာရပ်တွေကို လေ့လာချင်ပေမယ့် ဘယ်ကစရမှန်း မသိဖြစ်နေသလား? 🤔

မပူပါနဲ့။ Open Learning Taunggyi ပြန်လာပါပြီ။

📚 Open Learning Taunggyi ဟာ...
၂၀၂၁ ခုနှစ်ကတည်းက တောင်ကြီးမြို့မှာ ပညာဒါနအဖြစ်
✅ Accounting ✅ Management ✅ Leadership ✅ Marketing ✅ Soft Skills
စတဲ့ သင်တန်းများစွာကို သင်ကြားပေးခဲ့ပြီး...

🎓 (၅) နှစ်ကျော်အတွင်း သင်တန်းသား (၃,၀၀၀) ကျော် ကို မွေးထုတ်ပေးနိုင်ခဲ့ပါတယ်။

အခု...
🎓 Business Management
(3 months Intensive Course)
သင်တန်းကို အထူးဖွင့်လှစ်လိုက်ပါပြီ။

ဒီသင်တန်းမှာ Business Management ရဲ့ အရေးကြီးဆုံး Foundation (၄) ခုကို လေ့လာရမှာဖြစ်ပါတယ်။

✅ Operations Management
👉 လုပ်ငန်းကို စနစ်တကျ လည်ပတ်နိုင်ဖို့

✅ Human Resources (HR)
👉 လူကို စီမံတတ်ရင် လုပ်ငန်းက ကြီးထွားလာပါတယ်

✅ Marketing
👉 Customer ရှာဖို့မဟုတ်ဘဲ Customer ကို ဆွဲဆောင်ပြီး ထိန်းသိမ်းနိုင်ဖို့

✅ Finance
👉 ငွေဝင်တာထက် ငွေကျန်အောင် စီမံနိုင်ဖို့ …….

လူအများစုက...
လုပ်ငန်းတစ်ခုစဖို့ ငွေကို အရင်စုကြတယ်။
ဒါပေမယ့်...
အောင်မြင်တဲ့ လုပ်ငန်းရှင်တွေကတော့...
အသိပညာကို အရင်စုကြတယ်။
ဘာကြောင့်လဲဆိုတော့...
လုပ်ငန်းတစ်ခုကို အောင်မြင်အောင် လုပ်တာက...
ထုတ်ကုန်ကောင်းရုံနဲ့ မလုံလောက်ဘူး။
Marketing နားလည်ဖို့လိုတယ်။
Finance ကို စီမံတတ်ဖို့လိုတယ်။
HR ကို ကိုင်တွယ်တတ်ဖို့လိုတယ်။
Operations ကို စနစ်တကျ တည်ဆောက်တတ်ဖို့လိုတယ်။
ဒီ (၄) ခုထဲက တစ်ခုခု အားနည်းရင်...
လုပ်ငန်းက ရှေ့ဆက်ဖို့ ခက်ခဲလာပါတယ်။

ဒီိလို အကြောင်းကြောင်းတွေကြောင့်
Open Learning Taunggyi က ဒီ Business Management 3 Months Intensive Course ကို ဖွင့်လှစ်ပေးလိုက်ရခြင်း ဖြစ်ပါတယ်။

💡 ဒီသင်တန်းက ဘယ်သူတွေအတွက်လဲ?
✔ ကိုယ်ပိုင်လုပ်ငန်း စချင်သူ
✔ SME လုပ်ငန်းရှင်များ
✔ Supervisor / Manager ဖြစ်ချင်သူ
✔ Company ဝန်ထမ်းများ
✔ University ကျောင်းသား/သူများ
✔ IGCSE မှာ Business Studies ယူထားတဲ့ ကျောင်းသား/သူများ
✔ Business ကို စနစ်တကျ နားလည်ချင်သူတိုင်း
အထူးတက်ရောက်သင့်တဲ့ သင်တန်းဖြစ်ပါတယ်။

💙 ပုံမှန်သင်တန်းကြေး ၄၀၀,၀၀၀ ကျပ် တန်တဲ့ ဒီသင်တန်းကို...
Open Learning Taunggyi ရဲ့ ရည်ရွယ်ချက်အတိုင်း...
ပညာဒါန အထူးအစီအစဉ်ဖြင့် ၅၀,၀၀၀ ကျပ် တည်းနဲ့ တက်ရောက်နိုင်ပါတယ်။

