Hsu Pyae Sone_2 Clinic
17/05/2022
သွေးတိုးရောဂါလို့လည်း သိကြတဲ့ သွေးဖိအားများတဲ့ရောဂါဟာ အဖြစ်များတဲ့ နာတာရှည်ရောဂါတစ်ခု ဖြစ်ပြီး အငန်နဲ့ အဆီစားသုံးမှုများခြင်း၊ လုံလောက်တဲ့ကိုယ်လက်လှုပ်ရှားမှုမရှိခြင်း နဲ့ အရက်သောက်ခြင်း စတဲ့ အချက်များကြောင့် ဖြစ်ပွားတတ်ပါတယ်။ သွေးတိုးရောဂါ ရှိမှန်း လူတွေက သတိမပြုမိတတ်ကြပေမယ့် သွေးတိုးရောဂါရှိနေခြင်းက နှလုံးရောဂါ သို့မဟုတ် လေဖြတ်ခြင်း ဖြစ်နိုင်ခြေကို ပိုပြီး များစေနိုင်ပါတယ်။
ကျန်းမာတဲ့ နေထိုင်မှုပုံစံဟာ သွေးတိုးရောဂါဖြစ်ခြင်းကနေ အကာအကွယ်ပေးနိုင်ပေမယ့် ကိုယ့်ရဲ့သွေးပေါင်ချိန် တိုးနေသလားဆိုတာရယ်၊ ဘယ်အချိန်တိုးသလဲဆိုတာရယ်ကို သိပြီး သွေးပေါင်ချိန်ကျဖို့ လိုအပ်တဲ့လုပ်ဆောင်မှုတွေ ဆောင်ရွက်နိုင်ဖို့ရာအတွက် ကျန်းမာရေးကဏ္ဍမှာ ကျွမ်းကျင်သူဆီမှာ ကိုယ့်ရဲ့ သွေးပေါင်ချိန်အကြောင်း ပုံမှန်စစ်ဆေးဖို့ လိုပါတယ်။ ဒီနေ့မှာ ကျရောက်တဲ့ ကမ္ဘာ့သွေးတိုးရောဂါနေ့ အထိမ်းအမှတ်အဖြစ် ကျန်းမာစေတဲ့အကျင့်ကောင်းတွေကို မှတ်သားပြီး သူငယ်ချင်းတွေ၊ မိသားစုတွေနဲ့ မျှဝေလိုက်ရအောင်။ ကိုယ်တိုင်ရော ချစ်ရတဲ့သူတွေရော အသက်ရှည်ရှည် နေနိုင်အောင် ကူညီပေးပြီး သွေးပေါင်ချိန်ထိန်းပေးနိုင်တဲ့ အကျင့်ကောင်းတွေကို နေ့စဉ်ဘဝမှာ အတူ ထည့်သွင်းကျင့်သုံးသင့်ပါတယ်။
(၁) ကိုယ်အလေးချိန်ထိန်းပါ။
(၂) လေ့ကျင့်ခန်း ပုံမှန်လုပ်ပါ။
(၃) အရက်ဖြတ်ပါ။ မဖြတ်နိုင်လျှင် လျှော့သောက်ပါ။
(၄) အငန်နှင့် အဆီများတဲ့အစားအသောက်များ လျှော့စားပါ။
(၅) ဆေးလိပ်ဖြတ်ပါ။ မဖြတ်နိုင်လျှင် လျှော့သောက်ပါ။
(၆) စိတ်ဖိစီးမှုများကို လျှော့ချပါ။
သွေးပေါင်ချိန်ကို မှန်မှန်တိုင်းပြီး ပုံမှန်ထိန်းသိမ်းခြင်းဖြင့် အသက်ရှည်ရှည် နေကြပါစို့။
High blood pressure, also known as hypertension, is a common lifelong condition caused by many factors, including diets high in salt and fat, not getting enough exercise and drinking alcohol. It is often not detectable, but it can increase your risk of heart attack or stroke.
A healthy lifestyle can help you avoid developing high blood pressure, but it is important you also regularly ask a medical professional about your level to ensure you know if and when it is high and can take appropriate actions to lower it. Today, to mark World Hypertension Day, take note of these healthy behaviours below and share the poster with your friends and family so together you can introduce them into your daily lives and better manage your blood pressure. This can help you and your loved ones live longer and healthier.
(1) Maintain a healthy body weight
(2) Exercise
(3) Reduced consumption of alcohol or quit if possible
(4) Reduce salt and fat in your diet
(5) Stop smoking
(6) Try to reduce your stress
Measure your blood pressure regularly, control it, live longer!
21/03/2022
🍀သာလီစွ မိုးထဖက်ချေပါ🍀....
မိဘပြည်သူအပေါင်း ကာယ စိတ္တ နှစ်ဖြာသောသုခနှင့် ချမ်းသာ ပြည့်ဝကြပါစေ..
