Toe Na Yar

Toe Na Yar

Share

22/05/2024

18/05/2024

" ပင်လယ်က ပင်လယ်ပါပဲ"

#ကလေးငယ်တစ်ယောက်
ပင်လယ် အရောက်မှာ
လိူင်းခတ် သွားတာကြောင့်
ဖိနပ် ပျောက်၍ သွားသောအခါ
"ပင်လယ်ဟာ သူခိုး" လို့
သဲပြင်မှာ ရေးပြီး သူ စွပ်စွဲတယ်...

#တံငါသည် လင်မယား ...
ငါးများစွာ ရတဲ့ တစ်နေ့မှာ
"ပင်လယ်ဟာ ကျေးဇူးရှင်" ပါလို့
သဲပြင်မှာ ရေးပြီး
ကျေးဇူးတင်တယ်...

#လူငယ်တစ်ယောက်...
ပင်လယ် ရောက်ပြီး
လိူင်းရေ တွေ ကြား
နစ်မြုတ် သေသွားသော အခါ
သူ့ အမေက
"ပင်လယ်ဟာ လူသတ်သမား" ပါလို့
သဲပြင်ထက်မှာ သူရေးခဲ့တယ်...

#မရှိဆင်းရဲသား တစ်ယောက်...
ပင်လယ် အောက်မှ
အဖိုးတန် တဲ့ ပုလဲကို
ရှာတွေ့ရတဲ့ အခိုက်မှာ
"ပင်လယ်ဟာ တန်ခိုးရှင်" ပါလို့
သဲပြင် ထက်မှာ တင်စား ရေးခဲ့တယ်....

သူတို့ရေးထားသမျှ စာအားလုံးက
သိပ် မကြာခင် မှာပဲ
လိူင်းရေတွေ ရဲ့ ပုတ်ခတ် မှုကြာင့်
သူ့ အလိုလို ပျောက်ပျက် ခဲ့ရတယ်...

ပင်လယ်က သူ့ကို ဘယ်သူတွေ
ဘယ်လို ထင်ထင် ဘယ်လို မြင်မြင်
ဘယ်လိုပဲ တွေးတွေး
ဘယ်လိုပဲ ရေးရေး
ပင်လယ် က ပင်လယ် ပါပဲ...

သူ့ တာဝန် ...
သူ့ သဘာဝ အရ
ပြောင်းလဲ လည်ပတ် နေတာက လွဲလို့
သူ့အတွက် ဘာမှ ဖြစ်လာနိုင်စရာ
အကြောင်း မရှိပါ...

#လူ့လောက မှာလည်း ဒီလိုပါပဲလေ..
အကောင်း နေမလား
အဆိုး နေမလား
ဝမ်းနည်း နေမလား
ဝမ်းသာ နေမလား
အဆိုး လုပ်မလား
အကောင်း လုပ်မလား

#ဘယ်လိုပဲ နေနေ ...
ဘာတွေပဲ လုပ်လုပ်
လူတို့ရဲ့ နှုတ်ဖျားက စကားတစ်ခွန်း နဲ့
လွတ်ကင်း သွားတယ်လို့ မရှိ ပါဘူး..

အမြဲတမ်း ဝေဖန် ပုတ်ချ
ခံနေ ရမှာ ပဲလေ။

#ကြိုက်သူက အကောင်း ပြောမယ်
မကြိုက်သူက မကောင်း ပြောမယ်
လူ အားလုံးရဲ့စကားကို
လိုက်ပြီး ခံစား မနေ ပါနဲ့

#ဘယ်လောက်ထိ နာကျည်း စရာတွေနဲ့
ကြုံနေ ပါစေ ..

အချိန်တန် တော့လည်း
အရာရာ တိုင်းဟာ
သူ့ အလိုလို တဖြည်းဖြည်း နဲ့
ပျောက်ကွယ် သွားကြတာပဲလေ။

18/05/2024

❝အရာရာက ရေစက်ပါသလောက်ပေါ့❞
⑅⑅⑅⑅⑅⑅⑅⑅⑅⑅⑅⑅⑅⑅⑅⑅⑅⑅⑅⑅⑅⑅⑅⑅⑅

အရာရာ ရေစက်ပါသလောက်ပေါ့။
ဆက်ဆံရေးတိုင်းက သူ့သက်တမ်းနဲ့သူရှိပြီးသားပါ။

ဘယ်လောက်ပဲ ပျော်ရွှင်စရာ
ပြည့်နေတဲ့ဆက်ဆံရေးဖြစ်
နေပါစေ တကယ်တမ်း ရေစက်
ကုန်သွားတဲ့အခါ မလွဲမသွေ နှုတ်ဆက် ခွဲခွာရတယ်။

ဒါဟာ လူ့သဘော သဘာဝဖြစ်တယ်။
ဘဝဆိုတာ အထီးကျန်မှ ဘဝ အစစ်လို့
ခေါ်ထိုက်တာပါ။

အထီးမကျန်ဘူးဆိုရင် ဒါဟာ
စစ်မှန်တဲ့ဘဝလို့ သတ်မှတ်လို့
မရသေးပါ။

သင့်ဘဝထဲ ဝင်လာသူတိုင်းကို
စိတ်ရင်းအမှန်သာ ပြသပေးပါ။

တွေ့ဆုံမှုတိုင်းကိုနောင်တမရပါနဲ့။
တွေ့ဆုံမှုတိုင်းက အဓိပ္ပာယ်ကိုယ်စီနဲ့ပါ။

ငါ့သူငယ်ချင်းတွေ ငါ့အနား
ဘယ်ချိန်ထိ ရှိနေပေးမလဲ။

ငါ့ချစ်သူ ဘယ်ချိန်ထိ အနားမှာ
နေပြီး ချစ်ပေးမလဲ။

ဒါတွေကိုတွေးမနေပါနဲ့။
အတွေးလွန်ပြီးစိတ်မပျော်ဘဲ မနေလိုက်ပါနဲ့။

သူတို့ သင့်ဘဝထဲ အချိန်တစ်ခုထိ
အဖော်ပြုပေးခဲ့တယ်ဆိုတာနဲ့တင်
သင်ဟာ ကံကောင်းနေပါပြီ ကံကောင်းတဲ့လူပါ။

ဘဝခရီးအဆုံးထိ အတူတူ မရှိနိုင်ကြပေမဲ့
တစ်ချိန်တုန်းကအတူတူ ပျော်ခဲ့တဲ့
အမှတ်တရကောင်းတွေကို ပြန်တွေးကြည့်
မိတော့ မင်းကို သိခွင့်ရခဲ့တာ
ချစ်ခွင့်ရခဲ့တာ ဒီလောက်တောင်
ကြည်နူးစရာ ကောင်းရလားလို့
တွေးမိပြီး ဖြေသာနိုင်လိုက်ပါတယ်။

crd

Want your restaurant to be the top-listed Restaurant in Shwebo?
Click here to claim your Sponsored Listing.

Category

Telephone

Website

Address


Shwebo