📅 သင်တန်းစတင်မည့်နေ့
June 27, 2026

🗓 အချိန်
စနေ၊ တနင်္ဂနွေ
🕔 5:00 PM – 6:30 PM

⏳ သင်တန်းကာလ
(၃) လ Intensive Course

📍 တည်နေရာ
OLT - အမှတ် ၂၃၆, ရွှေနီလာလမ်း၊ ရေအေးကွင်း၊ တောင်ကြီးမြို့။

📲 ဖုန်းနံပါတ်
09 5212845, 09 41003703, 09 897719872

"အသိပညာက ကုန်ကျစရိတ် မဟုတ်ဘူး...
ဘဝတစ်လျှောက် အမြတ်ထွက်နေမယ့် ရင်းနှီးမြှုပ်နှံမှုပါ။"
နောက် (၅) နှစ်အကြာမှာ...
"ငါ အဲဒီနေ့က သင်တန်းတက်ခဲ့တာ ကံကောင်းလိုက်တာ..."
လို့ ပြောမယ့်သူ ဖြစ်ချင်ရင်...
ဒီနေ့ပဲ စတင်လိုက်ပါ။

📩 သင်တန်းတက်ရောက်လိုပါက
၁- “အောက်မှာပေးထားတဲ့ Link ကနေ Form ဖြည့်ပါ”
ဖောင်ဖြည့်ရန် Link: https://forms.gle/sQXi2yJvmu2o3h9x6

၂- “ငွေသွင်းပါ”
ငွေသွင်းရန် - Kpay - AYA Pay - UAB Pay - Wave Pay (095212845 - U Aung Kyaw Soe)

၃- “ငွေသွင်းထားတဲ့ Screen Shot ကို Page Messenger မှာ ပို့ပေးပါ”

ဖောင်ဖြည့်ရန် အခက်အခဲရှိသူများ ကိုယ်တိုင်လာပြီးဖြစ်ဖြစ် ဖုန်းနဲ့ တိုက်ရိုက်ဆက်သွယ် ပြီးဖြစ်ဖြစ် စာရင်းပေးသွင်းနိုင်ပါတယ်။

📍 တည်နေရာ
OLT - အမှတ် ၂၃၆, ရွှေနီလာလမ်း၊ ရေအေးကွင်း၊ တောင်ကြီးမြို့။

📲 ဖုန်းနံပါတ်
09 5212845, 09 41003703, 09 897719872

#ကိုယ်ပိုင်ဖွံ့ဖြိုးတိုးတက်မှု

29/05/2026

🎤 LCCI LEVEL 1+2 (Accounting Course) အထူးပညာဒါနသင်တန်းကြီး မနက်ဖြန် စတင်ဖွင့်လှစ်ပါပြီ။ 🎤

နောက်ဆုံးအချိန်အထိ စာရင်းသွင်းဖို့ ကျန်ရှိနေသေးသူများအတွက်... နောက်ကျမကျန်ခဲ့ရအောင် ဒီနေ့ပဲ နောက်ဆုံးထားပြီး စာရင်းသွင်းလိုက်ပါတော့နော်။ 🏃‍♂️💨

အခွင့်အရေးက ကိုယ့်လက်တစ်ကမ်းမှာမို့ အမြန်ဆုံး ဆက်သွယ်စာရင်းပေးသွင်းလိုက်ပါ။

📍 လိပ်စာ: အမှတ် ၂၃၆၊ ရွှေနီလာလမ်း၊ ရေအေးကွင်း၊ တောင်ကြီးမြို့။

📞 ဖုန်းနံပါတ်: 09 5212845, 09 41003703, 09 897719872

18/05/2026

လုပ်ငန်းခွင်ဝင်ဖို့ပဲဖြစ်ဖြစ်၊ ကိုယ်ပိုင်စီးပွားရေးအတွက်ပဲဖြစ်ဖြစ်
"စာရင်းကိုင်ပညာ" ကို အခြေခံကစပြီး စနစ်တကျ တတ်မြောက်ထားချင်ပါသလား။ 💼✨

