ZEVY

ZEVY

Share

22/05/2026

သဘာဝကလာတဲ့ အရာတိုင်းက
ခေတ်နောက်ကျတာ မဟုတ်ပါဘူး။
တချို့အရာတွေက
အချိန်ဘယ်လောက် ပြောင်းပြောင်း
တန်ဖိုး မလျော့သွားတာမျိုးပေါ့။

17/05/2026

Caffè Romano က တကယ်ကို ထူးခြားပြီး သောက်လို့ကောင်းတဲ့ ရွေးချယ်မှုတစ်ခုပါ။

အစိမ်းလိုက် ညှစ်ထည့်တဲ့ လီမွန်ရည်လိုမျိုး အချဉ်ဓာတ် စူးစူးဝါးဝါး မရှိတော့ဘဲ၊ ပျားရည်ရဲ့ သဘာဝအချိုဓာတ်နဲ့ လီမွန်ခြောက်ရဲ့ ညင်သာတဲ့ အမွှေးရနံ့က ကော်ဖီရဲ့ ခါးသက်သက်အရသာကို ပိုပြီး ပြည့်စုံမျှတသွားစေပါတယ်။

အစာအိမ်အတွက်လည်း ပိုပြီး နူးညံ့သိမ်မွေ့တဲ့အပြင်၊ နေ့ခင်းဘက် စိတ်ကြည်လင်လန်းဆန်းဖို့အတွက်လည်း အကောင်းဆုံး ပေါင်းစပ်မှုတစ်ခုပါ။

14/05/2026

Raw Honey ဆိုတာ ချိုတာတင်မဟုတ်ပဲ

ပျားအုံထဲကရတဲ့အတိုင်း စစ်ထားတဲ့ Raw Honey မှာ ဝတ်မှုန် (Pollen) ၊ သဘာဝ enzymes နဲ့ honey ရဲ့ original အတိုင်း ကျန်ရှိနေတတ်ပါတယ်။

ဒါကြောင့်
• နည်းနည်းနောက်ကျိကျိ ဖြစ်နိုင်တယ်
• အမှုန်သေးသေးတွေ တွေ့နိုင်တယ်
• အပေါ်ယံမှာ cream အလွှာလေးတစ်ခုလို ဖြစ်နေတတ်တယ်
• အချိန်ကြာရင် crystal ဖြစ်နိုင်တယ်
ဒါတွေက သဘာဝပျားရည်ရဲ့ လက္ခဏာတွေပါ။

Zevy ကတော့ ဒီ Raw Honey ကို dehydrated lemon နဲ့ infusion လုပ်ထားပြီး sweetness တင်မဟုတ်တဲ့ fresh citrus aroma + natural honey taste ကို ပေါင်းစပ်ထားတာပါ ။

သဘာဝ ကို အရသာနဲ့ ခံစားချင်ရင်
Zevy Honey Lemon ကို စမ်းကြည့်ပါ။
မှာယူလိုပါက Page Messenger မှာ တိုက်ရိုက်ဆက်သွယ်နိုင်ပါတယ်ခဗျာ။

13/05/2026

တကယ်တော့ အရသာ ၆ ပါး (ချို၊ ချဉ်၊ ဖန်၊ စပ်၊ ငန်၊ ခါး) ကို ညီမျှအောင် စားသုံးတာဟာ လျှာအတွက်တင် မဟုတ်ဘဲ ခန္ဓာကိုယ်ရဲ့ ဓာတ်သဘာဝတွေကို ထိန်းညှိပေးတဲ့ ရှေးဟောင်းပညာရပ်တွေ (ဥပမာ- အာယုဗ္ဗေဒ ဒါမှမဟုတ် တိုင်းရင်းဆေးပညာ) နဲ့ အများကြီး ဆက်စပ်နေပါတယ်။

