Kham K Lue Library
27/03/2022
ကိုယ်လမ်းလျှောက်တုန်းက
ကားမောင်းတဲ့လူကို ပြစ်တင်မိတယ်။
-
ကိုယ်ကားမောင်းပြန်တော့
လမ်းလျှောက်တဲ့လူကို ဆဲဆိုမိပြန်တယ်။
-
သူများဆီမှာ အလုပ်သမား လုပ်တုန်းက
အလုပ်ရှင် ကို ဆိုးတယ်၊ ကပ်တယ်လို့ ပြောဆိုဖူးတယ်။
ကိုယ်အလုပ်ရှင် ပြန်ဖြစ်တော့ အလုပ်သမားတွေ
မကြိုးစားဘူးဆိုပြီး ငြူစူပြန်တယ်။
-
ကိုယ်တိုင်စျေး၀ယ်တုန်းက ဆိုင်ရှင်ကို
အမြတ်ကြီးစားတယ်၊ လောဘကြီးတယ် ပြောတယ်။
-
ကိုယ်ကိုယ်တိုင် ဆိုင်ရှင်ပြန်ဖြစ်တော့
စျေး၀ယ်တွေ ဂျီးများလွန်းတယ်လို့ ထင်မိပြန်တယ်။
-
-
ကိုယ်ကိုယ်တိုင် တာ၀န်ယူလိုက်တော့ သူများနည်းနည်း မကောင်းပြောတောင်မှ မကြိုက်ချင်တော့ဘူး။
-
အမှန်တော့ ကျွန်တော်တို့ အားလုံး မမှားကြပါဘူး၊
နေရာချင်းမတူတော့ စဉ်းစားပုံချင်းမတူလိုက်တာပါ။
နေရာလဲပြီးသာ စဉ်းစားတတ်ကြမယ်ဆိုရင်
အားလုံး အဆင်ပြေသွားပါလိမ့်မယ်။
Crd။
Click here to claim your Sponsored Listing.
Category
Website
Address
Mêttã
Taunggyi