Profit Booster

Profit Booster

Share

25/08/2024

“Copywriting လောကမှာ အအောင်မြင်ဆုံး အကောင်းဆုံး Copywriter တွေထဲက တယောက်ရဲ့ copywriting techniquesတွေကို အခုပဲ FREE ရယူလိုက်ပါ”

Eugene Schwartzဆိုတာ copywriterတွေထဲမှာဆိုရင် အကောင်းဆုံးထဲကတယောက်လို့ပြောလို့ရပါတယ်

ဘာကြောင့်ဒီလိုပြောနိုင်လဲ?

ပထမတခုက သူရဲ့ hit rateသည် 90% နီးပါးရှိပါတယ်

မျက်စိထဲမြင်အောင်ပြောရရင် သူရေးတဲ့ကြော်ငြာအပုဒ်(၁၀၀)မှာ အပုဒ်(၉၀)က တကယ် hit ဖြစ်ပြီး ဒေါ်လာသန်းနဲ့ချီရောင်းရတယ်လို့ဆိုလိုတာပါပဲ

ဒါမျိုးhit rate က copywriterလောကမှာ မရှိသလောက်နီးပါးကိုရှားပါတယ်

ဒါတင်လားဆိုရင်မဟုတ်ပါဘူး

သူရေးတဲ့ကြော်ငြာတပုဒ်ကြောင့် $25 တန် စာအုပ် တအုပ်ဟာလဲ အုပ်ရေ 1.9 သန်းနီးပါးရောင်းရခဲ့ပါတယ်

စဉ်းစားကြည့်ပေါ့

အခုခေတ်မှာ ကြော်ငြာတပုဒ်တည်းနဲ့ ထောင်ဂဏန်းရောင်းရဖို့ဆိုတာတောင်လွယ်တဲ့ကိစ္စမဟုတ်ပါဘူး

သူကတော့ ထောင်ဂဏန်း၊ သောင်းဂဏန်း ၊ သိန်းဂဏန်းတင်မကပါဘူး

၁.၉သန်း ထိပါရောင်းရခဲ့ပါတယ်

ဒါဆိုရင် ဒီလိုလူတယောက်ဆီကနေသူ့ technique တွေ သင်ယူလို့သာရရင်သိပ်ကောင်းမှာပေါ့

သို့သော် ဝမ်းနည်းစရာက Eugene Schwartz က 1995ကတည်းကကွယ်လွန်သွားခဲ့ပါပြီ

ဒါပေမယ့်လဲ သူ့ရဲ့ Copywriting techniques တွေအကြောင်းရေးထားတဲ့ စာအုပ်တအုပ်ကျန်နေရစ်ပါသေးတယ်

အဲဒီစာအုပ်ကို “Breakthrough Advertising “လို့ခေါ်ပါတယ်

ဒီစာအုပ်က ရှားပြီး စျေးကြီးပေမယ့်လို့စာအုပ်ကောင်းတအုပ်ပါပဲ

လူတယောက်ကဆိုရင် ဒီစာအုပ်ကိုလေ့လာပြီးကတည်းက သူ့ပိုင်ဆိုင်မှုဟာ $100,000 ကနေ $10,000,000ထိဖြစ်လာတယ်လို့တောင်ပြောပါတယ်တဲ့

တော်တော်ကိုအံ့ဩစရာပါပဲ

သို့ပေမယ့်လို့ ဒီစာအုပ်ဟာ တော်တော်ခက်ပါတယ်

အတွေ့အကြုံအများကြီးရှိတဲ့ copywriterတွေအတွက်တောင်မှစိန်ခေါ်မှုများပါတယ်

ကျွန်တော်ကိုယ်တိုင်ဖတ်ကြည့်တဲ့အခါမှာလဲ တကယ်ကိုခက်ပါတယ်

တပိုဒ်ချင်း ၊ တကြောင်းချင်းတောင်မှနားလည်ဖို့ရာတကယ်မလွယ်ပါဘူး

အဲဒီစာအုပ်လေးတအုပ်ပြီးဖို့ကို (၁)နှစ်ခွဲကျော် ၊(၂)နှစ်နီးပါးကြာပါတယ်

ဒီလိုကြာပေမယ့် စာအုပ်ထဲမှာပါတဲ့နည်းလမ်းတွေက ကောင်းလွန်းတာကြောင့် (၂)နှစ်မှမဟုတ်ဘူး

နှစ်(၂၀)အချိန်ပေးရရင်တောင်တန်တယ်လို့ ပြောချင်ပါတယ်

သို့သော်ခင်ဗျားကတော့ အဲဒီနည်းစနစ်တွေအကြောင်းသိဖို့အဲဒီလောက် အချိန်ပေးစရာမလိုပါဘူး

ဘာလို့လဲ?

