Awinn

Awinn

Share

02/11/2023

❝ဘဝပြောင်းချင်သူတွေအတွက် နည်းလမ်း(၁၀)ခု❞

တစ်ခါတုန်းက အရှေ့အလယ်ပိုင်းဒေသမှာ ဟာဖစ်ဆိုတဲ့ ဈေးသည်လေးတစ်ယောက်ရှိတယ်ဗျ။
စားဝတ်နေရေးအတွက် ရုန်းကန်ရတဲ့ လူငယ်လေး...
သူ့အလုပ်ရှင် ကုန်သည်ကြီးကိုကြည့်ပြီး ချမ်းသာချင်စိတ်ပေါက်နေတဲ့ ကောင်လေးပေါ့ဗျာ။

သူကကုန်သည်ကြီးဆီမှာ ကုလားအုတ်တွေ ကျောင်းရတယ်။ အရှေ့အလယ်ပိုင်းမှာက ကုလားအုတ်တွေနဲ့ သွားလာ ရောင်းဝယ်ကျတယ်ကိုး။
ဒါပေမဲ့ ဟာဖစ်က အဲဒီကုလားအုတ်ကျောင်းနေရတဲ့ ဘဝကို တဖြည်းဖြည်းစိတ်ပျက်လာတယ်။ ကောင်လေးက ချို့တဲ့ပေမဲ့ ဉာဏ်ရည်ဉာဏ်သွေးလေးတော့ ကောင်းတယ်ဗျ။
ဒီအလုပ်က သူ့ကိုဘာတိုးတက်မှုမှ မဖြစ်စေဘူးလို့ ယူဆတတ်လာတယ်။

ဒါနဲ့ပဲ... နယ်တကာလှည့်ပြီး ကုန်ပစ္စည်းတွေ ရောင်းချဖို့ စဉ်းစားမိပြီး သူ့ကိုခွင့်ပြုပေးဖို့ အလုပ်ရှင်ဆီ ခွင့်တောင်းတာပေါ့။ သဘောကောင်းတဲ့ ကုန်သည်ကြီးက အသာတကြည် ခွင့်ပြုတဲ့အတွက် ဟာဖစ်တစ်ယောက် ကုန်ပစ္စည်းတွေယူပြီး ကြိုးစားပမ်းစားနယ်လှည့်ရောင်းပါတော့တယ်။ ဒါပေမဲ့ မရောင်းရပါဘူးဗျာ။ ရောင်းမကောင်းဘူးပေါ့။
ဒီတော့ စိတ်လေပြီး ဟိုနေရာစခန်းချ ဒီနေရာဝင်ခိုနဲ့ နေရင်း...

တစ်ညမှာတော့ သူညအိပ်စခန်းချတဲ့ ဂူထဲကို လင်မယားနှစ်ယောက်နဲ့ မွေးကင်းစကလေးငယ်တစ်ယောက် ရောက်လာတယ်။
အဝတ်ပါးလေးနဲ့ပတ်ထားတဲ့ မွေးကင်းစကလေးငယ်ကို ကြည့်ပြီးကရုဏာသက်သွားတာကြောင့် ဟာဖစ်က သူရောင်းဖို့ယူလာတဲ့ တန်ဖိုးကြီးပိတ်စတစ်ခုနဲ့ ထွေးပွေ့ပေးခဲ့ပါတယ်။

အဲဒီကြင်နာတတ်တဲ့စိတ်ရင်းကြောင့် ဟာဖစ်ဟာ အဘိုးအိုတစ်ယောက်နဲ့ ဆုံခဲ့ရပြီး အဘိုးအိုက သူ့ကို သေတ္တာတစ်လုံး ပေးခဲ့တယ်ဗျ။

