Toco Toucan

Toco Toucan

Share

30/04/2026

Phonics and Young Learners English အတန်းလေးများလည်း ပုံမှန်အတိုင်း ဖွင့်ပါတယ်။ May နဲ့ Juneလမှာ အတန်းသစ်လေးတွေ စဖို့ ရှိပါတယ်။ အရင်က နားထားပြီး ပြန် joinချင်တဲ့ကလေးများရော၊ အသစ်ကလေးများရော ကူတိုရွာမှာလာရောက် စုံစမ်းနိုင်ပါတယ်။ ဖုန်း 09977960660 သို့ ဆက်သွယ်ပြီး စုံစမ်းလို့လည်း ရပါတယ်။ အရင်က ပြောထားဖူးတဲ့ ကလေးများလည်း
ပြန်ဆက်သွယ်ပေးပါနော်။
#ကူတိုရွာ #စလင်းမြို့

Photos from Toco Toucan 's post 29/01/2026

Oxford Phonics World (4) classလေး ဖေဖော်ဝါရီ (2.2.2026)မှာ စပါမယ်။

OPW level 3ပြီးထားသူ/ Jolly phonics level (7)ပြီးထားသူကလေးများနှင့် Consonant blending လေ့လာလိုသူ ကလေးများ joinရန် သင့်တော်ပါတယ်ရှင်။

Unit 8ခုပါဝင်ပြီး unitတစ်ခုအပြီးတိုင်းမှာ story reading ပါဝင်တာမို့ ကလေးများအတွက် new words များ၊ sight words များကို context အတွင်း လေ့လာဖို့ ကောင်းမွန်သင့်တော်သော သင်ရိုးဖြစ်ပါတယ်။

Unit 2ခုအပြီးတိုင်းမှာ Revision ပြုလုပ်ရမှာဖြစ်ပြီး unit 1-4အပြီးမှာ Middle Test ၊ Unit 5-8အပြီးမှာ Final Test ဖြေဆိုရပါမယ်။

သင်တန်းကြေး ကလေးတစ်ဦးလျှင် ၅၀၀၀၀(ငါးသောင်းကျပ်) ဖြစ်ပါတယ်။ လအစမှ ပထမအပတ်အတွင်း သင်တန်းကြေးပေးသွင်းရမှာ ဖြစ်ပါတယ်။ level (4) ပြီးမြောက်အောင်မြင်ပါက level (5) Letter Combinations ကိုပါ ဆက်တိုက် သွားမှာ ဖြစ်ပါတယ်။

ပုံတွင်ပြထားသော စာအုပ်အတွဲလေး မိဘများကိုယ်တိုင် ဝယ်ယူလာရမှာ ဖြစ်ပါတယ်ရှင်။ စလင်းမြို့ရှိ စာအုပ်ဆိုင်များတွင် စုံစမ်းဝယ်ယူနိုင်ပါသည်။

အတန်းတက်ရောက်ရန် စိတ်ဝင်စားပါက ကူတိုရွာ၊ ရေကျော်တွင် လာရောက်စုံစမ်းနိုင်ပါတယ်ရှင်။

