Noted - 1992

Noted - 1992

Share

15/08/2021

ကျွန်တော်အလုပ်ကပြန်လာတဲ့တစ်နေ့
လမ်းက ဓာတ်တိုင်မှာစာရွက်အဟောင်းလေးတစ်ရွက် ကပ်ထားတာကိုတွေ့လို့
ဖတ်မိလိုက်တယ်။ မသေမသပ်
လက်ရေးလေးနဲ့ ခုလိုရေးထားတယ်။

"ကျွန်မလမ်းသွားရင်း ဒေါ်လာ ၅၀
ကျပျောက်သွားလို့ပါ။
တစ်ယောက်ယောက်များတွေ့ခဲ့ရင်
ဒီလိပ်စာအတိုင်း ကျေးဇူးပြု၍
လာပေးစေလိုပါတယ်။

ကျွန်မက မျက်စိလည်းကောင်းကောင်း
မမြင်တဲ့အတွက် ပိုက်ဆံကိုပြန်ရှာဖို့လည်း အဆင်မပြေလို့ပါ။

ကျွန်မကို ကူညီပြီးပြန်ရှာပေးပါနော်"
ဆိုပြီးအောက်နားမှာတော့ လိပ်စာတစ်ခု
ရေးထားတယ်။

ကျွန်တော်လည်း စိတ်ဝင်စားတာနဲ့
စာထဲကလိပ်စာအတိုင်း သွားကြည့်မိတယ်။

အဲဒီလိပ်စာမှာ အဖွားအိုတစ်ယောက်
နေပါတယ်။အဖွားက မျက်စိမမြင်ရပါဘူး။

အနားကိုကျွန်တော်ရောက်သွားမှ
အဖွားက "ဘယ်သူလဲ"လို့မေးတယ်။

"ကျွန်တော် အဖွားကျပျောက်သွားတဲ့
ဒေါ်လာ ၅၀ကို ကောက်ရထားလို့
လာပြန်ပေးတာပါ"လို့ပြောလိုက်တယ်။

ကျွန်တော့်စကားကိုကြားတာနဲ့
အဖွားကမျက်ရည်ကျပါတယ်။

"မင်းနဲ့ဆိုရင် အဖွားကို ဒေါ်လာ ၅၀
လာပေးတာ အယောက် ၄၀ကျော်သွားပြီ။
ဓာတ်တိုင်မှာစာကပ်ထားတာတွေ့လို့တဲ့။
အဖွားဘာစာမှ ရေးပြီးမကပ်ခဲ့ပါဘူး။
စာလည်းမရေးတတ်ပါဘူး။
အဲ့လိုရေးပေးမယ့် သားသမီးတွေလည်း
အနားမှာ မရှိပါဘူးကွယ်"တဲ့။

အဖွားကို သနားမိတာနဲ့ အဖွားလက်ထဲကို ဒေါ်လာ ၅၀ ထည့်ပေးလိုက်ပါတယ်။

အဖွားက ပါးစပ်က တတွတ်တွတ်နဲ့
ဆုတွေအများကြီးပေးတယ်။

ပြီးတော့
အဖွားက ကျွန်တော်မပြန်ခင်
ခုလိုမှာလိုက်ပါသေးတယ်။

"သားပြန်သွားရင် အဲဒီဓာတ်တိုင်ပေါ်က
စာရွက်ကို စုတ်ဖြဲလိုက်ပါသားရယ်။
အဖွားမရေးတဲ့စာကြောင့် လူတွေကို
ဒုက္ခမရောက်စေချင်ဘူး"

ကျွန်တော် အဖွားဆီက ပြန်လာတော့
တစ်လမ်းလုံး စဉ်းစားလာမိတယ်။
ဒီစာကို ဘယ်သူကရေးပြီး ကပ်ခဲ့တာလဲ။
အရင်လူတွေကိုလည်း အဖွား
ဒီလိုပဲပြောခဲ့မှာသေချာတယ်။
ဒါပေမယ့် ဘာလို့စာရွက်ကို မဖြဲခဲ့ကြတာလဲ။
အဖွားကိုဒါနပြုဖို့စဉ်းစားပြီး လုပ်သွားတဲ့သူရဲ့လုပ်ရပ်ကိုလည်း ကျေးဇူးတင်နေမိတယ်။

တဆက်တည်းမှာပဲ တခြားသူတွေကို
ကူညီဖို့ဆိုတာ နည်းလမ်းတွေအများကြီးရှိပါလားဆိုတာကိုလည်း အသိတစ်ခု ရလိုက်တယ်။ စဉ်းစားတတ်ဖို့ပဲလိုတာပါ။

ဒီလိုနဲ့ကိုယ်အတွေးနဲ့ကိုယ်
လမ်းလျှောက်နေလိုက်တာ လူတစ်ယောက်ရဲ့ခေါ်သံကြားမှ အတွေးစပြတ်သွားတယ်။
သူက ကျွန်တော့်ကို အခုလိုမေးတယ်။

"နောင်ကြီး ဒီလိပ်စာကိုသိလားဗျ။
ဒီလိပ်စာရှင်ရဲ့ဒေါ်လာ ၅၀ ကိုကျွန်တော်
ကောက်ရထားလို့ သွားပြန်ပေးချင်လို့ပါ"

(ဆရာဗန်းမော်သိန်းရဲ့စာအုပ်ထဲက
ကျွန်တော့်ရင်ထဲရောက်လာတဲ့
ဇာတ်လမ်းလေးတစ်ပုဒ်ပေါ့ဗျာ...)

