THMZ Technology

THMZ  Technology

Share

Photos from THMZ  Technology's post 21/01/2022

Turbo Vpn premium mod version3.7.3
Normal version လို appထဲဝင်တာနဲ့
ကြော်ငြာ(ads)တွေကြည့်စရာမလိုတော့သလို normal versionမှပါတဲ့ နိုင်ငံပေါင်း40ကျော်ရဲ့server တွေအပြင် Premium featuresတွေကိုလည်း free သုံးလို့ရမှာဖြစ်ပါတယ်။

App download link👇👇
https://www.mediafire.com/download/4zdih2e58fvtwtl

28/11/2021

Mobile phone battery အကြောင်းသိကောင်းစရာ
======================================
အပိုင်း(၂)
=======

"ဖုန်းကို တစ်ချိန်လုံး ပလပ်ထိုးထားတာ ဘက်ထရီ ပျက်စီးစေတတ် ပါသလား"🤔
+++++++++++++++++
ဖုန်းကို မည်မျှ ကြာကြာ အားသွင်းသင့် သလဲ ?
ဟူသော မေးခွန်းသည် မိုဘိုင်းဖုန်းများ စပေါ် ကတည်းက လူသားတွေ မေးလာ ကြသော မေးခွန်း ဖြစ်သည်။ ယခု ထိလည်း မေးနေကြဆဲ၊ ရှုပ်ထွေးနေ ကြဆဲလည်း ဖြစ်သည်။လူများစုကြီးကား မနက် ဖုန်းဘက်ထရီ အပြည့်နဲ့ အပြင် ထွက်သွားပြီး ညအိမ်ပြန် ရောက်ရင် အားကုန် နေသည့် ဖုန်းကလေးတွေ ပြန်ပါလာ တတ်သည်။ ညအိပ်ရာ ဝင်တော့ ဖုန်းကို ပလပ်ထိုး အားသွင်းပြီး အိပ်လိုက် တော့သည်။ မနက်နိုး လာလျှင် လူလည်း အားပြည့်၊ ဖုန်းလည်း အားပြည့်နေ လိမ့်မည်။
ဖုန်းကို တစ်ညလုံး ပလပ်ထိုး အားသွင်း ထားတာ အန္တရာယ် မများဘူးလားဟု မေးချင်ကြ လိမ့်မည်။ သုံးလေး နာရီလောက် အားသွင်းလျှင် ဘက်ထရီ ပြည့်ပြီ ဖြစ်ရာ အားပြည့် ပြီးနောက်မှာပင် တစ်ညလုံး ပလပ်ဆက် ထိုးထားခြင်းဖြင့် ဘက်ထရီတွေ ပူပြီး ပေါက်ကွဲ စေတတ် သလား စိတ်ပူသူ များလည်း ရှိသည်။ ထိုသို့ အားပြည့် သွားပြီးသည့်တိုင် အကြာကြီး ပလပ် ထိုးထားခြင်းကြောင့် ဘက်ထရီ ပျက်စီးစေ နိုင်သလား စိုးရိမ်သူ များလည်း ရှိသည်။
ဖုန်းဘက်ထရီနဲ့ ပတ်သက်ပြီး အကြံပေးချက်တွေ ကလည်း အမျိုးမျိုး ဖြစ်နေသည်။ မယုံလျှင် အင်တာနက် ခေါက်ကြည့်ပါ။ တစ်ခုနှင့် တစ်ခု ဆန့်ကျင်ဖက် ဖြစ်နေသော အကြံပြုချက် အများအပြား ကိုပါ တွေ့ရ လိမ့်မည်။ ဘယ်ဟာ အမှန်ဘယ်ဟာ အမှား ခွဲခြားရ ခက်တော့သည်။
အထက်ပါ အတိုင်း ဘက်ထရီ ပြဿနာ အဖြေရှာရင်း အဖြေ အမျိုးမျိုးကြား မျက်စိလည်နေသူများ အဖို့ တစ်ကယ်တမ်း ကျွမ်းကျင်သူနဲ့ တွေ့ဆုံ မေးမြန်း ထားသည့် ဘက်ထရီ ပြဿနာ အဖြေရှာနည်း များကို အောက်တွင် တင်ပြသွား ပါမည်။ ဖြေကြားပေးသူကား ဖုန်းအားသွင်း အပို ပစ္စည်းများ ထုတ်လုပ် ရောင်းချ နေသည့် Farbe Technik ကုမ္ပဏီကို ထူထောင်သူ ရှိန်းဘရိုစကီ ဖြစ်သည်။
ဖုန်းကို တစ်ညလုံး ပလပ်ထိုးထားရင် ဘာဖြစ်နိုင်လဲ။
=======================================
