MOW

MOW

Share

02/12/2021

😒😒

24/08/2021

#တီရှပ်ဆိုဒ်သိပ်ကြီးနေရင်_ဒီလိုလုပ်ကြည့်ပါ။

ဒီဇိုင်းကြိုက်လို့ ဝယ်လာတဲ့ တီရှပ်လေးတွေ အိမ်ရောက်လို့ ဝတ်ကြည့်မှ ပွနေတာမျိုး ကြုံဖူးကြမှာပါ။ တီရှပ်ဆိုတာ သိပ်အပွကြီး ဝတ်ရင် ဖားဖားလျားလျားနဲ့ ကြည့်ရ အင်မတန်ဆိုးပါတယ်။ ဒီတော့ ကိုယ့်အိမ်မှာတင် တီရှပ်ဆိုဒ်ကို ကျုံ့သွားအောင် လုပ်လို့ရမယ့် နည်းလမ်းလေးတွေ သိထားရင် အဆင်ပြေသွားမှာပါ။

အဆင့် (၁) အဝတ်လျှော်စက်ထဲ အမြင့်ဆုံးအပူချိန်ထားပြီး လျှော်ပါ။ တစ်ခုရှိတာက Graphic Tee တွေဆိုရင်တော့ ဆေးတွေ ကွာနိုင်ပြီး ပျက်စီးနိုင်ပါတယ်။

အဆင့် (၂) Dryer ကို Hottest Setting ထားပြီး အခြောက်ခံပါ။

အဝတ်လျှော်စက် မရှိရင်လည်း ဖြစ်ပါတယ်။ ရေနွေးတစ်အိုးလောက် ဆူအောင် တည်လိုက်ပါ။ အဝတ်စိမ်လို့ ရလောက်အောင် ရေနွေးများများစားစား ရပြီဆိုရင် ပုံးတစ်လုံးထဲ ဆူနေတဲ့ ရေနွေးထည့်ထားပါ။ ၅ မိနစ်လောက် ကြာရင် ဆွဲထုတ်လိုက်ပါ။ မိနစ် ၂၀ လောက် အထိလည်း ထားလို့ ရပါတယ်။ အကောင်းဆုံးက ၁၀ မိနစ်လောက် စိမ်ထားတာပဲ ဖြစ်ပါတယ်။

*** တစ်ခု မှတ်ထားရမှာက ရေပူလေလေ တီရှပ်ကျုံ့တာ မြန်လေလေပါပဲ။ ဒါကြောင့် တီရှပ်အရွယ်အစား နည်းနည်းပဲ သေးပြီး ကျုံ့သွားချင်ရင် အင်္ကျီမစိမ်ခင် ရေကို နည်းနည်းလေး အအေးစောင့်သင့်ပါတယ်။***

19/07/2021

#အာဟာရပြည့်ဖို့_ဗမာကြက်_စားမလား_CPကြက်_စားမလား?🥘🍗

အမြဲ ကြားနေရတာ ဗမာကြက်စား သူက အားပိုဖြစ်တယ်။ ဗမာကြက်ဆိုတော့ တနည်းအားဖြင့် free range chicken/ organic chicken (ဒီ၂မျိုးကလဲ သိပ်တော့မတူပါဘူး) ပေါ့

ဗမာကြက် က အာဟာရဓါတ် ပိုပါတယ် လို့ ယူဆ ကြပေမယ့် တကယ် တမ်းမှာ ပါဝင် တဲ့ အာဟာရဓါတ် တွေ က သိပ်ပြီး ကွာခြားမှု့မရှိပါဘူး

CP ကြက်က သူတို့ ကျွေးတဲ့ အစာ မှာ ဓာတု ပစ္စည်း တွေ ပါဝင် တယ်ဆိုပြီး မစားရဘူးတွေ ပြောကြပါတယ်။

ဒါလဲ မဟုတ်ပါ။ ကျွန်တော်တို့ အစိမ်းစားနေတာ မဟုတ်ပါ။ သေချာ ဆေးကြောပြီး ကျက်အောင် ချက်စားပါ။

အခုချိန်မှာ အာဟာရ ရှိအောင် စားရမှာပါ။ ပြီးတော့ ဈေးကြီးမှ အာဟာရ ရှိတာ မဟုတ်ပါ

ဈေး ၂ ဆ လောက် ကွာတဲ့ ကြက်သား ၂ မျိုးမှာ မိမိ အဆင်ပြေတာ လက်လှမ်းမီတာ စားကြပါ...

လေးစားစွာဖြင့်
ဒေါက်တာ ညီညီကျော်

Credit

Want your business to be the top-listed Media Company in Tatkon?
Click here to claim your Sponsored Listing.

Category

Telephone

Website

Address


Tatkon