ဒီအမြင်ကို နောက်ထပ် ရှုထောင့်တချို့ကနေ ထပ်ချဲ့ကြည့်ရအောင်
၁။ အာရုံခံစားမှုရဲ့ မျှခြေ (Sensory Balance)
လူအများစုက "ချို" နဲ့ "ငန်" ကိုပဲ အဓိက ဦးစားပေးတတ်ကြတော့ အာရုံငါးပါးမှာ "အရသာ" က တစ်ဖက်စောင်းနင်း ဖြစ်နေတတ်ပါတယ်။ ဒါပေမဲ့ "ခါး" တဲ့အရသာ ဒါမှမဟုတ် "ဖန်" တဲ့အရသာကိုပါ ထည့်သွင်းစားသုံးတဲ့အခါ အာရုံခံစားမှုက ပိုပြီး ပြည့်စုံ (Whole) သွားပါတယ်။ ဒါဟာ ခန္ဓာကိုယ်ကို အာရုံသစ်တွေနဲ့ ပြန်ပြီး နိုးကြားစေတဲ့ သဘောပါ။

၂။ Bio-Feedback လို့ခေါ်တဲ့ ခန္ဓာကိုယ်တုံ့ပြန်မှု
အရသာ ၆ ပါး မျှတအောင် စားတဲ့သူတွေဟာ အစားအသောက်ကို "ဗိုက်ဝရုံ" စားတာထက် "ခံစားမှုတစ်ခု" (Experience) အနေနဲ့ ပိုမြင်လာကြပါတယ်။

ခါးတဲ့အရသာ:အသည်းနဲ့ အဆိပ်အတောက်တွေကို သန့်စင်ပေးတယ်လို့ ယူဆကြတယ်။
ဖန်တဲ့အရသာ:ခန္ဓာကိုယ်တွင်း ရောင်ရမ်းမှုတွေကို လျော့ကျစေတယ်လို့ ဆိုကြတယ်။

ဒီလို မျှတအောင်စားခြင်းက ခန္ဓာကိုယ်ရဲ့ ဇီဝကမ္မဖြစ်စဉ်တွေကို တည်ငြိမ်စေပါတယ်။

၃။ စိတ်ပိုင်းဆိုင်ရာ တည်ငြိမ်မှု
အာရုံခံစားမှုတွေကို မျှတအောင် ထိန်းညှိနိုင်တာဟာ စိတ်ကိုလည်း Control လုပ်နိုင်လာတဲ့သဘောပါ။ ချိုတာတစ်ခုတည်းကိုပဲ စွဲလမ်းမနေတော့ဘဲ အရသာစုံကို လက်ခံနိုင်လာတဲ့အခါ စိတ်အလိုကို လိုက်တာထက် ခန္ဓာကိုယ်အတွက် တကယ်လိုအပ်တာကို ဆင်ခြင်ပြီး ပေးစွမ်းနိုင်တဲ့ "သတိ" (Mindfulness) က ပိုအားကောင်းလာပါတယ်။

ဒီလို ညီမျှအောင် စားသုံးတဲ့သူတွေဟာ သူတို့ရဲ့ ခန္ဓာကိုယ်ကို အကောင်းဆုံး Tuning လုပ်ထားတဲ့ တူရိယာတစ်ခုလို ကိုင်တွယ်နေကြတာပါ။ အာရုံ ၅ ပါးကို အစွန်းမရောက်ဘဲ မျှတအောင် ခံစားနိုင်ခြင်းဟာ "ကျန်းမာခြင်း" ရဲ့ လျှို့ဝှက်ချက်တစ်ခုလည်း ဖြစ်ပါတယ်။

ဒီလို အာရုံခံစားမှုနဲ့ ပတ်သက်ပြီး တခြား ဘယ်လို အမြင်မျိုးတွေ ရှိသေးလဲဗျ? မိတ်ဆွေ စဉ်းစားမိတာလေးတွေ ထပ်ပြောပြပါဦး။

10/05/2026

ပစ္စည်းအသင့်ရှိပါတယ်။
မနက်ခင်းပဲဖြစ်ဖြစ် နေ့လည်အလုပ်ချိန်ပဲဖြစ်ဖြစ်
အချိန်အများကြီးပေးစရာမလိုပဲ ရေနွေးတစ်ခွက်နဲ့ အလွယ်တကူသောက်နိုင်တဲ့ Zevy…