အဲဒီစာအုပ်ထဲက chapterတခုစီအလိုက် လိုရင်းအချက်လေးတွေ ၊ သိရမယ့်အချက်လေးတွေ ၊ လက်တွေ့အသုံးချရမယ့်အချက်လေးတွေကို

2024 May လ (၁)ရက်နေ့က နေစပြီး ကျွန်တော် အနှစ်ချုပ် ဘာသာပြန်လာလိုက်တာ မနေ့ကပဲ ပြီးပါတယ်

အဲဒီဘာသာပြန်အနှစ်ချုပ်ထားတဲ့စာအုပ်ထဲမှာ ဘာတွေပါမလဲဆိုရင်…

✅လူတွေရဲ့ ရင်ထဲမှာရှိနေတဲ့ ဆန္ဒတွေကိုဘယ်လိုအသုံးချပြီး ကိုယ့်product ကိုဝယ်ချင်လာအောင် လမ်းကြောင်းပြောင်းပေးရမလဲ

✅Market Sophistication levelတွေ အလိုက် maximum salesရအောင် ဘယ်လိုကြော်ငြာstrategy သုံးပြီးကြော်ငြာရမလဲ(ဒါကိုတော်တော်များများသင်တန်းတွေမှာ သင်ကြလိမ့်မယ်မထင်ပါဘူး)

✅Customersတွေဆီက objections တွေကိုဖြေရှင်းဖို့ နည်းစနစ်တွေ (Customer ရဲ့ခေါင်းထဲမှာ မဖြေရှင်းရသေးတဲ့ objectionတခုကျန်နေရင်တောင်မဝယ်တော့ဘူးဆိုတာကိုတော့သိပြီးသားနေမှာပါနော်)

✅ကိုယ့်productကို ပြိုင်ဖက် လုပ်ငန်းတူတွေကြားထဲမှာ “ထင်း”နေအောင်ဘယ်လိုလုပ်ရမလဲ

✅ကိုယ့်productကလွဲပြီး တခြားရွေးစရာ ၊ ဝယ်မရာမရှိဘူးလို့ထင်လာအောင်ဘယ်လိုလုပ်ရမလဲ

✅Content writerပဲဖြစ်ဖြစ် ၊ copywriterပဲဖြစ်ဖြစ် ၊ အခုမှစမယ့်သူပဲဖြစ်ဖြစ်၊ အတွေ့အကြုံရှိနေပြီးသားသူပဲဖြစ်ဖြစ် ကြော်ငြာရေးရာမှာအထောက်အကူအများကြီးဖြစ်စေမယ့် Breakthrough Advertising Strategy(7)မျိုး

စတာတွေ ပါပါတယ်

ဒီတော့အရေးကြီးတာက ဒီစာအုပ်ကို ရချင်ရင်ဘယ်လိုလုပ်ရမလဲ?

လွယ်ပါတယ်

Comment မှာရှိတဲ့ link ကနေပြီး FREE download ဆွဲလိုက်ရုံပါပဲ

ကျွန်တော်ရေးထားတာဆိုရင်တော့ “ယူပါ”ဆိုပြီး အတင်းပြောမှာမဟုတ်ပါဘူး

ဒါပေမယ့်ဒီစာအုပ်ထဲမှာပါတာတွေက $25 တန်စာအုပ် တအုပ်ကို အုပ်ရေ ၁.၉သန်းကျော်ရောင်းရအောင် ကြော်ငြာရေးထားတဲ့ Eugene Schwartzရဲ့ copywriting techniques တွေဖြစ်တာမို့ လက်လွတ်မခံစေချင်ပါဘူး

02/11/2023

အခုထက်ပိုကောင်းတဲ့headline ရေးတတ်ချင်တဲ့သူတွေနေ့တိုင်းဖတ်ကြတဲ့ Successful Headline Breakdown (62/100)

ကျွန်တော် ဒီနေ့မနက် ခင်ဗျားအတွက် အသေးစိတ် breakdown လုပ်ပေးချင်တဲ့Headlineကတော့…

“Sure... l Tell You, Bill, How I Got This Government Job!”

