M - CHANGE Language & Thinking Center

M - CHANGE Language & Thinking Center

Share

Photos from M - CHANGE Language & Thinking Center's post 18/06/2026

Ⓜ️ M-CHANGE ရွှေတောင်ကျောင်း

Ⓜ️ ၇ လပိုင်းအတွက် တန်းခွဲသစ် အချိန်ဇယား ထွက်ပါပြီ။

Ⓜ️ N5+N4 package, N4, N3, N2 အပြင်တန်း အချိန်ဇယားလေးတွေ ဖြစ်ပါတယ်။ (ဂျပန်ဆရာမနှင့် စကားပြောတန်းများ သေချာလေ့ကျင့်‌သင်ကြားနိုင်မှာ ဖြစ်ပါတယ်။)

Ⓜ️ တန်းခွဲသစ်လေးတွေ လွတ်မသွားရအောင် အနီးတစ်ဝိုက်မှ မိတ်ဆွေသူငယ်ချင်းတို့ကို သတင်းစကား မျှလိုက်ပါအုံးနော်။

Ⓜ️ နောက်တစ်တန်း ထပ်မစောင့်ရအောင် မင်မင့်ထံသို့ ဖြစ်စေ၊ ကျောင်းဖုန်းနံပါတ် 09 - 958 988 614 သို့ ဖြစ်စေ အမြန်ဆက်သွယ်လိုက်တော့နော်။ မင်မင်က reply တွေ သေချာပြန်ပေးနေပါမယ်နော်။

Ⓜ️ ရွှေတောင်သင်တန်းကျောင်းလိပ်စာ - ကန်ကြီးကျောင်းလမ်း၊ ယွန်းတန်းရပ်ကွက်၊ ရွှေတောင်မြို့။

ဖုန်းနံပါတ် 09 - 958 988 614

အစဉ်အလေးထားလျက်.....
M-CHANGE

Photos from M - CHANGE Language & Thinking Center's post 17/06/2026

🛫 ၈.၆.၂၀၂၆ ရက်နေ့တွင် ဂျပန်သို့ ထွက်ခွါသွားသူ အစ်ကိုကြီး ဖြစ်ပါတယ်။

🛬 ၉.၆.၂၀၂၆ နေ့၌ ဂျပန်သို့ အဆင်ပြေချောမွေ့စွာ ရောက်ရှိသွားကြပြီ ဖြစ်ပါတယ်။ (ပိုစ့်တင်တာ နောက်ကျလို့ စိတ်မဆိုးပါနဲ့နော်)

Ⓜ️ အသက်ကြီးကန့်သတ်ချက်နဲ့မို့ အချိန်တွေ ကြာသွားပေမဲ့ စာလုပ်ချိန်နဲ့ အတွေးအခေါ်လေ့ကျင်ချိန်ပိုရပြီး နောက်ဆုံးတွေ့ အဆင်ပြေပြေနဲ့ ဂျပန်ရောက်ရှိသွားခဲ့ပါပြီ။

Ⓜ️ မူလ ရည်ရွယ်ချက်များ ပြည့်စုံအောင် တစိုက်မတ်မတ် ဆောင်ရွက်ရင်း ကိုယ်ပိုင်အချိန်တွေကို အကျိုးရှိရှိ အသုံးပြုနိုင်သူများ ဖြစ်ကြကာ မိမိကိုယ်ကိုနှင့် မိမိပတ်ဝန်းကျင် လူ့အဖွဲ့အစည်းအတွက် ပိုမိုကောင်းမွန်သော ရေခံမြေခံကောင်းကို ဖန်တီးနိုင်သူများ ဖြစ်ကြစေ။🙏

-----------------------------------------------------------
-----------------------------------------------------------

Ⓜ️ တောင်းခံပါရစေ.....

Ⓜ️ ကတိ တည်ပါ။

Ⓜ️ အခက်အခဲကို ဆွေးနွေးတိုင်ပင်ပါ။

Ⓜ️ အားလုံးအတွက် မျှတအောင် ဆုံးဖြတ် လုပ်ဆောင်ပါ။

Ⓜ️ မိမိကိုယ်တိုင် ရွေးချယ်ဆုံးဖြတ်ထားတာကို သတ်မှတ်ကာလ အဆုံးထိ တာဝန်ယူ ဆောင်ရွက်ကြပါ။ ဂျပန်လည်း ရောက်သွားရော မိမိဘာသာ အဆင်ပြေရင်ပြီးရောဆိုတဲ့ အတွေးမျိုး (ငွေကို မြင်နေရရင် ကတိ တည်စရာမလိုဘူး) ဆိုတဲ့ အတွေးမျိုး ဝင်လာခဲ့သည်ရှိသော် မိမိတို့ ဂျပန်မရောက်ခင် မြန်မာပြည်မှာ ရှိနေစဉ်တုန်းက အင်တာဗျူးဝင်ဖို့ စောင့်ဆိုင်းနေရသော ခံစားချက်နဲ့ ဂျပန်ထွက်ဖို့ အဆင့်ဆင့် လုပ်ဆောင်ရသော အရာများကို အမှတ်ရကာ မိမိတို့လိုပဲ မြန်မာနိုင်ငံမှာ ဂျပန်သွားဖို့အတွက် ဒုနဲ့ဒေးသော လူငယ်များ စောင့်ဆိုင်းနေရတယ်ဆိုတဲ့ အရှိတရားလေးကို အသိတရားရှိရှိ အမြဲ သတိပေးကာ တစ်ပွဲတိုး ကတိပျက်ယွင်းသူများအဖြစ် နာမည်ပျက်မခံဘဲ နေထိုင်ပေးပါ။

