Yuan

Yuan

Share

08/09/2021

Computer သုံးနေရင်း Restart ကျကျသွားရင်

Computer သုံးနေရင်း Restart ကျကျသွားရင် ကျွန်တော်တို့ ကွန်ပျူတာ ကိုသုံးနေရင် Hangs တာမျိုး
Crashes ဖြစ်တာ မျိုး ကြုံဖူးကြမှာပါ။ ဘာကြောင့်ဖြစ်တာလဲဆိုရင် ကျွန်တော်တို့ မိမိတို့ စက် မှာ
မလိုအပ်တဲ့ process တွေ အလုပ်လုပ်နေလို့ ဖြစ်ပါတယ် အဲဒီလို မဖြစ် ရအောင် ဖြေရှင်းနည်း (၁၀)
ချက်ရှိတယ်။ 1. မိမိတို့ computer မှာ ctrl+alt+ delete key (တစ်ချို့စက်တွေမှာ ctrl+shift+Esc )
နိုပ်ပြီ Task manager ကိုခေါ်လိုက်ပါ။ ပြီရင် processes ထဲမှာ ကို အသုံးမလိုတဲ့ software တွေကို
End Process လိုက်လုပ်ပါ။ 2. နောက်တစ်ခုက virtual memory တိုးပေးတာဖြစ်ပါတယ်။
ကျွန်တော်တို့ program တွေ အများကြီး run ထားတဲ့အခါ virtual memory မလုံလောက် တဲ့အတွက်
စက် Hangs တာမျိုးတွေ ဖြစ်တက်ပါတယ်။ 3. နောက်တစ်ခုကတော့ ကျွန်တော်တို့ Browser တွေရဲ့
History တွေကို ဖျက်ထုတ်တာဖြစ်ပါတယ်။ ccleaner software နဲ့ ဖြေရှင်းက အတော် ကောင်းတယ်။
software မသုံးချင်တဲ့ သူငယ်ချင်းများအတွက် Internet explorer မှာ Tools ဆိုတာ တွေ့ကြမှာပါ။
အဲဒီမှာ internet option ထဲက General မှာ clear History ကို click လိုက်ပြီ ok ပေးလိုက်တာပါ။
Firefox မှာလဲ ကျွန်တော်တို့ option ထဲက privacy ထဲမှာ private ထဲက setting မှာ ကျွန်တော်တို့
clear ပေးလိုက်ပါ။ Browser History တွေကို ပြောတာနော်။ 4. နောက်တစ်ခုကတော့ Internet temporary files တွေကို delete ပေးရ ပါ့ မယ်။ ဒါကတော့ option က ဖျက်တာနဲ့စာရင်
ccleanner softeware နဲ့ ဖြေရှင်းတာ အကောင်းဆုံးဖြစ်ပါတယ်။ 5. နောက်တစ်ခုက ကျွန်တော်တို့ cookies တွေကို ဖျက်ထုတ်တာဖြစ်ပါ တယ်။ Internet Browser တွေက option
ထဲကနေ cookies တွေကို ဖျက်ထုတ်လိုက်ပါ။ 6. နောက်တစ်ခုကတော့ မလိုအပ်တဲ့ programs တွေကို ဖျက်ထုတ်တာဖြစ်ပါတယ်။ မိမိတို့စက်မှာ မလိုအပ်တာတွေကို မိမိသာ
အသိဆုံးဖြစ်မှာပါ။ မိမိcomputer က control panel ထဲက add/remove programs ထဲက မလိုတာတွေကို install လုပ်လိုက်ပါ။ 7. နောက်တစ်ခုကတော့ files တွေကို
ပြန်စီတာဖြစ်ပါတယ်။ Defragmenter ချတယ်လို့လဲခေါ်ပါတယ်။ Defragmenter ချတဲ့နေရာမှာ မိမိ Defragmenter ချတဲ့အခါ မိမိချချင်တဲ့ Disk မှာ free space 15% ရှိရပါမယ်။
မရှိရင်တော့ defragmenter ချလို့ မရပါဘူး။ လုပ်နည်းကတော့ all programs/accessories /system tool/disk defragmenter မှာ မိမိ partition ခွဲထားတစ်လောက် file တွေကို
ပြန်စီလိုက်ပါ။ 8. နောက်တစ်ခုကတော့ မိမိ ကွန်ပျူတာမှာ error ကို check လုပ်တာပါ။ မိမိစက်မှာ error တက်နေတဲ့ program တွေကို check လုပ်လိုက်တာပါ။
ဘယ်လိုလုပ်ရသလဲဆိုရင် မိမိ error ရှာချင်တဲ့ disk ပေါ်မှာ right click ထောက်။ properties ထဲက tools မှာ error-checking အကွက်ထဲမှာ check Now ကို click ပြီ
မိမိတို့လုပ်စေချင်တာကို အမှန်ခြစ်ပေးပြီ check လုပ်လိုက်ပါ။ 9. နောက်တစ်ခုကတော့ ကျွန်တော်တို့ Run ထဲမှာ (%temp%;prefetch; recent) ကို ပုံမှန်ဖျက်ထုတ်ပေးပါ။
ဖျက်လို့မရတဲ့ files တွေလဲတွေ့ရမှာ ပါ။ ဖျက်ရချင်ရင်တော့ unlocker softeare နဲ့ ဖြေရှင်းလို့ရပါတယ်။ free ပေးပါတယ် google မှာရှာလိုက်ပါ။နောက်တစ်ခုကတော့ ကျွန်တော် တို့
computer ထဲက search button မှာ cooking လို့ ရိုက်ထည့်ပြီ သူ့ထဲမှာ ရှိတဲ့ ဖိုင်တွေကို ဖျက်ထုတ်လိုက်ပါ. ဗိုင်းရပ်အများ ဆုံးနားခို တဲ့ နေရာလဲဖြစ်ပါတယ်။ 10. နောက်တစ်ခုကတော့
မိမိတို့ computer ဖွင့်ဖွင့်ချင်မှာ process တွေကြောင့် ကျွန်တော်တို့ window အတက် အတော်လေး ပါတယ်။ ဒါကြောင့် msconfig က startup ထဲမှာ မလိုအပ်ဘူးထင်တာတွေကို
disable ပေးထားလိုက်ပါ။ လိုအပ်တာတွေတော့ မှားမပေးနဲ့နော်။ နောက်တစ်ခုကတော့ shutdown လုပ်တဲ့အခါမှာ power ပေါက် ထိုးပိတ်တာမျီုးမလုပ်ပါနဲ့။

Want your business to be the top-listed Engineering Company in Tachileik?
Click here to claim your Sponsored Listing.

Category

Telephone

Website

Address


Tachileik