February Kham

February Kham

Share

07/05/2024

အချိန်ကဒဏ်ရာကိုကုစားပေးပါတယ်
လွန်ခဲ့တဲ့ ၄ နှစ်လောက်က ပုံတွေကို memory ပြန်တက်လာတဲ့အချိန်တွေ့လိုက်ရတော့ အရမ်း ရယ်ချင်တာပဲ ။
အဲ့ဒီတုန်းက အချစ်ကို ဖက်တွယ်မိတာလေ ။ ညဘက်လည်း မအိပ်နိုင်ဘူး ။ သူဖုန်းပြောပြီးမယ့် အချိန်ကို စောင့်နေရတာ ။ ကိုယ့်အလှည့်ရောက်ဖို့အတွက်ပေါ့ ။ ကိုယ်နားလည်ပေးရင် ကိုယ့်ဆီ ပြန်လာမယ်ပဲ ထင်ခဲ့တာကိုး ။
ကောင်းကောင်း မအိပ်နိုင် ၊ မစားနိုင် နဂိုထဲက ရုပ်ထွက်မလှတဲ့ဘဝ ဟာ စုတ်ပြတ်ကို သတ်နေရာ
အလုပ်ထဲတောင် မနည်း အာရုံစိုက်နေရတာ ။
ဒါတောင် တခါတလေ အခန်းထဲပြေးပြီး ခိုးငိုလိုက်ရသေးတယ် ။ ထမင်းဟင်းလည်း မချက်နိုင်ဘူး ။
စိတ်ထဲမှာ အမြဲပူလောင်နေရတာလေ ။

ပြီးတော့ လွတ်မြောက်မယ် မထင်ခဲ့ဘူး ။

ငါ့ဘဝတော့ ဒီအတိုင်းပဲ သွားတော့မယ်
ထင်ပါတယ် လို့ အမြဲအားငယ်ခဲ့တာ ။

နောက် သူနဲ့ ပတ်သက်တာတွေကို လွှတ်ချလိုက်တယ် ။

ငါ့ပြဿနာက ပိုင်ဆိုင်ချင်လို့ ဖြစ်နေတာ

ငါ့အတ္တနောက် ငါလိုက်နေမိလို့ အခုလိုတွေ ခံစားနေရတာ

တကယ်ချစ်ရင် သူစိတ်ချမ်းသာသလို နေခိုင်းရမှာ မဟုတ်ဘူးလား

ငါ့ကြောင့် သူ စိတ်အနှောင့်အယှက် မဖြစ်မိအောင်နေမယ် လို့‌ ဆုံးဖြတ်ပြီး လွှတ်ချလိုက်တာ ။

အရမ်းပေါ့ပါးသွားတယ် ။

မကြာဘူး သူ့ဘက်က ပြန်ဆက်သွယ်လာတယ် ။

အဆင်ပြေကြပါစို့ တဲ့ ။

ပြတ်ပြတ်သားသား ငြင်းလိုက်နိုင်တယ်

ဒဏ်ရာရဖူးသလို ဒဏ်ရာကို ကုစားဖူးသူမို့

မနာကျင်တဲ့ အခိုက်အတန့်က ပျော်စရာပဲဆိုတာ

သိလာတယ် ။ အဲ့ဒီ‌စိတ်နဲ့ သူ့ကို လက်လွှတ်ခဲ့တယ် ။

အနိုင်အရှုံး တွက်ကြမယ်ဆိုရင်တောင်

လူကို လက်လွှတ်ရသည့်တိုင်

ပျော်ရွှင်ခြင်းတွေကို ပြန်ရှာတွေ့ခဲ့လို့

ကျွန်မ နိုင်တယ် ။☺️

Want your public figure to be the top-listed Public Figure in Taunggyi?
Click here to claim your Sponsored Listing.

Category

Website

Address


Kyauttalone
Taunggyi

Opening Hours

Monday 09:00 - 22:00
Tuesday 09:00 - 22:00
Wednesday 09:00 - 22:00
Thursday 09:00 - 22:00
Friday 09:00 - 22:00
Saturday 09:00 - 22:00