“သေချာတာပေါ့ Bill ရာ…ငါဒီအစိုးရအလုပ်ကိုဘယ်လိုရခဲ့သလဲဆိုတာပြောပြပါ့မယ်”

ဆိုတဲ့Headlineပါပဲ

ဒီheadlineကိုဘယ်လိုရည်ရွယ်ချက်တွေနဲ့ရေးထားလဲ

ဘာတွေကိုကျွန်တော်တို့headlineတွေရေးတဲ့အခါပြန်အသုံးချလို့ရမလဲဆိုတာကြည့်ကြရအောင်

ပထမဆုံးသိသာတဲ့အချက်ကတော့…

တခုခုကိုဘယ်လိုလုပ်ရမလဲဆိုတာကိုပြောပြထားတဲ့How to headlineပုံစံနဲ့ရေးထားတာကို Dialogueတခုအဖြစ်ဖန်တီးထားတာတွေ့နိုင်ပါတယ်

သူပြောထားတာကတော့ “ငါဒီအစိုးရအလုပ်ကိုဘယ်လိုရခဲ့သလဲ”တဲ့

အစိုးရအလုပ်

အစိုးရအလုပ်ဆိုတာ လူတော်တော်များများရဲ့အကြိုက်ပဲ

ဘာကြောင့်လဲ?

အပြင်အလုပ်တွေနဲ့မတူဘူး

အစိုးရရှိနေသရွေ့ ဘာဖြစ်နေဖြစ်နေ လစာပုံမှန်ရနေမယ်

ပင်စင်ယူတဲ့အခါကျရင်လဲ ဝန်ထမ်းသက်ဘာညာနဲ့ Gratuity Pay ရဦးမယ်

ဒါတင်မကဘူး အသက်ရှင်နေသမျှကာလပတ်လုံး ပင်စင်လစာလဲရနေဦးမယ်

တနည်းအားဖြင့် secure ဖြစ်တယ်ဆိုတဲ့ feelingကြောင့် လူကြိုက်များတယ်

ဒါကြောင့်လဲ အဲဒီလိုအလုပ်ကိုလုပ်ချင်သူတွေရဲ့ self interestကိုဆွဲဆောင်နိုင်မှာသေချာပါတယ်

ဒါတင်မကဘူး

“ဘယ်လိုအလုပ်ရခဲ့တယ်”ဆိုတာ ပြောပြဦးမယ်တဲ့

ဒါကတော့ ကြော်ငြာကိုဆက်ဖတ်ပြီးအဖြေရှာအောင်လို့ စိတ်ဝင်စားလာအောင် သိချင်လာအောင် curiosity ဖြစ်လာအောင် ရေးထားတာပါပဲ

ဒါကြောင့်အကျဉ်းချုံးကြည့်မယ်ဆိုရင် ဒီheadlineမှာ…

-How to ပုံစံနဲ့ရေးထားတာရယ်

-“ ငါဒီအစိုးရအလုပ်ကိုဘယ်လိုရခဲ့သလဲဆိုတာပြောပြပါ့မယ်”ဆိုတဲ့ လူတွေရဲ့ curiosity နဲ့ self interestကိုဆွဲဆောင်ထားတာရယ်ကိုအသုံးချပြီးကြော်ငြာကို ဆက်ဖတ်ချင်လာအောင် ဆွဲဆောင်ထားတာတွေ့နိုင်ပါတယ်

ဟုတ်ပါပြီ

ဒီလောက်ဆိုရင် ဒီheadlineကို ဘယ်လိုရည်ရွယ်ချက်တွေနဲ့ရေးထားတယ်ဆိုတာ နားလည်လောက်ပြီ

Headlineရေးတဲ့အခါပြန်အသုံးချစရာလေးတွေလဲရသွားလောက်ပြီလို့ထင်ပါတယ်

ကောင်းသောနေ့လေးတနေ့ပိုင်ဆိုင်နိုင်ပါစေဗျ


#ကြော်ငြာ

31/10/2023

အခုထက်ပိုကောင်းတဲ့headline ရေးတတ်ချင်တဲ့သူတွေနေ့တိုင်းဖတ်ကြတဲ့ Successful Headline Breakdown (61/100)

ကျွန်တော် ဒီနေ့မနက် ခင်ဗျားအတွက် အသေးစိတ် breakdown လုပ်ပေးချင်တဲ့Headlineကတော့…

“How To Beat Tension Without Pills”

“ဆေးဝါးတွေမပါဘဲ စိတ်ပင်ပန်းမှုတွေကိုဘယ်လိုအနိုင်ယူရမလဲ?”

