Cherry Land Japanese Language Center

Cherry Land Japanese Language Center

Share

Photos from Cherry Land Japanese Language Center's post 24/05/2024

🇯🇵 🚊ဂျပန်မှာ ရထားဘယ်လိုစီးကြမလဲ။ ❓❓❓
ဂျပန်ရဲ့ရထားကကမ္ဘာကနေစိတ်ဝင်စားခံရတဲ့ရထားများစွာရှိပါတယ်။ဂျပန်ရဲ့မြို့တစ်မြို့ကနေနောက်တစ်မြို့ကိုပုံမှန်အချိန်အကြာကြီးသွားရမယ့်နေရာမှာအမြန်ဆုံးသွားလို့ရမယ့်ကျည်ဆန်ရထားတွေလဲရှိပါတယ်။မြို့ထဲတစ်နေရာကနေနောက်တစ်နေရာသွားတဲ့အခါမှာလည်းရိုးရိုးရထား၊အမြန်ရထားအစရှိသဖြင့်ခွဲခြားထားပြီးအမြဲတမ်းအချိန်မှန်ပြီးဆိုက်ရောက်တာကအံ့သြစရာကောင်းပါတယ်။မြန်မာနိုင်ငံမှာတော့ အဓိက ဘတ်စ်ကားကိုအသုံးပြုကြပေမယ့် ဂျပန်နိုင်ငံမှာတော့ ရထားက အဓိကကျတဲ့ အများပြည်သူသုံး ယာဥ်အမျိုးအစားတစ်ခုဖြစ်ပါတယ်။ ဒါကြောင့် ရထားဘယ်လိုစီးရမလဲဆိုတာကို သိထားဖို့အင်မတန် အရေး ကြီးပါတယ်။ နယ်မြို့တွေမှာ ရထားစီးရတာလွယ်ကူပေမယ့် တိုကျိုလိုမြို့ကြီးတွေမှာတော့ ရထားလိုင်းတွေလဲ များပြားပြီး အင်မတန်ရှုပ်ထွေးပါတယ်။ ဒါကြောင့်ရထားစီးတဲ့အချိန်မှာအသုံးဝင်မယ့် အချက် အလက်အကြောင်းအရာတွေအပြင် ရထားစီးတဲ့အချိန်မှာ သိထားသင့်တဲ့ အမူအရာတွေ၊ ယဥ်ကျေးမှုတွေကိုပါ‌ေဝမျှ‌ေပးသွားပါ့မယ်။
🔍🔎လမ်းကြောင်းဘယ်လိုရှာမလဲ❓❓
ရထားစီးမယ် ဆိုကတည်းက ကိုယ်သွားချင်တဲ့နေရာကို သိထားဖို့လိုအပ်ပါတယ်။ ဒါကြောင့် ပထမဆုံး ကိုယ်သွားမယ့် နေရာရဲ့ အနီးဆုံးဘူတာ ကိုအရင်ရှာပါ။ အနီးဆုံးဘူတာ ကိုသိပြီဆိုရင် ကိုယ်စထွက်မယ့် ဘူတာနဲ့ သွားလိုတဲ့ ဘူတာကို လမ်းကြောင်းရှာထားဖို့လိုအပ်ပါတယ်။ ဒါဆို လမ်းကြောင်းရှာတဲ့အချိန်မှာ အနီးဆုံးဘူတာ ကိုဘယ်လိုစကားလုံးတွေနဲ့ရှာမလဲ❓ လူအများစုကတော့ Google ကနေ ရှာကြမယ်ထင်ပါတယ်။ Google ကနေရှာတဲ့အချိန်မှာ Keywords တွေထည့်လိုက်ရုံနဲ့ ရှာတွေ့နိုင်ပါတယ်။ ဥပမာ တိုကျိုတာဝါကိုသွားမည်ဆိုပါစို့။ တိုကျို sky tree tower ရဲ့အနီးဆုံးဘူတာကို ရှာချင်ရင် 東京スカイツリータワー最寄り駅(もよりえき)tokyo sky tree tower nearest station စသဖြင့် ဘာသာ စကားအမျိုးမျိုးနဲ့ရှာဖွေနိုင်ပါတယ်။ ဒါမှမဟုတ် Google Map ကနေ တိုက်ရိုက် Tokyo sky tree Tower လို့ရိုက်ထည့်လိုက်ရင် သင်နဲ့ အနီးဆုံးဘူတာကနေ Tokyo sky tree Tower အထိ ရထားလမ်းကြောင်း၊ ကျသင့်ငွေတွေကိုပါတခါတည်းဖော်ပြပါတယ်။ရထားလမ်း ကြောင်းရှာတဲ့အချိန် အသုံးဝင်တဲ့ websiteနဲ့ app တွေလဲ အများကြီးရှိပါတယ်။ လူအသုံးများတဲ့ website နဲ့app တွေကိုလည်းဖော်ပြသွားပါမယ်