တစ်ညလုံး ပလပ်ထိုးထား လို့တော့ ဖုန်းကို ကြီးကြီးမားမား ထိခိုက် ပျက်စီးစရာ အကြောင်း မရှိပါဘူး။ နောက်ထွက် လာတဲ့ စမတ်ဖုန်းတွေက သိပ်ကောင်းတယ်။ အားပြည့်သွားပြီ ဆိုတာနဲ့ ဓာတ်အား ဝင်နေ တာကို အလိုလျောက် ဖြတ်ချ လိုက်တယ်။ အဲဒီလို ဆိုတော့ အားပိုသွင်းမိပြီး ဖုန်းပူလာ တာမျိုးလည်း မဖြစ်တော့ဘူး။
ဖုန်းကို တစ်ညလုံး ပလပ်ထိုး အားသွင်းထားရင် ဘက်ထရီ သက်တမ်း တိုတတ်တယ် ဆိုတာကော ဟုတ်လား။
======================
Lithium-ion ဘက်ထရီတွေက အပူဒဏ် ကိုတော့ သိပ်မခံနိုင်ဘူး။ ဖုန်းကို ကာဗာစွပ် တာရင် အပူမထွက် တာကြောင့် ဖုန်း ဟာ ပူလာတာမျိုး ဖြစ်တတ်တယ်။ အဲဒီလိုမျိုး ဘက်ထရီပူလာပြီ ဆိုရင် ဘက်ထရီ ဆဲလ်တွေ ပျက်စီး တတ်တယ်။ အဲဒီလို ပျက်စီးရင် ဘက်ထရီ အလုပ်လုပ်နိုင်စွမ်း ကျဆင်းပြီး ဘက်ထရီ သက်တမ်း တိုတတ်တယ်။ ဒါပေမဲ့ ကာဗာ မစွပ်ဘဲ ပုံမှန် အတိုင်းထားတဲ့ ဖုန်းတွေ ကတော့ ပူလာ ရင်တောင် အပူထွက် နိုင်တဲ့ အတွက် ဘက်ထရီ တအား ပူလာ တာမျိုး ဖြစ်ခဲ့ ပါတယ်။ ဖုန်းကာဗာ စွပ်ထား တဲ့ လူတွေ အနေနဲ့ ညအိပ်ရင် ဖုန်းကို ပလပ်ထိုးအိပ်မယ် ဆိုရင် ကာဗာကို ဖြုတ်ထား ဖို့တော့ အကြံပြုလို ပါတယ်။ ဒါမှ ဖုန်းပူလာ ရင်တောင် အပူထွက်နိုင်တဲ့ အတွက် ဘက်ထရီ တအား ပူတက်လာ တာမျိုး မဖြစ်တော့ ဘူးပေါ့။
ဘယ်လိုမျိုး အားသွင်းတာ အသင့်တော်ဆုံး ဖြစ်မလဲ။
======================
ဘက်ထရီကို (၅၀) ရာခိုင်နှုန်းနဲ့ (၈၀) ရာခိုင်နှုန်းကြားမှာ ပုံမှန်လေးရှိ နေအောင် ထိန်းပြီး အားသွင်းပေး ထားတာ အကောင်းဆုံးပဲ။ အဲဒီလို အားသွင်း ထားမယ် ဆိုရင် ဘက်ထရီထဲက အိုင်ယွန်း တွေဟာ အမြဲတမ်း ပုံမှန် လည်ပတ် အလုပ်လုပ် နေနိုင်တဲ့ အတွက် ကျန်းမာရေး ကောင်းတယ်။ အားလုံး၀ ကုန်သွား ရင် အိုင်းယွန်းတွေ ဆက်အလုပ် မလုပ်နိုင်ဘူး။ အဲဒီလိုပဲ အားအပြည့်ကြီး စွတ်သွင်း လိုက်ရင်လည်း အိုင်းယွန်းတွေရဲ့ ပုံမှန် လုပ်ငန်း စဉ်ကို နှောင့်ယှက်ရာ ရောက်တယ်။(၅၀) နဲ့ (၈၀) ကြားမှာ ရှိနေအောင် ထိန်းပြီး အားသွင်းမယ်ဆိုရင် အစွန်း နှစ်ဖက်လုံးက လွတ်တဲ့ အတွက် ဘက်ထရီ ဟာ ကျန်းမာ တယ်။ ဖြစ်နိုင်ရင် ဘက်ထရီကို (၅၀-၈၀) ကြားမှာ ရှိနေအောင် တစ်နေ့လုံး ထိန်းပြီး သွင်းပေး သင့်တယ်။ အကြာကြီး ပလပ်ထိုးထားဖို့ မလို ဘူး။ (၅၀) ရာခိုင်နှုန်းလောက် ရောက်လာပြီဆို ခဏ ပလပ်ထိုးထား လိုက်။ (၈၀) ရာခိုင်နှုန်း လောက် ရောက်ပြီဆို ပြန် ဖြုတ် ထားလိုက်။ ပြန်လျော့ သွားပြီဆို ခဏ ပြန်ထိုး လိုက်နဲ့ လုပ်ပေးနိုင် ရင်တော့ အကောင်းဆုံးပဲ။ ဒါပေမဲ့ အဲဒီလို လုပ်ရတာ အလုပ်တော့ ရှုပ်တယ်။ လူ အတော်များများ လုပ်နိုင်ဖို့ မလွယ်ဘူး။ ဘက်ထရီ သက်တမ်း အရှည်ဆုံး ဖြစ်ချင်တယ် ဆိုရင် အလုပ် သင့်ဆုံး နည်းလမ်းမို့ လို့သာ ပြောပြတာပါ။ မလုပ်နိုင်တဲ့ လူတွေ အနေနဲ့လည်း စိတ်ပျက် နေစရာတော့ မလိုပါဘူး။