Open Learning Taunggyi ရဲ့ (၅) နှစ်ကျော် သက်တမ်းတစ်လျှောက်
စီးပွားရေးပညာရပ်တွေကို ပညာဒါနသင်ကြားပေးလာခဲ့တဲ့ အတွေ့အကြုံတွေနဲ့အတူ...
အခုတစ်ခါမှာတော့ LCCI Level 1+2 (Accounting Course) ကို
အထူးပညာဒါနနှုန်းထားနဲ့ ပြန်လည်ဖွင့်လှစ်ပေးလိုက်ပါပြီ။

ပုံမှန်သင်တန်းကြေး (၃) သိန်းကျော် တန်ဖိုးရှိတဲ့ ဒီသင်တန်းကို...
🔥 အထူးပညာဒါနနှုန်းထား - ၅၀,၀၀၀ ကျပ်တည်းနဲ့ (၃ လသင်တန်း)
တက်ရောက်ခွင့်ရရှိမှာ ဖြစ်ပါတယ်။

သင်တန်းတက်ရောက်ရင် ဘာတွေရမလဲ?
✅ စာအုပ်ဖိုး လုံးဝ (အခမဲ့) - စာအုပ်များကို အခမဲ့ ပေးအပ်သွားပါမည်။
✅ လက်တွေ့အသုံးချနိုင်သော Accounting Skill များ -
သီအိုရီတင်မက လုပ်ငန်းခွင်သုံး လက်တွေ့ အရည်အချင်းများ ရရှိစေရမယ်။
✅ အလုပ်အကိုင် အခွင့်အလမ်း - ပိုမိုတိုးတက်စေမည့် ခိုင်မာသော Foundation ကို တည်ဆောက်ပေးမှာပါ။

ဘာတွေ သင်ကြားပေးမလဲ?
• Book-keeping အခြေခံများ
• Accounting Cycle
• Double Entry Accounting
• Financial Statements
• Practical Exercises & More (လက်တွေ့လေ့ကျင့်ခန်းများစွာ)

ဒီသင်တန်းက ဘယ်သူတွေနဲ့ ကိုက်ညီမလဲ?
👨‍🎓 ကျောင်းသား / ကျောင်းသူများ
💼 အလုပ်အကိုင် ရှာဖွေနေသူများ
🔄 အလုပ်အကိုင် ပြောင်းလဲလိုသူများ
📈 စီးပွားရေးလုပ်ငန်း လုပ်ကိုင်နေသူများ

🚨 နေရာအရေအတွက် ကန့်သတ်ထားပါသဖြင့် အမြန်စာရင်းသွင်းပါရန်!
ဒီလို အဖိုးတန်အခွင့်အရေးမျိုးကို လက်လွတ်မခံပါနဲ့။

💬 စာရင်းသွင်းရန် - ပုံမှန်ဆိုရင် ကျောင်းကိုလာပြီး ဖောင်ဖြည့်ပေးရပါတယ်။
အခု ဖောင်လာဖြည့်ဖို့ အချိန်မပေးနိုင်သူတွေအတွက် အဆင်ပြေအောင် အောက်မှာပေးထားတဲ့ Google Form ကိုဖြည့်ပေးရပါမယ်။

👉 Form ဖြည့်ပါ —— https://forms.gle/t8WccTH6UU8rfY5D6

သင်တန်းကြေးလွှဲထားတဲ့ Screen Shot ကို Messenger မှာ ပို့ပေးရပါမယ်။
( ငွေလွှဲတဲ့အခါ Note မှာ Form ဖြည့်ထားတဲ့ သင်တန်းသားရဲ့ နာမည် ရေးပေးရပါမယ်။)

- [👍 ] ငွေလွှဲရန် —— Kpay / AYA Pay / UAB Pay ——— 09 5212845 (U Aung Kyaw Soe)

အခွင့်အရေးက ကိုယ့်လက်တစ်ကမ်းမှာမို့ Form ဖြည့်ပြီး အမြန်ဆုံး ဆက်သွယ်စာရင်းပေးသွင်းနိုင်ပါပြီ။

📍 လိပ်စာ: အမှတ် ၂၃၆၊ ရွှေနီလာလမ်း၊ ရေအေးကွင်း၊ တောင်ကြီးမြို့။

📞 ဖုန်းနံပါတ်: 09 5212845, 09 41003703, 09 897719872

13/05/2026

❤️Open Learning Taunggyi ရဲ့ LCCI Level 1 & 2 ပညာဒါနအတန်း ပြန်လည်ဖွင့်လှစ်ခြင်း!❤️