🗺️🚩ယာဉ်စီးလမ်းညွှန် website Yahoo!乗換案内
🈸 Navi Time app
🚩သွားရမယ့်နေရာ၊ ဘူတာလဲသိပြီဆိုတော့လက်မှတ်မပါပဲ ရထားစီးလို့မရပါဘူး။ ရထားလက်မှတ်ဝယ်ရပါတယ်။ မြန်မာပြည်မှတော့ ရန်ကုန်မြို့ပတ်ရထားဆိုရင် ဘူတာရုံးဝန်ထမ်းဆီမှာ ပြောပြီးဝယ်လို့ရပေမယ့် ဂျပန်မှာတော့ ကိုယ့်ဘာသာကိုယ်လက်မှတ် ဝယ်စက်မှာ ဝယ်ရပါတယ်။ သွားတဲ့ အကွာအဝေးအပေါ် မူတည်ပြီး လက်မှတ်စျေးလဲကွာသွားတာမို့ မိမိသွားလိုတဲ့နေရာအထိ လက်မှတ်စျေးနှုန်းကိုသိဖို့လိုပါတယ်။ လက် မှတ်စျေးနှုန်းကိုတော့ ဘူတာရဲ့ ဆိုင်းဘုတ်တွေနဲ့ လက်မှတ်ဝယ်စက်တွေရဲ့ အပေါ်မှာ ကပ်ထားလေ့ရှိပါတယ်။ လက်မှတ်စျေးနှုန်းကိုသိရပြီဆိုပါက လက်မှတ်ဝယ်စက်မှာ လက်မှတ်ကိုထုတ်ပြီး ရထားစီးလို့ရပါပြီ။ 🚨နောက်ပြီး အရေးကြီးတဲ့အချက်တချက်က ခရီးစဥ် အစကနေ အဆုံးအထိ လက်မှတ်ကိုမပျောက်အောင် အထူးဂရုစိုက်ဖို့လိုအပ်ပါတယ်။ မတော်တဆ လက် မှတ် ပျောက်သွားရင် နောက်ထပ် ရောက်သွားတဲ့ဘူတာမှာ လက်မှတ်ထပ်ဝယ်ရပြီး ပိုက်ဆံ နှစ်ခါကုန်တတ်ပါတယ်။ 💯⚠️
💳 IC Card အသုံးပြုခြင်း
ယခုနောက်ပိုင်း ဂျပန်မှာတော့ လက်မှတ် ဝယ်တဲ့ အချိန်သက်သာပြီး ရထားစီးရအဆင်ပြေတဲ့ IC Card တွေအသုံးပြုလာကြပါတယ်။
🌟🌟( e g .မြန်မာနိုင်ငံမှာyps card အသုံးပြုသလိုမျိုးပေါ့) IC Card တွေကတော့ ငွေဖြည့်ထားရုံတဲ့ ရထား၊ဘတ်စ်ကားစတဲ့ အများပြည်သူသုံးယာဥ်တွေကိုအသုံးပြုလို့ရနိုင်တဲ့အပြင် စတိုးဆိုင်တွေမှာ စျေးတယ်တဲ့အချိန်တွေအထိပါ ကျယ်ကျယ်ပြန့်ပြန့် အသုံးပြုနိုင်ပါတယ်။ နောက်ပြီး ငွေလဲ အလွယ်တကူဖြည့်နိုင်ပါတယ်။ ဘူတာမှာလဲဖြည့်နိုင်ပြီး တခြား ၂၄ နာရီစတိုးဆိုင်တွေမှာလဲငွေဖြည့်နိုင်ပါသေးတယ်။ IC Card တွေကို ဘူတာတွေမှာအလွယ်တကူဝယ်ယူနိုင်ပါတယ်။ 🚉🏪

