Pinkonaz
28/03/2026
ဆီးချိုသမားတွေနဲ့ အရက်အလွန်အကျွံ သောက်သုံးတတ်သူတွေ
သတိထားသင့်တဲ့ အာရုံကြောကျန်းမာရေး
ဆီးချိုရောဂါရှိသူများနှင့် အရက် အလွန်အကျွံ သောက်သုံးတတ်သူများအနေနဲ့ အာရုံကြောကျန်းမာရေး ချို့ယွင်းတတ်ပါတယ်။ အာရုံကြောပျက်စီးခြင်း (Peripheral Neuropathy) ဖြစ်နိုင်ခြေ မြင့်မားပြီး၊ အထူးသဖြင့် Vitamin B ဓာတ် ချို့တဲ့တတ်ပါတယ်။ ဆီးချိုရောဂါရှိသူများတွင် သွေးတွင်းသကြားဓာတ်ကိုကောင်းကောင်း မထိန်းချုပ်နိုင်ပါက သွေးကြောမျှင်များ ပျက်စီးလာပြီး အာရုံကြောများကို အာဟာရဓာတ်များပေးပို့မှု လျော့နည်းစေပါတယ်။ ဒါ့ကြောင့် အချိန်ကြာမြင့်လာတာနဲ့အမျှ အာရုံကြောတွေက အလုပ်လုပ်နိုင်စွမ်း ကျဆင်းလာပြီး ခြေလက်ထုံကျဉ်ခြင်း၊ ယားယံခြင်းတို့ ဖြစ်ပေါ်လာနိုင်ပါတယ်။
အရက်အလွန်အကျွံ သောက်သုံးခြင်းကတော့ အာရုံကြောအတွက် အရေးကြီးတဲ့ Vitamin B1, B6, B12 တွေရဲ့ စုပ်ယူမှုကို ထိခိုက်စေပြီး ကိုယ်ခန္ဓာထဲမှာ ဗီတာမင် B ဓာတ် ချို့တဲ့လာစေနိုင်ပါတယ်။ ဒီလို ချို့တဲ့လာတဲ့အခါ အာရုံကြောတွေ ပိုမိုအားနည်းလာပြီး ခြေလက်ထုံကျဉ်ခြင်း၊ ကြွက်သားအားနည်းခြင်း၊ မူးဝေမှု၊ မေ့လျော့မှု စတဲ့ လက္ခဏာတွေပါ တွေ့ရနိုင်ပါတယ်။ ဒါကြောင့် ဆီးချိုသမားတွေနဲ့ အရက်အလွန်အကျွံ သောက်သုံးတတ်သူတွေအနေနဲ့ ပုံမှန်လူတွေထက်ပိုပြီး အာရုံကြောကျန်းမာရေး ကို ဂရုစိုက်သင့်ပါတယ်နော်။
TikTok Link : https://www.tiktok.com/
Click here to claim your Sponsored Listing.
Category
Contact the practice
Telephone
Website
Address
No. 19, Ma Kyee Kyee Street
Sanchaung
11111