Suzuki CKA Motor

Suzuki CKA Motor

Share

24/03/2026

Free check up campaign စတင်နေပါပြီ Suzuki CKA Motor only

SUZUKI ကားတွေအတွက် စစ်မှန်တဲ့ ရွေးချယ်မှု

ကားတစ်စီးကို ပြုပြင်ထိန်းသိမ်းတဲ့အခါ အရည်အသွေး စိတ်ချရမှုမရှိတဲ့ Spare Parts တွေကို အသုံးပြုတာက လူကြီးမင်းတို့ရဲ့ ကားအတွက် အကောင်းဆုံး စွမ်းဆောင်ရည်တွေရရှိနိုင်ဖို့ အာမခံချက်ပေးနိုင်မှာ မဟုတ်သလို စိတ်ချရမှာလည်း မဟုတ်ပါဘူး။

ဘာကြောင့်လဲဆိုတော့ Genuine Parts မဟုတ်တဲ့ Spare Parts ပစ္စည်းတွေက အပြင်ပန်းကြည့်ရင် ဆင်တူတယ်လို့ ထင်ရပေမယ့် အရည်အသွေးနဲ့ မူလအတိုင်း တိကျမှု ရှိခြင်းမှာတော့ ကွာခြားချက်တွေ များစွာ ရှိနေပါတယ်။

SUZUKI Genuine Parts တွေက
✔ SUZUKI ကား မော်ဒယ်တစ်ခုချင်းစီအလိုက် အတိအကျ ကိုက်ညီမှုရှိခြင်း၊

✔ တိကျတဲ့ အရည်အသွေး စစ်ဆေးမှုများပြုလုပ်ထားသည့်အတွက် ရေရှည်အသုံးခံပြီး စိတ်ချရခြင်း၊
✔ မူလအစိတ်အပိုင်းအတိုင်း တိတိကျကျ တစ်သားတည်းဖြစ်ခြင်းကြောင့် ကားရဲ့ စွမ်းဆောင်ရည်ကို အသစ်ကဲ့သို့ အကောင်းဆုံးဖြစ်စေခြင်း၊

ဒါ့အပြင် Suzuki Genuine Parts တွေက ဘေးကင်းလုံခြုံမှုကို ပေးစွမ်းနိုင်ပြီး ရေရှည်မှာ မလိုအပ်ဘဲ မကြာခဏ လဲလှယ်ရလို့ ကျသင့်မယ့် ကုန်ကျစရိတ်တွေကိုလည်း သိသိသာသာ သက်သာစေမှာ ဖြစ်ပါတယ်။

“ SUZUKI အတွက် စစ်မှန်တဲ့ Spare Parts တွေကို ရွေးချယ်ပြီး စိတ်ချမ်းသာမှုကို ခံစားလိုက်ပါ”

SUZUKI Genuine Parts တွေနှင့် ပတ်သက်ပြီး SUZUKI Myanmar Website ထဲမှာလည်း ဝင်ရောက်ကြည့်ရှုနိုင်ပါတယ်။

https://suzukimyanmar.com/suzuki/sparepart

24/03/2026

ကား Air Con က အရင်လို မအေးတော့ဘူးလား…

ကား Air Con မအေးရတဲ့ အကြောင်းရင်းတွေ အများကြီးရှိပေမဲ့ အဓိက တရားခံကတော့ Air Con Filter ကြောင့် ဖြစ်နေတတ်ပါတယ်။ Air Con Filter ညစ်ပတ်နေရင် ဒီလိုအချက်တွေ ကြုံတွေ့ရ နိုင်ပါတယ်။

လေဝင်လေထွက် ပိတ်ဆို့ခြင်း (Blocked Airflow)
Filter ထဲမှာ ဖုန်မှုန့်နဲ့ အမှုန်အမွှားတွေ ပိတ်ဆို့နေတဲ့အခါ လေဝင်လေထွက် အားနည်းသွားပြီး ကားအတွင်းခန်းကို အေးမြအောင် မလုပ်ပေးနိုင်တော့ပါဘူး။

Air Con စနစ်ကို ဝန်ပိစေခြင်း (Strain on the System)
ပိတ်ဆို့နေတဲ့ Filter ကြောင့် အအေးဓာတ်ရဖို့ ကွန်ပရက်ဆာ (Compressor) က ပိုအလုပ်လုပ်ရပါတယ်။ ဒါဟာ ဆီစားပိုများစေသလို Air Con စနစ်ကိုပါ သက်တမ်းတိုစေပါတယ်။

အနံ့အသက်ဆိုးများ (Unpleasant Smells)
Filter မှာ ဖုန်နဲ့ စိုထိုင်းဆကြောင့် မှိုနဲ့ ဘက်တီးရီးယားတွေ ပွားလာပြီး Air Con ဖွင့်လိုက်တာနဲ့ အနံ့ဆိုးတွေ ထွက်လာတတ်ပါတယ်။

လူကြီးမင်းတို့ရဲ့ ကား Air Con မအေးတာဟာ တခြားကြီးကြီးမားမား ပြဿနာမဟုတ်ဘဲ Filter လဲလိုက်ရုံနဲ့တင် ပြေလည်သွားနိုင်ပါတယ်။ ဒါကြောင့် အခုပဲ စစ်ဆေးကြည့်ပြီး Suzuki Genuine Air Con Filter နဲ့ လဲလှယ်လိုက်ပါ။

ဘာကြောင့် SUZUKI Genuine Air Con Filter ကိုပဲ ရွေးချယ် လဲလှယ်သင့်တာလဲ

Perfect Fit
လူကြီးမင်းရဲ့ ကားအမျိုးအစားနဲ့ အံကိုက်ဖြစ်အောင် ထုတ်လုပ်ထားလို့ စိတ်ချရတယ်။

Better Filtration
ပြင်ပက ဖုန်မှုန့်နဲ့ ညစ်ညမ်းတဲ့အမှုန်အမွှားတွေကို အထိရောက်ဆုံး စစ်ထုတ်ပေးနိုင်တယ်။

Durability
အရည်အသွေးစိတ်ချရတဲ့အတွက် ရေရှည်အသုံးခံပြီး Air Con စနစ် ပျက်စီးမှုကိုလည်း ကာကွယ်ပေးပါတယ်။

SUZUKI Genuine Spare Parts တွေနှင့် ပတ်သက်ပြီး SUZUKI Myanmar Website ထဲမှာလည်း ဝင်ရောက်ကြည့်ရှုနိုင်ပါတယ်။
https://suzukimyanmar.com/suzuki/sparepart

Want your business to be the top-listed Autos & Automotive Service in Sagaing?
Click here to claim your Sponsored Listing.

Telephone

Website

Address


No. (109) SaGaing Monywar Road, ZeeChaung QTR
Sagaing

Opening Hours

Monday 09:00 - 17:30
Tuesday 09:00 - 17:30
Wednesday 09:00 - 17:30
Thursday 09:00 - 17:30
Friday 09:00 - 17:30
Saturday 09:00 - 17:30
Sunday 09:00 - 17:30