🗾🗺️🚩မြို့အလိုက်ပြီး အသုံးများတဲ့ IC Card💳 အမျိုးအစားတွေလဲကွာခြားပါတယ်။
🗼🇯🇵တိုကျိုမှာလူအသုံးများတဲ့ IC Card တွေကတော့
💳 SUICA
💳 PASMO
🗾🇯🇵အိုဆာကာမှာ အသုံးများတဲ့ IC Card တွေကတော့
💳 ICOCA
💳 PiTaPa
😥လက်မှတ်မှားဝယ်မိရင်ဘယ်လိုလုပ်မလဲ?
IC Card ကိုအသုံးပြုတဲ့အချိန်မှာတော့ ဒီလိုမျိုးမရှိပေမယ့် လက်မှတ်ဝယ်ပြီးတဲ့အချိန်မှာတော့ စျေးနှုန်းအကြည့်မှားပြီး လက်မှတ်ဝယ်မိတာဖြစ်စေ၊ လက်မှတ်ဝယ်ထားတဲ့ ဘူတာနဲ့ ဆင်းချင်တဲ့ ဘူတာ မတူတော့ဘဲ အစီအစဥ်ပြောင်းသွားတဲ့ ဖြစ်စေ အဲလိုအချိန်မှာဆို လက်မှတ်နဲ့စီးတဲ့သူတွေအဖို့ အဆင်မပြေမှုတွေရှိတတ်ပါတယ်။ ဘာလို့လဲဆို ဂျပန်မှာက ဘူတာအကွာအဝေးအပေါ်မူတည်ပြီး လက်မှတ်စျေးနှုန်းကွာလို့ဖြစ်ပါတယ်။ ဒီလိုအခြေအနေမျိုးမှာဆို မိမိ ဆင်းမယ့် ဘူတာ မှာ လက်မှတ်စျေးနှုန်းကိုပြောင်းတဲ့ စက်ရှိပါတယ်။ ဂျပန်လိုတော့ 精算機(せいさんき)လို့ခေါ်ပါတယ်။ ဒီစက်မှာ မလောက်တဲ့ ပမာဏ ကို ထပ်ပေးပြီး ဘူတာကနေ ထွက်လို့ရပါတယ်။ တကယ်လို စက်အသုံးပြုပုံနဲ့ပတ်သက်ပြီးဖြစ်စေ၊ ဘာသာစကားအပိုင်း အခက်အခဲရှိခဲ့ပါက အနီးနားမှာရှိတဲ့ ဘူတာရုံဝန်ထမ်းကို လှမ်းခေါ်ပြီးအကူအညီတောင်းနိုင်ပါတယ်။ ဂျပန်နိုင်ငံက ဘူတာရုံဝန်ထမ်းတွေက အင်မတန်သဘောကကောင်းပြီး ကူညီတတ်ကြပါတယ်။ 💁‍♀️💁‍♂️💁
🇯🇵🚉ရထားစီးတဲ့အချိန် သိထားသင့်တဲ့အမူအကျင့်များ
🕴️🧍🧑‍🦽တန်းစီပါ
ဂျပန်နိုင်ငံမှာတော့ ဘယ်နေရာမှာမဆို တန်းစီတဲ့စနစ်ရှိပါတယ်။ ရထားစီးတဲ့အချိန်မှာလဲ တန်းစီရပါတယ်။ လက်မှတ်ဝယ်ပြီး စီးရမယ့် ပလက်ဖောင်းကိုသွားပြီး ရထားအလာကိုစောင့်ရပါမယ်။ ပလက်‌ေဖာင်းအများကြီးရှိတဲ့ ဘူတာကြီးတွေလဲရှိသလို ပလက်ဖောင်းတစ်ခုပဲရှိတဲ့ ဘူတာတွေလဲရှိပါတယ်။ မိမိသွားရမယ့် ဘူတာကိုရှာတဲ့အချိန်မှာ ဘယ်ပလက်ဖောင်းကနေစီးရမလဲဆိုတာ တခါတည်းပါပြီးသားမို့လို့ သေချာ ကြည့် ပါ။ ပလက်ဖောင်းမှားစီးရင် မိမိသွားလိုတဲ့နေရာကို မရောက်ဖြစ်တတ်ပါတယ်။ ပလက်ဖောင်းမှာ တန်းစီးတဲ့အချိန်မှာလဲ သတ်မှတ်ထားတဲ့ မျဥ်းဝါစည်းအတွင်း ကနေ တန်းစီဖို့လိုပါတယ်။ ရထားလမ်းက နီးကပ်ကပ်မှာ တန်းစီမယ်ဆိုရင် နည်းနည်းအန္တရာယ်များလို့ မျဉ်းဝါစည်း အတွင်းဘက်ကနေ ဝင်ပြီး တန်းစီဖို့သတ်မှတ်ထားပါတယ်။
🤰🩼👴👵အသက်ကြီးတဲ့သူနဲ့ မသန်စွမ်းတဲ့သူ၊ ကိုယ်ဝန်ဆောင်အမျိုးသမီးများကို ဦးစားပေးပါ 💯
🚆ရထားစီးတဲ့အချိန်မှာလဲ ရထားကြပ်တဲ့အချိန်မှာဆို လူကြီးတွေ၊ မသန်စွမ်းသူတွေ၊ ကိုယ်ဝန်ဆောင်မိခင်တွေကို ဦးစားပေးသင့်ပါတယ်။ (ရထားစက်မောင်းခန်းထဲမှလည်း‌ေကြာ်ငြာ‌ေပးပါတယ်။)🗣️ 🌟🌟ဦးစားပေးထိုင်ခုံတွေကိုသီးသန့်သတ်မှတ်ထားပါတယ်။🚨ဂျပန်နိုင်ငံရဲ့လူမှုကျင့်ဝတ်အရလိုက်နာရန်လိုအပ်ပါတယ်။ဒီခံု‌ေတွကိုအသုံးပြုတော့မယ်ဆိုရင် သတ်မှတ်ထားတဲ့သူတွေရထားထဲဝင်လာပါကထိုင်ခုံကနေ ဖယ်ပေးသင့်ပါတယ်။နောက်ပြီး ဒီအတိုင်း😷 နေမကောင်းတဲ့သူတွေကို အမြင်နဲ့ ဆုံးဖြတ်လို့မရတဲ့အခြေအနေတွေရှိပါတယ်။ ဂျပန်မှာတော့ အစိုးရကနေ Help Mark တွေထုတ်ထားပါတယ်။ ဒါကြောင့် ဒိလိုအမှတ်အသားတွေကိုမြင်ရင် ထိုင်ခုံနေရာပေးလိုက်တာဟာ ကောင်းမွန်တဲ့ အမူအရာပါ။ ❌❣️
👩‍🏫👧👒အမျိုးသမီးသီးသန့်ရထားတွဲများ
ဂျပန်မှာတော့ တချို့နေရာတွေမှာ အမျိုးသမီးသီးသန့် ရထားတွဲတွေရှိပါတယ်။ အမျိုးသမီးသီးသန့်ရထားတွဲတွေတော့ သာမန်အမျိုးသားတွေ စီးခွင့်မရှိပါဘူး။ ကျန်းမာရေးအခြေအနေ မကောင်းမွန်တဲ့သူတွေ မူလတန်းကလေးတွေမျှသာ အသုံးပြုခွင့်ရှိပါတယ်။ ဒီလိုမျိုးသတ်မှတ်ချက်တွေကလဲ အချိန်သတ်မှတ်ချက်တွေရှိပါတယ်။ ရထားလိုင်းအပေါ်မူတည်ပြီး ကန့်သတ်ချက်တွေ ကွာခြားနိုင်ပါတယ်။