27/11/2021

Mobile phone battery အကြောင်းသိကောင်းစရာများ(အပိုင်း ၁)

ဖုန်း ဘက်ထရီ အားအကုန်မြန်ရခြင်း
==========================
အကြောင်းရင်းများ
==============

(၁)ဖုန်းလိုင်းမမိတဲ့ အခါ ပိုအားကုန်ပါတယ်

ဖုန်းလိုင်း သေချာ မမိတဲ့ ဧရိယာတွေမှာ ဖုန်းကို အသုံးပြုတဲ့အခါ ဘက်ထရီကို ထိခိုက်စေနိုင်တယ်လို့ အမေရိကန်နိုင်ငံရဲ့ စစ်တပ်မှ လျှပ်စစ်ကျွမ်းကျင်ပညာရှင်တဦးဖြစ်တဲ့ Kyle Logue က ပြောဆိုခဲ့ပါတယ်။
“ဖုန်းဟာ အိတ်ကပ်ထဲမှာ ရှိနေတယ်ဆိုပေမယ့် တာဝါတိုင်တွေဆီကနေ ဖုန်းလိုင်းကို လိုက်လံဖမ်းယူနေရတာဖြစ်ပြီး ဖုန်းလိုင်း မရရှိနိုင်တဲ့အခါမှာတော့ Notification ကို ဘက်ထရီပါဝါ ပိုအသုံးပြုပြီး အသိပေးပါတော့တယ်။ အဲဒီအချိန်မှာ ဆက်ပြီး အသုံးမပြုဘဲ ဖုန်းလိုင်းမိမယ့် နေရာရောက်မှ အင်တာနက် ဒါမှမဟုတ် ရိုးရိုးဖုန်းခေါ်ဆိုမှုတွေကို ဆက်လက်ပြုလုပ်သင့်ပါတယ်”လို့ ဆိုပါတယ်။

