Zin Mar Aung's Daily Routine

Zin Mar Aung's Daily Routine

Share

21/08/2022

နံနက်စောစောထခြင်းဖြင့် ရရှိစေမယ့် အကျိုးကျေးဇူးများ

မနက်စောစောထတဲ့အကျင့်ရှိတဲ့သူတွေအတွက် ဘာများကောင်းကျိုးရှိမှာမို့လို့လဲ။ စောစောထတဲ့ အကျင့်ဟာ လုပ်သင့်တဲ့အကျင့် ဟုတ်မဟုတ် စဉ်းစားစေချင်လို့ မေးတာပါ။ အမှန်တော့ မနက်စောစောထတဲ့ အကျင့်ကြောင့် ရရှိခံစားရမယ့် ကောင်းကျိုးတွေကတော့ ပြောမဆုံးပါဘူး။ အကျိုးကျေးဇူးတစ်ချို့ကို ဖော်ပြပေးလိုက်ပါတယ်။

၁။ မနက်အိပ်ယာစောစောထတဲ့အကျင့်ကြောင့် ဥာဏ်ပိုကောင်းစေပါတယ်။
သင်ဟာ ကျောင်းသားတစ်ယောက်ဆိုရင် တက်(စ်)တက္ကသိုလ်က ပြုစုထားတဲ့ စာတမ်းမှာ ဘာပြောထားလဲဆိုတာ သိသင့်ပါတယ်။ ဘာပြောထားလဲဆိုတော့ စောစောထတဲ့ကျောင်းသားတွေရတဲ့ (Grade) အဆင့်တွေဟာစောစောမထတဲ့ ကျောင်းသားတွေနဲ့ ယှဉ်ရင် များစွာကွားခြားနေတယ်လို့ အဆိုပြုထားပါတယ်။

၂။ မနက်အိပ်ယာစောစောထတဲ့အကျင့်ဟာ သင့်ရဲ့ ထုတ်လုပ်နိုင်စွမ်းကို မြင့်တက်စေပါတယ်။

အောင်မြင်သူအများစုကတော့ မနက်စောစောထကြတာပါပဲ။ သေချာတဲ့ အကြောင်းပြချက်တစ်ခုတော့ စောစောထတော့ အလုပ်တွေ အများကြီး ပြီးမြောက်အောင် လုပ်နိုင်တာပေါ့။ သူတို့ဟာ တစ်နေကုန် စိတ်အားထက်သန်တက်ကြွကြတဲ့အတွက်ကြောင့်ပါ။

နံနက်စောစောထတာဟာ ဘယ်လိုမျိုး ထုတ်လုပ်မှုစွမ်းအားကို မြင့်တက်စေသလဲဆိုတော့ –

မနက်စောစောအချိန်မှာ ထတာဟာ စိတ်ပျံ့လွင့်မှုကို ထိန်းချုပ်နိုင်တဲ့အပြင် တစ်နေကုန် အလုပ်လုပ်ရာမှာလည်း စိတ်အနှောက်အယှက်မဖြစ်စေပါဘူး။
နှစ်ခြိုက်စွာ အိပ်စက်အနားယူပြီးပြီဖြစ်လို့ မနက်စောစောထတဲ့အခါ အလုပ်လုပ်ဖို့ကို အဆင်သင့် ဖြစ်လို့နေပါပြီ။ အဲဒီအချိန်ဟာ သင့်ရဲ့ အကောင်းဆုံးလုပ်နိုင်တဲ့အချိန်၊ မြန်မြန်နဲ့မှန်မှန်လုပ်နိုင်တဲ့အချိန်ဖြစ်လို့ အလုပ်ကို ပြီးမြောက်ကောင်းမွန်အောင် ခွန်အားစိုက်ထုတ် လုပ်နိုင်မှာဖြစ်ပါတယ်။
နံနက်စောစောထသူတွေဟာ ဆုံးဖြတ်ချက် ချတဲ့နေရာမှာ၊ လုပ်ငန်းစဉ်ရေးဆွဲတဲ့နေရာမှာ၊ ရေရှည်ရည်မှန်းချက်ချမှတ်တဲ့နေရာတွေမှာ ပိုမိုကောင်းမွန်တဲ့ အတွေးအခေါ်တွေ ရလာကြပါတယ်။
နံနက်စောစောထတဲ့အကျင့်ကြောင့် စိတ်ထားပိုမို ပြည့်ဝစေပါတယ်။
ညနေအလုပ်ချိန်ပြီးမှာ လေ့ကျင့်ခန်းတွေ လုပ်လို့ရတယ်ပဲလို့ ပြောလို့ရပါတယ်။ ဒါပေမယ့် မနက်ခင်းစောစောမှာ ထပြီးလေ့ကျင့်ခန်းတွေ လုပ်လိုက်တာ့ကြောင့် သင့်အလုပ်မှာပိုပြီးတော့ ကောင်းမွန်တဲ့အကျိုးသက်ရောက်စေသည့်အပြင် တစ်နေ့တစ်နေ့ လေ့ကျင့်ခန်းလုပ်ဖို့ အချိန်လည်း ပိုရလာပါတယ်။ အမှန်ဆိုရင် နံနက်ခင်းနဲ့လေ့ကျင့်ခန်းလုပ်တာဟာ တစ်တွဲတည်းရှိနေရမယ့် အလုပ်ဖြစ်ပါတယ်
Crd

Want your business to be the top-listed Beauty Salon in Taungdwingyi?
Click here to claim your Sponsored Listing.

Category

Culinary Team

Attire

Telephone

Website

Address


Pyay
Taungdwingyi
NO