📵🔇🤐ရထားတွဲ အတွင်း စကားကျယ်ကျယ်မပြောပါနဲ့။ 🎧
ရထားတွဲအတွင်းမှာတော့ စကားတိုးတိုးပြောလေ့ရှိပြီး ဖုန်းလဲပြောလေ့မရှိပါဘူး။ ဒါကြောင့် ရထားစီးတဲ့အချိန်မှာ စကားကိုတိုးတိုးပြောပြီး ဖုန်းကို Silent Mode တင်ထားသင့်ပါတယ်။
❤️🇯🇵🗾🗼🚊🔍ဒီ‌ေလာက်ဆိုရင်ဂျပန်မှာပထမဆံုးရထားစီးတဲ့အချိန်မှာ လိုက်နာသင့်တဲ့ အမူအကျင့်လေးတွေကို ကြိုတင်သိရှိ‌ေလာက်ပြီမို့ ရထားစီတဲ့အချိန်မှာ အခက်အခဲမရှိအဆင်ပြေစေဖို့မျှော်လင့်ပါတယ်နော်......❣️🙆🇯🇵🚉💳
'sknowjapan



..

Want your school to be the top-listed School/college in Tamwe?
Click here to claim your Sponsored Listing.

Category

Telephone

Website

Address


165 Short Street
Tamwe
11211

Opening Hours

Monday 09:00 - 17:00
Tuesday 09:00 - 17:00
Wednesday 09:00 - 17:00
Thursday 09:00 - 17:00
Friday 09:00 - 17:00
Saturday 09:00 - 17:00
Sunday 09:00 - 17:00