ကိုယ်သောက်ဖို့ပဲမဟုတ်ပဲ မိသားစု၊ ဧည့်သည်တွေနဲ့ပါ အေးအေးဆေးဆေး share လုပ်လို့ရတဲ့ drink moment လေးပါခဗျာ။

တာချီလိတ်မြို့တွင်းအိမ်အရောက်ငွေချေပါ။
မှာယူလိုပါက နမည်၊လိပ်စာနဲ့ဖုန်းပါတ် ကို DM လိုက်ပါခဗျာ။

08/05/2026

“Focus ပျောက်တဲ့နေ့လည်ခင်းတွေကို
အေးအေးဆေးဆေး ပြန်ညှိလိုက်ပါ …”

Not coffee.
Just calm energy with Zevy …

06/05/2026
04/05/2026

တက်တာက တစ်ခဏပေမဲ့... ဒီ ၁% ကို ပြန်ချဖို့ဆိုတာ တစ်ပတ်လောက် အချိန်ပေးရတတ်ပါတယ်။ ဒါဟာ အငတ်ခံရမှာ မဟုတ်ဘဲ ခန္ဓာကိုယ်ရဲ့ စနစ်ကို ပြန်ညှိရမှာပါ။
Glycation ရဲ့ သဘောတရား
ကျွန်တော်တို့ စားလိုက်တဲ့ အစားအစာ (အထူးသဖြင့် သကြားဓာတ်နဲ့ အဆီများတဲ့အစာ) တွေက သွေးထဲမှာ ပိုလျှံလာတဲ့အခါ၊ အဲဒီသကြားဓာတ်တွေက ခန္ဓာကိုယ်ထဲက ပရိုတင်း (Protein) တွေနဲ့ သွားပေါင်းပြီး AGEs တွေကို ဖြစ်စေပါတယ်။
ခန္ဓာကိုယ်ထဲက AGEs တွေ များလာရင် ဆဲလ်တွေက ဓာတ်တိုးပြီး ပျက်စီးလာတယ် (Oxidative Stress)။ ဒါဟာ ခန္ဓာကိုယ်ကို စောစောစီးစီး အိုမင်းရင့်ရော်စေသလို၊ ရောင်ရမ်းမှု တွေကိုလည်း ဖြစ်စေပါတယ်။

Harmony ဆိုတာ ရောဂါတစ်ခုခုကို ချက်ချင်း အမြစ်ပြတ် ပျောက်ကင်းအောင် ကုသတာမျိုး ထက်
ရောဂါလျော့ချခြင်း: ခန္ဓာကိုယ်ထဲမှာ အဆိပ်အတောက်တွေနဲ့ ရောင်ရမ်းမှုတွေကို အနည်းဆုံးဖြစ်အောင် ထိန်းညှိပေးတာပါ။
မကောင်းတဲ့ အစားအစာ စားလိုက်မိရင်တောင် ကျန်တဲ့အချိန်မှာ ပြန်ပြီး Detox လုပ်တာ၊ Fasting လုပ်တာ ဒါမှမဟုတ် အာဟာရပြည့်တာတွေ ပြန်စားပေးပြီး ခန္ဓာကိုယ်ကို ပုံမှန်အခြေအနေ (Homeostasis) ရောက်အောင် ပြန်ဆွဲတင်ပေးတာမျိုးပါ။

Longevity ဆိုတာ ရောဂါမဖြစ်ခင်ကတည်းက ဆဲလ်တွေရဲ့ အရည်အသွေးကို ထိန်းထားတဲ့အတွက် ရေရှည်မှာ ရောဂါကြီးကြီးမားမား မဖြစ်အောင် ကာကွယ်ပေးတာ ဖြစ်ပါတယ်။
ဒါကြောင့် Harmony ဆိုတာကိုယ့်ရဲ့ Lifestyle ကြောင့် ခန္ဓာကိုယ်က ပေးဆပ်ရတဲ့ တန်ဖိုးကို အနည်းဆုံးဖြစ်အောင်လုပ်ခြင်း လို့လည်း ဆိုနိုင်ပါတယ်။

