AllinOne Channel
My:မင်းဘယ်လောက်ထိ နားငြီးဒဏ်ခံနိုင်လဲ
Me:....
10/12/2023
Strange Case in Western Hunan (2023)
Mystery, Thriller, China
#သည်းထိပ်ရင်ဖို့ဇာတ်ကား
ရှန်းရှီးလူမျိုးတွေဟာ ဇာတိမြေကို တန်ဖိုးထားကြပြီး သစ်ရွက်ကြွေဟာအမြစ်ဆီပြန်ရမယ်ဆိုတဲ့ ရိုးရာရှိပါတယ်။ နယ်မြေလမ်းခရီးကြမ်းတမ်းလှတဲ့အတွက်အလောင်းနှင်သူဆိုတဲ့ လုပ်ငန်းတစ်မျိုးလည်း ပေါ်ထွက်လာပါတယ်။လုံချီးရဲနဲ့ တပည့်ဖြစ်သူ လုံဖျင်အန်းတို့ဟာ ထိုနယ်မြေမှာနာမည်ရှိတဲ့ အလောင်းနှင်သူတွေပဲ ဖြစ်ပါတယ်။ လွန်ခဲ့တဲ့နှစ် ၂၀ လောက်က လုံချီးရဲဟာ အလောင်းနှင်စဉ်အလောင်းနှင်သူတို့ အကြောက်ဆုံးဖြစ်တဲ့အလောင်းပြန်ရန် နေရာမရှိခြင်းကို ကြုံတွေ့ခဲ့ရပါတယ်။နှစ် ၂၀ ကြာပြီးနောက် ခေါင်းမဲ့အလောင်းတစ်ခုပေါ်လာခဲ့ပြီးမြို့ထဲမှာ ထူးဆန်းကြောက်လန့်စရာကောင်းတဲ့ ကိစ္စတွေဆက်တိုက်ဖြစ်ပျက်နေပါတယ်။ ဒီကိစ္စဟာလည်း လွန်ခဲ့တဲ့နှစ် ၂၀ က လုံချီးရဲအလောင်းနှင်စဉ်က ကြုံတွေ့ခဲ့ရတဲ့ ကိစ္စနဲ့ ပတ်သက်နေပါသတဲ့။လွန်ခဲ့တဲ့ နှစ် ၂၀ က အဖြစ်ရဲ့ အမှန်တရားက ဘယ်လိုဖြစ်မလဲ……ယခုမြို့ထဲက လူသေမှုပေါင်းများစွာရဲ့ နောက်ကွယ်မှာဘယ်သူက ကြိုးကိုင်ထားတာလဲ…… ဆိုတာကိုရုပ်ရှင်လေးနဲ့အတူ လိုက်ပါ အဖြေရှာလိုက်ရအောင်နော်။
ဇာတ်ကားကြည့်ရန်
TELEGRAM LINK
https://t.me/myanmarmovie000/409
ဇာတ်ကားကောင်းများအမြဲတင်ပေးမှာမို့ Channel လေးကို Follow ထားအုံးနော်
06/12/2023
Night of the Killer Bears (2023)
Horror, Thriller တွေကြိုက်တတ်တဲ့သူတွေအတွက်
Worng Turn, Hostel, The Cabin in the Woods တို့လို Vibe လေးရစေမယ့်
တစ်စိမ့်စိမ့်ကြောက်နေရမယ့်ထိုင်းဟော်ရာရုပ်ရှင်လေးတစ်ခုလေးတစ်ခုနဲ့မိတ်ဆက်ပေးပါရစေ။
မင်းသား မင်းသမီးတွေကလည်း အရမ်းချောပြီး နုဖတ်နေအောင် ချစ်စရာကောင်းတာလဲပါတာပေါ့
Horror ကားတွေရဲ့ ထုံးစံအတိုင်း သူငယ်ချင်းငါးယောက်လူသူအရောက်အပေါက်နည်း
ဖုန်းလိုင်းမမိတဲ့နေရာကို ရောက်လာပြီး Reunion ပြန်လုပ်ကြပါတယ်။
သူတို့တွေကြားမှာလည်း ဖြေရှင်းလို့မရတဲ့ပြသနာတွေ စိတ်ရှုပ်စေတဲ့အတိတ်ကအကြောင်းအရာတွေ
အရှုပ်ဇာတ်တွေနဲ့ သူတို့လေးတွေ ပြန်ပြေလည်ဖို့ရောက်လာကြတာပါ။
Resort လေးကတော့ တောအုပ်ထဲမှာရှိပြီး အရမ်းလှပတဲ့နေရာတစ်ခုပါပဲ။
သူတို့တည်းတဲ့ညမှာတော့ Resort မှာ ထူးဆန်းတဲ့အရာတွေ စတင်ဖြစ်ပျက်လာပါတော့တယ်။
အဲလိုနေရာလေးမှာ ဘယ်လိုနောက်ကွယ်က အကြောင်းတွေရှိနေမလဲ။
ချစ်စရာဝက်ဝံတွေကရော ဘယ်လိုတွေရွံစရာကောင်းမလဲ။
ဇာတ်ကားကြည့်ရန် Telegram Link
https://t.me/myanmarmovie000
20/11/2023
#ဟာသ #ရွှေအိုးရတဲ့ဇာတ်ကားလေး
Jackpot (2019) မြန်မာစာတန်းထိုး
======================
အိန္ဒိယနိုင်ငံရဲ့ ပြည်နယ်တစ်ခုမှာ နွားနို့ရောင်းတဲ့သူတစ်ယောက်
နေ့ချင်းညချင်း ချမ်းသာသွားအောင် ဖန်ဆင်းပေးခဲ့တဲ့
" ကြေးဖလားတစ်လုံး " ...။
ဒီ ကြေးဖလားက ထူးခြားတယ်...။
သူ့ထဲ ဘာပစ္စည်းထည့်ထည့် ထည့်လိုက်တဲ့အရာကို
တိုးပွားလာအောင် ပြုလုပ်ပေးနိုင်တယ်။
ဒီလို တိုးပွားလာခြင်းတွေနဲ့ပဲ နွားနို့ရောင်းသမားလည်း
သူဌေးကြီးတစ်ယောက်ဖြစ်လာခဲ့တော့တယ်...။
တစ်ရက် ... သူဌေးမရှိတုန်း သူခိုးနှစ်ယောက် သူ့အိမ်ကို
ဝင်ခိုးတော့ ဘာမှမတွေ့ဘဲ သော့ခတ်ကာ သေချာသိမ်းဆည်းထားတဲ့
ကြေးဖလားကိုတွေ့တော့ တန်ဖိုးတော့ ရှိမယ်အထင်နဲ့
သူခိုးနှစ်ယောက်လည်း ကြေးဖလားကို ပိုက်...