အဲဒီသေတ္တာထဲမှာ (၁)ကနေ (၁၀)အထိ နံပါတ်စဉ်တပ်ထားတဲ့ သားရေစာလိပ် (၁၀)လိပ်ရှိနေပါတယ်။
အဲဒီစာလိပ်(၁၀)လိပ်ဟာ အောင်မြင်ကြီးပွားတဲ့ဘဝကိုရဖို့ လမ်းညွှန်ထားတဲ့ စည်းမျဉ်းဥပဒေသ (၁၀)ခု ပါတဲ့။
တစ်လိပ်ကိုဖွင့်ဖတ်ပြီး အမှန်တကယ်နားလည်လိုက်နာပြီးတော့မှ နောက်ထပ်တစ်လိပ်ကို အစဉ်အတိုင်းဖွင့်ဖတ်ဖို့ အဘိုးအိုက မှာခဲ့ပါတယ်။

ဟာဖစ်ရခဲ့တဲ့ အဲဒီစည်းမျဉ်းဥပဒေသ (၁၀)ခုက ဘာတွေလဲ
ဒီစည်းမျဉ်းတွေက ဘဝကိုတကယ်ပဲ အောင်မြင်ပြောင်းလဲသွားစေမှာလား

ဒီမေးခွန်းတွေရဲ့ အဖြေကိုတော့ The Greatest Salesman in the World ဆိုတဲ့ စာအုပ်မှာ အသေးစိတ်ဖတ်ရှုရမှာဖြစ်ပါတယ်။

စာအုပ်နာမည်ကို ရုတ်တရက်ကြည့်လိုက်ရင် ရောင်းချမှုနဲ့ပတ်သက်တဲ့ စာအုပ်တစ်အုပ်လို့ ထင်ကောင်းထင်ကြပါလိမ့်မယ်။
တကယ်တော့ 'Sales' လို့ခေါ်တဲ့ ရောင်းချမှုနဲ့သက်ဆိုင်တဲ့ နည်းလမ်းတွေကို ပြောထားတဲ့စာအုပ်မဟုတ်ပါဘူး။

"ဟာဖစ်"ဆိုတဲ့ စျေးသည်ကောင်လေးကို ဇာတ်အိမ်တည်ထားပြီး အောင်မြင်ပျော်ရွှင်တဲ့ ဘဝနေနည်းတွေကို လမ်းပြပေးမဲ့ စာအုပ်ကောင်းတစ်အုပ်ပါ။ စာရေးဆရာ အော့ဂ်မန်ဒီနို (Og Mandino) ရဲ့ ကျော်ကြားတဲ့စာအုပ်တစ်အုပ်ဖြစ်ပါတယ်ဗျ။

စာလိပ်တစ်ခုပြီး တစ်ခုဖွင့်ဖတ်ပြီး အဲဒီစာလိပ်တွေထဲက စည်းမျဉ်းတွေကို လိုက်နာရင်း အောင်မြင်ပျော်ရွှင်တဲ့ ဘဝတစ်ခုကို တစ်ဆင့်ပြီးတစ်ဆင့် တည်ဆောက်နိုင်ခဲ့တဲ့ ဟာဖစ်ရဲ့ လျှို့ဝှက်ချက်တွေကို သိချင်ရင်
The Greatest Salesman in the World စာအုပ်ကို
🎧𝑺𝒉𝒘𝒆𝑵𝒐𝒕𝒆 App မှာ အခုပဲ သွားဖတ်လိုက်ပါ။

စာအုပ်ဖတ်ရန် link
https://shwenoteebook.page.link/x8hk
➖➖➖➖➖
📌ဗဟုသုတနဲ့ တွေးခေါ်နိုင်စွမ်းတွေကို
အရင်ကထက် (၁၀)ဆ ပိုမြှင့်နိုင်ပေးမဲ့
Reading Challenges အကြောင်း
သိပြီးပြီလား❓

https://shorturl.at/hnsW7
☝️ဒီ link မှာ အခုပဲ ဝင်ကြည့်လိုက်ပါ။


#၃၀မိနစ်တက္ကသိုလ်

Want your business to be the top-listed Beauty Salon in Sittwe?
Click here to claim your Sponsored Listing.

Category

Website

Address


Sittwe