Bam Design Civil & Structural Design Group

Bam Design Civil & Structural Design Group

Share

30/12/2023

မိလ္လာကန်

ပေ၂၀xပေ၆၀ မြေကွက်ထဲ လူနေအိမ် ဆောက်တဲ့အခါ septic tank မိလ္လာကန်ကို ဘယ်လို တည်ဆောက်ကြသလဲ ခင်ဗျ။

ပေ၂၀xပေ၆၀ မြေကွက် မှာ ရှေ့ ၅ပေ၊ နောက် ၄ပေ၊ ဘေး ၁ပေ ချန်ပြီး ၁၇ပေxပေ၅၀ အဆောက်အအုံကို ဆောက်ကြတယ်။ မိလ္လာကန် ဆိုတာကတော့ အိမ်နောက်ဖေးမှာ ဆောက်ကြတယ်။ အထူးသဖြင့် အိမ်သာရေချိုးခန်းတွေရဲ့ အောက် သို့မဟုတ် နီးတဲ့နေရာမှာပေါ့။ အိမ်သာရေချိုးခန်းတွေရဲ့ အောက်မှာ ဆောက်တာက plumbing ပိုက်ဆက်လုပ်ငန်းတွေ ပိုမို အဆင်ပြေ လွယ်ကူတာကို တွေ့ရတယ်။ ဒါပေမယ့် တစ်ချို့သော အိမ်ရှင်တွေက အိမ်ရဲ့ အောက်မှာ မိလ္လာကန် တည်ဆောက်တာ မကြိုက်လို့ အိမ်နောက်ဖေး မြေကျန် ၄ပေမှာ ဆောက်ပေးရတာလဲ ရှိတယ်။

အိမ်ဆောက်မိန့် တင်ရာမှာ အဆောက်အအုံရဲ့ drawings တွေအပြင် မိလ္လာကန် အတွက် calculation တွက်ချက်မှု နှင့် drawing ပုံစံတွေပါ တင်ပြရတယ်။ တွက်ချက်မှု ဆိုတာမှာ living persons, surface area of tank, for digestion, for settling, for sludge storage စသဖြင့် တွက်ချက်ပြီး မိလ္လာကန်ရဲ့ အရွယ်အစား ရပါတယ်။ စေတနာနှင့် absorption system ကိုပါ design လုပ်ပေးပါသေးတယ်။

မိလ္လာကန်ကို ရေချိုးခန်းအိမ်သာရဲ့ အောက်မှာ ဆောက်ရာမှာ အများအားဖြင့် ရေချိုးခန်းအိမ်သာအခန်းရဲ့ အရွယ်အစား ဆောက်ကြတာ များတယ်။ အဲဒီအရွယ်အစားကလဲ အိမ်ဆောက်မိန့်တင်ရာမှာ တွက်ချက်ရေးဆွဲထားတဲ့ အရွယ်အစားထက် ပိုတာ များပါတယ်။

အခု ယေဘုယျအားဖြင့် သုံးစွဲနေတဲ့ မိလ္လာကန်က 3 chamber septic tank ၃ခန်းမိလ္လာကန်တွေ ဖြစ်တယ်။ ၃ခန်း ဆိုတာမှာ စစခြင်း inlet chamber, settling or anaerobic chamber, effluent or outlet chamber တို့ဖြစ်တယ်။ အရပ်အခေါ်တွေကတော့ အနှစ်ကန်၊ အနည်ထိုင်ကန်၊ အရည်ကြည်ကန် တွေလို့ ခေါ်တယ်။ အနှစ်ကန်ကို ပိုးစားကန်လို့လဲ ခေါ်ကြတယ်။ အဲဒီ အခန်းတွေရဲ့ လုပ်ငန်းဆောင်တာတွေက အမည်တွေကို ကြည့်တာနှင့် သိနိုင်တယ်။

အိမ်တစ်အိမ်ရဲ့ flush toilet က ထွက်လာတဲ့ f***s, urine, toilet paper, waste water တွေကို black water လို့ ခေါ်တယ်။ လက်ဆေးကန်၊ အဝတ်လျှော်၊ ရေချိုး စသဖြင့် ရေကို grey water လို့ ခေါ်တယ်။ မိလ္လာကန်ရဲ့ အဓိက တာဝန်က အဲဒီ အိမ်သာက ကျလာတဲ့ black water ကို treatment လုပ်ပေးရတာ ဖြစ်တယ်။