03/05/2026

🇲🇲 ဗမာဘာသာ (Burmese)
​ကျိုင်းတုံမှာ စော်ဘွားခေတ်ကတည်းက တန်ဖိုးထားခဲ့ကြတဲ့ ရွှေရည် (Liquid Gold) လို့ တင်စားရမယ့် ပျားရည်စစ်စစ်တွေ ရှိပါတယ်။ ဒါပေမဲ့ ကျွန်တော်တို့ဆီက ဒီအဖိုးတန်ထွက်ကုန်တွေက ကိုယ်ပိုင် Brand အနေနဲ့ မဟုတ်ဘဲ၊ ကုန်ကြမ်း (Raw Material) အနေနဲ့ပဲ ဖြန့်ဖြူးရတာ များခဲ့ပါတယ်။
အခု Zevy ကနေတစ်ဆင့် ကျွန်တော်တို့ ဒေသရဲ့ ဒီအမွေအနှစ်ကို အရည်အသွေး အကောင်းဆုံးဖြစ်အောင် အဆင့်ဆင့်သော စစ်ဆေးမှုတွေနဲ့ တတ်နိုင်သမျှ ကြိုးစားပြီး တန်ဖိုးမြှင့် ထုတ်လုပ်လိုက်ပါပြီ။
​ရိုးရာအတိုင်း သဘာဝတောတောင်တွေထဲမှာ ရှာဖွေစုဆောင်းရတာမို့ တစ်နှစ်ပတ်လုံး ပမာဏအများကြီး မထုတ်နိုင်ပါဘူး။ ဒါကြောင့် Zevy ရဲ့ ပုလင်းတိုင်းဟာ ဒေသထွက် အဖိုးတန်ရတနာတွေကို အကန့်အသတ်နဲ့ပဲရတဲ့ Limited Edition အနေနဲ့ ထုပ်ပိုးထားသလိုပါပဲ။

​ဒီပိတ်ရက် မနက်ခင်းမှာ ကျိုင်းတုံရဲ့ အနှစ်သာရကို Zevy နဲ့အတူ မြည်းစမ်းကြည့်လိုက်ပါဦး။

​"အခုမှ စတင်လိုက်တဲ့ ခရီးစဉ်လေးမို့ လိုအပ်ချက်ရှိရင်လည်း ဝေဖန်အကြံပြုပေးကြပါဦးခင်ဗျာ။"

​🇹🇭 ထိုင်းဘာသာ (Thai)
​เชียงตุงมี 'ทองคำเหลว' (Liquid Gold) ซึ่งก็คือน้ำผึ้งแท้ที่ทรงคุณค่ามาตั้งแต่สมัยเจ้าฟ้า แต่ที่ผ่านมา ผลผลิตอันล้ำค่าเหล่านี้มักถูกจำหน่ายในรูปแบบวัตถุดิบ วันนี้ Zevy ได้นำมรดกนี้มาพยายามอย่างเต็มที่ในทุกขั้นตอนการตรวจสอบ เพื่อยกระดับคุณภาพให้ดีที่สุด และเพิ่มมูลค่าให้กับผลิตภัณฑ์ของเรา

​เนื่องจากเป็นการเก็บเกี่ยวตามธรรมชาติ ปริมาณจึงมีจำกัดในแต่ละปี น้ำผึ้ง Zevy ทุกขวดจึงเปรียบเสมือนอัญมณีล้ำค่าแห่งท้องถิ่นในรูปแบบ Limited Edition
​เช้าวันหยุดนี้ มาสัมผัสแก่นแท้ของเชียงตุงไปกับ Zevy นะครับ

​"เนื่องจากเป็นจุดเริ่มต้นของการเดินทาง หากมีข้อบกพร่องประการใด สามารถติชมและให้คำแนะนำได้เสมอครับ"