✊မြန်မာပြည်ကြီး နေပြန်ကောင်းမှ Professional သင်တန်းကြေးယူပြီးသင်ပါမယ်။✊

အခုတော့ ပညာဒါနခရီး ရှေ့ဆက်ချီပါဦးမယ်။

ခက်ခဲလှတဲ့ အခြေအနေတွေကြားမှာ မိမိဘဝအတွက် လိုအပ်တဲ့ ပညာရပ်တွေကို ငွေကြေးအမြောက်အများ အကုန်အကျခံပြီး သင်ယူဖို့ဆိုတာ လူတိုင်းအတွက် မလွယ်ကူဘူးဆိုတာ Open Learning Taunggyi က ကိုယ်ချင်းစာ နားလည်ပါတယ်။

LCCI တက်ချင်ပေမယ့် သင်တန်းကြေးကြောင့် အခက်အခဲဖြစ်နေသူများအတွက် Open Learning Taunggyi ရဲ့ ပညာဒါန အစီအစဉ် ပြန်လာပါပြီ။

Online Class တောင် သိန်းချီပေးနေရတဲ့ခေတ်မှာ တောင်ကြီးမြို့မှာ လူတွေ့ (In Class) တက်ရောက်ရမယ့် အခွင့်အရေးပါ။

အခွင့်အလမ်းဆိုတာ ကြိုးစားသူတွေအတွက် အမြဲတမ်း ရှိနေတတ်ပါတယ်။

💰 သင်တန်းကြေး (၃) သိန်းတန် သင်တန်းကို အခုအချိန်မှာ ကျောင်းဝင်ကြေး (၅၀,၀၀၀) ကျပ်တည်းနဲ့ လူတွေ့ (In-Person Class) တက်ရောက်နိုင်မှာဖြစ်လို့ ဒါဟာ လက်လွှတ်မခံသင့်တဲ့ အခွင့်အရေးတစ်ခုပါ။ ❌(Text Book စာအုပ်ဖိုးတောင် ထပ်ပေးစရာမလိုပါ)❌

သင်တန်းအသေးစိတ် -
📅 စတင်မည့်ရက်: May 30 ရက်နေ့

🕒 သင်တန်းချိန်: (တန်းခွဲ ၁) ညနေ 1:00 မှ 3:00 ထိ (စနေ၊ တနင်္ဂနွေ)
(တန်းခွဲ ၂) ညနေ 3:00 မှ 5:00 ထိ (စနေ၊ တနင်္ဂနွေ)

⏳ ကြာမြင့်ချိန်: (၃) လ

📍 သင်ကြားမည့်ပုံစံ: In Class (လူတွေ့သင်ကြားခြင်း)

လူဦးရေ အကန့်အသတ်နဲ့ပဲ လက်ခံမှာဖြစ်လို့ အခွင့်အရေးကို လက်လွှတ်မခံဘဲ အခုပဲ စာရင်းသွင်းလိုက်ပါ။

📞 စုံစမ်းမေးမြန်းရန် ဖုန်း

09 5212845, 09 41003703, 09 897719872

📍 ကျောင်းလိပ်စာ:
အမှတ် (၂၃၆)၊ ရွှေနီလာလမ်း၊ ရေအေးကွင်းရပ်ကွက်၊ တောင်ကြီးမြို့။
(အရှေ့မြို့ပတ်လမ်း၊ ဇွန်စတိုးအနီး)

09/08/2025

💖 ကလေးတွေအတွက် အချိန်ပေးရင်း ကိုယ့်အတွက်ကိုယ် မေ့နေတဲ့ မေမေ... "English for MOM" နဲ့ ပြန်လည် နုပျို တောက်ပလိုက်ပါ! ✨

🤱ချစ်စရာကောင်းတဲ့ ရင်သွေးလေးတွေအတွက် ကိုယ့်ရဲ့ အိပ်မက်တွေ၊ ကိုယ့်ရဲ့ အချိန်တွေကို ပေးဆပ်ရင်း ဘဝကို ပျော်ပျော်ကြီး ဖြတ်သန်းနေတဲ့ မေမေတိုင်းကို ဦးညွှတ်ဂါရဝပြုပါတယ်။

🤱မျက်စိတစ်မှိတ်အတွင်း ကြီးပြင်းလာတဲ့ ကလေးတွေအတွက် အချိန်ပေးရင်း ကိုယ့်အတွက် ကိုယ်ပိုင် ဖွံ့ဖြိုးတိုးတက်မှုလေးတွေကို မေ့လျော့နေမိပြီလား?

