Pyae
12/09/2022
ပြည်သူများကိုရန်ရှာ သတ်ဖြတ်မီးရှို့နေသည့် လူသတ်ဂိုဏ်း စစ်ကောင်စီ၏ နေ၀င်ချိန် မဝေးတော့ဟု NUG ကာကွယ်ရေး၀န်ကြီးပြော
=====================
မဇ္ဈိမ။ ။ ပြည်သူများကို ရန်ရှာ သတ်ဖြတ်မီးရှို့နေသည့် လူသတ်ဂိုဏ်း စစ်ကောင်စီ၏ နေ၀င်ချိန် မဝေးတော့ဟု NUG ကာကွယ်ရေး၀န်ကြီးက ပြောကြားသည်။
ပြည်သူ့ရင်ခွင်ခိုလှုံလာတဲ့ တပ်မတော်သားနဲ့ ရဲတပ်ဖွဲ့ဝင်တွေကို ကာကွယ်ရေးဝန်ကြီး ဦးရည်မွန်က ဂုဏ်ပြုသဝဏ်လွှာပေးပို့ရာတွင် ထည့်သွင်းရေးသားထားခြင်း ဖြစ်သည်။
" စစ်ကောင်စီတပ်ဟာ စိတ်ဓာတ်၊ စည်းကမ်း၊ ကျင့်ဝတ် ကင်းမဲ့ရုံမက အခုဆိုရင် စစ်တိုက်နိုင်စွမ်းလည်းမရှိ၊ အပြစ်မဲ့ပြည်သူကို ရန်ရှာ၊ မီးရှို့၊ သတ်ဖြတ်ဖို့သာ တတ်နိုင်တော့တဲ့ လက်မရွံ့လူသတ်ဓားပြဂိုဏ်း အဆင့်ကို လျောကျသွားခဲ့ပြီလည်း ဖြစ်တယ်။ ဒီအချက်က စစ်အုပ်စုရဲ့နေဝင်ချိန် မဝေးတော့ဘူး ဆိုတာကို ပြတယ်" ဟု ဦးရည်မွန်က ပြောကြားသည်။
ဗိုလ်ချုပ်အောင်ဆန်း တည်ထောင်ခဲ့သည့် တပ်မတော်မှာ ဗိုလ်နေဝင်းအစပြုတဲ့အချိန်ကစပြီး မင်းအောင်လှိုင် လက်ထက်အထိ ကိုယ်ကျိုးအာဏာမက်သည့် အကြမ်းဖက်စစ်ခေါင်းဆောင်တစ်စုကြောင့် ထိခိုက်ပျက်စီးနေရပြီဟု ဦးရည်မွန်က ပြောကြားသည်။
ပြည်သူ့ကာကွယ်ရေးတပ်မတော်မှာ ဗိုလ်ချုပ်အောင်ဆန်း၏ လမ်းညွှန်ချက် ရှေ့ဆောင်လမ်းပြမှုများနှင့်အညီ အသစ်တည်ထောင်နေပြီး ဖက်ဒရယ်ပြည်ထောင်စု တပ်တော်၏ ရှေ့ပြေးအမြူတေ ဖြစ်သည်ဟု ကာကွယ်ရေး၀န်ကြီးက ပြောသည်။
‘ငါတို့ဟာ စိတ်သစ်၊ လူသစ်၊ အတွေးအခေါ်အသစ်နဲ့ ပြည်သူ့ကာကွယ်ရေးတပ်မတော်သစ်ကို ဗိုလ်ချုပ်အောင်ဆန်း ရဲ့လမ်းညွှန်ချက်၊ ရှေ့ဆောင်လမ်းပြမှုနဲ့အညီ အသစ်တည်ထောင်နေကြတာ ဖြစ်တယ်။ ဒီတပ်မတော်ဟာ တစ်ချိန်မှာပေါ်ပေါက်လာမယ့် ဖက်ဒရယ်ပြည်ထောင်စုတပ်တော်ရဲ့ ရှေ့ပြေးအမြုတေလည်း ဖြစ်တယ်။ ဒီနိုင်ငံရဲ့ တည်ငြိမ်မှု၊ ပြည်သူတွေရဲ့လုံခြုံမှုအတွက် ငါတို့မှာ တာဝန်ရှိတယ်။ ငါတို့ ကာကွယ်စောင့်ရှောက်ကြရမယ်။ အခုအချိန်မှာ လက်နက်အားကိုးပြီး ပြည်သူကို ရန်ပြုနေတဲ့ အကြမ်းဖက်စစ်ကောင်စီကို လက်နက်ကိုင် တွန်းလှန် ဖယ်ရှားပစ်ဖို့က ငါတို့ရဲ့ လတ်တလော တာဝန်ဖြစ်တယ်" ဟု ဦးရည်မွန်က ပြောကြားသည်။
ပြည်သူ့ရင်ခွင်ခိုလှုံလာသည့် တပ်မတော်သားများ၊ ရဲတပ်ဖွဲ့ဝင်များအားလုံးကို ပြည်သူ့သားကောင်းများအဖြစ် မှတ်ယူပြီး ပြည်သူဘက်က ရပ်တည်ဖို့၊ ပြည်သူနှင့် ပူးပေါင်းဖို့ ဆုံးဖြတ်ခဲ့ကြသည့်အတွက် ဂုဏ်ယူလေးစားသည်ဟု ဦးရည်မွန်က ဆိုသည်။
"အခုဆို ရဲဘော်တို့ဟာ ပြည်သူ့ကွယ်ရေးတပ်မတော်(PDF)ရဲဘော်များအဖြစ်ခံယူပြီးဖြစ်ရုံမက လက်တွေ့တော်လှန်ရေးမှာ ပါဝင်နေကြပြီလည်းဖြစ်တယ်။ ဒီသတင်းကို ပြည်သူတွေကြားရင် ဂုဏ်ယူမဆုံး ရှိလိမ့်မယ်" ဟု ကာကွယ်ရေး၀န်ကြီးက ပြောသည်။
စာတည်း - သန့်ဇော်(သန်လျင်)
#ကာကွယ်ရေး၀န်ကြီး
#ဖက်ဒရယ်ပြည်ထောင်စုတပ်တော်
Click here to claim your Sponsored Listing.
Category
Telephone
Website
Address
Sittwe