Ko Phoe Thar Lay

Ko Phoe Thar Lay

Share

15/06/2020

မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ ကျောက်ဆည်မြို့နယ်တွင် ဘိန်းစိမ်းများ ဖမ်းဆီးရမိ

နေပြည်တော်။ ဇွန် ၁၅

မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တားဆီးနှိမ်နင်းရေးလုပ်ငန်းများဆောင်ရွက်စဉ် ကျောက်ဆည်မြို့နယ် တွင် ဘိန်းစိမ်းများ ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

📷ဖြစ်စဉ်မှာ ဇွန်လ ၁၄ ရက်နေ့ ၁၈၃၀ အချိန်တွင် မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် သက်သေများနှင့်အတူ ကျောက်ဆည်မြို့နယ်၊ တောင်တော်စစ်ဆေးရေးဂိတ်တွင် တားဆီးနှိမ်နင်းရေးလုပ်ငန်းများဆောင်ရွက်နေစဉ် ရွာငံဘက်မှ ကျောက်ဆည်ဘက်သို့ လွိုင်ကော်မြို့နယ်၊ ကယန်းသာယာ(တောင်)ကျေးရွာနေ နီကောလားမိုးဒီ ၂၀ နှစ်မောင်းနှင်ပြီး လွိုင်ကော်မြို့နယ်၊ ကယန်းသာယာ (မြောက်)ကျေးရွာနေ မိုးဇက်(ခ)မိုး ၃၃ နှစ် စီးနင်းလိုက်ပါလာသည့်မော်တော်ဆိုင်ကယ်အား ရပ်တန့်စစ်ဆေးရှာဖွေ ရာ ဆိုင်ကယ်ခွကြားတွင်တင်ဆောင်လာသော ဆာလာအိတ်အတွင်းမှ ဘိန်းစိမ်းအလေးချိန် ၂၈.၆ ကီလို(ဒေသ ကာလပေါက်ဈေးတန်ဖိုးငွေကျပ် ၄၂၉ သိန်း)နှင့် လက်ကိုင်ဖုန်း ၂ လုံးတို့အား တွေ့ရှိသိမ်းဆည်းရမိခဲ့သဖြင့် သံရွာနယ်မြေရဲစခန်းတွင် မူးယစ်ဆေးဝါးနှင့်စိတ်ကိုပြောင်းလဲစေသောဆေးဝါးများဆိုင်ရာဥပဒေဖြင့် အမှုဖွင့် အရေးယူပြီး ကွင်းဆက်များ ဖော်ထုတ်စစ်ဆေးလျက်ရှိကြောင်း သတင်းရရှိသည်။

(Unicode)

မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ ကျောက်ဆည်မြို့နယ်တွင် ဘိန်းစိမ်းများ ဖမ်းဆီးရမိ

နေပြည်တော်။ ဇွန် ၁၅

မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တားဆီးနှိမ်နင်းရေးလုပ်ငန်းများဆောင်ရွက်စဉ် ကျောက်ဆည်မြို့နယ် တွင် ဘိန်းစိမ်းများ ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

ဖြစ်စဉ်မှာ ဇွန်လ ၁၄ ရက်နေ့ ၁၈၃၀ အချိန်တွင် မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် သက်သေများနှင့်အတူ ကျောက်ဆည်မြို့နယ်၊ တောင်တော်စစ်ဆေးရေးဂိတ်တွင် တားဆီးနှိမ်နင်းရေးလုပ်ငန်းများဆောင်ရွက်နေစဉ် ရွာငံဘက်မှ ကျောက်ဆည်ဘက်သို့ လွိုင်ကော်မြို့နယ်၊ ကယန်းသာယာ(တောင်)ကျေးရွာနေ နီကောလားမိုးဒီ ၂၀ နှစ်မောင်းနှင်ပြီး လွိုင်ကော်မြို့နယ်၊ ကယန်းသာယာ (မြောက်)ကျေးရွာနေ မိုးဇက်(ခ)မိုး ၃၃ နှစ် စီးနင်းလိုက်ပါလာသည့်မော်တော်ဆိုင်ကယ်အား ရပ်တန့်စစ်ဆေးရှာဖွေ ရာ ဆိုင်ကယ်ခွကြားတွင်တင်ဆောင်လာသော ဆာလာအိတ်အတွင်းမှ ဘိန်းစိမ်းအလေးချိန် ၂၈.၆ ကီလို(ဒေသ ကာလပေါက်ဈေးတန်ဖိုးငွေကျပ် ၄၂၉ သိန်း)နှင့် လက်ကိုင်ဖုန်း ၂ လုံးတို့အား တွေ့ရှိသိမ်းဆည်းရမိခဲ့သဖြင့် သံရွာနယ်မြေရဲစခန်းတွင် မူးယစ်ဆေးဝါးနှင့်စိတ်ကိုပြောင်းလဲစေသောဆေးဝါးများဆိုင်ရာဥပဒေဖြင့် အမှုဖွင့် အရေးယူပြီး ကွင်းဆက်များ ဖော်ထုတ်စစ်ဆေးလျက်ရှိကြောင်း သတင်းရရှိသည်။

Want your business to be the top-listed Photography Service in Sagaing?
Click here to claim your Sponsored Listing.

Category

Website

Address


Sagaing