"အခုတော့ သင့်အတွက် အလှည့်ကျပါပြီ!"

"Open Learning Taunggyi နဲ့ Spring Bloom Education Group ကနေ မေမေတို့ရဲ့ ရင်ကို ထိစေမယ့်၊ ဘဝကို အမှန်တကယ် အထောက်အကူပြုမယ့် "English for MOM" သင်တန်းသစ်ကို ဂုဏ်ယူစွာ မိတ်ဆက်ပေးပါရစေ။

ဒီသင်တန်းဟာ ရိုးရိုး English သင်တန်းသက်သက် မဟုတ်ပါဘူး။ ကလေးတွေရဲ့ ဘဝကို ပိုမိုလှပအောင် ဖန်တီးပေးရင်း ကိုယ့်ကိုယ်ကိုယ်လည်း ပိုမိုယုံကြည်မှုရှိလာစေမယ့်၊ ပိုမိုတောက်ပလာစေမယ့် "မေမေတို့ရဲ့ ကိုယ်ပိုင်အချိန်" လေးတစ်ခုပါ။

👩‍👧‍👦 "English for MOM" က ဘာကြောင့် မေမေတို့အတွက် လိုအပ်တာလဲ?

• ကလေးတွေရဲ့ အားကိုးရာ မေမေဖြစ်လာဖို့:
o ကလေးတွေရဲ့ YLE English စာသင်တန်းတွေ၊ ကျောင်းစာတွေနဲ့ ပတ်သက်ပြီး ပိုမိုထိရောက်စွာ ကူညီပေးနိုင်မယ်။
o သူတို့ရဲ့ စိတ်ကူး၊ အတွေးအမြင်တွေကို အင်္ဂလိပ်လို ပိုနားလည်နိုင်ပြီး ဆက်သွယ်မှု ပိုမိုအားကောင်းလာစေမယ်။
o အိမ်မှာ အင်္ဂလိပ်လို ပြောဆိုလေ့ကျင့်ခြင်းဖြင့် ကလေးတွေအတွက် အကောင်းဆုံး ပညာရေး ပတ်ဝန်းကျင်ကို ဖန်တီးပေးနိုင်မယ်။

• ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှု တိုးတက်လာဖို့:
o အင်္ဂလိပ်လို ပြောဆိုဆက်ဆံရမှာ မဝံ့မရဲ ဖြစ်နေတာတွေ ပျောက်ကွယ်သွားပြီး လူမှုပတ်ဝန်းကျင်မှာ ပိုမိုသွက်လက်လာမယ်။
o မိတ်ဆွေအပေါင်းအသင်း အသစ်တွေတိုးလာပြီး Network တည်ဆောက်လာနိုင်မယ်။
o လုပ်ငန်းခွင်အတွေ့အကြုံ (သို့) အလုပ်အကိုင် အခွင့်အလမ်းတွေမှာ ပိုမိုတိုးတက်အောင်မြင်လာနိုင်မယ်။
o ကိုယ်ပိုင် စိတ်ကျေနပ်မှုနဲ့ ကိုယ့်ကိုယ်ကိုယ် ဂုဏ်ယူမှုကို ပိုင်ဆိုင်နိုင်မယ်။

• ကိုယ့်အတွက်ကိုယ် အချိန်ပေးရင်း ပျော်ရွှင်ဖို့:
o တစ်ပတ်ကို ၂ ရက်၊ တစ်ရက်ကို ၁ နာရီခွဲ ( စုစုပေါင်း ၃ လ) ပဲ အချိန်ပေးရမှာပါ။ သင်တန်းပြီးဆုံးတဲ့အခါ သင်ဟာ အင်္ဂလိပ်စာ တိုးတက်ရုံသာမကဘဲ ကိုယ့်ကိုယ်ကိုယ် အားဖြည့်ရင်း၊ အသစ်အသစ်တွေ သင်ယူရင်း ပျော်ရွှင်မှုတွေ ရရှိခဲ့ပြီ ဖြစ်ပါလိမ့်မယ်။
o ဒီအချိန်လေးဟာ သင့်အတွက်ပဲ သီးသန့်ပေးထားတဲ့ ကိုယ်ပိုင် ဖွံ့ဖြိုးတိုးတက်ရေး အချိန်လေး ဖြစ်ပါတယ်။

