PIx Analytics

PIx Analytics

Share

27/07/2024

ဘဝမှာ သင့်ကို ငွေရှာပေးနိုင်တာ (၃)ခုရှိပါ
တယ်။

ခွန်အား၊ အတွေ့အကြုံနဲ့ ပညာပါ။
ခွန်အားဆိုတာ ကန့်သတ်ချက်ရှိပါတယ်။

အတွေ့အကြုံနဲ့ ပညာကတော့ အကန့်အသတ်
မရှိ သိမ်းဆည်းလို့ရပါတယ်။

ငယ်ရွယ်စဉ်မှာ ခွန်အားကသာ ငွေရှာပေး
နိုင်ပေမဲ့ အသက်တဖြည်းဖြည်းကြီးလာတဲ့အခါ

အတွေ့အကြုံနဲ့ ပညာကသာ ငွေရှာပေးမှာ
ဖြစ်ပါတယ်။

သင်အသက်ကြီးလာတဲ့အခါ ခွန်အားနဲ့
ဝင်ငွေရှာလို့ မရတော့ပါဘူး။ ငတ်ပါမယ်။

အသက်အရွယ်နဲ့ မျှတဲ့ ပညာနဲ့ အတွေ့အကြုံရှိ
တဲ့အခါ သင့်အတွက် ငွေမရှားပါဘူး။

တချို့ အသက်ကြီးတာတောင် ပိုက်ဆံမရှိတာ
ဟာ ပညာနဲ့ အတွေ့အကြုံမရှိလို့ပါ။

လစာနည်းလို့ စိတ်မညစ်ပါနဲ့။
အတွေ့အကြုံနဲ့ပညာရတယ်လို့မှတ်ပါ။

နောက်လိုက်ကောင်းဖြစ်ပါစေ။
အတွေ့အကြုံကောင်းတွေယူပါ။

တနေ့သင် ခေါင်းဆောင်ဖြစ်တဲ့အခါ

လူတွေက လေးစားတာခံရတဲ့အပြင်
ဝင်​​ငွေပါကောင်းပါလိမ့်မယ်

#စာပေ

Photos from PIx Analytics's post 04/09/2020

📊🔍📈🇲🇲

21/08/2020

ရောမဂဏန်းတွင် မူတည်ဂဏန်း (၇)လုံးသာရှိသည်။
I သည် ၁ ဂဏန်း
X သည် ၁၀ ဂဏန်း
C သည် ၁၀၀ ဂဏန်း
M သည် ၁၀၀၀ ဂဏန်း
V သည် ၅ ဂဏန်း
L သည် ၅၀ ဂဏန်း
D သည် ၅၀၀ ဂဏန်း တို့ဖြစ်ကြသည်။
ရောမဂဏန်းကိုရေးရာတွင် တန်ဖိုးကြီးသော ဂဏန်း၏ ညာဘက်သို့ တန်ဖိုးငယ်သော ဂဏန်းကပ်လျှင် ပေါင်းရသည်။ ဘယ်ဘက်သို့ တန်ဖိုးငယ်သောဂဏန်းကပ်လျှင် နုတ်ရသည်။
I = ၁
II = ၂
III = ၃
IV = ၄
V = ၅
VI = ၆
VII = ၇
VIII = ၈
IX = ၉
X = ၁၀
XI = ၁၁
XV = ၁၅
XX = ၂၀
ထိုဂဏန်းသင်္ကေတများကို ရေးရာတွင် သုံးကြိမ်ထက် ပို၍မသုံးကြပေ။ ဥပမာ ၄၀ ကို # # ဟု မရေးကြပေ။ ၁၀ ဂဏန်းဖြစ်သော X နှင့် ၅၀ ဂဏန်းဖြစ်သော L ကိုပေါင်းကာ XL ဟုသာ ရေးသည်။ LX ဟုရေးပါက ၆၀ ဖြစ်ပေသည်။
LX = ၆၀
LXX = ၇၀
L # # # = ၈၀
XC = ၉၀
C = ၁၀၀
CC = ၂၀၀
CCC = ၃၀၀
CD = ၄၀၀
D = ၅၀၀
DC = ၆၀၀
DCC = ၇၀၀
DCCC = ၈၀၀
CM = ၉၀၀
M = ၁၀၀၀
အစွန်းထွက် ဂဏန်းကြီးများကို ဥပမာ ဖော်ပြရလျှင်
၂၆၃၅ ကို ရေးမည်ဆိုပါက
၂၀၀၀ = MM
၆၀၀ = DC
၃၀ = # # #
၅ = V
ထို့ကြောင့် ၂၆၃၅ ကို ရေးမည်ဆိုပါက MMDC # # ဟုရေးရပါမည်။
ထို့ပြင် ရောမဂဏန်းကို ဖတ်ဆိုပုံကို သာဓက ပြပါမည်။ ဥပမာ XLVI ကိုဖတ်မည် ဆိုပါက
XL = ၄၀
VI = ၆
XLVI ကို ၄၆ ဟုဖတ်ရပေမည်။
CCCLIX ကိုဖတ်ရာတွင်လည်း
CCC = ၃၀၀
L = ၅၀
IX = ၉
ထို့ကြောင့် CCCLIX ကို ၃၅၉ ဟုဖတ်ရမည်ဖြစ်သည်။
ကျန်သောဂဏန်းများကို ဖော်ပြပါနည်းအတိုင်း ရေးနိုင်ဖတ်နိုင်ပါလိမ့်မည်။ ဗဟုသုတအလို့ငှာ ဖော်ပြလိုက်ပါသည်။
(ကိုးကား မသောင်းရွှေ၏ သင်္ချာအခြေခံ နိယာမလင်္ကာများစာအုပ်)
Credit Shwe Aein Si

Want your school to be the top-listed School/college in Taunggyi?
Click here to claim your Sponsored Listing.

Website

Address


Taunggyi