🏥 ကျနော်တို့ရဲ့ " ဆုပြည့်စုံ(၂) " ဆေးခန်းလေး စ,ဖွင့်ဖွင့်ချင်း လ,မှာပဲ မိမိတို့ရဲ့ ဂုဏ်သတင်းကို ယုံယုံကြည်ကြည်နှင့် လာရောက်အပ်နှံ ပြသ၊ ခွဲစိတ်ကုသ ခံယူခဲ့ကြတဲ့ လူနာများအားလုံးကို အထူးကျေးဇူးဥပကာရတင်ရှိပြီး လူနာများအားလုံးလည်း အဆင်ပြေ ချောမွေ့စွာ ဝေဒနာသက်သာ သွားကြပြီ ဖြစ်၍ ဝမ်းသာမဆုံး ဖြစ်ရပါသည်။
🍀ဆုပြည့်စုံဆေးခန်းများမှာ လာရောက်ပြသ ကုသခံယူဖူးသူတိုင်းကို အထူးပြောစရာမလိုဘဲ အစစအရာရာ အဆင်ပြေချောမွေ့ သက်သာစွာဖြင့် အထူးဝန်ဆောင်မှုပေးလျက် ရှိနေကြောင်း သိရှိကြပြီးဖြစ်ပါတယ်။
🍀 ဆုပြည့်စုံ ဆေးခန်း ၏ မိတ်ဟောင်း မိတ်သစ်များရဲ့ ကျန်းမာရေးကိစ္စအဝဝကို ဆထက်ထမ်းပိုး အကျိုးပြုနိုင်စေရန် ရည်ရွယ်၍ "ဆုပြည့်စုံ အထွေထွေရောဂါကုဆေးခန်း" နှင့် "ဆုပြည့်စုံ(၂) ၊ အရိုး၊ အကြော၊ ခွဲစိတ်နှင့် သားဖွားမီးယပ်ကု ဆေးခန်း"၊ နှစ်ခန်းစလုံးကို နေ့စဉ် (ပိတ်ရက်မရှိ) ဖွင့်လှစ်ထားရှိပါသည်။
🍀 အသေးစား၊ အလတ်စား ခွဲစိတ်ကုသမှုခံယူခဲ့ကြသူများအနေဖြင့်လည်း အစစ အရာရာ စိတ်ကျေနပ်မှု ရရှိကြလိမ့်မည်ဟု ယုံကြည်ပါသည်။ ခွဲစိတ်ကုသမှုပြုလုပ်ရန် လိုအပ်လျက်ရှိနေသူများအနေဖြင့်လည်း သက်ဆိုင်ရာဆရာဝန်ဖြင့် အသေးစိတ်ဆွေးနွေးတိုင်ပင် ပြသနိုင်ပါသည်။
🍀 အသေးစား၊ အလတ်စား ခွဲစိတ်မှုပြုလုပ်ရန် လိုအပ်သူများလည်း ခွဲစိတ်အထူးကု ဆရာဝန် နှင့် နေ့လယ် (၂း၀၀ မှ ၄း၀၀) အတွင်း ပိတ်ရက်မရှိ လာရောက် ကုသခံယူနိုင်ပါသည်။
🍀 အနာလုံး၊ အဆီကျိတ်၊ နားခြုပ်၊ သန္ဓေတား Implanex လက်မောင်းထဲထည့်ခြင်း အစရှိသည့် အသေးစား Case များကိုလည်း ခွဲစိတ်အထူးကုဆရာဝန်ဖြင့် လာရောက်ပြသတိုင်ပင်၍ ခွဲစိတ်ကုသမှု ခံယူနိုင်ပါသည်။
🍀 Inpaient(အတွင်းလူနာ) အဖြစ် ထားရှိရန်လိုအပ်သော ခွဲစိတ်လူနာများကိုလည်း သန့်ရှင်းသပ်ရပ်ပြီး ဆိတ်ငြိမ်ကာ လေကောင်းလေသန့်ရသော တိုက်ခန်းအသစ်စက်စက် တွင် ဂရုတစိုက် စီစဉ် ထားပေးပါသည်။
🍀 OG နှင့် သက်ဆိုင်သည့် အမျိုးသမီးရောဂါများ၊ ကိုယ်ဝန်အပ်နှံလိုသူများ လည်း အချိန်မရွေး ဖုန်းဖြင့် ဆက်သွယ် တိုင်ပင်ညှိနှိုင်းပြီး (တနင်္လာ မှ သောကြာ နေ့ထိ) ညနေ (၄း၀၀ မှ ၅း၃၀) အတွင်း ကြိုတင် ဘိုကင်လုပ် လာရောက်ကုသခံယူနိုင်ပါသည်။
🍀 အရိုး၊ အကြော၊ အဆစ်နှင့် ထိခိုက်ဒဏ်ရာ များကိုလည်း အရိုး၊ အကြော၊ အဆစ်၊ ထိခိုက်ဒဏ်ရာ အထူးကု ဆရာဝန်ကြီးနှင့် နေ့စဉ် နံနက် (၁၁း၀၀ မှ ၁၂း၀၀) အတွင်းသော်လည်းကောင်း၊ ညနေ (၄း၃၀ မှ ၆း၀၀) အတွင်းသော်လည်းကောင်း လာရောက်ပြသ ကုသခံယူနိုင်ပါသည်။
ဆုပြည့်စုံ(၂) ဆေးခန်း
B.48, ဝေသာလီတိုက်တန်း(ကမ္ဘောဇဘဏ်နောက်)၊
မင်းဂံရပ်ကွက်၊ စစ်တွေမြို့။
ဖုန်း- ၀၉ ၆၆၉၈၈၉၆၈၈၊ ၀၉ ၄၂၁၀၁၈၆၃၇၊
၀၉ ၄၅၀၆၄၅၆၀၃
Click here to claim your Sponsored Listing.
Category
Contact the practice
Telephone
Website
Address
Waitharli Stadium Road(Back Of KBZ Branch_ 3
Sittwe