Open Learning Taunggyi နဲ့ Spring Bloom Education Group ရဲ့ ကျွမ်းကျင်တဲ့ ဆရာမတွေက မေမေတို့နဲ့ အနီးကပ်၊ သေချာ ဂရုစိုက်ပြီး သင်ကြားပေးမှာပါ။ သင်ယူမှုခရီးစဉ်တစ်လျှောက်လုံး မေမေတို့အတွက် အကောင်းဆုံး အထောက်အပံ့တွေ ပေးသွားမှာပါ။

သင်ဟာ ကလေးတွေအတွက် ပိုမိုကောင်းမွန်တဲ့ အနာဂတ်ကို ဖန်တီးပေးချင်သလို၊ ကိုယ့်ကိုယ်ကိုယ်လည်း ပိုမိုတောက်ပတဲ့ မေမေတစ်ယောက်အဖြစ် မြင်ချင်တယ်ဆိုရင်...

"English for MOM" သင်တန်းလေးက သင့်အတွက်ပါပဲ!

သင်တန်းချိန် - - ကြာသာပတေး - သောကြာ ၉း၀၀ နာရီ မှ ၁၀း၃၀ နာရီ

သင်တန်းကြေး - ၃၀၀,၀၀၀ ကျပ် (၃လပြတ်) စာအုပ်ဖိုး- ၅၀,၀၀၀ ကျပ်
စုစုပေါင်း - ၃၅၀,၀၀၀ ကျပ်

😱သင်တန်းစတင်ဖွင့်လှစ်ခြင်း၊ ကျောင်းနေရာသစ် စတင်မိတ်ဆက်ခြင်း အထိမ်းအမှတ်
အထူးသင်တန်းကြေး - ၁၅၀,၀၀၀
စာအုပ်ဖိုး Free အခမဲ့

လူဦးရေ အကန့်အသတ်နဲ့သာ လက်ခံမှာမို့ အခုပဲ စာရင်းပေးသွင်း အပ်နှံလိုက်ပါ။

***MOM တို့အတွက် သင်တန်းကာလအတွင်း ကြားဖြတ်အစီအစဉ်များပါရှိပါမည်။***

သင်တန်းအပ်နှံရန် ..
Spring Bloom Private Preschool & Open Learning Taunggyi
📍 လိပ်စာ: No. 236, Shwe Nilar Street. Yay Aye Kwin Qr., Taunggyi, Myanmar
📞 ဖုန်းနံပါတ်: 09 897 719872

#မေမေများအတွက် #အင်္ဂလိပ်စာသင်တန်း #ကိုယ်ပိုင်ဖွံ့ဖြိုးတိုးတက်မှု

19/07/2025

⭕ အာဇာနည်နေ့ဆိုတာ မေ့ကောင်းစရာ မဟုတ်ပါ ⭕

၁၉.၇.၂၀၂၅ နေ့တွင် ကျရောက်သော အာဇာနည်နေ့တွင် ကျဆုံးလေပြီးသော မြန်မာ့လွတ်လပ်ရေးခေါင်းဆောင် ဗိုလ်ချုပ်အောင်ဆန်းနှင့်တကွ အာဇာနည်အပေါင်းအား Open Learning Taunggyi က အလေးအမြတ်ထား ဦးညွတ် ဂါရဝ ပြုအပ်ပါသည်။

16/07/2025

သဘာဝ ဘေးအန္တရာယ် အခြေအနေများအရ ခေတ္တ ရပ်နားထားသော Open Learning Taunggyi ၏ သင်တန်းများကို ပြန်လည်ဖွင့်လှစ်တော့မှာဖြစ်တဲ့အကြောင်း သတင်းကောင်းပါးလိုက်ပါတယ်။

သင်တန်းများကို ပြန်လည်ဖွင့်လှစ်မယ့် လိပ်စာလည်း ပြောင်းလဲထားပါတယ်။

လိပ်စာအသစ်..