သူဌေးလူယုံတွေလက်က ပြေးရင်းလွှားရင်း
ကြေးဖလားလည်း မြစ်ထဲကျပြီး ဆုံးဆုံးပျောက်ခဲ့တာကြာပြီ...။
မာရှာနဲ့ အက်ရှာတို့ နှစ်ယောက် ပျောက်ဆုံးသွားတဲ့ ကြေးဖလားရဲ့
သတင်းရပြီးနောက် ကြေးဖလားကို ပိုင်ဆိုင်ဖို့ ဘယ်လိုတွေ
တပတ်ရိုက်ပြီး... ဘယ်လိုအခက်အခဲတွေကြုံတွေ့ရမလဲ....?
အက်ရှင်ဟာသများဖြင့် ကြည့်ရှုသူမပျင်းရလေအောင်
ရိုက်ကူးတင်ဆက်ထားတဲ့ ဒီဇာတ်ကားလေးကို
ခံစားကြည့်ရအောင်....
Telegram Link
https://t.me/myanmarmovie000
#ဇာတ်ကား
18/11/2023
ဒီနေ့မိတ်ဆက်ပေးချင်တဲ့ဇာတ်ကားလေးကတော့ 2023 ခုနှစ်မှစတင်ထွက်ထားတဲ့ Hurricane Season (2023) ဘဲဖြစ်ပါတယ် ဒီဇာတ်ကားလေးဟာ IMDb - 6.1/10 အထိ ရရှိထားတဲ့ဇာတ်ကားလေး တစ်ကားဘဲဖြစ်ပြီး Netflix ကထုတ်လုပ်ခဲ့တဲ့ Mexican ရုပ်ရှင်တစ်ကား ဖြစ်ပါတယ်။နာမည်ကြီးသရုပ်ဆောင်တွေ မပါပေမဲ့လည်းသရုပ်ဆောင်တာတွေက သဘာဝကျလွန်းလို့ ရုပ်ရှင်တစ်ကားဆိုတာကိုတောင် မေ့နေမှာ ဖြစ်ပါတယ်။ ဇာတ်လမ်းရဲ့ အဓိကကျောရိုးလေးကတော့ နယ်မြို့လေးတစ်မြို့မှာတည်ထားတာဖြစ်ပါတယ်။ အဲ့မြို့မှာ စုန်းမကြီးလို့ လူတွေက ခေါ်ကြတဲ့Gay တစ်ယောက်ရှိပြီး ထုံးစံအတိုင်း သူ့အကြောင်း သွားပုပ်လေလွင့်တွေကအများကြီးပေါ့။ အဲ့ဒါကိုမှ အဲ့ gay နဲ့ ပတ်သက်နေတဲ့ လူငယ်တစ်ယောက်နဲ့သူ့ရဲ့မိသားစုအကြောင်းတွေကို ထိထိမိမိ ကိုယ်တိုင်ဝင်ရောက်ခံစားရသလိုရိုက်ကူးပြထားပါတယ်။ တစ်ရက်တော့ အဲ့ဒီ နာမည်ပျက်နေတဲ့ စုန်းမလို့ခေါ်တဲ့gay ရဲ့အလောင်းကို တွေ့လိုက်ရတဲ့အခါ အဲ့ဒါရဲ့ နောက်ကွယ်က ဘယ်လိုဇာတ်လမ်းတွေ အကြောင်းရင်းတွေ ရှိမလဲဆိုတာ စိတ်ဝင်စားဖွယ်ရာmystery ဆန်ဆန် ကြည့်ရှုရမဲ့ mexico ဇာတ်ကားလေးတစ်ကားဖြစ်ပါတယ်
ဇာတ်ကားကြည့်ရှုရန် Telegram Link
https://t.me/myanmarmovie000
#ဇာတ်ကား
လူပြည့်ပြန်ဝင်ရမဲ့ အပေါက်ကို ရှင်းရခက်နေတဲ့ ငရဲမင်း
#မောစ့် #ဟာသ #အငြိမ့်
Click here to claim your Sponsored Listing.
Category
Telephone
Website
Address
Sittwe
7011