(၂) အားကုန်စေတဲ့ Applications များ

Notification အသုံးပြုမှုများတဲ့ Application တွေဟာလည်း ဖုန်းဘက်ထရီကို ကျဆင်းစေတဲ့ အချက်တွေထဲမှာ တခုအပါအဝင်ပါ။ အရေးကြီးတဲ့ Application တွေ ရှိနေတယ်ဆိုရင်တောင် မလိုအပ်တဲ့ Application တွေအတွက် Notification ကို စိစစ်ထားရမှာ ဖြစ်ပါတယ်။ Application တခုပြီးတခု Install လုပ်တိုင်း Notification တွေကို လက်ခံနေမယ်ဆိုရင်တော့ ဖုန်းဘက်ထရီရဲ့ သက်တမ်းဟာ လိုတာထက်ကို ပိုပြီး လျော့ကျသွားမှာ ဖြစ်ပါတယ်။

(၃) GPS နဲ့ Bluetooth များဖွင့်ထားခြင်း

GPS နဲ့ Bluetooth တွေကို အသုံးမပြုဘဲ ဖွင့်ထားခြင်းဟာလည်း အခြားအရေးကြီးတဲ့ အသုံးပြုစရာကိစ္စတွေအတွက် ဖုန်းဘက်ထရီကို ချွေတာနိုင်မယ့် နည်းလမ်းတခုပါ။

(၄) ဓါတ်ပုံနဲ့ ဗွီဒီရို အလွန်အကျွံရိုက်ကူးခြင်း

ဓာတ်ပုံနဲ့ ဗီဒီယိုရိုက်ကူးခြင်းတွေဟာလည် းဖုန်းဘက်ထရီကို ထိခိုက်စေနိုင်ပါတယ်။ ဓာတ်ပုံထက် ဗီဒီယိုရိုက်ကူးခြင်းဟာ ဘက်ထရီရဲ့ ပါဝါကို အသံရော အရုပ်အတွက်ပါ အသုံးပြုရတာဖြစ်တဲ့အတွက်ကြောင့် မဖြစ်မနေ ရိုက်ကူးရမယ်ဆိုတဲ့ကိစ္စရပ်တွေမှာ Airplane Mode အသုံးပြုပြီး ရိုက်ကူးတာဟာ ဘက်ထရီကို ထိခိုက်မှု လျော့နည်းစေပါတယ်။

(၅) အားကုန်တဲ့အထိ အသုံးပြုကာ အားမသွင်းပဲ ပစ်ထားခြင်း

တနေကုန် ဖုန်းအားကုန်တဲ့ အထိ အင်တာနက် ဒေတာများ အသုံးပြုခြင်း၊ ဗီဒီယိုများ ကြည့်ရှုခြင်း၊ ဖုန်းပြောဆိုခြင်း၊ ဂိမ်းကစားခြင်းများ ပြုလုပ်ပြီး အားကို သေချာပြန်မသွင်းဘဲ ထားရင်လည်း ဖုန်းဘက်ထရီကို ရေရှည်မှာ ထိခိုက်စေနိုင်ပါတယ်။

Photos from THMZ  Technology's post 30/05/2021

🚨 သတိပေးချက် 🚨
ယနေ့ည 30.5.2021 မြန်မာနိုင်ငံရဲ့ ကောင်းကင်အခြေအနေ
မြန်မာပြည်နေရာတော်တော်များများမှာ မိုးများမယ့်အနေအထားရှိလို့
မြစ်ချောင်းအင်းအိုင်များနှင့် တောင်ကျချောင်းများအနီးမှာနေထိုင်ကြတဲ့ မိဘပြည်သူများအနေနဲ့ ရုတ်တရက်ရေဝင်ရောက်မှုအန္တရာယ်ရှိနိုင်တာကြောင့် ဂရုပြု၍နေထိုင်ကြပါရန် အသိပေးလိုက်ရပါတယ်။
Source - ECMWF

Want your business to be the top-listed Computer & Electronics Service in Shwedaung?
Click here to claim your Sponsored Listing.

Telephone

Website

Address


Shwedaung