Saythupdl

Saythupdl

Share

Photos from Saythupdl's post 25/02/2024

🔺🔺သူတင်ထားတယ်ဘတ်လွဲ စလစ်က အတုပါ🔺🔺)
ဒီအကောက်ကလူလိမ် သူခို
ပါ သတိထာကြာပါ
မိတ်ဆွေများ

ကျွန်တော်တို့အသိမိတ်ဆွေတစ်ယောက်
ဘတ် ၆၀၀၀၀ ပါသွာလို
အသိပေတာပါ

မသိတယ်သူနဲလုံးဝလုံးဝ မလုပ်ကြာပါနဲ

သတိထာပါမိတ်ဆွေမျာ

23/06/2023

အခြေခံသိထားသင့်သော မြန်မာ့ရွှေတွက်နည်း

မြန်မာနိုင်ငံမှာတော့ ရွှေကို အလေးချိန် ကျပ် ပဲ ရွေး နဲ့ပဲ ချိန်လေ့တွက်လေ့ရှိပါတယ်
တစ်ကျပ် = ၁၆ ပဲ
တစ်ပဲ = ၈ ရွေး
တစ်ကျပ် = ၁၂၈ ရွေး
ရန်ကုန်နဲ့ အခြားမြို့တွေမှာ ဒီအလေးချိန်ကိုပဲ အသုံးပြုကြပါတယ်
မန္တလေးမှာတော့ အချို့နေရာတွေမှာ တစ်ပဲ=၇.၅ ရွေး တစ်ကျပ်=၁၂၀ရွေးနဲ့ တွက်ပါတယ်
ဂရမ်အနေနဲ့ဆို
၁ ကျပ်သား = ၁၆.၃၃၁ ဂရမ်
၁ အောင်စ = ၁ ကျပ် ၁၁ ပဲ ၆ ရွေး

ဘယ်နှစ်ပဲရည်ဆိုတာကတော့ တစ်ကျပ်သားမှာ ပါဝင်တဲ့ ရွှေ% ကိုပြောတာပါ
ရွှေကိုအထည်လုပ်မယ်ဆို ရွှေသားစစ်စစ်ကပျော့တဲ့အတွက် အခြားသတ္တုနဲ့ရောစပ်ရပါတယ်
၁၆ပဲရည်ဆိုတာ တစ်ကျပ်သားဖြစ်တဲ့ ၁၆ ပဲလုံးရွှေသားစစ်စစ် အရောအနှောမရှိဘူးလို့ပြောတာပါ မီးဖုတ်ကြည့်ရင် မမဲတဲ့အတွက် မီးလင်း အခေါက်ရွှေလို့ခေါ်ကြပါတယ်
၁၄ ပဲရည်ဆိုတာ ၁၆ပဲမှာ ရွှေ ၁၄ ပဲနဲ့ အခြားသတ္တု(ကြေး) ၂ ပဲ ရောစပ်ထားတာပါ ကြေးပါတဲ့အတွက်ကြောင့် မီးဖုတ်ကြည့်ရင် မဲသွားပါတယ် ငရဲမီးစိမ်လိုက်မှ မူလရွှေရောင် ပြန်ရပါတယ်
၁၅ ပဲရည်လဲ ဒီသဘောတရားအတိုင်းပါပဲ
အတွင်းစပ်ဆိုတာ ရွှေ၁၄ ပဲ+ ကြေး ၂ပဲ ပေါင်းတစ်ကျပ် ဖြစ်ပြီး
အပြင်စပ်ဆိုတာ ရွှေတစ်ကျပ်+ကြေး ၂ပဲ ပေါင်း ၁၈ပဲ ဖြစ်ပါတယ်
၁၄ပဲ ၂ပြားဆိုတာ ရွှေ ၁၄ပဲ ၄ရွေး+ကြေး ၁ပဲ၄ရွေး ရောစပ်ထားတာဖြစ်ပါတယ်

အနောက်တိုင်းမှာတော့ ရွှေပါဝင်နှုန်းကို Karat နဲ့ပြောပါတယ် (ကျောက်မှာသုံးတဲ့ unit ဖြစ်တဲ့ carat နဲ့ မတူပါ) အတိုကောက် k လို့သုံးပါတယ်
24 k = ၁၆ ပဲရည်
23 k = ၁၅ ပဲရည်
22 k = ၁၄ ပဲ ၂ ပြား
21 k = ၁၄ ပဲရည်
20 k = ၁၃ ပဲရည်
19 k = ၁၂ ပဲ ၂ ပြား
18 k = ၁၂ ပဲရည်
17 k = ၁၁ ပဲ ၂ပြား
16 k = ၁၁ ပဲရည်
15 k = ၁၀ ပဲရည်
14 k = ၉ ပဲရည်
13 k = ၈ ပဲ ၂ ပြား
12 k = ၈ ပဲရည်