အမှတ် ၂၃၆, ရွှေနီလာလမ်း၊ ရေအေးကွင်းရပ်ကွက်၊ တောင်ကြီးမြို့။
(အရှေ့မြို့ပတ်လမ်း ဇွန်စတိုးမျက်စောင်းထိုးလမ်း၊ မန်းယူနန် စာသောက်ဆိုင် မျက်နှာချင်းဆိုင်လမ်း၊ လမ်းထိပ်တွင် ယုဇန သွားဆေးခန်းရှိသည်)

ဖုန်း ၀၉၅၂၁၂၈၄၅, ၀၉၄၁၀၀၃၇၀၃

သင်တန်းကြော်ငြာတွေ အချိန်မီ သိရှိနိုင်ဖို့ ယခု Page ကို Like and Follow လုပ်ထားကြပါဦး။

26/07/2024

လူငယ်တွေအနေနဲ့ ပြောင်းလဲရမှာကို ချီတုံချတုံဖြစ်နေကြတုန်းလား?! မဖြစ်မနေchangesတွေလုပ်ပြီး ကိုယ့်ရဲ့boundariesတွေကို ကျယ်ပြန့်အောင်လုပ်ဖို့အတွက် လမ်းစရှာမတွေ့သေးဘူးဆိုရင် ဒီsharing sectionလေးကို joinဖို့အတွက် နှောင့်နှေးမနေနဲ့တော့နော်!

ဒီsectionလေးကိုတော့ လူငယ်တွေရဲ့communityကျယ်ပြန့်ဖို့အတွက် လုပ်ဆောင်နေပြီး Global Youth Changemaker Awardကို 2022,2023၂နှစ်ဆက်တိုက်ရရှိခဲ့ပြီး United State of Americaမှာပညာတော်သင်အနေနဲ့သွားရောက်လေ့လာဖို့ရွေးချယ်ခံထားရတဲ့YSEALI Fall 2024(CE) delegateတစ်ဦးဖြစ်တဲ့အပြင် Visionary Youth Organisation ရဲ့Founderနဲ့Hysan Eduactionရဲ့Program Directorဖြစ်တဲ့ Ko Hein Min Htunကနေပြီးတော့ ဦးဆောင်ပေးသွားမှာဖြစ်ပါတယ်🥳

Sharing sectionလေးရဲ့ အဓိကရည်ရွယ်ချက်က တော့ ပုံမှန်လုပ်နေကျ routineတွေနဲ့ပဲ လည်ပတ်နေပြီး comfort zoneလေးထဲမှာပဲ ပိတ်မိနေတဲ့ လူငယ်တွေနဲ့ ကိုယ့်ရဲ့passionကို ရှာမတွေ့သေးလို့ ဘယ်လိုစပြောင်းလဲရမှန်းမသိတဲ့ လူငယ်တွေရဲ့ အကြောက်တရားတွေကို ဘယ်လိုကျော်ဖြတ်ရမလဲဆိုတဲ့အကြောင်းကို sharing လုပ်ပေးပြီး လူငယ်တွေကို အဘက်ဘက်ကနေsupport ပေးဖို့အတွက်ပဲဖြစ်ပါတယ်
ဒါ့အပြင် စိတ်ဝင်စားဖို့ကောင်းတဲ့activitiesတွေလဲ ပါဝင်အုံးမှာနော်
လူငယ်တွေအနေနဲ့ ကိုယ့်ရဲ့အောင်မြင်မှုတွေရရှိမဲ့ first stepဖြစ်တဲ့ ဒီsectionကို joinပြီး အကြောက်တရားတွေ အခက်အခဲတွေအားလုံးကို ကျော်ဖြတ်နိုင်ဖို့ ဖိတ်ခေါ်တယ်နော်🙋🏼‍♀️

Time-1:00PM to 4:00PM
Location-မင်းကျောင်းပရိယတ္တိစာသင်တိုက်ဝင်းအတွင်း၊ကန်အောက်ရပ်၊တောင်ကြီးမြို့၊ရှမ်းပြည်နယ်တောင်ပိုင်း(ရှမ်းတောင်ပရဟိတညီနောင်များကွန်ရက်)

11/06/2024

LCCI LEVEL 1&2 ပညာဒါန အတန်းသစ် (Batch-15)

