Another Development - AD
18/12/2020
သုတေသနစာတမ်းမိတ်ဆက်ပွဲ (Zoom Launch)
------------------------------------------------
“တနင်္သာရီတိုင်းဒေသကြီးအတွင်းရှိ ပြည်သူများနှင့် ချိတ်ဆက်ဆောင်ရွက်ခြင်း - ပိုမိုကောင်းမွန်သော ဆက်ဆံရေး အတွက် မူဝါဒဆိုင်ရာ ရွေးချယ်စရာများ” သုတေသနစာတမ်း မိတ်ဆက်ပွဲကို Zoom မှတစ်ဆင့် စီစဉ်ကျင်းပသွားမည်ဖြစ်ပါသဖြင့် အောက်ပါအစီအစဉ်အတိုင်း တက်ရောက်ပေးပါရန် လေးစားစွာ ဖိတ်ကြားအပ်ပါသည်။
ဤစာတမ်းကို အွန်လိုင်းစစ်တမ်းကောက်ယူခြင်း၊ ကျင်းပခဲ့သော အလုပ်ရုံဆွေးနွေးပွဲများနှင့် အေဒီအသင်း၏ အစီရင်ခံစာများ၊ မတူညီသောပါဝင်ပတ်သက်သူများနှင့် တွေ့ဆုံဆွေးနွေးမှုများ၊ တဆင့်ခံအချက်အလက်များကို လေ့လာခြင်းများမှတဆင့် ရရှိသောတွေ့ရှိချက်များကို အခြေခံ၍ ရေးသားပြုစုထားပါသည်။ ဤစာတမ်းသည် တနင်္သာရီတိုင်းဒေသကြီး အတွင်းရှိ ပိုမိုကောင်းမွန်သောပြည်သူ့ဆက်ဆံရေးကို ဖော်ဆောင်နိုင်စေရန် ရည်ရွယ်ထားသည်။ ထိုသို့ဖော်ဆောင်နိုင်ရန် ထိရောက်စေမည့်မူဝါဒဆိုင်ရာ အခွင့်အလမ်းများကို ရှင်းလင်း ဖော်ပြထားသည်။
တနင်္သာရီတိုင်းဒေသကြီးအတွင်းရှိ ပြည်သူများနှင့် ချိတ်ဆက်ဆောင်ရွက်ခြင်း ( ပြည်သူ့ဆက်ဆံရေးအခန်းကဏ္ဍ) မှာ အပြုသဘောဆောင်သည့် တိုးတက်မှုများကို များစွာတွေ့ရသော်လည်း ဒေသအတွင်း အဓိပ္ပါယ်ပြည့်ဝပြီး ပါ့ဝင်မှုအားကောင်းသည့် ချိတ်ဆက်ဆောင်ရွက်မှုတစ်ရပ် ရှိစေရန်အတွက် စိန်ခေါ်မှုများရှိနေသည်ကို တွေ့ရပါသည်။ စနစ်ဆိုင်ရာ၊ အမြင်သဘောထား ဆိုင်ရာနှင့် စွမ်းဆောင်ရည်ဆိုင်ရာ စိန်ခေါ်မှုများ ဖြစ်သည်။
အစီအစဉ်တွင် AD မှသုတေသနရှင်းလင်းတင်ပြခြင်းနှင့် အမေး၊ အဖြေကဏ္ဍများ ပါဝင်မည်ဖြစ်ပြီး AD ၏ page ပေါ်မှလည်း တိုက်ရိုက် (Live) လွှင့်တင်သွားမည်ဖြစ်ပါသည်။ စိတ်ပါဝင်စားတက်ရောက်လိုသူများအတွက် ပွဲနေ့တွင် ဝင်ရောက်ရမည့် Zoom Link (Meeting ID, Passcode) တို့ပါ တစ်ပါတည်း ဖော်ပြထားပါတယ်။
Zoom Link (Meeting ID, Passcode)
--------------------------------------
Join Zoom Meeting
https://l.facebook.com/l.php?u=https%3A%2F%2Fus02web.zoom.us%2Fj%2F86027887405%3Fpwd%3DbXJFaEJoR2IxQ2xIeVBydm5mUW9Jdz09%26fbclid%3DIwAR0tnqrv1UjjpVlPBcOm7HUlggb_Xtu3J8gZYkXZoirp1HMdiLLNhYvbCi0&h=AT3916_UAU0B5rw_X3eBEq_HRSgwRX1mhJRs2Uot3o2V5BkLbRbacExbCEVkrNH8v0xDH13ejfSeZpoYmh7t76sPArM4d9VFL54TGDRrm8HkSeg3kf1O6VI6IZkwTWzDF7CN0Q
Meeting ID: 860 2788 7405
Passcode: 384466
နေ့ရက် ။ ။ ၂၃.၁၂.၂၀၂၀ (ဗုဒ္ဓဟူးနေ့)
အချိန် ။ ။ မနက် ၁၀:၀၀ နာရီ မှ ၁၁:၃၀ နာရီ အထိ
အားလုံးအကျုံးဝင်ပညာရေးပန်းတိုင်ဆီသို့
05/12/2020
Another Development (AD) က မာဘော့ (Marbot) အမည်ဖြင့် ကလေးသူငယ်များအား မသန်စွမ်းအသိပညာပေး ဗီဒီယို ဇာတ်လမ်းတိုကို Channel 7 , DVB နှင့် MRTV ရုပ်သံလိုင်းများမှတစ်ဆင့် မကြာမီ ထုတ်လွှင့်တင်ဆက်ပြသသွားမှာဖြစ်ပါတယ်။ ထုတ်လွှင့်တင်ဆက်မည့် နေ့ရက်နှင့် အချိန်တို့ကို AD Facebook စာမျက်နှာမှတစ်ဆင့် ဆက်လက်ဖော်ပြပေးသွားမှာ ဖြစ်တာကြောင့် စောင့်မျှော်ကြည့်ရှုပေးကြဖို့ သတင်းပါးလိုက်ပါရစေ။
Click here to claim your Sponsored Listing.
Category
Contact the organization
Telephone
Website
Address
62, 5th Floor, Nyaung Tone Street
Yangon
11111
Opening Hours
| Monday | 10:00 - 17:00 |
| Tuesday | 10:00 - 17:00 |
| Wednesday | 10:00 - 17:00 |
| Thursday | 10:00 - 17:00 |
| Friday | 10:00 - 17:00 |