ဆိုတဲ့Headlineပါပဲ

ဒီheadlineကိုဘယ်လိုရည်ရွယ်ချက်တွေနဲ့ရေးထားလဲ

ဘာတွေကိုကျွန်တော်တို့headlineတွေရေးတဲ့အခါပြန်အသုံးချလို့ရမလဲဆိုတာကြည့်ကြရအောင်

ပထမဆုံးသိသာတဲ့အချက်ကတော့ တခုခုကိုဘယ်လိုလုပ်ရမလဲဆိုတာကိုပြောပြထားတဲ့ဘHow to headlineပုံစံနဲ့ရေးထားပါတယ်

“စိတ်ပင်ပန်းမှုတွေကိုဘယ်လိုအနိုင်ယူရမလဲ?”တဲ့

လူတိုင်းမှာ လိုအပ်ချက်တွေ ၊ လိုချင်တဲ့ဆန္ဒတွေ ရှိကြတယ်

ဒီ’အလို’ တွေမပြည့်ရင် စိတ်ပင်ပန်းတာ စိတ်ပူပန်တာ စတဲ့ tension တွေဆိုတာဖြစ်လာရော

ဟို…နောက်ပြီးအလိုပြည့်တဲ့လူနဲ့ မပြည့်တဲ့သူယှဉ်ကြည့်ရင်ဘယ်ဟာကပိုများမလဲစဉ်းစားကြည့်ပေါ့

ဒါကြောင့်မို့သူက “စိတ်ပင်ပန်းမှုတွေကိုဘယ်လိုအနိုင်ယူရမလဲ?”ဆိုတာကိုပြောပြပြီး အဲဒီလူတွေရဲ့ self interestကိုဆွဲဆောင်ထားပါတယ်

ဒီလိုစိတ်ပင်ပန်းမှုကိုအနိုင်ယူတဲ့အခါမှာလဲ ဘာဆေးမှသုံးစရာမလိုပါဘူးတဲ့

တနည်းအားဖြင့် antidepressants-စိတ်ငြိမ်ဆေးတွေဝယ်သောက်နေစရာမလိုဘူး

အန္တရာယ်လဲမရှိဘူးလို့ပြောတာပါပဲ

ဒါကြောင့်အကျဉ်းချုံးကြည့်မယ်ဆိုရင် ဒီheadlineမှာ…

-How to ပုံစံနဲ့ရေးထားတာရယ်

-စိတ်ပင်ပန်းမှုတွေကိုဘယ်လိုအနိုင်ယူရမလဲ?”ဆိုတာကိုပြောပြပြီး လူတွေရဲ့ self interestကိုဆွဲဆောင်ထားတာရယ်

-“ဆေးဝါးတွေသုံးစရာမလိုဘူး” ဆိုတဲ့ လွယ်ကူတဲ့(easy way) ကိုပြောပြီး
ကြော်ငြာကို ဆက်ဖတ်ချင်လာအောင် ဆွဲဆောင်ထားတာတွေ့နိုင်ပါတယ်

ဟုတ်ပါပြီ

ဒီလောက်ဆိုရင် ဒီheadlineကို ဘယ်လိုရည်ရွယ်ချက်တွေနဲ့ရေးထားတယ်ဆိုတာ နားလည်လောက်ပြီ

Headlineရေးတဲ့အခါပြန်အသုံးချစရာလေးတွေလဲရသွားလောက်ပြီလို့ထင်ပါတယ်

ကောင်းသောနေ့လေးတနေ့ပိုင်ဆိုင်နိုင်ပါစေဗျ


#ကြော်ငြာ

Want your business to be the top-listed Advertising & Marketing Company in Shwebo?
Click here to claim your Sponsored Listing.

Telephone

Website

Address


Shwebo