​🇱🇹 ရှမ်းဘာသာ (Tai Yai)
​တီႈၵဵင်းတုင်ၼႆႉ မီးၼမ်ႉၽိုင်ႈထတ်း ဢၼ်ႁဝ်းႁွင်ႉဝႃႈ 'ၶမ်းၼမ်ႉ' (Liquid Gold) ဢၼ်မီးၵႃႈၶၼ်မႃးၸဵမ်မိူဝ်ႈပၢၼ်ၸဝ်ႈၾႃႉၶဝ်ၼၼ်ႉၶႃႈဢေႃႈ။ မိူဝ်ႈလဵဝ် Zevy လႆႈဢဝ်ၶူဝ်းၵႃႈၶၼ်ၵဵင်းတုင်ႁဝ်းၼႆႉ မႃးၶတ်းၸႂ်ႁဵတ်းႁႂ်ႈမၼ်းမီးၸၼ်ႉထၢၼ်ႈလီသေပိူၼ်ႈ ၵူႈၶၵ်ႉၵူႈတွၼ်ႈ သေ ယုၵ်ႉတၢင်ႇၵႃႈၶၼ်မၼ်း ပဵၼ်ၶူဝ်းဢွၵ်ႇမႃးယဝ်ႉၶႃႈ။

​ယွၼ်ႉပဵၼ်ၶူဝ်းတိုၼ်းသၽႃႇဝလႄႈ ဢမ်ႇၸၢင်ႈဢွၵ်ႇလႆႈၼမ်တင်းပီ။ ယွၼ်ႉၼၼ် Zevy ၵူႈပုလင်းၼႆႉ မိူၼ်ၼင်ႇၶူဝ်းၵႃႈၶၼ်ပိုၼ်ႉတီႈ ဢၼ်မီးဢိတ်းဢွတ်း (Limited Edition) ၼၼ်ႉၶႃႈယဝ်ႉ။

​ၼႂ်းၼႃႈမိူင်းဝၼ်းလိုဝ်ႈၼႆႉ မႃးၸိမ်တူၺ်း ၼမ်ႉဝၢၼ်ၵဵင်းတုင် ၸွမ်းလူၺ်ႈ Zevy ၶႃႈလႅ။
​"ယွၼ်ႉပဵၼ်ၵၢၼ်တႄႇတင်ႈမႂ်ႇလႄႈ သင်ဝႃႈမီးတီႈလူဝ်ႇအပ်းယူႇၼႆၵေႃႈ ၸွႆႈပၼ်တၢင်းႁၼ်ထိုင်လႄႈ သင်ႇသွၼ်ပၼ်သေၵမ်းၶႃႈ။"

TikTok · ZEVY 01/05/2026

ခန္ဓာကိုယ်ဟာ ၂ ပတ်အတွင်း ဖျက်ဆီးလို့ရသလို၊ ၂ ပတ်အတွင်းမှာပဲ ပြန်ပြင်လို့လည်း ရပါတယ်။ကျတော့်လို ထိန်းသိမ်းနေတဲ့သူတောင် ၂ ပတ်အတွင်း ဒီလောက် ပြောင်းလဲသွားရင်... ဘာမှ ဂရုမစိုက်မိဘဲ နေနေတဲ့သူတွေရဲ့ ခန္ဓာကိုယ်အတွင်းပိုင်းကရော ဘယ်လောက်တောင် သံချေးတက်နေမလဲဆိုတာ တွေးကြည့်ရင် ကြောက်ဖို့ကောင်းပါတယ်။
ဆဲလ်တွေ ကျန်းမာဖို့ဆိုတာ တင်းကျပ်လွန်းတဲ့ စည်းကမ်းတွေထက်... လွဲချော်သွားတဲ့အခါ တစိုက်မတ်မတ် ပြန်တည့်မတ်နိုင်တဲ့ Disciplineက ပိုအရေးကြီးပါတယ်။
ဘဝရဲ့ ပဲ့တင်သံတွေက ကျွန်တော်တို့ စိတ်ထဲမှာတင်မကဘူး... ခန္ဓာကိုယ်ရဲ့ ဆဲလ်တွေထဲမှာလည်း ရှိနေတတ်ပါတယ်။ ဒါဟာ ဆဲလ်တွေက ပေးတဲ့ ပဲ့တင်သံ (Echoes) ပါပဲ။