၈ ပဲရည်အောက်နိမ့်သောရွှေကို မိုးကြိုးလို့ခေါ်ပါတယ် ဂဟေဆော်ရာမှာသာ အသုံးပြုပြီး လက်ဝတ်ရတနာအနေနဲ့တော့ ၁၂ ပဲရည်အောက် လုပ်လေ့မရှိပါ

ရွှေတွက်နည်း

၁၆ပဲရည်တစ်ကျပ်သား ပေါက်စျေးကို ကိုယ်တွက်ချင်တဲ့ ရွှေအမျိုးအစား တစ်ကျပ်သားစျေးအဖြစ် အရင်တွက်ရပါမယ်

ဥပမာ ၁၄ ပဲရည် အပြင်စပ်အတွက်
1618ပေါက်စျေး
1618887000=788444

၁၄ ပဲရည် အတွင်းစပ်အတွက်
1416ပေါက်စျေး

၁၅ ပဲရည်အတွက်
1617ပေါက်စျေး (အပြင်စပ်)
1516ပေါက်စျေး (အတွင်းစပ်)

ဒါဆိုကိုယ်တွက်ချင်တဲ့ ရွှေအမျိုးအစားရဲ့ တစ်ကျပ်သားစျေး ရပါပြီ
ရွှေတင်ချိန်ကို အလျော့တွက်နဲ့ပေါင်း ပြီးရင်စုစုပေါင်းအလေးချိန်ကို ဒီလိုတွက်ရပါမယ်

ရွေး8+ပဲ16+ကျပ်တစ်ကျပ်သားစျေး

ဥပမာ .....
၁၄ ပဲရည် အပြင်စပ်
ရွှေတင်ချိန် 1 ကျပ် 7 ပဲ 4 ရွေး
အလျော့တွက် 1 ပဲ 6 ရွေး ဆိုပါဆို့
ပေါင်းလိုက်ရင် 1 ကျပ် 9 ပဲ 2 ရွေးပါ

28+916+1788444=1244263 ပါ

ရွှေဝယ်ပြီး ပြန်ရောင်းတဲ့အခါ ရွှေစျေးတက်တာတောင် ရှုံးတယ် ဆိုတာကတော့ ပြန်ရောင်းတဲ့အခါ အလျော့တွက်ကို ထည့်မတွက်ပဲ ရွှေတင်ချိန်ကိုသာ တွက်လေ့ရှိတာကြောင့်ပါ

အလျော့တွက်ဆိုတာ အထည်လုပ်တဲ့အချိန်ရွှေအလေအလွင့် ပန်းတိမ်ဆရာလက်ခ တွေပေးရတာဖြစ်တာကြောင့် ပြန်မရတာပါ
ဒါပေမယ့် မရှုံးချင်ဘူးဆို အလျော့တွက်မပါတဲ့ အလျော့တွက်နည်းတဲ့ အထည်တွေကိုရွေးချယ်ဝယ်ယူလို့ ရပါတယ်

ကမ္ဘာ့ရွှေစျေးကို မြန်မာရွှေစျေးအဖြစ်တွက်ပုံကတော့
ကမ္ဘာ့ရွှေစျေး1.875ဒေါ်လာပေါက်စျေးပါ
13041.8751280=890000 ပါ
ဒါပေမယ့် ရွှေဟာ export inport ပစ္စည်းမဟုတ်တာကြောင့် ပြည်တွင်းစျေးနဲ့ တစ်ထပ်ထည်းတော့ မကျနိုင်ပါ

နောက်တစ်ချက် ရွှေရဲ့ Specific Gravity ဟာ 19.32 ရှိတာကြောင့် သိပ်သသည်းဆအများဆုံးသတ္တု ဖြစ်တာကြောင့် အတုလုပ်မယ်ဆို ဒါမှမဟုတ်အတွင်းမှာ အစာသွပ်ထားမယ်ဟဆိုရင် ထုထည်ဟာရှိသင့်တဲ့အရွယ်အစားထက် ကြီးကိုကြီးနေမှာပါ......

လိုအပ်ချက်များရှိသွားခဲ့လျှင်cmtမှာ
ဖြည့်စွက်ရေးသားနိုင်ပါသည် ။

23/06/2023

ကိုယ့်ဘဏ်အကောင့်ထဲကငွေတွေရဲ့ အခေါ်အဝေါ်လေးလည်း လေ့လာထားကြဦး

11/06/2023
Want your business to be the top-listed Business in Tachileik?
Click here to claim your Sponsored Listing.

Telephone

Website

Address


Bogyoke Street Tachileik
Tachileik