#စလင်းမြို့ #ကူတိုရွာ

05/12/2025

အခုနက ပိုစ့်ရှဲရင်း မျိုးဆက်ဆိုတဲ့ စကားလုံးလေး ထည့်ရေးမိရာကနေ နည်းနည်း ဆက်စပ်စဉ်းစားနေမိလို့။ ကျွန်တော်တို့ ဘဘ က ဟိုးရှေးခေတ်က ကျောင်းဆရာ၊ အဲ့အချိန်က ၇တန်းအောင်ရင် ဆရာဖြစ်တယ်လို့ ကြားဖူးတယ်။ ကျောင်းဆရာလစာလည်း ရွှေတစ်ကျပ်သားဖိုး ရှိတယ်ဆိုလားပဲ၊ Factနဲ့ ပြောတာတော့ မဟုတ်ပါဘူး၊ မိသားစုထဲက တစ်ဆင့်စကား တစ်ဆင့်နားပါ။ မှန်ဖို့တော့ များလောက်ပါတယ်။ ဘဘရဲ့ သားက ကျွန်တော်တို့ အဖေပေါ့၊ မန္တလေးတက္ကသိုလ်က ရူပဗေဒနဲ့ ဘွဲ့ရတယ်။ ကျွန်တော်တို့ မေမေနဲ့လည်း မေဂျာတူပဲ၊ မန်းတက္ကသိုလ်ဖူးစာတွေ၊ မေမေကတော့ အိမ်ထောင်ကျပြီးမှ ဆက်တက်ရတော့ နောက်ဆုံးနှစ်ကို မအောင်ဘူး။ သို့သော်လည်း ဘွဲ့ရခါနီးပေါ့နော်။ သူတို့နှစ်ဦးက မွေးတဲ့ ကျွန်တော်တို့ မောင်နှမတွေထဲမှာလည်း ကျွန်တော့်အစ်မနဲ့ ကျွန်တော်က Masterဘွဲ့ရကြတယ်။ မောင်လေးကတော့ တခြားinstitutionဖက် ရောက်သွားတာမို့ bachelor ပဲရတယ်။
ပြောချင်တာက ဒီလိုပါ၊ ၇တန်းအောင်-> bachelor-> master မျိုးဆက်တစ်ခုကနေ တစ်ခုကို တိုးတက်လာပုံပါ။ ကျွန်တော်လည်း အရင်ကတော့ PhDအထိ ဆက်လုပ်ဖို့ ရည်ရွယ်ခဲ့ဖူးတယ်။ ၂၀၂၁နောက်ပိုင်း အပြောင်းအလဲက ကြီးတော့ ဖြစ်တဲ့လမ်းကြောင်းနဲ့ ပညာရေးကို မဆုတ်မနစ် ဆက်လုပ်ဖို့၊ လေ့လာဖို့ Dedication မရှိဘူးလို့ ပြောရမယ်။ အဲ့မယ် အလုပ်အတွက်လိုအပ်တဲ့ လေ့လာမှုက လွဲလို့ Academic ပညာရေးက ရပ်သွားတယ်။ ကျွန်တော်နဲ့ အသက် ၁၇နှစ်ကွာတဲ့ ညီမလေး ရှိသေးတော့ သူ့ကိုတော့ နောက်မျိုးဆက်လို့ပဲ သဘောထားပြီး သူ့အပေါ် မျှော်လင့်ချက်တော့ ထားမိတယ်ပေါ့နော်။
တစ်ခုထက် တစ်ခုမြင့်တက်လာတာက ရှေ့မျိုးဆက်တွေက တာဝန်ကျေတယ် ဆိုရမယ်နော်။ အဲ့ဒါလေး ကိုယ့်မိသားစုမှာရော တွေးကြည့်ဖူးလား…..။
ဒါနဲ့ ကျွန်တော် ဒီpageကို စာသင်ကြားတဲ့ video တွေ၊ ပုံတွေ မတင်တော့ဘဲ သင်ကြားရေးနဲ့ ပတ်သက်တဲ့ ကျွန်တော်အမြင်တို့၊ ကျွန်တော့်အတွေ့အကြုံမျှဝေချင်တာမျိုး စသဖြင့် personal ဆန်ဆန်ပဲ သုံးတော့ဖို့ ရည်ရွယ်ထားတယ်။ နောက် အတန်းအသစ်ဖွင့်ဖို့ ကြေငြာတဲ့အခါမျိုးပေါ့။ ကလေးတွေ reading လုပ်တဲ့ video လေးတွေ၊ speaking practice video လေးမျိုးတွေကိုတော့ သင်ကြားရေးသင်တန်း သီးသန့်အနေနဲ့တော့ နောက်ထပ် Pageအသစ်တစ်ခု ဖွင့်ပြီးခါမှပဲ တင်မှာမို့ အဲ့အချိန်ကျ ဒီမှာ ကြေငြာပေးမယ်နော်။

Photos from Toco Toucan 's post 21/09/2025

ကလေးတွေရဲ့ အတန်းပြီးခါနီးမှ ချက်ချင်းဖန်တီးထားကြတဲ့ posterလေးများ

Want your school to be the top-listed School/college in Salin?
Click here to claim your Sponsored Listing.

Telephone

Website

Address


Salin

Opening Hours

Monday 09:00 - 17:00
Tuesday 09:00 - 17:00
Wednesday 09:00 - 17:00
Thursday 09:00 - 17:00
Friday 09:00 - 17:00