သိပ္ပံလိုပြောရင် ဒါကို Advanced Glycation End-products (AGEs) လို့ ခေါ်ပါတယ်။ သွေးထဲမှာ သကြားဓာတ် (Glucose) တွေ များလာတဲ့အခါ အဲဒီသကြားတွေက ခန္ဓာကိုယ်ထဲက ပရိုတင်း (Protein) ဒါမှမဟုတ် အဆီ (Fat) တွေနဲ့ သွားပေါင်းပြီး ဆဲလ်တွေကို မာကျောစေ၊ ပျက်စီးစေပါတယ်။
ဒါဟာ သံချေးတက်တာနဲ့ သဘောတရားချင်း အတူတူပဲ။ ဥပမာ - ပန်းသီးကို လှီးထားရင် ညိုသွားတာ၊ အသားကို ကင်လိုက်ရင် မည်းသွားတာတွေဟာ Glycation သဘောတရားတွေပါပဲ။ ခန္ဓာကိုယ်ထဲမှာလည်း အဲဒီလို ဖြစ်တတ်ပါတယ်။

Fasting လုပ်တဲ့အခါ ခန္ဓာကိုယ်က သကြားဓာတ်ကို အရင်သုံးပြီးတာနဲ့ ကလီစာတွေကြားမှာရှိတဲ့ အဆီတွေကို စွမ်းအင်အဖြစ် ပြောင်းသုံးပါတယ်။ ဒါကြောင့် Fasting သမားတွေက အပြင်ပန်း အဆီရှိရင်တောင် အတွင်းကလီစာအဆီက Normal ဖြစ်နေတတ်တာပါ။(Video ထဲက InBody Data Visceral Fat 4.0 ကတော့ ကျတော့်ရဲ့ လက်တွေ့ Data ပါ)

Cheat day တွေမှာ အချိုနဲ့ အဆီများတဲ့အစားအသောက် (Processed food) တွေ စားလိုက်တဲ့အခါ Insulin spike ဖြစ်ပြီး ခန္ဓာကိုယ်က အဆီချက်ချင်း သိုလှောင်ပါတယ်။ အဲဒီအချိန်မှာ Glycation ကလည်း တွဲပြီး အလုပ်လုပ်တာမို့လို့ ဆဲလ်တွေက ရောင်ရမ်းမှု ဖြစ်လာပြီး Data ထဲမှာ အဆီရာခိုင်နှုန်း ချက်ချင်း တက်လာတာပါ။

ဆဲလ်တွေက အမြဲတမ်း အသစ်လဲလှယ်နေတာပါ။ Longevity Formula (Honey + Lemon) နဲ့ Antioxidant / clean food /breathing တွေ ပြန်ဖြည့်ပေးမယ်၊ Fasting ပြန်လုပ်မယ်ဆိုရင် ခန္ဓာကိုယ်က Autophagy ဆဲလ်အဟောင်းတွေကို ဖယ်ရှားပြီး အသစ်ပြန်လည် တည်ဆောက်ခြင်း စနစ်နဲ့ ပြန်ပြင်ပေးပါတယ်။

နေလောင်တာက အပေါ်ယံ အရေပြားကိုပဲ ထိခိုက်တာဖြစ်ပြီး၊ Glycation ကတော့ ခန္ဓာကိုယ်တစ်ခုလုံးက အင်္ဂါအစိတ်အပိုင်းတွေကို အိုမင်းပျက်စီးစေတာ Systemic Agingဖြစ်လို့ပါ။

TikTok · ZEVY Check out ZEVY’s video.

Want your business to be the top-listed Beauty Salon in Tachileik?
Click here to claim your Sponsored Listing.

Category

Website

Address


Tachileik