ပထမဦးဆုံး အိမ်သာက ကျလာတဲ့ black water က ပထမဦးဆုံးအခန်း inlet chamber ကို inlet pipe ကနေ ရောက်ပါတယ်။ inlet မှာ bacteria တွေရဲ့ digest လုပ်မှုကြောင့် decompose ဖြစ်ပြီး sludge တွေအနေနှင့် ကန်အောက်ခြေကို ကျသွားပါတယ်။ ပေါ့တဲ့ အနည်းငယ် နှင့် အဆီတစ်ချို့က ရေမျက်နှာပြင်ပေါ်မှာ scum တွေ အနေနှင့် float ဖြစ်ပါတယ်။ အဲဒါကြောင့် inlet ခန်းကနေ ဒုတိယအခန်းကို သွားဖို့ အပေါက်ကို အုတ်နံရံရဲ့ အလယ်လောက်မှာ ထားကြပါတယ်။ တကယ်တမ်းတော့ အဲဒီနေရာမှာ baffle pipe တွေ ထားလို့ ရပါတယ်။ ဒီမှာကတော့ လုပ်နေကျအတိုင်း အပေါက်ပဲ ဖောက်လိုက်ကြတာပါ။ အပေါက် ဆိုရာမှာ ပန်းရံတွေက အုတ်စီလို့ ရအောင် arch လေးနှင့် လုပ်လိုက်ကြပါတယ်။ ပထမခန်းက ရောက်လာတာတွေက ဒုတိယအခန်းမှာ settling ဖြစ်လို့ ဖြစ်လာတဲ့ effluent အရေကြည်တွေက baffle pipe ကတစ်ဆင့် တတိယအခန်းကို ရောက်ပါတယ်။ အဲဒီကမှ တစ်ဆင့် outlet pipe နှင့် အပြင်ကို ထုတ်ပါတယ်။ မိလ္လာကန်ကနေ odor အနံ့အသက်တွေ မထွက်ဖို့ vent pipe တစ်ခုကို ကန်ကနေ အဆောက်အအုံရဲ့ ခေါင်မိုးအထိ တပ်ဆင်ထားရပါတယ်။ လိုအပ်တဲ့အခါ မိလ္လာကားနှင့် စုပ်လို့ရအောင် မိလ္လာကန် အပေါ်စလက် ရေချိုးခန်းအိမ်သာကြမ်းခင်းမှာ ပိုက်ထည့်လို့ရတဲ့ အပေါက်ထားပြီး အဖုံးနှင့် သေသေချာချာ ပိတ်ထားပါတယ်၊

တကယ့် sanitation အရဆို အဲဒီ effluent တွေကို leach field နှင့် soil absorption လုပ်ရမှာပါ။ ဖွံ့ဖြိုးပြီးနိုင်ငံတွေမှာတော့ underground drain pipe တွေနှင့် စီးဆင်းစေပြီး မြို့ပြင်မှာ water treatment plant နှင့် သေသေချာချာ သန့်စင်ကြပါတယ်။ ပြီးမှ လိုအပ်တဲ့နေရာ သုံးတာ သို့မဟုတ် မြစ်ချောင်းထဲ ထည့်တာ လုပ်ကြပါတယ်။

အခုပုံကတော့ လက်ရှိ site တစ်ခုရဲ့ 3 chamber brick masonry septic tank တစ်ခုပါ။ ပေ၂၀ xပေ၆၀ မြေကွက်ထဲမို့ ဒီပုံစံနှင့်က အဆင်ပြေလို့ပါ။ သူများတွေနဲ့ ပုံစံ အနည်းငယ် ကွဲကောင်း ကွဲနိုင်ပါတယ်။ ခြံဝင်းကျယ်ပြီး ကရိန်းကား ဝင်ထွက်လို့ ရပါက precast septic tank တွေ သုံးလို့ ရပါတယ်။ မြေတူးပြီး တန်းချရုံပါပဲ။ နောက်ပြီး အခုနောက်ပိုင်း Bio septic tank ဆိုပြီး ready made plastic septic tank ပလပ်စတစ်မိလ္လာကန်တွေ စသုံးနေကြပါပြီ။ အဲဒါတွေလဲ သုံးလို့ ရပါတယ်။

📸 Look at this post on Facebook https://www.facebook.com/share/p/3fjBqWqg31MR7XtD/?mibextid=WC7FNe

Want your business to be the top-listed Engineering Company in Sittwe?
Click here to claim your Sponsored Listing.

Website

Address


Sittwe