စာရင်းကိုင် ပညာရပ်ကို အခြေခံမှစပြီးလေ့လာချင်သူများအတွက် OLT ကနေ LCCI LEVEL 1&2 အတန်းလေးကို June လ 22ရက်နေ့မှာ ထပ်မံဖွင့်လှစ်ပေးသွားမှာပဲ ဖြစ်ပါတယ်။✨

LCCI ဆိုတာဘာလဲ?🤔
LCCIဆိုတာ (London Chamber of Commerce & Industry)ရဲ့ အတိုကောက်ဖြစ်ပါတယ်။စာရင်းနှင့်ပတ်သက်တဲ့ နိုင်ငံတကာမှာအသုံးပြုနေတဲ့ အခြေခံအကျဆုံးနှင့်အ‌ရေးပါတဲ့ ပညာရပ်တစ်ခုပါ။
စာရင်းအင်းနှင့်ငွေကြေးဆိုင်ရာများကိုစနစ်တကျစီမံခန့်ခွဲစေနိုင်တဲ့ပညာရပ်ဆိုရင်လည်းမမှားပါဘူး။

✍️LCCI LEVEL 1&2 မှာဘာတွေသင်မှာလဲဆိုတော့

-Accounting process မှာဘာတွေပါတာလဲ။
-Accounting equation ကဘာလဲ။
-Debit နဲ့ Credit ကိုဘယ်လိုသွင်းရမှာလဲ။
-Account Type ဘယ်နှစ်မျိုးရှိလဲ။
-ဘယ်ဟာက Debit ဘယ်ဟာက Credit ဆိုတာကို Nature ဘယ်လိုခွဲကြမှာလဲ။

💯Accounting နဲ့ပက်သက်လို့ Transaction တစ်ခုဖြစ်လာပြီဆိုရင် ဘယ်လိုစာရင်းသွင်းပြီးဘယ်လိုစာရင်းပိတ်ရမယ်က အစ အတွက်အချက်ပိုင်းတွေကိုသေသေချာချာသင်ကြားပေးသွားမှာဖြစ်ပါတယ်။💯

ယခုသင်တန်းကို ကိုယ်ပိုင်စီးပွားရေးဖြစ်ဖြစ်၊ တစ်ခြားလုပ်ငန်းတွေမှာဘဲဖြစ်ဖြစ် စာရင်းသွင်းမှုကို ပိုင်ပိုင်နိုင်နိုင်စာရင်းသွင်းတက်သူတွေဖြစ်လာဖို့ရည်မှန်းထားသူများ၊ Accounting ဘာသာရပ်ကိုစိတ်အားထက်သန်စွာလေ့လာသင်ယူချင်သူများအတွက် တက်သင့်တဲ့ သင်တန်းတစ်ခုဖြစ်ပါတယ်။

📢သင်တန်းအစီအစဉ်
LCCI LEVEL 1&2 Batch-15
📆Sat-Sun (22-June)
🕗09:00-11:00 AM
⏳Duration - 4 months

ဒီအတန်းကို Registration fees အနေနဲ့ 20000ကျပ်သာပေးသွင်းပြီးတော့တက်ရောက်နိုင်မှာပဲဖြစ်ပြီး လူဦးရေ အကန့်သတ်နဲ့ လက်ခံမှာဖြစ်လို့ အမြန်ဆုံး စာရင်းသွင်းအပ်နှံဖို့လိုပါမယ်နော်

အသေးစိတ်စုံစမ်းမေးမြန်းရန်အတွက်

📞ဖုန်းနံပါတ် 09-882248844 နှင့် 09882248855 သို့ဆက်သွယ်၍ဖြစ်စေ

📌Open Learning Taunggyi သင်တန်းကျောင်းတည်ရှိရာ
အမှတ်(၁၃၀)၊ ရွှေဂူလမ်း၊ ညောင်ဖြူစခန်းရပ်ကွက်ရှိ မြေဖြူကမ္မဌာန်းကျောင်းမြောက်ဘက်ကပ်ရပ် တောင်ကြီးမြို့ သို့ဖြစ်စေ

📖ကျောင်း၏ page Messenger သို့ဖြစ်စေ ‌အသေးစိတ် လာရောက်စုံစမ်းပြီး တစ်ခါတည်း စာရင်းသွင်းအပ်နှံနိုင်ပါတယ်ရှင်

Want your school to be the top-listed School/college in Taunggyi?
Click here to claim your Sponsored Listing.

Website

Address


Taunggyi
60101