# Crd: ဇင်ယော်
With Ko Phoe Zaw ( ပခုက္ကူ )
Photo: Credit

မှတ်ချက်- သင့်မှာ စိတ်ကူးတစ်ခုခုများရှိခဲ့မယ်ဆို ဒီစာလေးမျှဝေပေးစေချင်ပါတယ်

07/06/2021

စိတ်ဓါတ်ကျခဲ့ရင် မရပ်တန့်လိုက်ပါနဲ့
၃_စင်တီမီတာကိုသတိရပါ...
ဝါးပင်တစ်ပင်က ၃ စင်တီမီတာ ကြီးဖို့
၄ နှစ်အချိန်ပေးရပါတယ်။

အဲ့ဒီ ၄ နှစ် နောက်ပိုင်းမှာတော့
ဝါးပင်တစ်ပင်ဟာ
၁ ရက် ကို ၃၀ စင်တီမီတာ အထိ ကြီးထွားနိုင်ပါတယ်။
၆ ပတ်အတွင်း ၁၅ မီတာ လောက်အမြင့်ကိုရောက်နိုင်တယ်။

ဒါဟာ ဘာလို့လဲဆိုတော့
ပထမဆုံး ၄ နှစ် မှာ အဲ့ဒီဝါးပင်က အမြစ်မှာ အခြေခိုင်အောင်အားစိုက်နေလို့ပဲဖြစ်ပါတယ်။

ဒါကြောင့် ဒီနေ့
ကိုယ်လုပ်သမျှ အကျိုးရလာဒ်မမြင်ရတဲ့ချိန်မှာ
ကိုယ်ကြိုးစားသလောက် အရာမထင်ဘူးလို့ထင်တဲ့ချိန်မှာ
ဝါးပင်လေးကို သတိရစေချင်ပါတယ်။

ကိုယ်က ၁၀ မီတာ မြင့်ချင်ရင် ၁၀ မီတာ အတွက် အခြေခိုင်အောင်လုပ်ရမယ်။
အဲဒီတော့ အချိန်က ၁ နှစ် ကြာချင်ကြာမယ်။

ကိုယ်က
၁၀၀ မီတာ မြင့်ချင်ရင်
၁၀၀ မီတာ အမြင့်ကိုခံနိုင်တဲ့အခြေခံရှိရမယ်လေ။
အဲဒီတော့ ၁၀ နှစ် အချိန်ပေးရင် ပေးရမယ် လို့ထင်ပါတယ်။

ဒါကြောင့် ကိုယ်ကြိုးစားသလောက် ချက်ချင်းအကျိုးမမြင်ရရင်လဲ
စိတ်ဓာတ်ကျပြီးတော့ နောက်မဆုတ်ပါနဲ့လို့ပြောချင်ပါတယ်။

ကိုယ်သာအခြေခိုင်အောင် အမြစ်ပွား၊ကြိုးစားနေသ၍
တစ်ရက်ကျရင် အမြင့်ကိုရောက်နိုင်ပါလိမ့်မယ်။

ဘာဖြစ်လို့လဲဆိုတော့ လူအများစုက
အဲ့ဒီ ၃ စင်တီမီတာ ကနေ မကျော်နိုင်ကြပါဘူး။
အဲ့ဒါကြောင့် ကျရှုံးသူက အောင်မြင်သူထက်များနေတာပေါ့ ။

ကိုယ့်ရဲ့ ၃ စင်တီမီတာ ကို ကျော်ဖြတ်နိုင်ရင်တော့
သင်က အမြင့်ကိုမကြာခင်ရောက်မယ့်သူတွေပါပဲ ။

စိတ်ဓာတ်ကျရင် ၃ စင်တီမီတာ ကိုသတိရပါ ။
ငါ့ရဲ့ ၃ စင်တီမီတာ ပဲလို့ ပြောပြီး အားအင်ပြန်ပြည့်နိုင်ပါစေ။......
Credit;Original Writer
# My Knowledge House By Myo Htun

Want your business to be the top-listed Gym/sports Facility in Shwebo?
Click here to claim your Sponsored Listing.

Telephone

Website

Address


Shwebo
77777