Ⓜ️ မိမိအဆင်ပြေဖို့သာ အဓိက နောက်လူတွေက ဘာပဲဖြစ်ဖြစ်ဆိုတဲ့ အတွေးမျိုး မတွေးကြဘဲ မိမိရွေးချယ်ထားတဲ့ အလုပ်ကို မိမိကိုယ်တိုင် ဆုံးခန်းတိုင်အောင် လုပ်ဆောင်ဖို့ အမြဲနှလုံးသွင်း ထားပေးကြပါ။ (မတရား နိုင်ထက်စီးနင်း ခံရခြင်း၊ စာချုပ်ပါ လစာများ မပေးခြင်းများ ကြုံရပါက သက်ဆိုင်ရာ တာဝန်ရှိသူများကို အားမနာတမ်း ဆွေးနွေးတိုင်ပင်ကြပါ။ အဆင်ပြေတယ် အဆင်ပြေတယ်ဆိုပြီး အနိုင်ကျင့်ခံရတာ၊ ကတိဖောက်ဖျက်ခြင်းခံရတာကို ငြိမ်ခံပြီး မေတ္တာရှင်လိုလို ဟန်မဆောင်ကြပါနဲ့။ မိမိတို့ကလည်း ကတိတည်ပေးကြပါ။)

Ⓜ️ M-CHANGE က အမြဲပြောနေကျ ဂျပန်ဆိုတာ နတ်ပြည်မဟုတ် ငရဲပြည်ဆိုတာ အမြဲနှလုံးသွင်းပြီး မိမိတိုင်းပြည်နဲ့ လူ့အဖွဲ့အစည်းကို ယခုထက်ပိုမိုကောင်းမွန်၊ သာယာဝပြောဖွယ်ဖြစ်အောင် ဖန်တီးနိုင်ဖို့ရန် နာမည်ကောင်းမရရင်တောင် နာမည်ဆိုးဖြစ်အောင် မနေကြဖို့နဲ့ တိုင်းပြည်ပုံရိပ်ကို မမြှင့်တင်နိုင်ရင်တောင် တိုင်းပြည်ပုံရိပ်ကို ကျအောင် ချသူများမဖြစ်အောင် နေထိုင်ကြဖို့ တောင်းဆိုပါရစေ။

Ⓜ️ လူသားတိုင်း အားကျအတုယူရသော လူ့အဖွဲ့အစည်းတစ်ခု၊ တိုင်းပြည်တစ်ပြည်ဖြစ်ဖို့ရန် အဓိက အချက်များစွာအနက် ကတိတည်သော လူသားရင်းမြစ်များ၊ ယုံကြည်အားထားရသော လူသားများ အများအပြား ရှိဖို့ရန်မှာ အရေးကြီးသော အချက်တစ်ချက် ဖြစ်ပါတယ်။

Ⓜ️ သို့မှသာ နောင်လာနောင်သားများအတွက် ကောင်းမွန်သော ရေခံမြေခံကောင်းသော လူမှုဝန်းကျင်ကောင်း တစ်ခုအဖြစ် ရပ်တည်နိုင်၊ ဖန်တီးတည်ဆောက်နိုင်မှာမို့ ယခုလို တောင်းခံရခြင်း ဖြစ်ပါတယ်။

Ⓜ️ နောက်လူတွေအတွက် လမ်းသစ်ဖောက်ပေးနိုင်သူ မလုပ်နိုင်ရင်တောင် နောက်လူတွေအတွက် သူများဖောက်ထားသော ရှိပြီးသားလမ်းကို ဖျက်ဆီးသူများ မဖြစ်စေဖို့ရန်နှင့် လူ့အဖွဲ့အစည်းအတွက် အဆိပ်အတောက် မဖြစ်အောင် အသိဉာဏ်ပညာကို အသုံးပြုပြီး ဆင်ခြင်၊ တွေးခေါ်၊ ဆုံးဖြတ်၊ လုပ်ဆောင် နေထိုင်ကြပါရန် M-CHANGE အနေနဲ့ ထပ်မံ တောင်းခံပါရစေ။

အစဉ်အလေးထားလျက်.....
M-CHANGE

Want your school to be the top-listed School/college in Shwedaung?
Click here to claim your Sponsored Listing.

Category

Telephone

Website

Address


ကန်ကြီးကျောင်းလမ်း၊ ယွန်းတန်းရပ်ကွက်၊ ရွှေတောင်မြို့။
Shwedaung